ဗရသုက္ခများနှင့် ပစ္စုဒေ၀ မဆုမွန်

ကျွန်မ ဘလော့ခ်လေးကို ပစ်ထားတာတောင် တော်တော်ကြာသွားပါတယ်ရှင်။ ဘလော့ခ်လေးကို ခဏလေး ၀င်ကြည့်ဖြစ်တိုင်း ဘလော့ခ် မှာရှိနေတဲ့ သူငယ်ချင်းတွေနဲ့ လာလည်သွားတဲ့ ဦးရေကို မြင်တိုင်း အပြစ်မကင်းသလို ခံစားရပါတယ်။

ဒီလဟာ တကယ် စိတ်နဲ့လူနဲ့ တော်တော်လေးကို ရူပ်ထွေးစေတယ်။ နောက်ပြီး ဒီလမှာပဲ မိတ်ဆွေ တော်တော် များများ ဆုံးရူံးတယ် လူတွေရဲ့ စိတ်ဓာတ်တွေလဲ တော်တော်သိလိုက်တယ်။ နောက် ကိုယ့်အပေါ် ချစ်သူ မုန်းသူ တွေကိုလည်း တော်တော်လေး ခွဲခြား သိမိတယ်။ နောက် အကြောင်းအရာတွေ အဖြစ်အပျက်တွေ က သိပ်ပြီး ရောထွေး ရူပ်ယှက် ခတ် မြန်ဆန်လွန်းနေတယ်။ လူကြီး လူကောင်း မဆန်မူတွေ ဟန်ဆောင်မူတွေ ပါးစပ်က ဘုရား လက်က ကားယား လုပ်ပြသူတွေ ကလိမ်ကကျစ် အမူတွေ ယုတ်မာ တာတွေ ကောက်ကျစ် ရက်စက် တာတွေ မျက်နှာ လွဲခဲပြစ် အမူတွေ အလွဲသုံးစားမူတွေ လိမ်လည် ဖုန်းကွယ်မူတွေ မျက်နှာကြီး ဟင်းဖတ် ပါနေတာတွေ သူခိုး ဓားရိုး ကမ်းရုံမက ဒုံးကျည်ကမ်းနေတာတွေ နူရာဝဲစွဲ လဲရာ ဓမြထောင်းနေတာတွေ သူတော်အချင်းအချင်း သတင်းလွေ့ ဂျိုနဲ့ပြေးခွေ့နေတာတွေ တကယ့်ကို အများကြီးပဲ။ စိတ်ရော ကိုယ်ရော ဘယ်လိုမှ တည်ဆောက်လို့ မရတာ သီးခံခြင်း တရားဖြစ်နေတယ်။

အစ်မ က အရမ်းဒေါသကြီးတယ်တဲ့ ဘုရားရေ ဘယ်သူပြောတုန်းဆိုတော့ နံမည်ကြီး ဘလော့ခ်ဂါပြောတာတဲ့ ဒေါသကြီးတယ်ဆိုတဲ့ စကားလုံးအောက်က မတရားတာ မြင်ရင် တစ်ခုခုဆို ထစ်ကနဲ ကောက်ရိုက် ပစ် ချင်တာတွေ ထထိုးပစ်ချင်တာတွေ ကိုင်ပေါက်ချင်တာတွေ အ၀တ်လျှော်သလို ထုပစ်လိုက်ချင်တာ လက်က မလုပ်ရရင် စိတ်ထဲမှာတင် ဟင်းဟင်း ဆိုပြီး ဖျင်းကနဲဖြစ်တာတွေ လုပ်လိုက်လို့ သွေးမထွက်ရင် နားထင်မှာ သွေးတိုး တတ်တာတွေ စတဲ့ ကိုယ့်ပုံရိပ်ကို ကိုယ် အမှတ်သတိလေးနဲ့ ပြန်ကြည့်မိတယ်။

ပြသနာအများစုကတော့ လူမမြင်ရပဲ ဂျီ ကျလို့ရတဲ့ ဂျီတော့ခ်က အခြေခံပါတယ်။ များသောအားဖြင့် ကျမသူငယ်ချင်းဟောင်းအများစုက အခုနှစ်ပိုင်းမှာမှ အင်တာနက်လိုင်းပေါ် တက်တတ်လာကြလို့ သူတို့ အတ်လာတဲ့ မေးလ်လိပ်စာအသစ်တွေ ကို လက်ခံနေတဲ့အချိန်ဖြစ်တော့ အုတ်ရောရော ကျောက်ရောရော သဲရောရော ဂ၀ံရောရောတွေ ပါလာပါတယ်။

တစ်ခါကလည်း တစ်စုံတစ်ခုအတွက် စိတ်အနှောင့် အယှက်ကြီးစွာဖြစ်လို့ ဂျီတော့စတေတပ်လေးမှာ ဘာလုပ်ရင် ကောင်းမလဲ လူသတ်ရ ကောင်းမလားဆိုတာလေး တင်ထားမိတော့ စိတ်လျော့ပါ ဘုရားတရား အာရုံပြုလိုက်ပါလားတဲ့ ဒေါသထွက်နေတုန်း ဘုရား အာရုံပြုပြီး စိတ်ငြိမ်အောင် ထားပါဆိုလာသူ ကို တကယ့် သဘောရိုးနဲ့ ဟုတ်ကဲ့ ကျေးဇူးပါ ဆိုပြန်တော့ အငေါ့တူးတယ် ထင်ပြန်တယ်။

ငယ်ပေါင်းလို့ခေါ်နိုင်ပြီး အခုချိန်မှာတော့ သူလမ်းသူလျောက် ကိုယ်လမ်းကိုယ်ဖောက်နေချိန် သူနဲ့ကိုယ်နဲ့ တစ်နေရာစီ အလုပ်ချင်းလဲ တခြားစီ ဖြစ်နေပေမယ့် အရင်က ခင်ဖူးတဲ့ အခံကို အခြေပြုပြီး နှိမ်ကွပ်တာမှန်း သိသိနဲ့ အမြဲငြိမ်ခံနေပေမယ့် အချင်းချင်း စနောက်သလိုနဲ့ စကားအကောင်းပြောနေရင်းနဲ့ နှိမ်သလို ရသလို ထေ့သလို ငေါ့သလို တိုက်ခိုက်လာတာတွေအတွက် သိက္ခာမရှိတဲ့ အဆင့်အတန်းနိမ့်တဲ့သူ သတ်မှတ်ပြီး သူငယ်ချင်း စာရင်းက ပထမဆုံး black list ထည့်လိုက်တယ်။

