လူအချင်းချင်း ချူပ်နှောင်ခြင်း ကင်းရှင်းကြပါစေ

ကျက်သရေ မင်္ဂလာရှိသော မိန်းမကောင်း မိန်းမမြတ်ဆိုတာ သူပဲဖြစ်တယ်သူ ရဲ့နုပျိုမူ ကိုယ်ပိုင်လွတ်လပ်မူ တွေကို တိုင်းပြည်ကို ပေးခဲ့တယ်
ပြည်သူရဲ့ရှေ့မှာ မားမားရပ်ပြခဲ့တယ် သူ ဘယ်တော့မှ အပြုံးမပျက်ခဲ့ဘူး
တိုင်းပြည်တခွင် ခရီးစဉ်တိုင်းမှာလဲသူ့ကိုချစ်တဲ့ ပြည်သူတွေနဲ့ အမြဲတမ်း တသားတည်းဖြစ်နေခဲ့တယ် သူ့ရဲ့ ရဲရဲတောက် မိန့်ခွန်းတွေမှာ အားငယ်စရာ တွန့်ဆုတ်စရာ တွေဝေစရာ ဘယ်တော့မှ မပါဘူး
တိုင်းရင်းသား ချစ်ကြည်ရေးကို တန်ဖိုးထားပြီး တိုင်းရင်းသားတွေရဲ့ ရိုးရာ ဓလေ့ထုံးတမ်းတွေကို မြတ်နိုးတယ်
မတရားအချူပ်အနှောင်ခံနေရတဲ့ ရဟန်းရှင်လူ ပြည်သူချစ်တဲ့ ငါတို့အမေကို ငါတို့ကို ပြန်ပေးပါ အချုပ်အနှောင်ကင်းကင်းနဲ့ ငြိမ်းချမ်းစွာနဲ့ သူ အိမ်ကို ပြန်ရောက်စေချင်ပါတယ် စစ်အာဏာရှင်လက်အောက်ကနေ သက်စွန့်ဆံဖျား လူပ်ရှားနေကြရသော မြန်မာပြည်တွင်းမှ ဒီမိုကရေစီရေး လူပ်ရှားသူတွေရဲ့ ငြိမ်းချမ်းစွာ လူထုပါဝင်နိုင်သော လူပ်ရှားမူ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဓာတ်ပုံဖြန့်ဝေ လူပ်ရှားမူ ကို ဂုဏ်ပြု ကြိုဆိုပါတယ်။

6 Comments:

ကိုလူထွေး said...

ကြိုဆိုပါတယ် ဆုမွန်...

းဝ)

ဂျူနို said...

မဆုမွန်ရေ


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံလေးမြင်ရင်တောင် စစ်အုပ်စုက တုန်တုန်လှုပ်လှုပ် ဖြစ်ကုန်တာမို့ မဆုမွန်ပြောတာကို ထောက်ခံပါတယ်။

အိမ်လွမ်းသူ said...

အမှန်တရားကို ချစ်မြတ်နိုးသူဟာ အမြဲတမ်းစင်ပ်ါကပဲညီမရေ... ဓမ္မနဲ့ အဓမ္မမှာ ရေရှည်မှာ ဓမ္မသာလျှင်အနိုင်ရရမယ်ညီမရေ... အဓမ္မတွေ မုချ ကျဆုံးရမည်...

Unknown said...

ကျေးဇူးတင်ပါတယ် မဆုမွန်

tt said...

You are absolutely Right sister.
We who really love our country love her much aswell.
Thank you.

Anonymous said...

ဓာတ်ပုံလှုပ်ရှားမူကို ကြိုဆိုပါတယ်၊ ကိုယ်တတ်နိုင်တဲ့ ဘက်က တတ်အားသရွှေ့ လှုပ်ရှားလုပ်ဆောင်ကြပါစို့၊