SOS

ချစ်သော ဘလော့မိတ်တွေများရှင်..ကျေးဇူးပြုပြီး ကျွန်မကို ကယ်နိုင်ရင် ကယ်ကြပါဦးနော်..ဆေးနည်းလေး ဘာလေး ပြောကြပါဦး။ လက်မောင်းတစ်ခုလုံး နာနာကျင်ကျင်နဲ့ကို ကိုက်လွန်းလို့ပါ။ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်း လောက်က ကျွန်မ ဘယ်ဘက် လက်မောင်းအရင်းပိုင်း အလိုလို ယောင်ယမ်းလာပါတယ်။ အရင်ကလဲ အဲ့လို ယောင်တာမျိုး ရှိခဲ့ဖူးပါတယ်။

ခြေမျက်စိ အရင်းပိုင်း အဆစ်ပိုင်းတွေနဲ့ ခြေသလုံးမှာ ယောင်ယမ်းတတ်ပါတယ်။ ဒါကို ရေခဲအုပ် ရေခဲကပ်လိုက်ရင် အလိုလို သက်သာပါတယ်။ ဖြစ်ခါစကဆို ယောင်တဲ့နေရာက အရမ်းနီရဲပြီး မီးလိုပူပါတယ်။ နောက် တစ်ဖြေးဖြေး အရမ်းအကြီးကြီးဖြစ်လာပါတယ်။ နောက် ရေခဲနဲ့ဖြစ်စေ ပရုပ်ဆီနဲ့ဖြစ်စေ ကပ်ရင် လိမ်းရင် သူက နေရာရွေ့ ပြီးယောင်ပါတယ်။ ဒါပေမယ့် ရက်ပိုင်းလောက်နဲ့ ပျောက်တတ်ပါတယ်.
nangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangih
အခု လက်မောင်းအရင်းမှာ ယောင်နေတဲ့ နေရာက အရမ်းပူခြစ်ပြီး နီရဲပြီး မည်းနေသလိုတောင် ထင်ရပါတယ်။ ယောင်နေတဲ့နေရာမှာ နာကျင်မူရှိပြီး အရမ်းလဲကိုက်ပါတယ်။ ဖြစ်နေတာ နှစ်ပတ်ကျော်နေပြီး အခုထက်ထိ လုံးဝ မပျောက်ပဲနဲ့ လက်မောင်းအရင်းတစ်ခုလုံး လှည့်ပြီး ယောင်နေပါတယ်။ ယောင်တဲ့နေရာမှာလဲ နီရဲနေပြီး ကိုက်လဲ ကိုက်ပါတယ်။ ညညဆို လက်မောင်းက ကိုက်လွန်းလို့ မျက်ရည်တောင်ကျပါတယ်။ အိပ်မရတာနဲ့ အင်တာနက် ထထဖတ်ဖြစ်နေတယ်။

အရိုးထဲက အဆစ်ထဲကို နာတာဖြစ်နေတယ်။ နောက်ပြီး အခု ဘယ်ဘက်လက်မောင်းက အခိုးထွက်သလို ပူလာလိုက် နောက် အေးစက်သွားလိုက်ဖြစ်ဖြစ်နေတယ်။ တစ်ခါမှ မဖြစ်ဘူးဖူး. အီး ငိုချင်လိုက်တာ. အရင်ကဆို အပြင်ကို ၂၄နာရီ ထွက်နေတာ အခု အိမ်ထဲမှာပဲ ခွေနေလိုက်တယ် ဘာမှကို လုပ်ချင်စိတ်မရှိဘူး လူပ်ရင်လဲ လက်က နာတယ် ပြီးတော့ လက်မောင်းအရင်းက ဆွဲဆွဲကြီး လေးလေးကြီးဖြစ်နေပါတယ်။ အခုတောင် ပို့စ်ကို စိတ်တင်းပြီး ချရေးနေတာ ဟီးအီးအီး..

