ပြည်တွင်းလူငယ်များရဲ့ ခွပ်ဒေါင်းသစ္စာ
Posted by မဆုမွန် at Friday, January 14, 2011
Labels: ပြည်တွင်းထုတ် စာစောင်
ကိုယ့်ဘာသာ အချုပ်ပြန်ချထားမိတဲ့ အကျယ်ချုပ်လေးနာရီ
မနက်အိပ်ယာက နိုးတော့ စိတ်ရော လူုရော တော်တော်ကြီးကို ကြည်ကြည်လင်လင်ပဲ နာရီကြည့်တော့ မနက်၁၀နာ၇ီကျော်နေပြီ ညက တစ်ညလုံး ဆေးနက်လုံးတန်ခိုးနဲ့ ရှိသမျ ကုန်သွားတော့ ဗိုက်ထဲ တော်တော်ဟာနေတယ်။ ရေမိုးချိုး ခေါင်းလျော် အ၀တ်လဲ အလှပြင်နဲ့ နာရီဝက်လောက်ကြာသွားတယ် အင်တာနက်တစ်ချက်ဖွင့်ပီး မောင်လေးကို လက်ဘက်ရည်ဆိုင် ထိုင်ဖို့ ခေါ်လိုက်သေးတယ်။ သူက မလိုက်တော့ဘူး အလုပ်ရူပ်နေတယ်ဆိုတာနဲ့ ကိုယ်တစ်ယောက်တည်း အေးဆေးပဲ ဆိုပြီး လေလေးတချွန်ချွန်နဲ့ အိမ်ထဲမှာ ရှိသမျ တံခါးပေါက်တွေ အကုန်လိုက်ပိတ်မိတယ်။ အရင်ကဆို အပြင်ထွက်မယ်ဆို ၀င်းတံခါးကိုပဲ ပိတ်ပြီး ဆိုင်ကယ်မောင်းထွက်နေကျ။
ဒီနေ့တော့ ကြမ္မာငင်ချင်တော့ နောက်ဖေးက တံခါးမကြီးကို အသေအချာ ဆွဲပိတ် နောက် တံခါးဂျက်ကို အဆုံးအထိ သေသေချာချာ ထိုးလိုက်တယ်။ အိမ်ခန်းနှစ်ခန်းစလုံးက အဲကွန်းကိုပိတ် အခန်းမီးတွေပိတ် ရေချိုးခန်းက မီးကို ပိတ် တံခါးကိုအသာဆွဲစေ့ နောက် တအိမ်လုံးကို လှည့်ပတ်ကြည့်လိုက်တယ် အားလုံး အိုကေ။ အော် မေ့တော့မလို့ ပိုက်ဆံအိတ်။ ပိုက်ဆံအိတ်ကို ကောက်ယူ နောက် ဖိနပ်ဝတ်ဖို့ ရူးဖိနပ်မစီးချင်တာနဲ့ ပေါ့ပေါ့ပါးပါး မြန်မာခြေညှပ်ဖိနပ်လေးပဲ စီးတော့မယ်ဆိုပြီး ခြေညှပ်ဖိနပ်သားရေအနက်လေးကို ကောက်စွပ်ပြီး အိမ်ကို လှည့်ပတ်ကြည့်လိုက်သေးတယ်။ နောက် အိမ်ပြင်ရောက်တော့ အရင်အမြဲတမ်း စေ့ရုံ စေ့ထားခဲ့လေ့ရှိတဲ့ အိမ်ရှေ့တံခါးမကြီးကို လော့ခ်ကျအောင် ဆောင့်ပိတ်လိုက်တယ်။ တစ်ချက်နဲ့ လော့ခ်မကျလို့ နောက်တစ်ချက် လော့ခ်ကျအောင် ထပ် ဖိပိတ်လိုက်တဲ့အခါ ဂျောက်ခနဲ လော့ခ်ကျသွားပါတော့တယ်။ အဲ့ဒီ့အချိန်ကျမှ ဟယ်!!!!!!!!!!! သွားပြီ သော့တွေ အိမ်ထဲမှာ အကုန်ကျန်ခဲ့ပြီဆိုတာ သတိရလိုက်တယ်။
ဂယောင်ကတမ်းနဲ့ သော့ကို ဆွဲဖွင့်လိုက်တဲ့အခါမှာတော့ တံခါးမကြီးဖြစ်တဲ့ သကောင့်သားက တုတ်တုတ်တောင်မလူပ်ပဲ လော့ခ်ကျပြီး ပိတ်နေပြီဖြစ်ပါတယ်။ ကျွန်မစိတ်ထဲ တော်တော်ပူထူသွားပါတယ်။ အဲ့တာနဲ့ ခြံဝင်းထဲကနေ ဆိုင်ကယ်ဆီကို လျောက်လိုက်ပါတယ်။ နောက် ၀င်းတံခါးမကြီးကလည်း စတီးသော့ခလောက်ကြီးက ထီးထီးကြီး ခတ်ထားပါတယ်။ ကျွန်မ အော်ငိုချင်စိတ်ပေါက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အိမ်တံခါးမကြီးက သော့ရယ် ဆိုင်ကယ်သော့ရယ် ၀င်းတံခါးသော့ရယ်က တတွဲတည်း ကျွန်မ ချိတ်ထားလို့ပါပဲ။ အဲ့တာနဲ့ ဖုန်းဆက်ဖို့သတိရပြီး ကျွန်မ ဖုန်းထိုးထည့်နေကျ ဘောင်းဘီအိတ်ကို ကမမ်းကတမ်း စမ်းလိုက်တဲ့အခါမှာတော့ ဖုန်း ဖုန်း!!! ဖုန်းလည်း အိမ်ထဲမှာ မေ့ကျန်ခြဲ့ပီဖြစ်ပါတယ်။