တစ်ခါကလဲ အလုပ်ထဲမှာ dead line ကပ်လို့ အရမ်း ရူပ်ထွေးပြီး ပျားပမ်းခတ်ဖြစ်နေတဲ့အချိန် ချက်တင်းကလဲ သတင်း တစ်ခုအတွက် ဖွင့်ထားပေးရတဲ့အချိန် သူငယ်ချင်းဟောင်းတစ်ယောက်က သူသိချင်တာ တစ်ခုကို သူနားလည်သလို ကောက်ချက်ချပြီး အရေမရ အဖတ်မရတွေ ပြောနေတဲ့အပေါ် နားထောင်နိုင်စွမ်းမရှိတာနဲ့ ချက်တစ်ခုလုံးပိတ်ပစ်မိတော့ သူ့ကို ဘလော့ခ် ပါတယ်ဆိုပြီး မေးလ်က တဆင့် နင်က ကြီးကျယ်တာလား ဘ၀င်မြင့်တာလား အထာထားတာလား စသဖြင့် ဆဲဆို ကြိမ်းမောင်းတာတွေ လုပ်လာပြန်တယ်။

တစ်ခါ အဆိုးဝါးဆုံး ဒီလ ကြုံရတာတစ်ခုလေး ကြုံလို့ ပြောပြချင်ပါတယ်။ နှစ်သစ်ကူးချိန်တိုင်း မြန်မာပြည်မှာ ကျွန်မတို့ သူငယ်ချင်းတွေ နှစ်သစ်ကူးစားပွဲသောက်ပွဲလေး လုပ်လေ့ရှိပါတယ်။ သူငယ်ချင်းတွေထဲမှာ နှစ်ကူးချိန် မွေးနေ့ရှိတဲ့သူပါတော့ သူ တစ်ခါဖူးမှ(တစ်ခါဖူးမှ) သူငယ်ချင်းတွေကို စကားလုံးလေးနဲ့တောင် စိတ်ကျေနပ်အောင် မလုပ်ပေးခဲ့တဲ့ သူ့ မွေးနေ့ကို သူ့ဘာသာသူ ပေါင်းပြီး ကျင်းပသလိုဖြစ်ခဲ့တယ်။ တစ်ကိုယ်ကောင်း ဆန်တယ် အတ္တကြီးတယ်လို့ နံမည်ကျော်တဲ့ သူနဲ့ သူလဲ သူလမ်းသူသွား ကိုယ်လမ်း ကိုယ့်လမ်း ကိုယ်သွားနေတဲ့ အချိန် ရုတ်တရက် နှစ်တွေအကြာကြီးကြာမှ ချက်တင်မှာ ဆုံဖြစ်တယ်။

ငါ့မွေးနေ့မှတ်မိသေးလားတဲ့ လွန်ခဲ့တဲ့ ၅လ ၂၀၀၉ အကူးတုန်းကပေါ့။ အေး လို့ ဖြေလိုက်တော့ နင်က အခု နိုင်ငံခြားမှာဆိုတော့ ငါ့မွေးနေ့ကို ထိုက်ထိုက်တန်တန်ဘာပေးမလဲတဲ့ နိုင်ငံခြား ရယ် ထိုက်ထိုက်တန်တန်ဆိုတဲ့ စကားရယ် ကြောင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် ကိုယ့်လမ်းကိုယ်ဖောက် နေတဲ့အချိန် အဲ့သလို ပြောလာတဲ့ အတွက် မချိ ပြုံးမိတယ်။ အေး ပြောပါဦး နင်ဘာလိုချင်လဲ မေးမိတော့ ငါလိုချင်တာ Laptop တဲ့။ သူလိုချင်တာ Laptop ပါတဲ့ရှင်။ စတယ်လို့ပဲထင်တာနဲ့ အေး ဟ ငါ့မှာတောင် မလိုချင်လို့ ပစ်ထားတာတွေ အများကြီးပဲ လို့ပြောတော့ အေး နင်ပစ်ထားရင် ငါ့ကိုပေး ပေးနော် နင်ပေးမှာမဟုတ်လားတဲ့။ အရူးအမဲသားတောင်းသလို တတွတ်တွတ် တောင်းလာတဲ့အတွက် စိတ်ထဲ ဇဝေဇ၀ါဖြစ် နည်းနည်းလန့်သွားပြီး အောက်လိုက်တယ်။

အဲ့လိုနဲ့နေလာလိုက်တာ တစ်နေ့မှာ သူက ချက်ကနေ ပြောလာတယ်။ နင် ငါ့ကို လက်တော့ခ် ဘယ်တော့ ပေးမလဲတဲ့။ လေသံကို ကြည့်ရတာ တကယ့်ကို အတည်ပေါက်ကြီး ပြောတာ သိသာလွန်းပါတယ်။ အဲ့တာနဲ့ အမြင်ကပ်ကပ်နဲ့ ကျွန်မပြောလိုက်တယ်

နင့်ကိုသာ ငါလက်တော့ခ်သာ ပေးနိုင်ရင် ငါသူဌေးဖြစ်ပြီဆိုတော့ သူက ပြောတယ် ငါကလဲ လူတိုင်း မတောင်းပါဘူးတဲ့ ငါသိထားတာက ဆင်းရဲသားပဲ သဒ္ဒါတရားကောင်းလို့ နင့်လိုဆင်းရဲသားကို တောင်းတာတဲ့ အေးဟယ် ငါက သဒ္ဒါတရားလဲ မချမ်းသာဘူးဟယ် ဆင်းရဲတယ် ပေးနိုင်ရင် နင့်လိုလူကို ပေးတာထက် တကယ်လိုအပ်တဲ့ ကလေးတွေနဲ့ ငါမောင်လေးပဲ ပေးမယ်လို့ပြောလိုက်တော့ ..