ညနေက အစ်မတစ်ယောက်နဲ့ဆုံတော့ ကျွန်မ လက်မောင်းလေးကို ပြပြီး ပြောပြတော့ သူက ညီမမှာ လေးဘက်နာ ရှိသလားတဲ့ အဲ့တော့မှ သတိရတယ် ဆယ်တန်းဖြေခါနီးတုန်းက လွန်ခဲ့တဲ့ ၁၉၉၅တုန်းက နှလုံးအောင့် အောင့်ပြီး အသက်ရူကျပ်တာနဲ့ ဆေးခန်းသွားပြတော့ ASO စစ်ခိုင်းတာ ၄၀၀ကျော်တယ် ပြောတာ မှတ်မိတယ်။ နောက် ပင်နယ်စလင် လတိုင်းထိုးရတယ် နာလွန်းလို့ မျက်ရည်နဲ့ မျက်ခွက်ပဲ။ နောက် ဆေးထိုးတာလဲ ကျော်တစ်လှည့် ပျက်တစ်လှည့်နဲ့ဖြစ်ပြီး နောက် ပင်နယ်စလင် စားဆေးပြောင်း သောက်ကြည့်တယ် အဲ့တာလည်း မေ့တစ်လှည့် လွန်တစ်လှည့်ဖြစ်ဖြစ်နေတာ အခုဆို အလုပ်ရူပ်နေတာနဲ့ အဲ့ရောဂါကြီးကို မေ့သလောက်ဖြစ်နေတယ်။

ပြီးခဲ့တုန်းက ဆနပြပွဲတွေ သွားတုန်းက လက်မောင်းနည်းနည်းထိတယ် နောက် အဲ့ရက်ပိုင်းက အစား နည်းနည်း အစုံစားဖြစ်တယ် ဖားသားကြွပ်ကြွပ်ကြော် ပြည်ကြီးငါးသုပ် ပုဇွန်ထုတ်နဲ့ ထမင်းကြော် သူများကျွေးတာပါ အဲ့တာကို အိမ်အထိတောင် ထုတ်သယ်ပြီး ၀ါးဖြစ်တာ အဲ့ကတည်းက စပြီး လက်မောင်းက ယောင်တက်လာတာ အခုထက်ထိပဲ..ညနေကတော့ ကယောင်ကတမ်းနဲ့ ပင်နယ်စီလင် တစ်ကဒ် ၀ယ်လိုက်တယ်။ အခု ၅သိန်းအား တစ်လုံးသောက်ထားတယ်။ မဲဆောက်က တော့ပ်ယူနန်လိမ်းဆေး မှာထားတယ် လှဲနေရင်း ဟိုကိုင် ဒီကိုင် ကိုင်ကြည့်ရင်း ပရုပ်ဆီပုလင်းက အဲ့မှာ လေးဘက်နာ လိမ်းဆေးအဆီလို့ရေးထားတာ စာတမ်းလေး ဖတ်မိလို့။

စာလဲရေးချင်တယ် အလုပ်လဲ လုပ်ချင်တယ် ဒါပေမယ့်အခုရက်ပိုင်းတွေ ကျမ်းမာရေး သိပ်မကောင်းဘူး ဖြစ်နေတယ်ရှင်။
nangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangihnangih

22 Comments:

chocothazin said...