ကံဆိုးလှတဲ့ ကျွန်မ အော်လို့သာ ငိုချင်ပါတော့တယ်။ ကျွန်မအခုနေတဲ့ အိမ်က လုံးချင်းတိုက်ပုလေးပါ။ ကျွန်မနေတဲ့ ထိုင်းတွေရဲ့ အိမ်ဖွဲ့စည်းမူ ထုံးစံက တစ်အိမ်လုံးကို ပတ်ပတ်လည် သံတိုင်တွေနဲ့ ပိတ်ကာထားတာပါ။ လူတစ်ကိုယ်စာလေးတောင် ထွက်ပေါက်မရှိပါဘူး။ နောက်ဖေးကိုပြေးတော့လည်း ခုနက ကျွန်မကိုယ်တိုင် သေသေချာချာ တံခါးကို ခတ်ထားတဲ့အတွက် ဘယ်လိုမှ ဖွင့်ရစရာမရှိပါဘူး။ အိမ်ပတ်ပတ်လည်က တံခါးပေါက်တွေကလည်း သံပန်းတံခါးတစ်ထပ် တရုတ်ကပ်မှန်တစ်ထပ် ခြင်လုံသံဇကာတစ်ထပ် သုံးထပ်ကာထားတော့ ဘယ်လိုမှ ဖွင့်ရစရာမရှိပါဘူး။ ခြံဝင်းတစ်ခုလုံးကတည်း သံတိုင်တွေ အမိုးအထိ သံချွန်တွေနဲ့ ပတ်ပတ်လည် ပိတ်နေအောင် ကာထားတဲ့ ခြံထဲမှာ အိမ်ထဲလည်းဝင်လို့မရ အိမ်ပြင်လည်းထွက်လို့မရ ဖုန်းလည်းမရှိ ကျမ ကောင်းကောင်း ရွာပတ်ပါတော့တယ်။
ကျွန်မရဲ့အိမ်အနီးအနားမှာလည်း မြန်မာအိမ်က တစ်အိမ်ပဲရှိပါတယ်။ သံတိုင်တွေကြားက အပြင်ကို ချောင်းကြည့်တော့ ကျွန်မအိမ်နဲ့ တော်တော်ကြီး မလှမ်းမကမ်းမှာရှိတဲ့ သူ့အိမ်တံခါးမကြီးးကလည်း ပိတ်ထားပါတယ်။ ဘေးပတ်လည်ဝဲယာမှာကလည်း ထိုင်းတွေချည်းပါပဲ။ သူတို့ကလည်း မနက်ဝေလီဝေလင်းအလုပ်လုပ်ကျတော့ ဒီအချိန်ဆို ပြန်ပြီး အိပ်နေကြတဲ့အချိန်ဖြစ်နေပါတယ်။ ကျွန်မ သံတိုင်ကနေ မြင်ရတဲ့ အိမ်ရှေ့လမ်းမကလည်း ဒီနေ့ကျမှ ထူးထူးခြားခြား ဖြတ်သန်းသွားလာနေကျ ကိုယ်ရွှေမြန်မာတွေ အသံတောင် သဲ့သဲ့မကြားရတော့ ကျွန်မ တော်တော်ဂယောင်ကတမ်းဖြစ်နေပြီဖြစ်ပါတယ်။
နောက် ကျွန်မအိမ်ရှေ့က ထိုင်းလမ်းသရဲလေးတွေ အိမ်က ထိုင်း၀၀တုတ်တုတ်ကလေးတစ်ယောက် ကွန်ပျူတာခုံမှာထိုင်နေတာ လှမ်းမြင်ရတော့ ကျွန်မ သူ့ကို အော်ခေါ်ပါတယ် ကံက ဆိုးချင်တော့ သူက နားကျပ်တပ်ပြီး ကိုယ်ကို လူပ်နေပါတယ်။ ကျွန်မလည်း အော်ခေါ်ရတာ အာခေါင်တောင် ကွဲလာပါပြီ။ နောက် သူ ကျွန်မ ခုန်ပြီး အော်ခေါ်နေတာမြင်တော့ လှမ်းကြည့်ပါတယ်။ နောက် သူပြန်လှည့်သွားပါတယ်။ ခြံထဲကနေ အော်ခေါ်နေတော့ သူ့အထင် သူ့ကို ခေါ်တယ်မထင်ဘူးဖြစ်မှာပါ။ အဲ့တာနဲ့ အသံပြာအောင် အော်ခေါ်တော့မှ သူ နားကျပ်ကို ချွတ်ပြီး ကျွန်မကို မေးဆတ်ပြပါတယ်။ ကျွန်မက ထိုင်းလို ကယ်ပါ ကယ်ပါဆိုတော့ သူက သီချင်းနားထောင်နေတုန်း ဇိမ်ပျက်သွားလို့ ဘာလဲမသိဘူးဆိုတဲ့ပုံစံနဲ့ မျက်နှာမသာမယာနဲ့ ထလာပါတယ်။ ကျွန်မလည်း လက်ဟန်ခြေဟန်နဲ့ အိမ်ထဲမှာ သော့ကျန်ခဲ့ကြောင်းပြောတော့ သူသိပ်နားလည်ဟန်မပြပါဘူး။ အဲ့တာနဲ့ ဘေးနားက အိမ်က လူတွေ နိုးလာကြပြီး ကျွန်မကို အထူးအဆန်းလာကြည့်ပါတယ်။