သူက အေးပေါ့တဲ့ ပြောတော့ဖြင့် နင်တို့က အပြင်ကနေပြီး တိုင်းပြည်နဲ့ချီပြီး ဘာလုပ်မယ် ညာလုပ်မယ်နဲ့ ဒါလေးတောင် စိတ်ထားမကောင်းဘူး တိုင်းပြည်ကို ရောင်းစားပြီး မိသားစုအရေးလုပ်နေတဲ့ သူ ဘာညာနဲ့ ယောက်ျားတန်မယ့် ဗြစ်တောက် ဗြစ်တောက် ဆက်တိုက် တောင်စဉ်ရေမရ ပြောသွားတယ် စိတ်ထဲ အံ့သြခြင်းကြီးစွာဖြစ်မိတယ်။

ဘုရားရေ သူ တကယ်ပဲ လက်တော့ခ်ကို အတည်တောင်းနေပါလားလို့ တွေးမိတယ်။ တကယ်တော့ သူက တကယ်တော့ မိသားစုအတွက် မဆိုထားနဲ့ သူ့အတွက်ပဲ သူကြည့်တဲ့ တကိုယ်ကောင်းသမားဖြစ်တယ် နောက်ပြီး အခုလက်ရှိ ကိုယ်ပိုင်ဟမ်းဖုန်းကိုင်နိုင်တဲ့သူပါ ကလေးတွေကို စာပြပေးနေတာ တစ်လကို သိန်းနဲ့ချီပြီး ၀င်ငွေရှိပါတယ်။ သူငယ်ချင်းတွေ ရုန်းကန်လူပ်ရှားနေရတုန်းကလဲ သူက တကယ့်ကို တစ်ကိုယ်ကောင်းစိတ်ဓာတ်အပြည့်နဲ့ ကိုယ့်အတွက် ရပိုင်ခွင့်ရှိတာကိုပဲ လိုက်ပြီး အခွင့်အရေး ယူတတ်တဲ့ သူက ဒီလို လာပြီး အရှက်ကင်းမဲ့စွာနဲ့ မဖြစ်နိုင်တာကို လာတောင်းဆိုတဲ့သူဖြစ်လို့ တစ်ခွန်းပဲပြောလိုက်ပါတယ်။ နင်က ငါ့ဆီက မွေးနေ့လက်ဆောင် တောင်းရအောင် နင် ငါ့မွေးနေ့တုန်းကရော ငါ့ကို ဘာများပေးဖူးသလဲဆိုတဲ့ တစ်ခွန်းပါပဲ။

အရင်ကဆို သင်ကောင်းလျင် ကျွန်ုပ်မဆိုးပါတို့ ကျွန်ုပ်ဒုက္ခရောက်စဉ်က သင်ဘာကူညီဖူးသလဲတို့ စတဲ့ စကားတွေမြင်ရင် စိတ်ထဲ သိပ်မကြိုက်သလို ခံစားရပါတယ်။ အခုတော့ အခုအဲ့ဒီ့စကားတွေက အပြင်ရောက်နေတဲ့သူတွေအတွက် တိုက်ရိုက်ရည်ညွန်းသလို ခံစားရပါတယ်။

ပီးတော့တစ်ခါ. ချက်ကပါပဲ ပထမဆုံး စကားပြောတာကို အဆင်မပြေလို့ ဘလော့ခ်ထားတယ် အဲ့တာကို အခုရက်ပိုင်းမှာပဲ မေးလ်လိပ်စာအသစ်တစ်ခုထပ် လာအတ်တယ် ကျွန်မအထင် ကျွန်မကို လိုက်ရှာနေတဲ့ NLD LA က ညီမလေးထင်ပြီး လက်ခံလိုက်မိပါတယ်။ အဲ့မှာ သူ ဘန်ကောက်ရောက်နေပါတယ်တဲ့ ဖုန်းနံပတ် ပေးလာတယ် ကျွန်မလဲ လက်ခံပြီးလက်စနဲ့မို့ စကားမပြောချင်ပေမယ့် မရိုင်းချင်တာနဲ့ အေး ငါပြောစရာရှိရင် ဖုန်းဆက်မယ်လို့ စကား ကောင်းကောင်း ဆက်ပြောလိုက်ပါတယ်။ နောက်နေ့ ကျောင်းစာမေးပွဲပြီးလို့ စိတ်ပင်ပမ်း လူပင်ပမ်းဖြစ်လာပြီး အင်တာနက်မှာ ချက်ကို တန်းဖွင့်မိပါတယ်။ သူ့ဆီ ဘာလို့ ဖုန်းမဆက်တုန်းတဲ့။ ဘန်ကောက်ရောက်တုန်းမို့ မြန်မာပြည်က လူအချင်းချင်း အပြန်အလှန်ပေါ့တဲ့။ မြန်မာပြည်က လူပေမယ့် ကျွန်မမသိတဲ့လူဆိုရင်တော့ ဘာကူညီရမယ်မသိဘူးလို့ပြောလိုက်တော့ သူကတော့ မြန်မာပြည်ကမွေး မြန်မာဆန်လာတော့ မြန်မာဆိုရင် ဘယ်နေရာရောက်ရောက် မြန်မာအချင်းချင်း ကူညီတတ်ပါတယ်တဲ့။
nohave.eye: မြန်မာပြည်ကလူအချင်းချင်း

9:06 PM အကူအညီ အပြန် လှမ်းပေါ့
me: ကျွန်မ တစ်ခုခု အကူအညီယူဖူးလား
မသိဘူးနော်
မြန်မာပြည်က လူအချင်းချင်းပေမယ့်
ကျွန်မ မသိတဲ့သူဆိုရင်တော့ဘာကူညီရမှန်း
မသိဘူး
nohave.eye: ကြီးကျယ် လိုက်တာနော်
me:
9:07 PM ဖုန်းဆက်ခြင်း မဆက်ခြင်းက အကူအညီနဲ့ဆိုင်သလား
မြန်မာပြည်နဲ့ ချီပြီး ပြောလို့ရသလား
9:09 PM nohave.eye: မောင်လေးက မြန်မာပြည်မှာမွေးမြန်မာဆန်လာတော့ ဘယ်နှစ်ရာေ၇ာက်ေ၇ာက် မြန်မာအချင်းချင်းအကူအညီပေးတက်တယ်
me: အေးအေး
ကောင်းတာပေါ့
9:13 PM nohave.eye: အစ်မကိုblock လိုက်မယ်နော် ဘာဖြစ်လိုဆိုတော့ မြန်မာပြည်သားအချင်းချင်းလေးစားခင်မင်မူမရှိလို စိတ်မဆိုးပါနဲ့နော်မမ။ နေကောင်းကျန်းမာပါစေ။မိဘကိုလုပ်ကျွေးနှိင်သောသားသမိးဖြဟ်ပါစေ။
ပြာမှားဆိုမှားရှိ၇င်ခွင့်လွတ်ပါလိုတောင်ပန်းပါတယ်။

ကိုယ့်ဘာသာ ကိုယ့်အလုပ်ကိုယ်ရူပ်ပြီး အေးအေးနေကာမှ စွတ်စွတ်စွဲစွဲ ပြောလာတော့ ရုက္ခစိုးနတ်လို့ မင်းတောင်းတလို့ ငါကိုယ်ထင်ပြရတာကွလို့ အော်ပြီး မနက်ဝေလီဝေလင်းမှာပဲ....