မဆုမွန်ရေ
အမအကြောင်းရေးထားတယ်
လာဖတ်လှည့်ဦး

ဒါနဲ့ အမ အခုဖြစ်နေတာက ကြည့်ရတာ လေးဖက်နာမဟုတ်လောက်ဘူး ဆေးပူတွေ သိပ်မလိမ်းပါနဲ့ ဦး။ နေရာရွှေ့ ပြီးရောင်တယ်ဆိုတော့ သွေးမင် လေမင် ပုံစံမျိုးထင်ပါတယ်။ ဖြစ်ဖူးတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူနဲ့ ဆက်သွယ်လို့ ရရင် အသေးစိပ်မေးပေးပါ့မယ်။ မှတ်မိတာကတော့ သူ Pen-V စွဲသောက်ရပါတယ်။ သူဖြစ်တုန်းကလက်မှာ နာတယ်ဆိုတာ လက်ရောင်တာ ရိုးရိုးရောင်တာနဲ့ မတူပါဘူး။ အသားအရေတွေတင်းပြီး ဘောပင်ကိုင်လို့ မရပါဘူး။ လက်မောင်း၊ လက်ဖျံ၊ လက်ဖနောင့် ပြောင်းပြီး ရောင်တတ်ပါတယ်။ အဲလိုမျိုးတူနေရင်တော့ သေချာပါပြီ။ မဆုမွန်နေကောင်းပါစေ

chocothazin said...

မဆုမွန်ရေ...
သဇင့်ပို့စ်ကို လာဖတ်ဖြစ်အောင်ဖတ်လိုက်ပါ။
အမနဲ့ သဇင်ကတော့ရေစက်ပဲဗျိုး...ဟာဟ

သက်ပိုင်သူ said...

မမရေ... အတော့်ကို နာနေတယ် ဆိုလို့စိတ်မကောင်းဘူး
ကျွန်တော်လည်း မသိဘူးဗျာ..
သိတဲ့သူကို လိုက်မေးပေးမယ်
အတော် နာလာရင်တော့ ဆရာဝန် စောစောပြမှ ကောင်းမယ်ထင်တယ်

NLS said...

ကျွန်တော့်ညီလေး တစ်ယောက် ဖြစ်တာနဲ့တော့ နဲနဲဆင်တယ်။ သေသေချာချာ ဆေးစစ်သင့်တယ်။ သူဖြစ်တာက လူကီးမီးယား သဘောမျိုးပဲ။ ဒါပေမယ့် သွေးမတိတ်ရောဂါ။ ဒဏ်ရာဖြစ်တဲ့ နေရာမှာ သွေးတွေ စုပြီး ညိုမည်း ရောင်တင်းလာတယ်။ အကြီးကြီး ဖြစ်လာတယ်။ တစ်ခါဖြစ်ရင် တော်တော်နဲ့ မပျောက်ဘူး။ ဒဏ်ရာတစ်ခုခုကို ရလို့ မရတာ။ လေးဖက်နာက အဆစ်အမြစ်ထဲကပဲ ကိုက်တာ အဲလို လက္ခဏာတော့ မပြဘူး။ ဒါပေမယ့် လေးဖက်နာ ၄၀၀ အထိရှိထားတယ် ဆိုတဲ့သူ တစ်ယောက် အနေနဲ့ အစားအသောက်ကို သတိမထားရင် Rate တက်မှာပဲ။ ပင်နီဆလင် ငါးသိန်းအားသာ ထိုးလိုက်လို့ကတော့ မျက်ရည်တောင် ပေါက်ပေါက်ကျမယ်။ အကောင်းဆုံးကတော့ သွေးစစ်ကြည့်သင့်တယ်။

မြစ်ကျိုးအင်း said...

ဆေးနည်းတော့ မသိဘူးဗျ..အမရောဂါ အမြန်ဆုံး
ပျောက်ကင်းပါစေလို့တော့ ဆုတောင်းပေးပါတယ်.
...ခင်မင်သောအားဖြင့်(မြစ်ကျိုးအင်း)

မြူးသျှရီ said...

မရေ..........
ဘယ်လိုလုပ်ပြီးဘာဆေးတွေ
သောက်ရမယ်ဆိုတာတော့မသိပေမယ့်
မ..တယောက်အမြန်သက်သာပါစေလို့ 
ဆုတောင်းပေးနေမယ်နော်။။။

အိုက်ခီလောက် said...

