မြန်မာမုန့်လေးတွေ အလွမ်းပြေ စားကြစို့ နော်

ဒါက မုန့်စိမ်းပေါင်းမွှေးမွှေးလေး သူ့ကို ချိန်ခွင်နဲ့ ရောင်းတယ်

ဒါလေးက ထန်းလျက်ဆမ်းထားတဲ့ မုန့်လက်ကောက်နော်

မုန့်လိပ်ပြာလေးတွေနဲ့ ကောက်ညှင်းထုတ် ပြီးတော့ ကောက်လိုင်းကြည်မုန့်ပြာပြာလေးတွေ(အစ်မ တူးတူးသာက ပြင်ပေးတယ် ကောက်လိုင်းတီမုန့်တဲ့ ဟုတ်တယ် ပန်းခရမ်းပြာရောင်လေးတွေလေ သူနဲ့လုပ်တာ စဉ်းစားမရလို့ အစ်မရေ တီလား ကြည်လားဆိုတာ ခိခိ) ကိုအိုးဝေအောင်ရေ မုန့်ဦးနှောက်က ဗူးအ၀ါလေးဘေးက အမည်းပြောက်လေးတွေနဲ့ မုန့်တဲ့ မုန့်ကျွဲသဲပြားလေးဘေးကလေ

မုန့်ကျွဲသဲနဲ့ အုန်းသီးမုန့်လေးတွေလဲ ပါတယ်နော်

ဒါလေးက မုန့်ဗိုင်းတောင့်

မုန့်လင်မယားလေးလဲ စားပါဦး

မုနု့်ကျိုးလိမ်နဲ့ မုန့်လုံး အုန်းဆီဆမ်းမုန့် လေးလဲ မြည်းကြည့်ပါဦး (အန်တီနှင်းဆီက ပြင်ပေးသွားတယ် မုန့်ကြိုးလိမ်တဲ့ ကြိုးလေးလို လိမ်နေလို့တဲ့ ကျေးဇူးပါရှင့်)

ထန်းသီးမုန့်နဲ့ ကောက်ညှင်းထုတ်လဲ ပါတယ်နော်

ဟောဒါလေးက ရွှေကြည် ဆနွင်းမကင်းမုန့်

ဒီဘက်က ဌက်ပျောသီးပူတင်းမုန့်

မုန့်လုံးကြီးရယ် မုန့်လိပ်ပြာရယ် မုန့်စိမ်းပေါင်းရယ် ဟိုဘက်ခြမ်းက ထန်းသီးမုန့်

ကောက်ညှင်းရွှေကြည် မွှေးမွှေးလေးလဲ စားပါနော်

ဒါက ဘာမုန့်လဲ တိဘူး အုန်းသီးကြော်တွေတော့ ဖြန်းထားတယ် (မုန့်အရေးကျွမ်းကျင်သူ ကိုဂျဲဂျဲက အဲ့တာ ထမနဲတဲ့)

ဟောဒါက အကြော်စုံပူပူလေး

ဒီနေ့  တနင်္ဂနွေမှာ ကျွန်မ ဘလော့လေးကို လာလည်တဲ့ သူငယ်ချင်းတွေကို ကျွန်မ ညီမလေး လာပို့  ထားတဲ့ (www.myanmartavelinformation.com) တံဆိပ် တပ်ထားတဲ့ မြန်မာ မုန့်လေးတွေ အစုံ ရှိသမျ အကုန်ကျွေးမယ်နော်..အားရပါးရ စားသွားကြပါဦး...(ပြီးတော့ မုန့်နံမည်လေးတွေ မှားရင်လဲ ပြင်ပေးပါဦးနော် မြန်မာမုန့်လေးတွေကို မနည်းကြည့်ပြီး သေသေချာချာ နံမည်ကို ပြန်စဉ်းစားရတယ်)

အစ်မ "မလေး" က သားလေးကို ရွတ်ပြ နေကျ ကဗျာလေး ကော်မန့် သွားတယ် ကဗျာလေးက ချစ်စရာလေးမို့ ပို့စ်ပေါ် တင်လိုက် ပါတယ်