ငါ့ကို လာပြီး မြန်မာနိုင်ငံသားအချင်းချင်း လေးစားခင်မင်မူမရှိဘူးလို့ စွတ်စွတ်စွဲစွဲ ပြောရသလဲ။ မင်းသိထားဖို့က ငါက အချိန်လုပြီး ကျောင်းတက်ရတယ် နောက် ငါ့သတင်းထောက်အလုပ်အတွက် အချိန်ပြည့် အလုပ်လုပ်ရတယ်။ ဘယ်သူမှ အချိန်အား မရှိဘူး။ လူတိုင်းမှာ ကိုယ်ပိုင်ကိစ္စတွေ အလုပ်ကိစ္စတွေ နောက် အများအတွက် ကိစ္စတွေ အများကြီးရှိတယ်။ အဲ့ထဲကမှ ဘာမှ တန်ဖိုးမရှိတဲ့ အရေမရ အဖတ်မရကိစ္စတွေအတွက် အပိုလုပ်ဖို့ အချိန်မရှိဘူး။

နောက် သိထားဖို့က ထိုင်းနိင်ငံကို ရောက်နေတဲ့ သန်းနဲ့ချီတဲ့ မြန်မာတွေထဲမှာ အလုပ်သမားတွေပါတယ် ဒုက္ခသည်တွေရှိတယ် ခိုကိုးရာမယ့်တဲ့ အမျိုးသမီးတွေ ကလေးတွေရှိတယ် သူတို့ အယောက်ရှိတိုင်းမှာ အခက်အခဲပြသနာတွေ ရှိတယ် အဲ့ဒီ့အတွက် ငါတို့က တတ်နိုင်သလောက် ဖေးမတယ် ကူညီတယ် ရိုင်းပင်းတယ် ဖုန်းနဲ့အားပေးတန် အားပေးတယ် လူကိုယ်တိုင် သွားစောင့်ရှောက်တယ် ဒါ ငါတို့ခံယူထားတဲ့ ခံယူချက်နဲ့ စေတနာနဲ့လုပ်ပေးနေကြတာ ဖြစ်တယ်။ နောက်ကျောင်းတက်ဖို့ရောက်လာတဲ့ ကျောင်းသားတွေ ငါတို့ တတ်နိုင်သမျ သူတို့လိုအပ်တာတွေ ပြောပြပေးတယ် ကူညီပေးတယ်

နင်တို့လို ကိုယ့်ကိစ္စနဲ့ကိုယ် အလည်အပတ်သပ်သပ် လာတဲ့ သူတွေနဲ့ ပြောစရာ ဘာအကန့်မှ မရှိဘူး။ ကိုယ်ပိုင်ပိုက်ဆံကို အလည်အပတ်ကိစ္စနဲ့ လာဖြူန်းတီးပြီး အချိန်အားရှိနေတဲ့သူတွေအတွက် ငါတို့ကိုယ်ပိုင်အချိန်တွေကို ပေးစရာ ဘာအကန့်မှ မရှိဘူးလို့ စိတ်နောက်ကိုယ်ပါ မေးလ်ပို့ပေးလိုက်တယ် အေးရော။

အဲ့သလို မြန်မာနိုင်ငံသူ နိုင်ငံသားအချင်းချင်း ကူညီဖေးမချင်လို့ပါလို့ဆိုလာသူရဲ့ဖုန်းနံပတ်ကတော့ +၆၆ ၈၁ ၄၄၂ ၇၉၁၆ ဖြစ်ပါတယ်။ ထိုင်းဒေသ အချင်းချင်း ခေါ်ဆိုရင်တော့ ၀၈၁ ၄၄၂ ၇၉၁၆ ဖြစ်ပါတယ်။

ဆိုတော့ အထက်ပါ ချက်ပါ စာသားအရဆိုရင် အဆိုပါသူဟာ မြန်မာပြည်သားအချင်းချင်း လေးစားခြင်း ချစ်ခင်ခြင်း ကူညီလိုခြင်း စသဖြင့် ဘယ်နေရာရောက်နေနေ မြန်မာနိုင်ငံသူ နိုင်ငံသားအချင်းချင်း ကူညီရိုင်းပင်းချင်စိတ်အပြည့်ရှိပုံရတဲ့အတွက် ဘယ်နေရာကဖြစ်စေ အကူအညီ လိုအပ်နေတဲ့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေအနေနဲ့ အဆိုပါ လူကို ဖုန်းဆက်ပြီး လိုအပ်သမျ အကူအညီ တောင်းခံနိုင်တယ်လို့ မေတ္တာရှေ့ထားပြီး သတင်းကောင်းပါးလိုက်ပါတယ်ရှင်။


Read More...

ထိုင်း မြန်မာ ပူုးပေါင်းစီစဉ်တဲ့ နာဂစ်ရံပုံငွေ သီးလေးသီးအငြိမ့်

ဇာဂနာဖွဲ့စည်းပေးထားတဲ့ သီးလေးသီး အဖွဲ့သားတွေပါ။ ဂေါ်ဇီလာ ခေါင်းဆောင်တဲ့ လူရွှင်တော် ပန်းသီး ဇီးသီး စိန်သီး ကြယ်သီး နဲ့ မင်းသမီး မြစပယ်ငုံနဲ့ ချောစုမျိုး ပါ။

ထိုင်းမြန်မာ လေမုန်တိုင်းဘေးကူညီရေးဖောင်ဒေးရှင်းနဲ့ ထိုင်းမြန်မာ လေဘေးကူညီရေးကော်မတီက ကြီးမူးပြီး နာဂစ်ဒဏ်သင့် ကလေး သူငယ်များ အတွက် ပညာရေး ရံပုံငွေ အနုပညာ အကပဒေသာ ဖျော်ဖြေပွဲ ကို ဇွန်လ ၇ရက်နေ့ တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှာ နှစ်ကြိမ် ခွဲပြီး ကျင်းပခဲ့ပါတယ်။ ကျွန်မလဲ နားရက်မှာ စိတ် အပမ်းဖြေ လည်း ဖြစ် သတင်းအတွက်လဲ အလုပ်လုပ်ရင်း မနက်ပိုင်း ကတဲ့ သီးလေးသီးပွဲကို သွားအားပေးခဲ့ပါတယ်။ သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့နဲ့အတူ တိုင်းရင်း သား ရိုးရာ ယဉ် ကျေးမူ အက အဖွဲ့တွေ ကပါ မေတ္တာနဲ့ ပူးပေါင်း ဖျော်ဖြေ ကပြ ပေးခဲ့ကြပါတယ်။ ကျွန်မ သဘောကျ အနှစ် သက်ဆုံး အကြိုက်ဆုံး ကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က စင်မြင့်ပေါ်မှာ ကြည့် ရခဲတဲ့ မြန်မာ့တိုင်းရင်းသား ရိုးရာ အကတွေပါပဲ။

