ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ်စောင့်ရှောက်သူများရဲ့ တာဝန်အမှန်

နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒေါ်ခင်ခင်ဝင်း
နိုင်ငံတကာ သတင်းဌာနတွေနဲ့ ပြည်ပ မီဒီယာတစ်ချို့မှာ နေအိမ် အကျယ်ချူပ် ကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူ အချူပ် ခံနေရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်အဖွဲ့ဝင်များဖြစ်တဲ့ ဒေါ်ခင်ခင်ဝင်း နဲ့ သမီးဖြစ်သူ မ၀င်းမမကို အိမ်အကူ အိမ်ဖော်စတဲ့ အသုံးအနူံးတွေကို သတင်းတွေမှာ သုံးစွဲ နေတာနဲ့ပတ်သတ်ပြီး မိသားစုနဲ့ နီးစပ်သူမှ အဖွဲ့ချူပ်အဖွဲ့ဝင် ဒေါ်ခင်ခင်ဝင်းရဲ့ နိုင်ငံရေးဖြတ်သန်းခဲ့တဲ့ သမိုင်း အဆက်ဆက်ကို ပေးပို့လာပါတယ်။နေအိမ်အကျယ်အချုပ်ခံနေရတဲ့ ခေါင်းဆောင်ကို အနီးကပ်ပြုစုနေသူကို အိမ်အလုပ်သမားလို့ သေချာ မစုံစမ်းပဲ သတင်းရေးနေခြင်းဟာ နိုင်ငံရေး ဂုဏ်သိက္ခာကို ထိခိုက်အောင် သေးသိမ်အောင် လုပ်နေကြခြင်း ဖြစ်လို့ အဖွဲ့ချူပ် တာဝန်ရှိသူတွေကို တိုက်ရိုက်မေးမြန်းပြီး သတင်းတင်ပြသင့်ကြောင်းနဲ့ အခုလို ရေးသား ထားခြင်းများကို ရပ်တန့်ကြပါလို့ ပြင်းပြင်းထန်ထန် သတိပေး တောင်းဆိုထားပါတယ်။ပြည်တွင်း ပြည်ပ နိုင်ငံရေးအဖွဲ့အစည်းများ နိုင်ငံရေးခေါင်းဆောင်များအနေနဲ့လည်း အခုလို နိုင်ငံခြား သတင်းဌာန အချို့မှာပါ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် ပြုစုစောင့်ရှောက်ပြီး ကာကွယ်ပေးနေတဲ့ အဖွဲ့ချူပ်အဖွဲ့ဝင် ဒေါ်ခင်ခင်ဝင်းနဲ့ သမီးဖြစ်သူအပေါ် သေးသိမ်အောင် သုံးနူန်းနေတဲ့အပေါ် ကူညီဖြေရှင်းပေးပါလို့ တောင်းဆိုပါတယ်။

ဒေါ်ခင်ခင်ဝင်းဟာ မူလတန်းပြဆရာမ (ဆေးပင်စင်)ဖြစ်ပါတယ်။ ခင်ပွန်းသည်က အထက်တန်း ကျောင်းအုပ် ရာထူးဖြင့် ဇနီးသည်၏ နိုင်ငံရေးတာဝန်ဆောင်ရွက်မှုများကြောင့် ပင်စင် အပေးခံခဲ့ရသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် ပဲခူးတိုင်းအတွင်း။ ၀က်ထီးကန်တိုက်နယ်။ (၅၁) အုပ်စုလုံးအား လှည့်ပတ်စည်းရုံးခဲ့ပြီး စည်းရုံးရေးအင်အား သုံးထောင်ကျော်ဖြင့် ပဲခူးတိုင်း အမျိုးသမီးခေါင်းဆောင်အဖြစ် အဆင့်ဆင့် တက်လာခဲ့ သူဖြစ်ပါတယ်။၄၉ နှစ်မြောက်လွတ်လပ်ရေးပွဲမှာ အငြိမ့်ပွဲတွေ ဌားမရဖြစ်တဲ့အတွက် သံရုံးတွေကို အငြိမ့်ပွဲပါမယ်ဆိုတဲ့ အန်တီ့ စကားတည်အောင် ရွှေဒေါင်းညိုရဲ့ တပြည့် မြဒေါင်းညို..ဆိုပြီး ဒေါ်ခင်ခင်ဝင်း ကိုယ်တိုင် ၀င်ကပေးနေတဲ့ပုံ