အမနေမကောင်းဘူးဆိုလို့ လာကြည့်တာ
တော်တော်ဖြစ်နေတာပဲ အနော့ အမတစ်ယောက်နားမေးကြည့်လိုက်မယ် နော် သူ့ ကဆရာဝန်လေ ထိုင်ဝမ်မှာ
http://kiki-idiotlove.blogspot.com/
သူ့ လိပ်စာပါပဲ မဆုမွန်ရေ အနော့တော့ကြိုက်တယ် မဆုမွန်ကို သတင်းကိုရအောင်ယူနိုင်တယ်နော်
အမလည်းဆိုင်ကယ်မှောက်ဖူးတယ်ဆိုလို့ 
ဘဝတူလာကြည့်ခါမှပဲ ငါ့အမက လေးဖက်နာဖြစ်နေတာကိုး
အနော့တော့ဒီခါ ဘဝ မတူတော့ဘူး အဟိ
အနော့လေးဖက်မနာဘူးဗျ ဆိုင်ကယ်ပဲမှောက်တာ


ခင်မင်လျှက်
အိုက်ခီလောက်

Nge Naing said...

မဆုမွန်
ဆရာဝန်နှင့်သာ သွားပြပြီး အစစ်ဆေးခံဖို့ အကြံပြုချင်ပါတယ်။ မပေါ့ပါနဲ့။ ရောဂ်ါဆိုတာ ဆရာဝန်တွေ ကိုယ်တိုင်က လက္ခာကြည့်ပြီး ခန့်မှန်းလို့ပဲ ရပါတယ်။ တကယ်အတိအကျ ဘာရောဂါ ဖြစ်တယ်ဆိုတာ သေသေချချာ စမ်းသပ်စစ်ဆေးမှ အတည်ပြုချက် ယူလို့ရပါတယ်။ အတိအကျ မစစ်ဆေးပဲနဲ့ နည်းနည်းသက်သာရုံ လိုက်ကုနေရင်လည်း အမြစ်ပြတ်မှာ မဟုတ်ပဲ ရောဂါကို မွေးထားသလို ဖြစ်နေလိမ့်မယ်။ ဒါကြောင့် ဆရာဝန်ဆီသာ ချက်ချင်းသွားလိုက်ဖို့ အကြံပြုတာပါ။

kiki said...

လေးဖက်နာရှိနေတဲ့ သူတယောက်မှာ PEN V ဆေးကို ဆက်တိုက်သောက်နေရင်တောင်မှ ASO ကတော့ အနဲနဲ့ အများ တက်နေအုံးမှာဘဲ ။ နှစ်နဲ့ချီပြီး ဆေးသောက်ရတယ် ။
ခုတလော တကယ်လို့ seafood တွေ အစာများတယ် ဆိုရင်တော့ Gouty Arthritis ဂေါက် လို့ ခေါ်တဲ့  အဆစ်ယောင်ရောဂါ လည်းဖြစ်နိုင်တယ် ။ သူက လဲ နေရာရွေ့ ပြီး ဖြစ် တတ်တယ် ။ ဒီတော့ ASO နဲ့ Uric Acid လေး တချက်လောက် စစ်ဆေးကြည့်ပါ ။
NSAID နဲ့  Colchicine , Allopurinol လိုဆေးမျိုးတွေသောက်ဖို့ လိုလိမ့်မယ် ။ ဒီတော့ အနာ တခြား၊ ဆေးတခြား ဖြစ်မနေရအောင် ၊ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ စနစ်တကျပြ ။ စစ်ဆေးပြီးမှ ကုသမှု ယူပါလို့  တိုက်တွန်းချင်ပါတယ်။
အမြန်ဆုံး နေကောင်းပါစေ လို့ ဆုတောင်းပေးပါတယ် ။

အိမ်လွမ်းသူ said...

