စိတ်ရှိတိုင်းသာဆိုရင်...

အခုတလော လူတွေနဲ့ စကားပြောရတာ ဘယ်လိုမှ အဆင်မပြေဘူး ဒါဆိုရင် ခွေးတွေနဲ့ရောဆိုရင်လည်း ခွေးတွေ ဆိုတာကလဲ ကျွန်မ ကို မတွေ့လိုက်နဲ့ တွေ့တာနဲ့ ဟောင်တာမှ သရဲတွေ့တဲ့အတိုင်းပဲ ဆိုတော့...ဟောင်နေတဲ့ခွေးကလဲ ကြောက်ချင်စရာမရှိ။ ထိုင်းဂေးမမတွေ အလှမွေးထားတဲ့ ခွေးပုပုသေးသေး ပိစိကွေးလေးတွေ ရုပ်တွေကလဲ ဥပဓိမကောင်းလိုက်တာမှ ခွေးလို လို ကြောင်လိုလို မျက်စိ ပြူးပြူးနဲ့ခေါင်းကိုလည်း ကြက်တောင်စည်း စီးထားသေးတယ် အသံကလဲ ခွေးဟောင်သံနဲ့ မတူဘူး ကြွက် ဗိုက်နာတဲ့ အသံနဲ့ ဆွဲညှစ်ချင်စရာ အဲ့လို ခွေးကိုလဲ ကြည့်လို့မရဘူးဖြစ်နေတယ် လူဆိုရင်လည်း ဘယ်သူနဲ့ဖြစ်ဖြစ် စကားကို နှစ်ခွန်း ထက် ပိုပြော လို့မရဘူး ဖြစ်နေပါတယ်။

ဘယ်လောက်များလဲဆို အဆင် မပြေချင်ရင် ရေသောက်တာတောင် သီးပါတယ်။ မြင်မြင်သမျ အကုန်ရိုက်ချင်နေပါတယ်။(ခြင်တို့ ယင်တို့ ပိုးဟပ်တို့ပါ) အဆိုးဝါးဆုံး စိတ်ရူပ်စရာက အပြင်ထွက်ရင် အကျီအရောင်ရွေးရတာပါပဲ အ၀ါပါရင် အ၀ါဖြစ်မှာစိုးလို့ အနီဆိုရင် လူရိုက်ခံရနိုင်တယ် အပြာဆိုရင် အနီက ဗျင်းမှာစိုး အနက်ဆိုလည်း ၀မ်းနည်းတဲ့သဘောလား ဘာကြောင့်လဲ ဆိုတော့ နောက်ဆုံး အဖြူ စွပ်ကျယ်နဲ့ပဲ နေလိုက်တော့တယ် အေးရော ဒီကြားထဲ လူတွေနဲ့စကားပြေရတာလည်း သူတို့က ကိုယ့်ကို ငေါ့သလို ရိသလို ထေ့သလို ကျွန်မက စိတ်တိုလာရင် မျက်လုံးက မျက်မှန်ကို ကျော်ပြီး အပြင်ပြူးထွက်လာတတ်ပါတယ်။ (ဒီပုံထဲကလိုပေါ့)

သူငယ်ချင်း တစ်ယောက်က ပြောတာ တော့ နင် အလုပ်တွေများပြီး stress ဖြစ်နေလို့နေမယ်တဲ့။ အဲ့လိုလဲ မဟုတ်ပါဘူး အလုပ်လဲ မလုပ်ပဲ နေမကောင်း မကျမ်းမာ အကြောင်း မျိုးစုံပြပြီး ပေတိပေကန် ယောင်ခြောက်ဆယ် လုပ်နေတာလဲ တစ်ပတ် ကျော်တော့မယ် ။

ဘာကြောင့်လဲ တော့ မသိဘူး အခုတလော တစ်ခုခုဆို လက်ပါလိုက်ရမှ ကျေနပ်သလိုဖြစ်နေတယ်။( အထုတ်တွေ အပိုးတွေဆို ကိုယ်ပဲ ကိုင်မယ် ထမ်းမယ်ပိုးမယ် ဒီလိုပြောတာပါ) မထင်ရင် မထင်သလို အမြင်မတော်တဲ့ လူတွေကို ဆွဲဆိတ်မိမှာစိုးလို့ လူထူထူ မသွားမိအောင် ထိန်းထိန်းထားရပါတယ်။ (ဟီးဟီး) အခုတော့ စိတ်ငြိမ်အောင် တရားထိုင်ဖြစ်အောင်တော့ ကြိုးစားနေပါတယ်။

