နောင်ခိုင်မှာ

အလုပ်က အရေးကြီးနေချိန်မို့ သိပ်ခွင့်မယူချင်တာရယ် ကျောင်းတက်ရတော့မှာကြောင့်ရယ် ဗီယန်ကျင်းကနေ ပြန်ခဲ့ပါပြီ။ ဗီယန်ကျင်း မြို့တော်ကနေ ထိုင်းနိုင်ငံ အထိကို မဲခေါင်မြစ်ခရီးရှည်နဲ့ ပြန်လို့ ရသလို လာအိုကနေ ရထားစီးပြီးဖြစ်ဖြစ် ကားနဲ့ပဲဖြစ်ဖြစ် ဘန်ကောက်ကို တိုက်ရိုက် ပြန် လို့ရပါတယ်။ ကျွန်မတို့ကတော့ ဗီယန်ကျင်း ကနေ ထိုင်းနိုင်ငံ နောင်ခိုင်မြို့ကို International Bus စီးပြီး တစ်ယောက်ကို ဘတ် ၆၀နူန်းနဲ့ ပြန်ခဲ့ပါတယ်။

လာအိုနယ်စပ်ဖြတ်ဂိတ်မှာ တစ်ခါ ဆင်းပြီး Departure ဖြတ်ပါတယ်။ နောက် မဲခေါင်မြစ်ပေါ်က လာအို ထိုင်းနှစ်နိုင်ငံ ချစ်ကြည်ရေး တံတား ပေါ်ကို ဖြတ်ပြီး ထိုင်း နိုင်ငံ နယ်စပ် ဖြတ်ဂိတ်ကို ရောက်ပါတယ်။ လာအိုတွေ တော်တော် များများ စာရွက်လေးတွေ စာအုပ်လေး တွေနဲ့ သီးသန့်တန်းစီပြီး ၀င်နေကြတာ တွေ့ရတယ်။ ကျွန်မကတော့ single entry visa ဘန်ကောက်က လုပ်လာတော့ သူက NON EDU ဘန်ကောက် အင်မီ ဂရှေးရှင်းက အရင် ပေးထားတဲ့ နှစ် ရက် နဂိုအတိုင်း ပြန်ထုပေးလိုက်ပါတယ်။ ထူးခြား တာက နယ်စပ် ဖြတ် ဂိတ်က ထိုင်း လူဝင်မူ တွေက သိပ်ပြီး မောက်မောက် မာမာ မရှိ တာ သတိ ထား မိပါတယ်။ သူငယ်ချင်း အပြော အရ တော့ များ သောအားဖြင့် စာအုပ်ကို ချပေးလေ့ ရှိ ပေမယ့် အခုတော့ လက်ထဲ ထည့်ပေးပါတယ် ပြုံးပါ ပြုံးပြ သေး တယ် ဆိုပဲ။ (ချင်းကောင်း လာအို နယ်စပ် ဂိတ် ကတော့ မြန်မာ ဟာ တိုးရစ် ဖြစ်နိုင် လားလို့ မောက်မာ ရမ်းကား စော်ကား မေးရစ် သော အရက် သမား နယ်ခြား စောင့်တပ် တွေ ရှိပါတယ် ကျွန်မ ကျောင်း ခဏ လာတက်တုန်းက ဗီဇာ နည်းနည်း လိုလို့ လာအို ဘက် ခဏ ထွက်ရဖူးပါတယ် သူတို့အရစ်လွန်လို့ ခရီးသည် တွေ မစောင့်နိုင်ပဲ ကား ထွက်ချိန် လွန် သွား တာနဲ့ ချင်းမိုင်ကို လာအို နယ်စပ်ကနေ ကား ဒရိုင်ဘာ နဲ့ နှစ်ယောက် တည်း ပြန်ခဲ့ရ ပါတယ် ဘေးမသီ ရန်မခပဲ ပြန်ရောက်ခဲ့ပေမယ့် အဲ့တုန်းက လာအိုခရီးဟာ မမေ့နိုင် တဲ့ ကြောက် စရာ ခရီး တစ်ခုပါပဲ)