ညီမရေ... မငယ်နိုင်ပြောသလို ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ အမြန်ဆုံးပြသင့်ပါတယ်... ဆေးပူတွေသိပ်မသုံးပါနဲ့ .. အမလည်း ဟိုစပ်စပ်ဒီစပ်စပ်နဲ့ တကယ်ဖြစ်လာတော့ ဘာမှမကူနိုင်တာ စိတ်မကောင်းဖြစ်မိတယ်။ အမြန်ဆုံးသက်သာပါစေညီမရေ...

မိုးခါး said...

ဟုတ်တယ်အမရေ ဆေးခန်းပြ ဆရာဝန်ပြလုပ်ပါအမရယ်
မပေါ့နဲ့နော်
ဂရုစိုက်ပါ
နာကျင်နေတာတွေ အမြန်ဆုံး သက်သာပျောက်ကင်းဖို့ ဆုတောင်းပေးပါတယ် ..

မမေမီ said...

သိပ်တော့မကြောက်ပါနဲ့ ညီမ. အမဖြစ်ဖူးတာ ဆိုရင်တော့ ညာဖက် လက်ကောက်ဝတ်ကနေ လက်ချောင်း အားလုံး ယောင်ကိုင်း ကိုက်ခဲနေတာပါ ဖြစ်နေတုန်း စိတ်ပေါက်ပေါက်နဲ့ ဘာမှ မဖြစ်လောက်ဖူး ထင်ပြိး မျှစ်ချဉ်နဲ့ ဝက်သားနဲ့ စားလိုက်တာ လက်တောင်မှ ကွေးလို့ မရတော့ဘူး ညီမက သထုံဖက်က အဆက်ဆိုရင်တော့ အဲ့ဒီဖက်က လူတွေ ကောင်းကောင်း သိပါတယ် သွေးမှင်လေမှင်လို့ ခေါ်တယ် ပြောပြကြတယ် ရန်ကုန်မှာ တောပန်းပွင့်ပုံ မှင်ဆေးဆိုတာ မြန်မာဆေးဆိုင်မှာဝယ်လို့ ရတယ် တခါတလေလဲ အဲ့အဲဒီဆေးနဲ့ သက်သာတယ် အမကတော့ period အချိန်တွေမှာ ပိုဖြစ်လေ့ရှိတယ် နောက်တော့ လောလောဆယ်ဝမ်းမချုပ်စေနဲ့ ရေများများ သောက် ဖြစ်နိုင်ရင် လေလည်စေတဲ့ လေဆေးလေးလဲသောက် နိုင်ရင်မတဲ့တာတွေ အထူးသဖြင့် သွေးချုပ်လေချုပ်တာတွေ မစားမိအောင်နေပေါ့နော်

မမေမီ said...

ဖြစ်ဖူးတာနဲ့ တူလို့ ပြောပြတာပါ ကိုယ်ချင်းစာလို့ ပါလေ ခုဒီကိုရောက်တော့ရန်ကုန်မှာလို မတဲ့တာတွေ မစားဖြစိတော့ ပြန်မဖြစ်တော့ဘူး ဒီနိုင်ငံမှာရောက်နေပြီး ခုမှသိတဲ့ သထုံဖက်ကသူငယ်ချင်းမှာလဲ အဲလို မကြာမကြာဖြစ်တယ် ဆေးပူတွေတော့မလိမ်းနဲ့ ညီမရေ အမတော့ပိုဆိုးတယ် မြန်မာဆေးမြီးတိုတွေတော့ရှိတယ် ညီမရေ သထုံဖက်က လူတွေကို ရှာမေးကြည့်ပေတော့ နောက်ပြီး ငှက်ပြောသီးစားရင်လဲပိုဆိုးတယ်နော် အမဖြစ်တာပြောတာပါ ညီမတော့မပြောတတ်ဘူး ငှက်ပြောသီးကအနာကို ပိုပြီးရင်းစေတယ်လေ သက်တန့် လို့ လဲခေါ်တယ်လို့ ပြောကြတယ် အမြန်သက်သာပါစေလို့ ဆုတောင်းပေးပါတယ်ညီမရယ်

(အစ်မမေမီ ဆီဘောက်စ်မှာ အချိန်ပေးပြီး အကြံပေးထားတာလေးကို မှတ်မှတ်ရရ သိမ်းထားချင်လို့ ကော်မန့်ထဲ ပြောင်းထည့်လိုက်တာပါ။ ကျေးဇူးလဲတင်တယ်)

မဆုမွန် said...