ထိုင်းနိုင်ငံရောက် တိုင်းရင်းသားတွေက နာဂစ် ကလေးငယ်တွေ ပညာရေးရံပုံငွေဖျော်ဖြေပွဲအဖြစ် ပူးပေါင်း ဖျော်ဖြေခဲ့ကြပါတယ်။
ကရင်ရိုးရာယဉ်ကျေးမူ အကဖျော်ဖြေမူဖြစ်ပါတယ်
နံမည်ကျော် မြန်မာ့ရိုးရာ အက အလှ ဦးရွှေရိုးနဲ့ ဒေါ်မိုးအကပါ

ကချင်ရိုးရာအကပါ။
ပအို့ဝ်ရိုးရာအက ဖြစ်ပါတယ်။ရှမ်းရိုးရာ နှစ်သစ်ကူးအကပါ။မွန်ရိုးရာဟင်္သာမောင်နှံ အကအလှပါ။

ဖျော်ဖြေပွဲ အထူးအစီအစဉ်အဖြစ် ရာမယဏဇာတ်တော်ကြီးကို သီးလေးသီးဆေးရောင်စုံ အငြိမ့်အဖွဲ့က တင်ဆက် ကပြခဲ့ပါသေးတယ်။ အ၀တ်အစား အဆင်အပြင် သရုပ်ဆောင်တွေရဲ့ ကကွက် တွေက အရမ်းကောင်းလို့ ကျွန်မ သိပ်ကြိုက် ပါတယ်။ ဒသဂီရိဘီလူးရဲ့ ဖနောင့်ပေါက်ကွက်ကို အကြိုက်ဆုံးပါပဲ။သီးလေးသီးအဖွဲ့ရဲ့ပျက်လုံးတွေကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေက သဘောကျနှစ်သက်စွာ အားပေး ခဲ့ကြပါတယ်။ မင်းရူးနဲ့ ၀န်ရူး အလွဲပျက်လုံးမှာတော့ ပရိတ်သတ် အနှစ်သက်ဆုံးပါ။ မင်းရူးလုပ်သမျ ထောက်ခံရင် ၀န်ကြီးဖြစ်မယ်ဆိုပြီး အတိုင်အဖောက်လုပ်ထားခါမှ မေးခွန်းတခြား အဖြေတလွဲဖြစ်ကြပုံကို ပရိသတ် သဘောကျတာမှာ ကျွန်မ ရယ်သံက အကျယ်ဆုံးဖြစ်မယ်ထင်ပါတယ်။ ကျွန်မဘေးက သူငယ်ချင်း ကောင်းကင်ကို ကတော့ ပြုံးရုံပြုံးသည်။ရံပုံငွေပွဲမှာ မြန်မာ့ရိုးရာ အစားအသောက်တွေ ရောင်းချပေးလို့ မြန်မာမုန့်ဟင်းခါးကို အပြတ်အားပေးခဲ့ပါတယ်။ နောက် စာအုပ်အရောင်းဆိုင်လေးမှာ သတင်းစာဆရာကြီး ဦးပုကလေးရေးခဲ့တဲ့ ငါတို့ဗိုလ်ချူပ် ဘာတွေ လုပ်ခဲ့လဲံ ဆိုတဲ့ ရှားပါး စာအုပ်လေးတစ်အုပ် ရခဲ့လို့ ပိုပြီး စိတ်ချမ်းသာခဲ့ပါတယ်။

အခုလိုရံပုံငွေပွဲတွေကို အားပေးခြင်းဖြင့် အခုချိန်အထိ အကူအညီလိုအပ်နေသေးတဲ့ နာဂစ် ဘေးဒုက္ခသည် တွေနဲ့ နာဂစ်ကလေးငယ်တွေ အတွက် ပညာရေး လိုအပ်ချက်တွေကို ပံ့ပိုးကူညီပေးဖို့ မေတ္တာရပ်ခံ ပါတယ်လို့ နာဂစ်မုန်တိုင်းဘေးသင့် ပြည်သူတွေ အတွက် ကူညီဆောင်ရွက်ပေးနေတဲ့ သံဃာတော်များတွေရဲ့ကိုယ်စား ပွဲဖြစ်မြောက်ရေးစီစဉ်သူ ထိုင်းနိုင်ငံရောက် မြန်မာရဟန်းတော်အရှင်တေဇက မိန့်ပါတယ်။ အဲ့ဒီ့ရံပုံငွေပွဲကို ဦးဆောင်ကျင်းပပေးတဲ့ ကော်မီတီဝင် ဦးသက်ခိုင်ကလဲ ထိုင်းမြန်မာ လေဘေးကူညီရေး ကော်မတီအနေနဲ့ နာဂစ်ဘေးသင့်ပြည်သူတွေအတွက် ထိုင်းနိုင်ငံသားတွေနဲ့ ပူးပေါင်းပြီး ဆက်လက်ပြီး ကူညီ လှူဒါန်း သွားကြမှာဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်းမြန်မာလေဘေးကူညီရေးကော်မတီအဖွဲ့ဟာ ၂၀၀၈ခုနှစ် မေလမှာ မြန်မာနိုင်ငံပေါ် ကျရောက်တဲ့ လူသိန်းချီသေဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်းဘေးသင့် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမူနဲ့ ကူညီစောင့်ရှောက်ပေးဖို့ ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

Read More...