ဒေါ်ခင်ခင်ဝင်းဟာ ၁၉၉၀ ရွေးကောက်ပွဲအတွက် ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းများ အထိ အမတ် (၂၈) ယောက်အတွက် စည်းရုံးရေးဆင်းပေးခဲ့။ အဓိက က မကွေးနဲ့ ပဲခူး ဒေါက်တာစိန်ဝင်းပါတီ အတွက်လည်း မည်သူကမှ တောင်းဆိုတိုက်တွန်းမှုကြောင့်မဟုတ်ဘဲ ပါတီနှင့်နိုင်ငံရေးလိုအပ်ချက်အရ စည်းရုံးရေး ဆင်းပေးခဲ့သူဖြစ်ပါတယ်။
ဒေါ်ခင်ခင်ဝင်းရဲ့ အဖွဲ့ချူပ် လက်ရှိရာထူး ဗဟို အမျိုးသမီးအဖွဲ့ဝင်ဖြစ်ပါတယ်။ (အမျိုးသမီးအဖွဲ့ဝင်အချို့က ဒေါ်အောင်ဆန်းစုကြည် အိမ်အတွင်းတာဝန်များကို ယူနေရသည့်အတွက် ရုံးတက်ပျက်ကွက်ခြင်းကို အကြောင်းပြပြီး ဗဟိုအမျိုးသမီး အဖွဲ့ဝင်အဖြစ်မှ လက်မှတ်ထိုး၍ ထွက်ခိုင်းသော်လည်း ဒေါ်အောင်ဆန်းစုကြည်က လက်မခံခဲ့ပါ ) ဒေါ်လှလှမိုးက ဥက္ကဌ။ ပဲခူးတိုင်းအမျီုးသမီးအတွင်းရေးမှူး အဖြစ် ပဲခူးတိုင်းစည်းအဖွဲ့မှာ တာဝန် ထမ်းဆောင်ခဲ့ ပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်ခြံဝင်းထဲမှာ ဒေါ်ခင်ခင်ဝင်းနဲ့အတူလိုက်ပါ ကူညီစောင့်ရှောက်ပေးနေတဲ့ သမီးဝင်းမမ လူငယ်စည်းရုံးရေးမှူးအဖြစ်တာဝန်ယူထားတာဖြစ်ပါတယ်။ နိုင်ငံရေးလူပ်ရှားမူတွေမှာ မိခင်နှင့်အတူ တောက်လျောက်လိုက်ပါခဲ့ပြီး အခုချိန်မှာ သူမအနေနဲ့လည်း ကျမ်းမာရေးမကောင်းပေမယ့် မိခင်နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။

20 Comments:

ကိုလူထွေး said...

လူတစ်ယောက်ရဲ့ တန်ဖိုးကို စကားလုံးတွေနဲ့ ဆွဲချလို့ မရပါဘူး..

ဆွဲချတယ်ဆိုကတည်းကလည်း အောက်ကနေ ရှိနေတဲ့သူတွေမို့ ပါ...

JulyDream said...

အခုလို သေချာ ရှင်းပြပေးတဲ့အတွက် အဲဒီလို အချက်အလက်တွေကို မသိသေးတဲ့ ကျွန်တော်လို လူမျိုးတွေအတွက် အသိတိုးစေပါတယ်။

မြူးသျှရီ said...

မရေ............
လာဖတ်သွားတယ်နော်
ကိုလူထွေးပြေားသလိုပဲ
လူတယောက်၇ဲ့ တန်ဖိုးကို
စကားလုံးတွေနဲ့ ဆွဲချလို့ မရပါဘူး။။

nwelay said...

thanks for the information nyimalay, ma nwe

မေငြိမ်း said...

တန်ဖိုးရှိတဲ့ တင်သင့်တဲ့ post ပါ..

Anonymous said...

ကျေးဇူးပါ.. အခုလိုသိ၇တဲ့ အတွက် ညီမ ဆုမွန် ...

ဂျူနို said...