ကော်မန့်မှာ အချိန်ပေးပြီး မေတ္တာနဲ့ အကြံပေးတဲ့ သတင်းမေးတဲ့သူငယ်ချင်းတွေ မိတ်ဆွေတွေ အားလုံးကို တကယ့်ကို ကျေးဇူးတင်ပါတယ် ပေးပို့တဲ့ ဆုတောင်းမေတ္တာတွေအတွက်လည်း တကယ့်ကို ၀မ်းသာ ၀မ်းနည်းဖြစ်မိပါတယ် ကျေးဇူးအရမ်းတင်ပါတယ်ရှင်။

ဖြိုးဇာနည် said...

မဆုမွန်ရေ့ဆေးနည်းတော့တိဝူးဗျဒါပေမဲ့လေ
မဆုမွန်အရမ်းနာနေရင်အနာသက်သာအောင်တော့နည်းလမ်းလေးရှိပါတယ်။ကျွန်တော်မနေ့ကTVမှာကြည့်လိုက်ရလို့ပါ။အဲလိုပဲကိုက်ခဲမှုတွေအရမ်းနာနေရင်အနာသက်သာစေအောင် ရဲယို သီးကိုစားပေးပါတဲ့။၁၅မိနစ်အတွင်းသိသိသာသာသက်သာသွားစေပါလိမ့်မယ်တဲ့ခင်ဗျာ့ပြီးတော့ပျောက်ကင်းအောင်လဲစွမ်းဆောင်ပေးနိုင်ပါတယ်တဲ့။၂ရက်၃ရက်လောက်ဆက်ပြီးစားပေးပါတဲ့မဆုမွန်အခုလိုဖြစ်နေတာကိုသိရတော့စိတ်မကောင်းဖြစ်မိပါတယ်ဗျာ့

အမြန်ဆုံးသက်သာပျောက်ကင်းနိုင်ပါစေ့

Poe Tay said...

Ki Ki ပြောသလို လုပ်လိုက်တာက ဆုမွန်အတွက် အသင့်တော်ဆုံးဖြစ်မယ်လို့ ယူဆပါတယ်။ ASO, Uric acid ကို ဆေးခန်းမှာ စစ်ကြည့်ပြီးမှ ဆရာဝန်ပြောသလို လုပ်ရင်ကောင်းသွားမှာပါ။ လေးဘက်နာ အဆစ်ရောင်ဆိုရင်တော့ ဆေးဝါးကို ရေရှည်သောက်ဖို့ ပြင်ဆင်ထားရမယ်။ အစားအသောက်ကိုလည်းဆင်ချင်ရမှာပေါ့။
အကိုက်အခဲ အရောင်ကျဆေးနဲ့  အစာအိမ်ရောဂါရှိသူ အဆင်မပြေတာကိုလည်း သတိရပေါ့ဗျာ့ 
အမြန်ကျန်းမာပါစေ့ 

kaungkinpyar said...