နောက်မှာ မြန်မာစကားအနည်းအကျဉ်းနားလည်တဲ့ ထိုင်းအမျိုးသမီးက ဘေးကလူတွေကိုရှင်းပြတော့မှ ကျွန်မ အိမ်ထဲမှာ သော့မေ့ကျန်ခဲ့လို့ ခြံထဲမှာ ပိတ်မိနေတာကို သိကုန်ပါတယ်။ သူတို့လည်း ရှိသမျ သော့အစုံလိုက်ထုတ်ပေးပြီး အိမ်တံခါးမကို ဖွင့်ဖို့ လုပ်ပေမယ့် သူတို့လည်း ခြံထဲဝင်လို့မရတော့ ကျွန်မ ချွေးဒီးဒီးကျအောင် သော့တွေ တစ်ချောင်းချင်းဖွင့်တာမှာ ဘယ်လိုမှ ဖွင့်မရဖြစ်နေပါတယ်။ အဲ့တာနဲ့ အိမ်ရှေ့ကနေ မြန်မာတစ်ယောက် စက်ဘီးလေးစီးပြီးလာပါတယ်။ ကျွန်မအိမ်ရှေ့မှာ ထိုင်းတွေနဲ့ ကျွန်မနဲ့ တိုင်တွေပတ်နေတာတွေ့တော့ သူက ဘာကူပေးရမလဲလို့မေးတော့ ကျွန်မ အခုဖြစ်နေတဲ့ပြသနာအတွက် သူလည်း စက်ဘီးတစ်စီးနဲ့ သော့ဖွင့်နိုင်တဲ့သူကို လိုက်ရှာပေးပါတယ်။ ဖြစ်ချင်တော့ ဒီနေရာလေးမှာ သော့ပြင်တဲ့သူ အနီးအနားမှာ မရှိပါဘူး။ သွားခေါ်ရင်လည်း တော်တော်ဝေးဝေးနေရာကို သွားခေါ်ရမှာဖြစ်ပြီး သော့ပြင်တဲ့သူ ရှိမရှိ သော့ပြင်တဲ့သူက လိုက်မလိုက်ဆိုတာလည်း သိပ်မသေချာဘူးဖြစ်နေပါတယ်။
အဲ့တာနဲ့အဲ့မြန်မာကောင်လေးက အစ်မ ဖုန်းခေါ်ချင်ရင် ကျတော့်ဖုန်းကနေ ခေါ်ပါဆိုတော့မှ ပိုပြီး ရွာရောက်သွားပါတယ်။ ကျွန်မ ဦးနှောက်ထဲမှာ မှတ်မိတာ ကျွန်မဖုန်းနံပတ်နှစ်ခုပဲ မှတ်မိပါတယ်။ ကျွန်မ ဖုန်းနံပတ်တွေလည်း တစ်ခုမှ အလွတ်မရတော့ပါဘူး။ အဲ့တာနဲ့ အဲ့ကောင်လေးက ၀င်းတံခါးမကြီးက သော့ကို ဖျက်ဖို့ တူအကြီးကြီးနဲ့ ဆောက်ကြီး ယူလာပါတယ်။ အဲ့တာလည်း အတွင်းက ခတ်ထားတာမို့ အတွင်းကနေ ကျွန်မ အားနဲ့ ထုရိုက်ပီး ဖျက်ဖို့လုပ်ပေမယ့် သော့ရဲ့ခိုင်ချက်ကတော့ တူချက်ကို တုတ်တုတ်တောင် မလူပ်ဘူးဖြစ်နေပါတယ်။
အဲ့တာနဲ့ ကျမလည်း ခြေကုန်လက်ပမ်းကျ ဘေးကကူတဲ့သူတွေလည်း ခြံဝင်းသော့လဲ ဖွင့်မရ အိမ်တံခါးလည်းဖွင့်လို့မရဖြစ်နေတော့ သူတို့လည်း သော့ပြင်တဲ့သူရှိနိုင်တဲ့နေရာတွေကို ကူစဉ်းစားပေးနေကြပါတယ်။ အဲ့သလို ဖြစ်နေတဲ့အချိန်ဟာ တဖြေးဖြေးနဲ့ ကြာလာပြီ သူတို့လည်း ဖုန်းတွေနဲ့ဆက်ပီး သော့ပြင်တဲ့သူရှိနိုင်မယ့်နေရာတွေကို ဟိုမေး ဒီမေးနဲ့ ကျမကို ခနလေး ပြန်လာကြမယ်ဆိုပြီး ထွက်သွားကြပါတယ်။ ရေလည်းဆာ ငိုလည်းငိုချင်နဲ့ လေးနာရီလောက် ကြာလာပြီဖြစ်ပါတယ်။ အဲ့ဒီ့မှာ စာတိုက်ပုံးလေးထဲက အင်တာနက်ဘေလ်ဆောင်ရမယ့် စာအိတ်လေးကို လှမ်းမြင်လိုက်ပါတယ်။ ကမမ်းကတမ်း စာအိတ်ကိုဖွင့်ကြည့်တော့ လိုင်းဖုန်းနဲ့ကလည်း ဆက်လေ့ဆက်ထမရှိတော့ ဖုန်းနံပတ်တွေကို ကမမ်းကတမ်းရှာကြည့်တော့ ကျွန်မဆက်သွယ်လို့ရနိုင်မယ့် ဖုန်းသုံးခုပဲ စာရင်းထဲမှာ တွေ့ပါတယ်။
အဲ့တာနဲ့သောပြင်တဲ့သူလိုက်ရှာပေးနေတဲ့ မြန်မာကောင်လေး စက်ဘီးနဲ့ပြန်လာတဲ့အချိန် ဖုန်းတောင်းဆက်လိုက်တော့ တစ်လုံးက မ၀င် တစ်လုံးက မကိုင် နောက်ဆုံးတစ်လုံးကျမှ တူခနဲ ၀င်သွားတော့ ဆုမွန်ပါ အိမ်ထဲမှာ သော့ကျန်ခဲ့ပြီး အခုဒုက္ခရောက်နေလို့ ခြံထဲမှာ ပိတ်မိနေလို့ ကူပါဆိုတော့ ကိုင်တဲ့သူက တခြားတစ်နေရာကိုရောက်နေတဲ့ဖုန်းဖြစ်နေတယ် အဲ့တာနဲ့သူလည်း သိပ်နားလည်ပုံမရဘူး ဒါပေမယ့် အေးအေး အိမ်ကို လူတွေလွှတ်ပေးမယ် မပူနဲ့ စောင့်နေ စောင့်နေဆိုတော့မှ စိတ်ကို ဒုံးဒုံးချဖြစ်တယ်။