လူအချင်းချင်း ချူပ်နှောင်ခြင်း ကင်းရှင်းကြပါစေ

ကျက်သရေ မင်္ဂလာရှိသော မိန်းမကောင်း မိန်းမမြတ်ဆိုတာ သူပဲဖြစ်တယ်သူ ရဲ့နုပျိုမူ ကိုယ်ပိုင်လွတ်လပ်မူ တွေကို တိုင်းပြည်ကို ပေးခဲ့တယ်
ပြည်သူရဲ့ရှေ့မှာ မားမားရပ်ပြခဲ့တယ် သူ ဘယ်တော့မှ အပြုံးမပျက်ခဲ့ဘူး
တိုင်းပြည်တခွင် ခရီးစဉ်တိုင်းမှာလဲသူ့ကိုချစ်တဲ့ ပြည်သူတွေနဲ့ အမြဲတမ်း တသားတည်းဖြစ်နေခဲ့တယ် သူ့ရဲ့ ရဲရဲတောက် မိန့်ခွန်းတွေမှာ အားငယ်စရာ တွန့်ဆုတ်စရာ တွေဝေစရာ ဘယ်တော့မှ မပါဘူး
တိုင်းရင်းသား ချစ်ကြည်ရေးကို တန်ဖိုးထားပြီး တိုင်းရင်းသားတွေရဲ့ ရိုးရာ ဓလေ့ထုံးတမ်းတွေကို မြတ်နိုးတယ်
မတရားအချူပ်အနှောင်ခံနေရတဲ့ ရဟန်းရှင်လူ ပြည်သူချစ်တဲ့ ငါတို့အမေကို ငါတို့ကို ပြန်ပေးပါ အချုပ်အနှောင်ကင်းကင်းနဲ့ ငြိမ်းချမ်းစွာနဲ့ သူ အိမ်ကို ပြန်ရောက်စေချင်ပါတယ် စစ်အာဏာရှင်လက်အောက်ကနေ သက်စွန့်ဆံဖျား လူပ်ရှားနေကြရသော မြန်မာပြည်တွင်းမှ ဒီမိုကရေစီရေး လူပ်ရှားသူတွေရဲ့ ငြိမ်းချမ်းစွာ လူထုပါဝင်နိုင်သော လူပ်ရှားမူ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဓာတ်ပုံဖြန့်ဝေ လူပ်ရှားမူ ကို ဂုဏ်ပြု ကြိုဆိုပါတယ်။

Read More...

ဘန်ကောက် ယူအန်ရုံးရှေ့မှာ မြန်မာဘုန်းတော်ကြီးတွေ မေတ္တာပို့ ငြိမ်းချမ်းစွာ ဆနပြ

ဒီနေ့မေလ၂၂ရက်နေ့သောကြာနေ့ နေ့လည် ၁နာရီမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကုလသမဂ ယူအန်ရုံးချုပ်ရှေ့မှာ ထိုင်းနိုင်ငံရောက် မြန်မာဘုန်းတော်ကြီးတွေနဲ့ မြန်မာနိုင်ငံသားတွေ စုဝေးပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆနပြ တောင်းဆိုပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ရေး စစ်အစိုးရကို ဖိအားပေးဖို့ ကုလသမဂအတွင်းရေးမူး မစ္စတာ ဘန်ကီမွန်းထံ ရဟန်းတော်တွေက မေတ္တာရပ်ခံ တောင်းဆိုခဲ့တာပါ။ယူအန်ရုံးရှေ့မျက်နှာစာမှာ ထိုင်းနိုင်ငံရောက် မြန်မာ ရဟန်းတော်တွေက အခုလို မေတ္တာပို့သ ငြိမ်းချမ်းစွာဆနပြကြပါတယ်။ မိုက်လေးတစ်လုံးကိုင်ပြီး အလုပ်ရူပ်နေတာ ဘယ်သူပါလိမ့်။
ဆနပြနေစဉ်အတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကုလသမဂရုံးချုပ် တာဝန်ရှိသူတွေက ၀င်ခွင့်ပေးလို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆနပြ ကိုယ်စားလှယ် သုံးဦးတို့ ကုလသမဂ ရုံးချူပ်ထဲမှာ တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့ပါတယ်။ ကုလသမဂ ရုံးချုပ် တာဝန်ခံတွေက တဆင့် ကုလသမဂ အတွင်းရေးမူး မစ္စတာဘန်ကီမွန်းထံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး လွှတ်ပေးဖို့ ကုလသမဂ အနေနဲ့ မြန်မာစစ်အစိုးရကို ဖိအားပေးတိုက်တွန်းပေးဖို့ မြန်မာ့ဒီမိုကရေစီရေး လိုလားတဲ့ အဖွဲ့အစည်း တွေက ပေးပို့တဲ့ အိတ်ဖွင့်ပေးစာ တွေကို ပေးအပ်နိုင်ခဲ့ပါတယ်။

ရုံးချူပ်တာဝန်ခံတွေက ဆနပြသူတွေကို ရင်းရင်းနှီနှီးတွေ့ဆုံပြီး တောင်းဆိုချက်တွေအပါ် သဘောတူညီချက်တွေ ပေးခဲ့တယ် လို့ကိုယ်တိုင် တွေ့ ဆုံခွင့်ရခဲ့တဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း သတင်းပြန်ကြားရေးရာ တာဝန်ခံဦးမျိုးနိုင်က ပြောပါတယ်။ ဆနပြ ကိုယ်စားလှယ် တွေ သွားရောက် တွေ့ဆုံနေချိန်မှာ မိုးတွေ ရွာသွန်းနေချိန် ဆနပြသူအင်အားစုတွေက ဒေါ်အောင်ဆန်းစုကြည် ပိုစတာတွေ ကိုင်ဆောင်ပြီး ကြွေးကြော်ဆနပြနေခဲ့ကြပါတယ်။။
ဆနပြပွဲကို မြန်မာပြည်ဒီမိုကရေစီရရှိရေးလူပ်ရှားမူကွန်ယက်အဖွဲ့က ဦးဆောင်ကျင်းပတာဖြစ်ပြီး ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် ပြည်ပရောက် အမျိုးသား ကျောင်းသားများအဖွဲ့ မြန်မာနိုင်ငံသားများအသင်း ထိုင်းနိုင်ငံနဲ့ မြန်မာဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့တို့ပါဝင်ကြပါတယ်။

Read More...

ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ်စောင့်ရှောက်သူများရဲ့ တာဝန်အမှန်

နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒေါ်ခင်ခင်ဝင်း
နိုင်ငံတကာ သတင်းဌာနတွေနဲ့ ပြည်ပ မီဒီယာတစ်ချို့မှာ နေအိမ် အကျယ်ချူပ် ကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူ အချူပ် ခံနေရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်အဖွဲ့ဝင်များဖြစ်တဲ့ ဒေါ်ခင်ခင်ဝင်း နဲ့ သမီးဖြစ်သူ မ၀င်းမမကို အိမ်အကူ အိမ်ဖော်စတဲ့ အသုံးအနူံးတွေကို သတင်းတွေမှာ သုံးစွဲ နေတာနဲ့ပတ်သတ်ပြီး မိသားစုနဲ့ နီးစပ်သူမှ အဖွဲ့ချူပ်အဖွဲ့ဝင် ဒေါ်ခင်ခင်ဝင်းရဲ့ နိုင်ငံရေးဖြတ်သန်းခဲ့တဲ့ သမိုင်း အဆက်ဆက်ကို ပေးပို့လာပါတယ်။နေအိမ်အကျယ်အချုပ်ခံနေရတဲ့ ခေါင်းဆောင်ကို အနီးကပ်ပြုစုနေသူကို အိမ်အလုပ်သမားလို့ သေချာ မစုံစမ်းပဲ သတင်းရေးနေခြင်းဟာ နိုင်ငံရေး ဂုဏ်သိက္ခာကို ထိခိုက်အောင် သေးသိမ်အောင် လုပ်နေကြခြင်း ဖြစ်လို့ အဖွဲ့ချူပ် တာဝန်ရှိသူတွေကို တိုက်ရိုက်မေးမြန်းပြီး သတင်းတင်ပြသင့်ကြောင်းနဲ့ အခုလို ရေးသား ထားခြင်းများကို ရပ်တန့်ကြပါလို့ ပြင်းပြင်းထန်ထန် သတိပေး တောင်းဆိုထားပါတယ်။ပြည်တွင်း ပြည်ပ နိုင်ငံရေးအဖွဲ့အစည်းများ နိုင်ငံရေးခေါင်းဆောင်များအနေနဲ့လည်း အခုလို နိုင်ငံခြား သတင်းဌာန အချို့မှာပါ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် ပြုစုစောင့်ရှောက်ပြီး ကာကွယ်ပေးနေတဲ့ အဖွဲ့ချူပ်အဖွဲ့ဝင် ဒေါ်ခင်ခင်ဝင်းနဲ့ သမီးဖြစ်သူအပေါ် သေးသိမ်အောင် သုံးနူန်းနေတဲ့အပေါ် ကူညီဖြေရှင်းပေးပါလို့ တောင်းဆိုပါတယ်။

ဒေါ်ခင်ခင်ဝင်းဟာ မူလတန်းပြဆရာမ (ဆေးပင်စင်)ဖြစ်ပါတယ်။ ခင်ပွန်းသည်က အထက်တန်း ကျောင်းအုပ် ရာထူးဖြင့် ဇနီးသည်၏ နိုင်ငံရေးတာဝန်ဆောင်ရွက်မှုများကြောင့် ပင်စင် အပေးခံခဲ့ရသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် ပဲခူးတိုင်းအတွင်း။ ၀က်ထီးကန်တိုက်နယ်။ (၅၁) အုပ်စုလုံးအား လှည့်ပတ်စည်းရုံးခဲ့ပြီး စည်းရုံးရေးအင်အား သုံးထောင်ကျော်ဖြင့် ပဲခူးတိုင်း အမျိုးသမီးခေါင်းဆောင်အဖြစ် အဆင့်ဆင့် တက်လာခဲ့ သူဖြစ်ပါတယ်။၄၉ နှစ်မြောက်လွတ်လပ်ရေးပွဲမှာ အငြိမ့်ပွဲတွေ ဌားမရဖြစ်တဲ့အတွက် သံရုံးတွေကို အငြိမ့်ပွဲပါမယ်ဆိုတဲ့ အန်တီ့ စကားတည်အောင် ရွှေဒေါင်းညိုရဲ့ တပြည့် မြဒေါင်းညို..ဆိုပြီး ဒေါ်ခင်ခင်ဝင်း ကိုယ်တိုင် ၀င်ကပေးနေတဲ့ပုံ

ဒေါ်ခင်ခင်ဝင်းဟာ ၁၉၉၀ ရွေးကောက်ပွဲအတွက် ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းများ အထိ အမတ် (၂၈) ယောက်အတွက် စည်းရုံးရေးဆင်းပေးခဲ့။ အဓိက က မကွေးနဲ့ ပဲခူး ဒေါက်တာစိန်ဝင်းပါတီ အတွက်လည်း မည်သူကမှ တောင်းဆိုတိုက်တွန်းမှုကြောင့်မဟုတ်ဘဲ ပါတီနှင့်နိုင်ငံရေးလိုအပ်ချက်အရ စည်းရုံးရေး ဆင်းပေးခဲ့သူဖြစ်ပါတယ်။
ဒေါ်ခင်ခင်ဝင်းရဲ့ အဖွဲ့ချူပ် လက်ရှိရာထူး ဗဟို အမျိုးသမီးအဖွဲ့ဝင်ဖြစ်ပါတယ်။ (အမျိုးသမီးအဖွဲ့ဝင်အချို့က ဒေါ်အောင်ဆန်းစုကြည် အိမ်အတွင်းတာဝန်များကို ယူနေရသည့်အတွက် ရုံးတက်ပျက်ကွက်ခြင်းကို အကြောင်းပြပြီး ဗဟိုအမျိုးသမီး အဖွဲ့ဝင်အဖြစ်မှ လက်မှတ်ထိုး၍ ထွက်ခိုင်းသော်လည်း ဒေါ်အောင်ဆန်းစုကြည်က လက်မခံခဲ့ပါ ) ဒေါ်လှလှမိုးက ဥက္ကဌ။ ပဲခူးတိုင်းအမျီုးသမီးအတွင်းရေးမှူး အဖြစ် ပဲခူးတိုင်းစည်းအဖွဲ့မှာ တာဝန် ထမ်းဆောင်ခဲ့ ပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်ခြံဝင်းထဲမှာ ဒေါ်ခင်ခင်ဝင်းနဲ့အတူလိုက်ပါ ကူညီစောင့်ရှောက်ပေးနေတဲ့ သမီးဝင်းမမ လူငယ်စည်းရုံးရေးမှူးအဖြစ်တာဝန်ယူထားတာဖြစ်ပါတယ်။ နိုင်ငံရေးလူပ်ရှားမူတွေမှာ မိခင်နှင့်အတူ တောက်လျောက်လိုက်ပါခဲ့ပြီး အခုချိန်မှာ သူမအနေနဲ့လည်း ကျမ်းမာရေးမကောင်းပေမယ့် မိခင်နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။

Read More...