အမ ဆုမွန်ရေ ညီမလဲ ဖြစ်ဖူးတယ်၊ ခြေသလုံး ရောင်တာ အဲ့လိုပဲ နေရာ ရွှေ့ရွှေ့ သွားတယ်၊ အရမ်း ခံစားရ ခက်လို့ ကိုယ်ချင်းစာပါတယ်၊ တခါတခါ ဖြစ်ရင် လမ်းမလျှောက်နိုင်ဘူး၊ ဒီမှာ ဘာဆေးစားရမှန်း မသိလို့ ဒီတိုင်း နေနေမိတယ်၊ ရက်နဲနဲ ကြာတော့ ပျောက်သွားတော့ မေ့သွားပြန်ရော၊ ဘာဆေးသောက်ရမှန်းတော့ မသိဘူး အမရယ်

tg.nwai said...

မဆုမွန်ရေ..ဆရာဝန်နဲ့ သေသေချာချာပြလိုက်ပါလား။ အခုဖြစ်တာလည်း ကြာနေပြီဆိုတော့ စောစောစီးစီး ပြလိုက်တာ ကောင်းမယ်ထင်တယ်...။

နေမြန်မြန်ကောင်းပါစေနော်..

အိုးဝေအောင် said...

ညီမလက်တွေကိုက်နေတာ မပျောက်သေးရင် အကိုပေးထားတဲ့ တရားခွေတွေကို ဖွင့်ပြီး အနည်းဆုံးတနာရီ အဓိဌာန်ထားကာ အာနာပါန ရှုမှတ်ကြည့်ပါလား။

Anonymous said...

တူမရေ့

အကောင်းဆုံးကတော့ ဆရာဝန်ပြတာ အကောင်းဆုံးပါပဲ

အကြံပေးချင်တာကတော့ ဘန်ကောက်က ဗမာသံရုံးရှိတဲ့ လမ်းပေါ်မှာ St. Lewis Hospital ရှိတယ်။ အဲသည်မှာ ဆရာဝန်တွေအားလုံးပဲ အင်္ဂလိပ်လို ပြောလို့ရှင်းပြလို့ ရတယ်။ ပစ္စည်းပစ္စယလည်း စုံတယ်။ အကုန်အကျလည်း သိပ်မများပါဘူး။ ဆေးခန်းပြတာထက် အဲသည်ဆေးရုံမှာ သွားပြတာ ပိုကောင်းမယ်လို့ ထင်တယ်။ Information မှာကို အင်္ဂလိပ်လို မေးမြန်းလို့ရတယ်။ သူတို့က ဘယ်ဆရာဝန်နဲ့ ပြသင့်တယ်လို့ပါ ညွှန်ပေးပါလိမ့်မယ်။ Specialist တွေလည်း အများကြီး အဲမှာ ရှိပါတယ်။ အစစ အဆင်ပြေပါစေ... အမြန်ဆုံးလက်အနာ ပျောက်ပါစေ...

အောင်သာငယ်

tune said...

google လုပ်ရင်း ဒီပို့စ်ကို လာတွေ့တာ။
ဟုတ်တယ်။ အပြင်မှာ တကယ် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသင့်တယ်။
ဟိုလူ ပြော လျှောက်လုပ်၊ ဒီလူပြော လျှောက်လုပ်တွေ မလုပ်သင့်ဘူး။
စိတ်ထဲမှာ ထင်မိတာတော့ ရှိတယ်။
အဝေးကနေ ထင်တာကို လျှောက် မပြောကောင်းဘူးလို့။
သေသေချာချာ ကုလို့ ကုန်မှာနဲ့ လျှောက်လုပ်ကြည့်ရင်း အချိန်ကုန်၊ ကျန်းမာရေး ပိုပျက်စီးလို့ ကုန်မှာတွေကို တွက်ကြည့်ရင် အကုန်အကျ ခံပြီး ကုသင့်တယ်လို့ ထင်တာပဲ။

ဂျေဂျူဝိုင် said...

ခု အဲလို ဖြစ်သေးလား။ အစားလည်း နည်းနည်းပါး ပါး ဆင်ခြင်နော်။ ခုတော့ ဖြစ်လောက်တော့ပါဘူး ၀လို့ လှလို့ပဲ နော