စိတ်မောလူမောနဲ့ ခြံဝင်းထဲမှာ ထိုင်ချလိုက်မိပါတော့တယ်။ ဖြစ်သမျ အကြောင်း အကောင်းချည်းပဲလို့ပဲမှတ်လိုက်တယ်။ သောပြင်တဲ့သူလည်းမရှိ သော့ကို သူတို့လာလည်း ဘယ်လိုဖွင့်ကြမယ်မသိ ဘာပဲဖြစ်ဖြစ် မိတ်ဆွေတွေရောက်လာရင်တော့ အဖြေသိမှာပါလို့ဆိုပြီး ထိုင်စောင့်နေလိုက်တော့ တစ်နာရီလောက်နေမှ ကားနဲ့ရောက်လာကြပါတယ်။ကျွန်မအဖြစ်ကို သူတို့လည်း ရောက်ခါစက သိပ်မသိပါဘူး။ ဆုမွန် သူ့ကိုသူ ပြန်အချုပ်ကျထားလို့ ဒုက္ခရောက်နေတယ် သွားကယ်ပါဆိုလို့ လာကယ်ကြတာလို့ ရယ်ပြီးပြောပြပါတယ်။သူတို့ ကို အဓိက ပြသနာကို ပြောပြတော့ သူတို့ ကျွန်မအိမ်တံခါးမကြီးကို ဖွင့်နိုင်ဖို့ သံချောင်းတွေနဲ့ပတ်ကာထားတဲ့ ခြံဝင်းထဲဝင်မှ ရမယ်ဆိုတာ အဖြထုတ်ကြပါတယ်။ နောက်တော့ အမိုးဘက်ကနေ ကာထားတဲ့ သံချောင်းတွေကြားထဲက လူတကိုယ်စာအပေါက်လေးကနေ အတင်းတွယ်တက် ကျော်တက်ပြီး ၀င်လိုက်တဲ့အချိန်မှာတော့ ကျမသူငယ်ချင်းကိုယ်လုံးလေးနဲ့ ရွှတ်ခနဲ ၀င်လို့ရပါတော့တယ်။ ကျမလည်း အဖော်ရပြီဆိုပြီး အားရပါးရ ခုန်ပေါက်မိပါတယ်။ နောက်မှ ကျမသူငယ်ချင်းက ခြံထဲက တွေ့တဲ့ သံချောင်းတစ်ချောင်းနဲ့ ကုတ်ကတ်ပြီး ကလော် ထိုး ကလန့် လုပ်ပီး ဖွင့်လိုက်တဲ့အခါမှာတော့ ကျွန်မရဲ့ အိမ်တံခါးမကြီး ပွင့်သွားပါတော့တယ်။
ကျမ တံခါးမကြီးပွင့်သွားချိန်မှာ ပျော်တဲ့အပျော်လောက် တစ်ခါမှ မပျော်ဘူးပါဖူး။ ၀င်းတံခါးကို အပြေးအလွှားဖွင့် အိမ်နောက်ဖေးတံခါးကို ဖွင့်။ ပိတ်ထားတဲ့တံခါးတွေကို အကုန်ဆွဲဖွင့်ပြီး အားရပါးရ ခုန်ပေါက်မိပါတယ်။ ကိုယ့်ဘာသာ ကိုယ်လော့ခ်ချမိလို့ ခြံဝင်းထဲမှာ အကျယ်ချုပ်ကျသလိုဖြစ်ခဲ့ရတဲ့ေးလနာရီကျော်ကျော်ဟာ တကယ့်ကို လွန်ခဲ့တဲ့ ၁၀နှစ်လောက်က အင်းစိန်သီးခြားတိုက်ထဲက ကြိုးတိုက်ထဲမှာ အချုပ်ကျခံရတဲ့ခံစားချက်နဲ့ ထပ်တူပါပဲ။ မွန်းကျပ်ခြင်း လှောင်ပိတ်ခြင်း အကျဉ်းချခံရသလို ပိတ်လှောင်ခံရသလို ခံစားချက်က အပြင်ကလူတွေနဲ့ဆက်သွယ်လို့ရနေပါရက် ပြန်ထွက်လို့ရမယ်ဆိုတာ သိပါရက်နဲ့တောင် အခုလိုမျိုး ခနလေး အပိတ်ခံလိုက်ရတာကို မခံစားနိုင်ရင် နှစ်ရှည်လများ လွတ်ရက်မသိ ထောင်ဒဏ် နှစ်ငါးဆယ်ကျော် ခြောက်ဆယ်ကျော် ရှစ်ဆယ်ကျော် ရာချီပြီး အချုပ်ခံရတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ စိတ်မွန်းကျပ်မူ ကိုယ်မွန်းကျပ်မူတွေကို ကိုယ်ချင်းစာမိပြီး အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းမိတယ်။
Posted by မဆုမွန် at Wednesday, January 12, 2011
အန်တီ့အတွက် တေးလက်ဆောင်များ..
ထိုင်းနံမည်ကြီး ရော့ခ်အဆိုတော် "Carabao"ရဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြုတေးလက်ဆောင်... Khat Pon Marr Marr Kharr "Carabao"
This song is dedicated to Daw Aung San Suu Kyi and people of Burma
U2 Walk On song for Aunty Suu
KT Tunstall has perform a tribute to Aung San Suu Kyi on the 12th anniversary of her being under house arrest.