အပြင်ထွက်ရင်လည်း ဘန်ကောက်က သိတဲ့အတိုင်း ပူလောင် နေရတဲ့အထဲ ၀ုန်းဒိုင်းကျဲ ဂီတသံတွေနဲ့ လူတွေ ကားတွေ လူပ်လူပ်ရွရွ ကွိကွိကွကွ။ အဲ့လိုချိန်မျိုးမှာ ဆိတ်ငြိမ်တဲ့တစ်နေရာကို သွားပြီး တော့လေ ထိုင်နေ ချင်မိတယ်။

အခုလိုအချိန်မျိုးဆို ရွှေတိဂုံရင်ပြင်ရဲ့ ညချမ်းတွေကို သတိရမိတယ်။ လေလေး တဖြူးဖြူးနဲ့ ဆည်းလည်းသံ လွင်လွင်လေးတွေ အောက်မှာ လေအေးအေးလေးတိုက်နေတဲ့ အချိန် တွေရဲ့ ညမွှေးပန်း သင်းရနံ့နဲ့ အမောဖြေရတာကို သတိရ မိတယ်။

အမေနဲ့ အဖေနဲ့ကို ဒီည တော်တော်လေး သတိရမိတယ်။ အိမ်မှာသာဆိုရင်..အခုချိန်လောက်ရှိ ကလေးတွေနဲ့ အိမ်ပြင်ထွက်ပြီး ထုတ်ဆီးတိုးတမ်း ကစားမိမယ် ထင်တယ်။

16 Comments:

သီဟသစ် said...

မဆုမွန်ရေ..
တရားထိုင်နေတာလား..
်အိပ်နေတာလား..
ပုံလေးက

stress များအိပ်ရေးမ၀ရင်ဖြစ်တတ်ပါတယ်..

ကျွန်တော်လည်း အိပ်ရေးဝအောင် အိပ်မလို့ဟာ မအိပ်ဖြစ် နေ့ခင်းရောက်ရင် စိတ်မကြည်..

နွေးနေခြည် said...

မွန်းကြပ်တယ်...

လင်းဒီပ said...

မဆုမွန်ရေ..
အဖြူရောင် ဝတ်ရင်ကော...

kaungkinpyar said...

စိတ်ရော လူရော နားနားနေနေ နေလိုက်ပါ မဆုမွန်ရေ

kiki said...

ဟုတ်ပါတယ် မဆုမွန်ရေ ။ stress တွေများလွန်းရင် ၊ ဒါမှ မဟုတ် ပတ်ဝန်းကျင်ကလူတွေနဲ့ ဆက်ဆံရတာ အဆင်မပြေရင် တခုခု ကို ထ လုပ်ပစ်လိုက်ချင်တယ် ။ အကျိုးမဲ့ ပေါက်ကွဲမှုတခုခု ဖြစ်လာနိုင်တယ် ။ တခုခု ကို အကျဉ်းအကြပ်ဖြစ်နေချိန် မှာ၊ အဆင်မပြေတဲ့ အချိန်မှာ စိတ်ထွက်ပေါက်ရာတမျိုးလိုအပ်တယ်လေ။ အကောင်းဆုံး စိတ်ဖြေရာ အေးချမ်းမှု ကို ပေးနိုင်တဲ့ အရာ ကတော့ ဘုရားရိပ် တရားရိပ် ပါဘဲ ။
အစ်မလည်း အရင် က ဘုဂလန့် တွေချည်း လုပ်တတ်လွန်းလို့ ။ အိုးရွဲ့ နဲ့ စလောင်းရွဲ့ တွေ ဖြစ်ပြီး ဘယ်သူမှ အကျိုးမရှိ ဖြစ်ရတာ များတယ် ။ ခုတော့ စိတ် ကို အတတ်နိုင်ဆုံး ထိန်းဖြစ်တော့ ဒီလောက်ကြီး မဆိုးရွားတော့ပါဘူး။
တရားမှတ် ၊ တရား ထိုင် တာကောင်းပါတယ် ။
ရွှင်လန်းချမ်းမြေ့ ပါစေ ။

tg.nwai said...