SOS

ချစ်သော ဘလော့မိတ်တွေများရှင်..ကျေးဇူးပြုပြီး ကျွန်မကို ကယ်နိုင်ရင် ကယ်ကြပါဦးနော်..ဆေးနည်းလေး ဘာလေး ပြောကြပါဦး။ လက်မောင်းတစ်ခုလုံး နာနာကျင်ကျင်နဲ့ကို ကိုက်လွန်းလို့ပါ။ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်း လောက်က ကျွန်မ ဘယ်ဘက် လက်မောင်းအရင်းပိုင်း အလိုလို ယောင်ယမ်းလာပါတယ်။ အရင်ကလဲ အဲ့လို ယောင်တာမျိုး ရှိခဲ့ဖူးပါတယ်။

ခြေမျက်စိ အရင်းပိုင်း အဆစ်ပိုင်းတွေနဲ့ ခြေသလုံးမှာ ယောင်ယမ်းတတ်ပါတယ်။ ဒါကို ရေခဲအုပ် ရေခဲကပ်လိုက်ရင် အလိုလို သက်သာပါတယ်။ ဖြစ်ခါစကဆို ယောင်တဲ့နေရာက အရမ်းနီရဲပြီး မီးလိုပူပါတယ်။ နောက် တစ်ဖြေးဖြေး အရမ်းအကြီးကြီးဖြစ်လာပါတယ်။ နောက် ရေခဲနဲ့ဖြစ်စေ ပရုပ်ဆီနဲ့ဖြစ်စေ ကပ်ရင် လိမ်းရင် သူက နေရာရွေ့ ပြီးယောင်ပါတယ်။ ဒါပေမယ့် ရက်ပိုင်းလောက်နဲ့ ပျောက်တတ်ပါတယ်.
nangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangih
အခု လက်မောင်းအရင်းမှာ ယောင်နေတဲ့ နေရာက အရမ်းပူခြစ်ပြီး နီရဲပြီး မည်းနေသလိုတောင် ထင်ရပါတယ်။ ယောင်နေတဲ့နေရာမှာ နာကျင်မူရှိပြီး အရမ်းလဲကိုက်ပါတယ်။ ဖြစ်နေတာ နှစ်ပတ်ကျော်နေပြီး အခုထက်ထိ လုံးဝ မပျောက်ပဲနဲ့ လက်မောင်းအရင်းတစ်ခုလုံး လှည့်ပြီး ယောင်နေပါတယ်။ ယောင်တဲ့နေရာမှာလဲ နီရဲနေပြီး ကိုက်လဲ ကိုက်ပါတယ်။ ညညဆို လက်မောင်းက ကိုက်လွန်းလို့ မျက်ရည်တောင်ကျပါတယ်။ အိပ်မရတာနဲ့ အင်တာနက် ထထဖတ်ဖြစ်နေတယ်။

အရိုးထဲက အဆစ်ထဲကို နာတာဖြစ်နေတယ်။ နောက်ပြီး အခု ဘယ်ဘက်လက်မောင်းက အခိုးထွက်သလို ပူလာလိုက် နောက် အေးစက်သွားလိုက်ဖြစ်ဖြစ်နေတယ်။ တစ်ခါမှ မဖြစ်ဘူးဖူး. အီး ငိုချင်လိုက်တာ. အရင်ကဆို အပြင်ကို ၂၄နာရီ ထွက်နေတာ အခု အိမ်ထဲမှာပဲ ခွေနေလိုက်တယ် ဘာမှကို လုပ်ချင်စိတ်မရှိဘူး လူပ်ရင်လဲ လက်က နာတယ် ပြီးတော့ လက်မောင်းအရင်းက ဆွဲဆွဲကြီး လေးလေးကြီးဖြစ်နေပါတယ်။ အခုတောင် ပို့စ်ကို စိတ်တင်းပြီး ချရေးနေတာ ဟီးအီးအီး..

ညနေက အစ်မတစ်ယောက်နဲ့ဆုံတော့ ကျွန်မ လက်မောင်းလေးကို ပြပြီး ပြောပြတော့ သူက ညီမမှာ လေးဘက်နာ ရှိသလားတဲ့ အဲ့တော့မှ သတိရတယ် ဆယ်တန်းဖြေခါနီးတုန်းက လွန်ခဲ့တဲ့ ၁၉၉၅တုန်းက နှလုံးအောင့် အောင့်ပြီး အသက်ရူကျပ်တာနဲ့ ဆေးခန်းသွားပြတော့ ASO စစ်ခိုင်းတာ ၄၀၀ကျော်တယ် ပြောတာ မှတ်မိတယ်။ နောက် ပင်နယ်စလင် လတိုင်းထိုးရတယ် နာလွန်းလို့ မျက်ရည်နဲ့ မျက်ခွက်ပဲ။ နောက် ဆေးထိုးတာလဲ ကျော်တစ်လှည့် ပျက်တစ်လှည့်နဲ့ဖြစ်ပြီး နောက် ပင်နယ်စလင် စားဆေးပြောင်း သောက်ကြည့်တယ် အဲ့တာလည်း မေ့တစ်လှည့် လွန်တစ်လှည့်ဖြစ်ဖြစ်နေတာ အခုဆို အလုပ်ရူပ်နေတာနဲ့ အဲ့ရောဂါကြီးကို မေ့သလောက်ဖြစ်နေတယ်။

ပြီးခဲ့တုန်းက ဆနပြပွဲတွေ သွားတုန်းက လက်မောင်းနည်းနည်းထိတယ် နောက် အဲ့ရက်ပိုင်းက အစား နည်းနည်း အစုံစားဖြစ်တယ် ဖားသားကြွပ်ကြွပ်ကြော် ပြည်ကြီးငါးသုပ် ပုဇွန်ထုတ်နဲ့ ထမင်းကြော် သူများကျွေးတာပါ အဲ့တာကို အိမ်အထိတောင် ထုတ်သယ်ပြီး ၀ါးဖြစ်တာ အဲ့ကတည်းက စပြီး လက်မောင်းက ယောင်တက်လာတာ အခုထက်ထိပဲ..ညနေကတော့ ကယောင်ကတမ်းနဲ့ ပင်နယ်စီလင် တစ်ကဒ် ၀ယ်လိုက်တယ်။ အခု ၅သိန်းအား တစ်လုံးသောက်ထားတယ်။ မဲဆောက်က တော့ပ်ယူနန်လိမ်းဆေး မှာထားတယ် လှဲနေရင်း ဟိုကိုင် ဒီကိုင် ကိုင်ကြည့်ရင်း ပရုပ်ဆီပုလင်းက အဲ့မှာ လေးဘက်နာ လိမ်းဆေးအဆီလို့ရေးထားတာ စာတမ်းလေး ဖတ်မိလို့။

စာလဲရေးချင်တယ် အလုပ်လဲ လုပ်ချင်တယ် ဒါပေမယ့်အခုရက်ပိုင်းတွေ ကျမ်းမာရေး သိပ်မကောင်းဘူး ဖြစ်နေတယ်ရှင်။
nangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangih

Read More...