Aung San Suu Kyi of Burma, Michael Stipe of R.E.M.
Posted by မဆုမွန် at Monday, October 11, 2010
ရွှေဝါရောင် သုံးနှစ်ပြည့်
အပူရောင်လိုင်းတွေ တဖြတ်ဖြတ်တောက်လို့ မီးတောက်မီးလျှံတွေကြားမှာ ကစဥ့်ကလျား ပြေးနေတဲ့ ပုံရိပ်တွေ၊ တဟူးဟူး မှုတ်ထုတ်နေတဲ့ မီးခိုးငွေ့တွေကြားမှာ အပြိုပြို အလဲလဲ အလံတွေ၊ အလံတွေ လမ်းမထက်မှာ အတုံးအရုံးနဲ့ ပိုင်ရှင်မဲ့ ဖိနပ်တွေ၊ အိုင်ထွန်းနေတဲ့ သွေးကွက်တွေ၊ အပိုင်းပိုင်းပြတ်နေတဲ့ သပြေခက်တွေ ပေါက်ပြဲနေတဲ့ ဘုရားပုံ ပန်းချီကားချပ်တွေ၊ သံဆူးကြား ညပ်နေတဲ့ သင်္ဃန်းစတွေ အားလုံးကို မြင်နေတယ်။
ကျမ နိုးထပါရစေတော့။ ကိုယ်ပေါ်ကို မွန်းကျပ်စွာ ဖိနှိပ်ထားတဲ့ အမှောင်ထုကြီး အောက်မှာ အသက်ရှူမရ ကယ်ကြပါဦး၊ သိနေတယ် အရာရာကို လုံးဝကို လှုပ်မရတာတခုပဲ၊ အိပ်မက် မဟုတ်မှန်းလည်း သိနေတယ်။ ဒါဆို ဘီလူး စီးတာလား၊ သိနေရဲ့ မြင်နေရဲ့ လှုပ်လို့ကို မရဖြစ်နေတာပဲ။ မိုးခြိမ်းသံတွေလည်း အဆက်မပြတ် ကြားနေရတယ်။ ဘာတွေလဲ၊ ကယ်ကြပါဦး၊ လွင့်ကနဲ ရုတ်တရက် ပြုတ်ကျသွားတယ်။
ဟိုးအမြင့်ကြီးက ပြုတ်ကျသလို အသည်းတအေးအေး ရှိနေသလို တလှပ်လှပ်နဲ့ပေါ့။ ရေစီးကြောင်းကြီး တခုတည်းကို ပြုတ်ကျသွားသလို ထူးဆန်းတာက ရေလုံးဝ စိုမနေဘူး။ လွတ်ပြီကျွတ်ပြီပေါ့။ ကုန်းရုန်းထချိန်မှာပဲ ရေစီးကြောင်းထဲမှာ မျောပါလာတဲ့ သဏ္ဍာန်တခု၊ ဘာများပါလိမ့်လို့ လှမ်းမျှော်ကြည့်လိုက်တော့ အညိုအမည်း စွဲနေတဲ့ ခန္ဓာကိုယ်တခု မျောလာနေတယ်။ ဦးပြည်းပြောင်ပြောင်နဲ့ သင်္ဃန်းစက လည်ပင်းမှာ ပတ်ငြိနေတယ်။ အလို … ဘုရားရေ … အရှိုးရာအပြည့်နဲ့ အသက်ကုန်နေတဲ့ သံဃာတော် အလောင်းပါလား … ဘုရား … ဘုရား …။
အား … ရွှံ့ထဲနွံထဲကနေ ကျုံးရုန်းထကာ ရေမြောင်းဘောင်လေးတခုကို မေးတင်ပြီး ငိုရှိုက်မိတယ်။ ရင်ထဲ နာကျင်လွန်းလို့ ရင်ကွဲမတတ်ပဲ။ အသက်ကို မနည်းပင့်ရှူရင်းက အခုမှ ဘေးဘီကို လှည့်ကြည့်မိတယ်။ ဘုရားရေ … အမိုက်တွေ ပြည့်နေတဲ့ ရေမြောင်းနှုတ်ခမ်းစပ်မှာ ဒါက ဘာပါလိမ့်၊ ဦးနှောက်စတွေ … သွေးတွေ စွန်းထင်းပေကျန်နေတဲ့ ဦးနှောက်စတွေ၊ အသံကုန် ခြစ်အော်လိုက်မိတယ်။
အားကုန် လွင့်ထွက်သွားသလို ဖြစ်သွားပြီး အုတ်ခဲပုံတွေကြားမှာ ခွေခွေလေး ပုံလဲသွားပြန်တယ်။ ဘုရား … ဘုရား … ဘာတွေများ ဆက်ဖြစ်ဦးမှာပါလိမ့် (အမေရေ …)။ သွေးညိုညိုစတွေ ဟိုတကွက် ဒီတကွက် အုတ်ခဲပုံလေးတွေနဲ့ သွေးကွက်လေးတွေကို ၀န်းပတ်ထားတယ်။ ဘာလေးတွေပါလိမ်။ ကျောင်းတိုက်ဘေးမှာ ငိုရှိုက်နေတဲ့ အမေအိုတွေ၊ မျက်နှာလေးတွေ မှုန်မှိုင်းနေတဲ့ သီလရှင် ဆရာလေးတွ၊ သူတို့ ဘေးမှာ မျက်နှာငယ်လေးတွေနဲ့ ထိုင်နေကြတဲ့ ကလေးငယ်လေးတွေ ကုလားထိုင်ပေါ်မှာ ငူငူကြီး အောက်ကို ငေးစိုက်ကြည့်နေတဲ့ ပုံ့ပုံ့ကြီး ထိုင်နေတဲ့ ဘုန်းတော်ကြီးတပါး၊ ကျောင်းဝန်းတိုက်ထဲမှာ စီတန်းထိုင်နေတဲ့ ကိုယ်တော်တွေ ပတ်တီး အဖွေးသားတွေနဲ့  ဘာတွေ ဖြစ်ကုန်ကြပါလိမ့် …။ လွင့်ကနဲ လှည့်ပတ်ကြည့်မိတော့ အားလုံး ပြိုကျပျက်စီးနေတဲ့ ဘုရားစင်တွေ ဖရိုဖရဲဖြစ်နေတဲ့ တရားစာအုပ်တွေ … မှန်ကွဲစတွေ … သွေးတွေ … သွေးတွေ … စကားသံတွေ … သဲ့သဲ့ကြားနေရတယ်။" မနည်းလွတ်အောင် ပြေးရတယ် ဒကာကြီး … နေမကောင်း ဖြစ်နေတဲ့ သံဃာတော်တွေလည်း အိပ်နေတုန်းပေါ့။" တိုးညင်းပြီး တုန်ခါနေတဲ့ အသံတွေ …