ကဲ ထိုင်းနိုင်ငံဘက်ကို ပြန်ရောက်ပါပြီ။ တစ်ခါတစ်လေ ဘာပဲဖြစ်ဖြစ် ထိုင်းကို ကိုယ့်အိမ်လေးကို ပြန်လာရသလို သဘောထားမိပါတယ်။ ထိုင်းဘက်ခြမ်းကို ရောက်တာနဲ့ အဆောက်အဦး လူနေမူစနစ် အလှအပပြင်ဆင်မူတွေ ကားတွေ က အစ လာအိုနဲ့ လုံးဝ ခြားနား သွားတာ သတိထားမိပါတယ်။ ကျွန်မတို့ နောင်ခိုင်ကားဂိတ်ကို ရောက်တော့ ကမန်းကတမ်း နောင်ခိုင် ဘန်ကောက် ကားလက်မှတ် ဖြတ်ကြပါတယ်။ သူငယ်ချင်းက ကံကောင်းတော့ VIP ကားကို ဘတ် ၄၅၀နဲ့ ရပါတယ်။ ကျွန်မတို့ကတော့ ထိုင်းအစိုးရပိုင် First Class 999 ကားကိုပဲ ဘတ် ၄၅၀နဲ့ ၀ယ်ခဲ့ပါတယ်။ ကားကိစ္စပြီးတော့ ဗိုက်အရမ်းဆာလာကြာတာနဲ့ နောင်ခိုင်ရဲ့ နံမည်ကျော် မဲခေါင်မြစ် ဘေးက ကမ်းနား ဈေးကြီးကို ဆိုင်ကယ် လှည်းတုတ်တုတ်လေးနဲ့ ချီတက်ကြပါတယ်။ တစ်ယောက် ဘတ် ၂၀ပါ။ အဓိကကတော့ လာအိုမှာ ငတ်ခဲ့သမျ အတိုးချ စားကြဖို့ပါ။