အင်း..ကြောက်..ကြောက်နဲ့ ၀င်မန့်လိုက်ဦးမယ်..
ပုံလေးတွေက ချစ်စရာလေးတွေနော်..စကားမမှားခင် အသာလစ်မှ.. :)

ခင်မင်းဇော် said...

မဲဆောက်ဆင်းလာခဲ့ သမီးရေ.. အန်တီတို့ဆီမှာတော့ ခုချိန်အေးချမ်းတိတ်ဆိတ်လို့ ခုထိ အိပ်သေးဘူး ကြည့်ပါလား ဘလော့လည်တုန်းးးး

Htet Yee Thitsar said...

သီချင်းနားထောင်၊ ဒါမှမဟုတ်... စိတ်ချမ်းသာစေမယ့် ကဗျာလေးတွေ၊ စာလေးတွေ ဖတ်လိုက်... အဆင်ပြေသွားမယ် ထင်တာပဲ။ အနားယူလိုက်ရင်လည်း ကောင်းသွားတတ်ပါတယ်။ အကောင်းဆုံးက တစ်နေရာရာကို ခရီးထွက်တာပဲ...။
အဆင်ပြေပါစေဗျာ...

မိုးခါး said...

သြော်
အမရယ် .. စိတ်ရှိတိုင်းသာဆိုရင် ကိုယ်နေပျော်တဲ့ ကိုယ့်မြို့ရွာမှာပဲ အေးအေးဆေးဆေးနေချင်တယ် .. နေပူတာချင်းတူရင်တောင် ဒီကနေက စပ်ဖျင်းဖျင်းပိုဖြစ်သလိုပဲ ..
အစွဲနော် ...... ဟင်းးးးးးးးးးးးးး

Anonymous said...

ဆူးကြားမှာ သွားပြီး ကန့်လန့်လေး တင်နေတဲ့ ဗူးသီးလေးလိုပဲ မြင်ယောင်လိုက်ပါတယ်။ စိတ်ရှိတိုင်း လူလိုက်သွားလို့မရတာ များလာရင် လူနောက်ကို စိတ်က ပါမလာပဲ ဖြစ်သွားတတ်လို့ စိတ်ကိုသာ များများ ဆုံးမပါတော့ ညီမရယ်.... :( အင်း......

သူ့နေရာ said...

ငါ၏ကိုယ်နှိုက် ဒေါသ၀င်က ၀င်လာဒေါသ အနိုင်ရအောင် ဒေါသကင်းစင် ဘုရားရှင်ကို
ငါလျှင်ကြည်ညို ကန်တော့ပါ၏၊
အမဆုမွန်အတွက် လက်ဆောင်ဖြစ်လိုဖြစ်ငြား၊

တီချမ်း said...

stressed
depressed
confused
short temper
cannot concentrate
wanna kill someone
eeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeee

ခိုင်စိုးလင်း said...

အချိန်ရမယ်ဆို စင်ကာပူကိုလာခဲ့ပါလား ခဏတဖြုတ်ဖြစ်ဖြစ်ပေါ့ တို့ညီမ အေးဆေးအနားယူရအောင် ဒါနဲ့ မဆုမွန်က ဘယ်နှနှစ်လဲ မသိ ကျွန်မထက်ကြီးတယ် ထင်နေတာ ခုတော့ မသေချာတော့ဘူး ငယ်ရင်လဲ ငယ်နေနိုင်တယ်ကွ

အိမ်လွမ်းသူ said...

ညီမစိတ်ညစ်တာက ရယ်စရာတောင်ကောင်းနေတယ်... စိတ်ညစ်စရာတွေပျောက်ပြီး အားရပါးရရယ်သွားပြီညီမရေ...
အစစအဆင်ပြေပါစေနော်.. သူများရယ်ရအောင် ဖန်တီးပေးနိုင်တဲ့အတွက် စိတ်ညစ်တာတွေမေ့ထားပြီး အမြဲပျော်ရွှင်နိုင်ပါစေ...

Anonymous said...

ရွှင်လန်းချမ်းမြေ့ပါစေ

တခါတရံ အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်ဗျာ။
မုန်းတိုင်းပြီးရင်တော့ လေပြည်လာမှာပါ....

ဂျေဂျူဝိုင် said...

အင်း ...... စိတ်ရှိတိုင်း ဖြစ်စေချင်ပါတယ်။ နောက်ဆုံးက ဆန္ဒလေး အတိုင်းဆိုရင်ပေါ့လေ