ရုတ်တရက် အုန်းမောင်းခေါက်သံတွေ ၀ုန်းဒိုင်းကျဲထွက်လာတယ်။ ရှိုက်ကြီးတငင်ငိုနေတဲ့ ယောင်္ကျားရင့်မကြီး တယောက်ရဲ့အသံ ရေဒီယိုသတ္ထုလိုင်းကနေ တုန်ခါပြီး နားစည်ကို လာထိခတ်နေတယ်။ "ဘုန်းဘုန်းတွေက တုံးတွေခေါက်ပြီး ကယ်ပါလို့ အကူအညီ တောင်းနေတာကို ကျနော်တို့မှာ ညမထွက်ရအမိန့်နဲ့ ဘယ်လိုမှ ထွက်ကယ်လို့ မရခဲ့ဘူး"ဟု ငိုရင်းရှိုက်ရင်း ပြောနေတဲ့ အသံကို နားထောင်ရင်းက ဖုန်းခွက်ကို ကိုင်ရင်း မျက်ရည် ပေါက်ပေါက်ကျနေတဲ့ ကောင်မလေးတယောက် …။ အလို … ကျမကိုယ်တိုင်ပါလား၊ မငိုရဘူးလေ … မငိုရဘူး … သတင်းထောက်ဆိုတာ ခံစားချက် မထည့်ရဘူး၊ တိတ်စမ်း … အသံတွေက ဝေးသွားလိုက် နီးလာလိုက် အသံသွင်းခန်းမမှာ စာရွက်လေးကိုင်ရင်း မျက်ရည် တွေတွေကျနေတဲ့ ကောင်မလေးတယောက် …။
ဒါအိမ်မက်လား … တကယ်လား အကြိမ်ကြိမ် လက်ထိပ်ကို ဆွဲစိတ်နေမိရင်းက နာကျင်လွန်းလာလို့  လက်ဖ၀ါးတွေကို ဖြန့်ကြည့်လိုက်တဲ့အခါ အလို … ဟောဟို တံတားတဖက်မှာ ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ လူငယ်လေးတွေ၊ မီးအားမြှင့်စက်ကြားထဲမှာ သေနတ်ဒဏ်ရာနဲ့  သွေးအိုင်ထဲမှာ လဲနေတဲ့ လူငယ်လေးနံဘေးမှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဗျာများနေတဲ့ လူငယ်လေးတယောက် ဖိနပ်သံ တခွပ်ခွပ် ကြားနေရပြီ၊ မောင်လေးရေ … ပြေးတော့ … ပြေးတော့လေ။
မလွတ်ဘူး … မလွတ်ဘူး … ထိုင်ချလိုက် … ထိုင်ချလိုက် … မပြေးရင် သူတို့လိုက်မပစ်ဘူး၊ ယုံကြည်စွာနဲ့ ကယောင်ကတမ်း ကိုယ်ပါ ရောယောင် ထိုင်ချလိုက်မိတယ်။ အမောတွေရယ် ဘယ်တော့မှ ပြီးပါ့မလဲကွယ်။ အား … သေပြီ … သေပါပြီ … တုတ်ချက်ကြမ်းကြမ်းတွေ ခေါင်းတွေကိုမှ ရွေးပြီး အားနဲ့မာန်နဲ့ ထုရိုက်နေတဲ့ အစိမ်းရောင် အရိပ်တွေ။ အား … ဒရွတ်တိုက် ဆွဲခေါ်နေတဲ့ လက်ကြမ်းကြမ်းတွေ၊ တော်ပါတော့ … တော်ပါတော့ ငုတ်တုတ်လေးတွေ ထိုင်နေတဲ့ ကလေးတွေ တကိုယ်လုံး တဆတ်ဆတ် တုန်ရီလို့ မျက်လုံး အကြောင်သားလေးတွေနဲ့ အလန့်တကြား အော်ငိုသံတွေ၊ ကမ္ဘာပျက်တဲ့ အလားပဲ၊ ဘုရား ကယ်ပါ၊ သူတို့ ကိုယ်ကို မမြင်လောက်ဘူး၊ အကာကြားကနေ အသာလေး လိမ့်အထွက် ဖြောင်းကနဲ ပင့်ရိုက်လိုက်တဲ့ အသံကြောင့် အလန့်တကြား ကိုယ့်ပါးကိုယ် ပြန်စမ်းမိတော့ တရပ်စပ် ပါးရိုက်ပြီး ဆွဲခေါ်တဲ့နောက် ဒရွတ်တိုက် ပါသွားရှာတဲ့ ကလေးမလေးတွေ၊ ကယ်သူမဲ့ ကူသူမဲ့ ပိုင်ရှင်မဲ့ ဖိနပ်ပုံတွေကြားမှာ ပစ္စည်းတွေကို နှုတ်သီးနဲ့ လိုက်ဟပ်နေတဲ့ အစိမ်းရောင် ခွေးတကောင။် အလို … ခွေရက်သားလေး ပုံလဲနေတဲ့ တုတ်ချက်အောက်မှာ အသက်ပျောက်သွားတဲ့ အမည်မသိ လူငယ်လေးတယောက် ဘုရားဘုရား ဘာတွေများ ဖြစ်ကုန်ပါလိမ့် …။
ပြေးမှ … ပြေးမှ …