ကဲ မဲခေါင်မြစ်ကမ်းကို ရောက်ပါပြီ ဟေး မဲခေါင်မြစ် ကမ်း စပ် မှာ နဂါး အကြီး ကြီး နှစ်ကောင် တွေ့ရ ပြန် ပါပြီရှင်။ မဲခေါင် မြစ် ကမ်း နားမှာ မဲခေါင်မြစ်ရဲ့ Sun Set မြင်ကွင်းကို တွေ့ ရပါ တယ်။ မိုး တော့ တော်တော် အုံ့ နေ ပါတယ်။ လေ တ ၀ူးဝူး တိုက် နေတဲ့ မြစ် ကမ်း ဘေးတ လျောက်လုံး အနား ယူ စရာ ရူ့ မျော်ခင်း အတွက် နားခိုရာ အဆောက် အဦးတွေ ကို ပုံစံ ဒီဇိုင်း လှပစွာနဲ့ ဆောက် လုပ် ပေး ထားပါတယ်။ ကျွန်မ က တော့ လာအိုမှာ တုန်းက သောင်ထွန်းနေတဲ့ ခပ်သွေ့ ခြောက် ခြောက် မဲခေါင်မြစ်ကြီးကို ပဲ သနားစရာ တွေ့ခဲ့ ရတာ ဖြစ်လို့ အခုလို မိုးအေးအေး လေအေးအေး အောက် မှာ တသွင် သွင် စီးဆင်းနေတဲ့ လိုင်းကြက် ခွပ်လေးတွေ တလူပ်လူပ်ဖြစ် နေတဲ့ မဲခေါင် မြစ်ကြီးကို ၀ရံတာကနေ ငေးကြည့်ရင်း အငမ်းမရ လေကို ရူရိုက်မိပါတယ်။ လာအို ထိုင်းနယ်စပ်က ထိုင်းဘက် ခြမ်း မဲခေါင် မြစ် ကမ်းစပ်မှာရှိတဲ့ အောက်က တဲ ဖောင် လေး တွေမှာလဲ ပင်လယ်စာ မြစ်စာ သားငါး ပုဇွန်တွေ အစုံရပါတယ်တဲ့။ အသွားအပြန် မဲခေါင်မြစ်ကမ်း တလျောက် စုံဆန်ချီ ဆင်းနိုင်တဲ့ အပျော်စီး စက်လှေတွေလဲ ရှိပါသတဲ့။မဲခေါင် မြစ်ကမ်း ဘေးမှာ အမှတ်တရ လက် ဆောင် ပစ္စည်း အ ရောင်း ဆိုင် တွေ တွေ့ပါတယ်။ လာအို ထိုင်း နယ်စပ် ဈေး ထဲမှာ မြန်မာ့ ရိုးရာ ဂိုရာ ပုလဲစနိုး ပုလင်းတွေကို ပါကင် လိုက် ဘယ်က သယ်လာလဲ မသိ ထူးထူးဆန်းဆန်း လက်ကား ရောင်း ချ နေတာ တွေ့ခဲ့ရ ပါတယ်။ မြန်မာ့ရိုးရာ သနပ် ခါး တံဆိပ် အစုံကိုလည်း တွေ့ရ ပါတယ်။ ကမ်းနားမှာ ထိုင်ပြီး မဲခေါင်မြစ်ကို ငေးရင်း ပင်လယ်စာ မြစ်စာ အသား ငါးပုဇွန် အစုံရနိုင် တဲ့ ထိုင်းရိုးရာ စား သောက် ဆိုင် တွေ တန်းစီနေပါတယ်။ မြစ်ကမ်းဘေးက စားချင်စဖွယ့် ဆိုင်တွေထဲက စိတ်ကြိုက် ရွေးပါ တယ်။
ကျွန်မတို့ စားတာက နံမည်ကျော် ယိုးဒယား သင်္ဘောသီး ထောင်းစပ်စပ် ဂဏန်းနဲ့ လေ. တုန်ယမ်ပုဇွန်ဟင်းချို ယမ်ယမ်မားမားထိုင်းခေါက်ဆွဲအစပ်သုတ် နောက် ဟင်းရွက်ချိုချဉ်ကြော် နောက် ကြက်ဥအချပ်လိုက်ကြော် ထမင်းနဲ့ ပါ။ အစပ်ပြေ အအီပြေ နောင်ခိုင်ရဲ့ နံမည်ကျော် နာနတ်သီးဖျော်ရည် မှာလိုက်ပါတယ်။ ကားချိန်ကလဲ နီးနေလို့ဆာလောင်နေတာနဲ့ အငမ်းမရ တရူးရူးတရှဲရှဲနဲ့ ခေါင်းမဖော်တမ်း မြန်မြန် စားလိုက် ကြတာ အရိုးနဲ့ အရင်းသာ ကျန်ပါတော့တယ်။ အရမ်းကို ဈေးသက်သာပြီး လက်ရာက တော်တော် လေးကို ကောင်းပါတယ်။ စားပြီးတာနဲ့ တစ်ခါတည်း ကားဂိတ်ကို ပြေးကြ ပါတယ်။ အော် မေ့မလို့ နောင်ခိုင်မြို့ရဲ့ နံမည်ကျော် ၀က်အူချောင်းကို အပြေးအလွှား ၀ယ်ခဲ့ပါသေးတယ်။ ဈေးလဲ ချိုပါတယ် တစ်ကီလို ဘတ် ၁၂၀ပါ။ ၀က်အူချောင်းက တော် တော်ကြီးပြီး မြန်မာပြည်က ၀က်အူချောင်း အရသာလို အရမ်းကို အရသာ ရှိ ပါတယ်။ ကျွန်မ တစ်ကီလိုပဲ ၀ယ်ခဲ့မိလို့ တော်တော် နောင်တရမိ ပါတယ်။