မဆုမွန်ရေ
စစ်အစိုးရရဲ့ အသံကို ပြည်သူတွေက သဘောပေါက်ပြီးသားပါ။
ကိုလူထွေးပြောသလိုပဲပေါ့။

အခုလို ဖော်ပြပေးလို့ သိရလို့ ကျေးဇူးတင်ပါတယ်။

ဖြိုးဇာနည် said...

ခံစားမှုတွေနဲ့ဖတ်သွားပါတယ်မမရေ့

tg.nwai said...

ကျေးဇူးတင်ပါတယ် မဆုမွန်..

Moe Cho Thinn said...

ဒေါ်ခင်ခင်ဝင်းနဲ့ သမီးလေး ၀င်းမမကို ကျေးဇူး အထူးတင်မိပါတယ်။ မြန်မာပြည်ရဲ့ အလင်းရောင်ကို ချစ်ခင်မြတ်နိုးစွာ စောင့်ရှောက်နေတဲ့ အတွက်ပါ။

Nge Naing said...

အခုလို တင်ပြပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်မထင်တာ ရေးတဲ့သူတွေကလည်း မသိလို့ ရေးတာ ဖြစ်ပါလိမ့်မယ်။ NLD နဲ့ သူတို့ သားအမိ ကိုယ်တိုင် အနေနဲ့လည်း ဒီလိုရေးနေတာကို ဘာမှမပြောပဲ နေတာဟာ လက်ရှိအခြေနေအရ လူတွေ ဒီအတိုင်းသိထားတာက ပိုကောင်းတယ်လို့ ယူဆလို့လည်း ဖြစ်နိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဒေါ်ခင်ခင်ဝင်းတို့ သားအမိရဲ့ နိုင်ငံရေးမှာ ပါဝင်မှု အခန်းကဏ္ဍကို အသိအမှတ်ပြု ဂုဏ်ပြုရမျာ ဖြစ်တယ်။

kiki said...

ဪ ...မဆုမွန်ရယ်.. ဒီလူမဟုတ်တဲ့သူတွေက ဘယ်တုံးကများ လူတွေကို အကောင်းမြင်ခဲ့ဘူးလို့ လဲ။ကောင်းအောင်လုပ်ပေးခဲ့ ဘုးလို့ လဲ ။ ခုလို လူတွေ သိပ်မသိ ကြသေးတဲ့  အကြောင်း အရာတွေကို ဖြန့် ဖြူးပေးတာ ကျေးဇူးပါနော။ သမိုင်းဆိုတာ အမှန်တွေ တင်ခဲ့ မှရမှာ ။

ဂျပန်ကောင်လေး said...

အစ်မရေ.. ကောင်းတယ်ဗျာ.. ဒါလေးတွေဖတ်ရတာ.. စောင့်နေမယ်..တခြားစာတွေကိုရော.. နော်

မင်းဒင် said...

အဟောဝတ၊ ကောင်းလေစွ ကောင်းလေစွ ။
မဆုမွန်တဲ့ဟေ့ ။

ခင်မင်သော

မင်းဒင်

သီဟသစ် said...

မဆုမွန်ရေ..
ခုလိုသေချာသိခွင့်ရလိုက်တာ ကျေးဇူးပါ..
သူတို့ကို ပိုလေးစားမိပါတယ်..

chocothazin said...

မှတ်သားသွားပါတယ် မဆုမွန်။

မိုးခါး said...

မရေ
ကိုလူထွေးပြောသလိုပါပဲ ..

A l a i n said...

I love what you made

နွေးနေခြည် said...

အမရှင်းပြမှပဲ သေချာနားလည်ပြီး ပိုလေးစားသွားမိပြီအမရေ..

ကောန်ဆာန်မန် said...

ကျွန်တော် မဆုမွန်ရဲ့ စာပေ မှန်သမျှ အမြဲဖတ်ဖြစ်တယ်။
ကွန်ပျူတာ မကျွမ်းကျင်သေးလို့ဘယ်လိုကနေ ဘယ်လို ရေးရမှန်း မသိပါဘူး အစ်မ ရယ်။ အစ်မရဲ့ စိတ်ဓာတ်ကိုလေးစားမိတယ်ဗျာ။မြန်မာနိုင်ငံအတွက်
်ပြီးတော့ အားလုံးအတွက် အစ်မလိုစိတ်ဓာတ်မျိုး အများကြီးလိုအပ်နေပါတယ်။