ပိတ် … ပိတ် … အရှေ့က ပိတ်ဖမ်း … ပိတ်ဖမ်း
ထိုင်ထိုင် … အားလုံး စုထိုင်စမ်း
အောင်မယ် … မင်းက ဘာကောင်လဲ … ဖုန်းဖုန်း … ဖျန်းဖျန်း …
စစ်ဖိနပ်နဲ့ စုံခုံကန်၊ နံပါတ်တုတ်နဲ့ စုံကိုင်ပြီး ရိုက်နေတယ်။ သေပါပြီ … သေပါပြီ … ခေါင်းပေါ် လက်ကိုမြှောက်ပြီး ကာထားတဲ့ အနီရောင်ဝတ် ကောင်လေး။ တော်ပါတော့ … တော်ပါတော့ … ကယောင်ကတမ်း ၀င်ဆွဲတာမမိဘဲ ကိုယ်ပါ လမ်းမပေါ် ပုံရပ်လဲကျတယ်။ သွား … ထ … ဟိုကားပေါ်တက် ငုတ်တုတ်လေးတွေ ထိုင်နေရာကနေ အပြေးအလွှား ဒယီးဒယိုင် ပြေးထွက်ကာမှ ကျောနောက်ကနေ နံပါတ်တုတ်နဲ့ ပြေးရိုက်လိုက်သေးတော့ အကောင်ပိန်ပိန်လေးခင်ဗျာ ၀မ်းလျားမှောက် လဲကျရှာတာကို စစ်ဖိနပ်နဲ့ ပစ်ကန်လိုက်သေးတယ်။ ထုနေရိုက်နေရင်းက ဟိုလမ်းတဖက်မှာ လမ်းဖြတ်လျှောက်လာတဲ့ အဖြူရောင် အရိပ်လေးတခု … အယ် … သေပါပြီ နံပါတ်တုတ်နဲ့ မျက်နှာကို ဖြတ်ရိုက်တာ လက်နဲ့ ကာလို့ ခေါင်းကို လေးငါးချက် ဖြောင်း ဖြောင်း ဖြောင်းနဲ့ ဆင့်ဆင့်ရိုက်နေပုံများ အားမရလို့ လမ်းကူးပြီး ၀င်ရိုက်တဲ့ ကောင်က ရှိသေးတယ်။
ငါ … တောက် …
ဘယ်လိုမှ စိတ်မထိန်းနိုင်တော့လို့ ပါးစပ်ထဲမှာ ကွမ်းတံတွေး အရဲသားနဲ စစ်ဝတ်စုံနဲ့ ဘီလူးပြုံးပြုံးနေတဲ့ ကောင်ကို ပါးရိုက်လိုက်တာမှာ အရှိန်လွန်ပြီး ပြုတ်ကျတာ မြက်ခင်းတွေကြား ရောက်သွားပြန်တယ်။
အားလုံးငြိမ်သက် တိတ်ဆိတ်လို့၊ ပုရစ်အော်သံစူးစူးနဲ့ ငြိမ်သက်နေတဲ့ ည…။
ရင်ထဲမှာ သွေးရိုးသားရိုး မဟုတ်မှန်း သိပ်သိသာနေတယ်။ ဘေးဘီဝဲယာကို ကြည့်လိုက်တော့ မှောင်မှောင်မည်းမည်း ဂိုဒေါင်ကြီးတခု၊ လူတွေမှ ရှိရဲ့လား … အသာလေး ချောင်းကြည့်လိုက်တော့
ဖုန်းကနဲ ရိုက်လိုက်တဲ့ အသံကြီးတခုထွက်လာတယ်။ ကတုံးတွေ ခေါင်းတွေ မော်မကြည့်နဲ့ သေချင်နေလားတဲ့၊ ၀မ်းခေါင်းသံကြီးနဲ့ အော်သံထွက်လာတဲ့အခါ နောက်ဘေးဘီ ၀ဲယာတွေကနေ အသ့တွေ အသံတွေ ငရဲပွက်သလို အော်လိုက် ဟစ်လိုက်ကြတာ အခုမှ ကမ္ဘာပျက်သလို အခန်းကျဉ်းလေးတွေထဲမှာ တ၀ုန်းဝုန်းနဲ့ ရိုက်နှက်သံတွေနဲ့အတူ ချုပ်နှောင်ထားတဲ့ သံဃာတော်တွေ လူတွေ …။ ကျောင်းတိုက်တွေ ၀င်စီးပြီး ဖမ်းလာတဲ့ သံဃာတော်တွေအတွက် စစ်ကြောရေးစခန်းတဲ့ …။ အလန့်တကြား ပြေးထွက်လာခဲ့မိတယ်။
"စီအန်အန်တို့ ဘီဘီစီတို့ကို ပြောပေးကြပါ။ မသေသေးတဲ့ လူတွေကိုလေ … မီးနဲ့ရှို့နေပါတယ်" ရှုက်ကြီးတငင် ငိုကြွေးရင်း ပြောနေတဲ့ အန်တီကြီး၊ ဘာတွေဖြစ်ကုန်ပြီလဲ လူအရှင်လတ်လတ်တောင် မီးရှို့ သတ်ရလောက်အောင် အပြစ်တွေ ဘယ်လောက်ကြီးနေလဲ။ လမ်းမထက် မေတ္တာသုတ်ရွတ်မိတာ၊ ငတ်လွန်းလို့ ဒုက္ခရောက်လွန်းလို့ ဆန္ဒကို ဖော်ထုတ်မိတာလေးကို အရှင်လတ်လတ် မီးရှို့သတ်ပစ်သတဲ့။ ဟား … မွန်းကျပ်လွန်းတဲ့ စိတ်တွေကို ထွက်ပေါက်ပေးတဲ့ အနေနဲ့ သက်ပြင်း မှုတ်ထုတ်မိချိန်မှာပဲ လမ်းမပေါ် လွင့်ထွက်သွားပြန်တယ်။