ဗိုက်လဲ ပြည့် လိုချင်တာလည်း ရပြီမို့ ကျွန်မတို့ ဘန်ကောက်ပြန်ဖို့ ကားဂိတ်ကို ပြန်လာခဲ့ကြပါတယ်။ ၉၉၉ ကားကြီးကတော့ အမြင်တော်တော် စုတ် ပါတယ်။ ဒါပေမယ့် စီးလို့တော့ တော်တော်သက်တောင့်သက်သာ ရှိပါတယ်။ ကဲ လာအိုခရီးကတော့ အချိန်တို ပေမယ့် စိတ်လွတ်လပ်ပေါ့ပါးမူ တော့ တော်တော်လေးရခဲ့ပါတယ်။ ခရီးက တကယ်တမ်း ပြန်တွက်ကြည့်တော့ လာအိုဗီဇာ ကားခ တည်းခိုခန်းခ စားသောက်ခ ပါဆိုရင်တောင် ထိုင်းဘတ်ငွေ လေးထောင်ဝန်းကျင် ဒေါ်လာ တစ်ရာကျော် မြန်မာငွေ တစ်သိန်းကျော် နှစ်သိန်းစွန်း လောက်ပဲ ကျနိုင်တာမို့ မြန်မာတွေ သိမ်းပိုက်ဖူးတယ်ဆိုတဲ့ လာအိုမြို့က မြန်မာ့လက်ရာဟန် မကင်းတဲ့ ရှေးဟောင်း အနပညာ လက်ရာတွေကို အလည်သွားရင်း လေ့လာနိုင်ကြောင်းပါရှင်။

12 Comments:

သက်ပိုင်သူ said...

မမဆုမွန်ရေးး သွားလည်မယ်ဗျို့ .. ဗန်ကောက်ကနေတဆင့်

ကိုလူထွေး said...

မရောက်ဖူးဘဲ ကြားသာကြားဖူးတဲ့ ကိုယ့်အိမ်နီးချင်း နိုင်ငံကို...

ခြေကျင်တစ်မျိုး ကားနဲ့တသွယ် မရောက် ရောက်အောင် ခေါ်သွားပေးတဲ့ ဆုမွန်ကို ကျေးဇူးတင်ပါတယ်...

နောင်လဲ ခရီတွေ မကြာခဏသွားနိုင်ပါစေ...

မိုးကောင်းသူ said...

ပိုက်ဆံအရင်စုလိုက်အုံးမယ် မဆုမွန်။
လာအိုလဲ သွားလည်ချင်ပါသေးတယ်။
လောလောဆယ်တော့ ငြိမ်နေလိုက်အုံးမယ်။ တော်နေ ကိုယ်တော်ကြီး ရိုက်လိမ့်မယ်။ :D

နွေးနေခြည် said...

သွားချင် စားချင်လိုက်တာ အမရေ... စလုံးက အစားအသောက်တွေကတော့ လုံးဝ ခံစားလို့မရဘူး (မြန်မာပါးစပ်နဲ့မို့ထင်တယ်)

မိုးခါး said...

မရေ
ဝက်အူချောင်းစားချင်တယ် ..း))

မင်းအိမ်ဖြူ said...

တုံရမ် ပုဇွန်ဟင်းချိုနဲ့ သင်္ဘောသီးတောင်း စားချင်တယ်

An Asian Tour Operator said...

Sis. Whats a nice travel experience! I really love to read these kind of articles from you. Bro.

ကျောပိုးအိတ် said...

လွမ်းသွားတယ် အမရေ
သမီးလဲရောက်ဘူးတယ်။ ဗီဇာသက်တမ်းသွာတိုးတုန်းက။

သမီးတုန်းကတော့ ဗီယက်ကျင်းကို တန်းမသွားဘူး။ လိုဝမ်ဘာဘမ် ကနေသွားတာ။ ဗန်ကောက်အဲလိုင်းနဲ့ ။ ကားနဲ့ သွားချင်တာ။

ခုတော့ အမပြောတာတွေ သေချာဖတ်ပြီး ကားနဲ့ မသွားဖြစ်တာ တော်တော် ၀မ်းနည်းသွားတယ်။

ကျောပိုးအိတ် said...

ဘယ်ရောက်သွားပါလိမ့် မန့် ထားတာ

nai said...

အမကျေးဇူးနဲ့ ရောက်ဖူးသွားပြီ ကျေးဇူး မမ မွန်

nai said...

နောင်လည်း မမမွန်နဲ့ တူတူခရီးသွားမယ်သိလား

nai said...

ခိုလှုံရာမှာ cbox မရှိဘူး
မန့် လို့လဲ မလွယ်ဘူး ......
လုပ်ပေးပါ အဲဒီက ကဗျာတွေကြိုက်လို့ပါ