လူသူကင်းမဲ့နေတဲ့ လမ်းမလယ်မှာ ကိုယ်တယောက်တည်း ဘယ်သွားရမှန်းမသိ။ အမ … အမ ကျနော့်ကို ကယ်ပါဦးတဲ့။ ဒယီးဒယိုင်နဲ့ လျှောက်လာတဲ့ ကောင်လေးတယောက်။ သွေးတွေနဲ့ စိုရွှဲနေတဲ့ ခေါင်းကို အုပ်မိုးကိုင်ပြီး အရမ်းနာကျင်နေတဲ့ မျက်နှာနဲ့ ကောင်လေးတယောက်။ အမ လိုက်ပို့ပေးမယ် ဘယ်လဲ မောင်လေးဆိုတော့ … တောင်ဥက္ကလာပကို လိုက်ပို့ပေးပါ အမရယ် ကျနော် ကိုကိုဝင်းပါတဲ့။ အိမ်မှာ အမေနဲ့ အဖေ စိတ်ပူနေတယ်။ မနက် အလုပ်လည်း ဆင်းရဦးမယ်တဲ့လေ။ ကိုကိုဝင်း … သူသေပြီးပြီ မဟုတ်လား။ အခု မသေသေးဘူးပဲ။ ဘုရား … ဘုရား … သွေးတွေရွှဲနေတဲ့ သူ့ခေါင်းကို အုပ်ကိုင်ပေးထားရင်းက ကူရာမဲ့ ကယ်ရာမဲ့။ ဘယ်ဘ၀က ၀ဋ်ကြွေးတွေပါလိမ့်၊ ရှိုက်ကြီးတငင် ငိုမိတယ်။ အသံကုန်ခြစ်ပြီးကို အော်ငိုမိတယ်။ ပြင်းထန်လွန်းတဲ့ နာကျင်ပေါက်ကွဲနေတဲ့ စိတ်တွေနဲ့အတူ လောဟာနယ်ထဲ မျောလွင့်သွားမိတယ်။
ဒါ အိမ်မက်တစ်ခုဆိုရင် ငါ့အိပ်မက် မပြီးဆုံးသေးသလို အိမ်မက်တွေဟာ မေ့ကောင်းတဲ့ အရာတွေတော့ မဟုတ်ခဲ့ပါဘူး၊၊သေချာတယ်၊ သံဃာတော်တွေ သွေးမြေကျခဲ့တဲ့ အဖြစ်ဆိုးကြီးအတွက် ငါတို့အိမ်မက် မပြီးသေးဘူး။ ။
မဆုမွန်
Posted by မဆုမွန် at Saturday, September 25, 2010
Labels: စက်တင်ဘာ သုံးနှစ်
မကြုံစဖူး ထူးကဲတဲ့နေရာ အဲ့တာ မြန်မာဆိုပဲ...
Burma, the dictatorship of the absurd (teaser)
Uploaded by CinquiemeEtageProduction. - Watch the latest news videos.
Tristan Mendes France and Gaël Bordier went to Burma, where they clandestinely shot their documentary.
They brought back a totally original film, an exclusive document, which tells the everyday life of the Burmese, the absurdity of the junta, all that in a satiric documentary.
« Happy World », is a journey into the heart of one country that let us see Burma as we have never seen before on screen.
Elections will be organised in Burma in 2010.
This 45-minute-long film, is sold on the international market.
More information, contact the producer Pierre Cattan
copy from http://cinquiemeetageproduction.com/blog/
Posted by မဆုမွန် at Wednesday, September 08, 2010
အလောင်းတောင် ထီးနဲ့ကွယ်သတဲ့
စစ်တပ်က သေနတ်နဲ့ မြို့လည်ခေါင် နေ့ခင်းကြောင်တောင်မှာ ပစ်သတ်လို့သေရတဲ့ ကျောင်းသားလေးနှစ်ယောက်ရဲ့ ဈာပနမှာ ကလေးတွေ မျက်နှာ မြင်ရမှာစိုးလို့ ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်မှာစိုးလို့ ထီးတွေ ကွယ်ထားသတဲ့ (အဲ့ဒီ့ထီးတွေ ဆွဲပြီး ရိုက်ချိုးပစ်လိုက်ရမှာ ထီးဖွင့်တဲ့ကောင်တွေကို ထီးရိုးနဲ့ မျက်နှာတွေချည်း ဖြတ်ရိုက်သင့်တယ်) အာဏာကိုင်တွေဘက်က ပိုပြီး ယုတ်မာရက်စက်ချက်က ရိုးရာအစဉ်အလာ အယူတွေကို ဖျက်ပြီး ကလေးတွေ အလောင်းကို မီးသဂြိုလ်ပြီးမှ သရဏဂုံတင်ခိုင်းသတဲ့ လူသတ်ရုံမကဘူး သေတဲ့အလောင်းတာင် သရဏဂုံပေးမတင်တာဆိုတာက ယုတ်မာပက်စက်တာ ကမ်းကုန်သွားပြီ
Posted by မဆုမွန် at Wednesday, September 08, 2010
Labels: တူသောအကျိုးပေးပါစေ