အစ်မသားလေးကို ဆိုပြတဲ့ကဗျာလေးကို ဆိုပြဦးမယ်။ စပ်တဲ့သူတော့မသိဘူး။
၁ နဲ့ ၂ ပေါင်းရင် ၃
မုန့်သည်လာပါဦး။
၁ နဲ့ ၃ ပေါင်းရင် ၎
အကြော်စုံပူနွေးနွေး။
၁ နဲ့ ၄ ပေါင်းရင် ၅
ခေါက်ဆွဲသုတ်နဲ့မုန့်ဟင်းခါး။
၁ နဲ့ ၅ ပေါင်းရင် ၆
မုန့်ကြက်ဥနဲ့ မုန့်လက်ကောက်။
၁ နဲ့ ၆ ပေါင်းရင် ၇
မြေပဲယိုနဲ့နှမ်းပျစ်
၁ နဲ့ ၇ နဲ့ပေါင်းရင် ၈
ကောက်ညှင်းထုပ် ၀တစ်တစ်
၁ နဲ့ ၈ ပေါင်းရင် ၉
တို့မှာ မုန့်အမျိုးမျိုး
၁ နဲ့ ၉ ပေါင်းတော့ ၁၀
တို့တွေစားကြမယ်။

40 Comments:

ဖိုးဂျယ် said...

အုန်းသီးကြော်တွေ ဖြန်းထားတာ ထမနှဲပါ။ မုန့်တွေအကုန်စားသွားတယ်။ နောက်လူတွက် မကျန်အောင်ကို အားရပါးရစားသွားတယ်။ မုန့်တွေ အကုန်ကြိုက်လို့ပါ။ စားလို့ဝပြီ အိပ်တော့မယ်။ ညကျမှာ အိမ်လာလည်နော် မဆုမွန်။ တားတား လိမ်လိမ်မာမာနဲ့ ပိုစ့်ရေးနေတယ်။

ဖိုးဂျယ် said...

အုန်းသီးကြော်တွေ ဖြန်းထားတာ ထမနှဲပါ။ ၇ှိတဲ့ မုန့်တွေက တားတားအကြိုက်တွေဆိုတော့ အကုန်စားသွားတယ်။ စားလို့ဝတော့ အိပ်ပြီ။

ဖိုးဂျယ် said...

အုန်းသီးကြော်တွေ ဖြန်းထားတာ ထမနှဲပါ။ ၇ှိတဲ့ မုန့်တွေက တားတားအကြိုက်တွေဆိုတော့ အကုန်စားသွားတယ်။ စားလို့ဝတော့ အိပ်ပြီ။

Phyu said...

အမ.. မီးမီး ငိုချင်လာပြီနော်.. အိမ်လွမ်းနေပါတယ်ဆိုမှ .. တနင်္ဂနွေ ရုံးပိတ်ရက်ဆို အမေ နဲ့ တူတူ မုန့်လုပ်စားရင်စား မစားရင် မြန်မာမုန့် အစုံ လာသမျှ အသည်ခေါ်ဝယ်စားနေကြ..
ဘာပြောပြော စိတ်ကူးနဲ့ စားသွားတယ်နော်..

ရွှေပြည်သူ (ShwePyiThu) said...

အစားချင်ဆုံးက မုန့်စိမ်းပေါင်းရယ် ထန်းသီးမုန့်ရယ်ပါ။ တကယ်ကို စားချင်စိတ်ဖြစ်နေပြီ ညီမလေး မဆုမွန်ရေ... ဘာပဲဖြစ်ဖြစ် ပုံလေးတွေ ကြည့်ရတာနဲ့တင် ကျေးဇူးတင်နေပါပြီ...း)

Unknown said...

အ မ ဆုမွန် ရေ ကို ဖိုးဂျယ် ပြော တာ ဟုတ် တယ် ဗျ။ မုန့်လင်မယား နဲ့ ကြက် သွန် ကြော် စား သွား တယ်။ ပြီး တော့ ငှက်ပျောပူတင်း ကို အ ချိုပွဲ အ ဖြစ် စား သွား သေး တယ်။ ကျေး ဇူး နော် အ မ။

ဖြိုးဝေတိုး said...

အားပါး စားလို့ကောင်းပ.. မစားရတာကြာပြီ။
အကုန်ကြိုက်တယ် အမ.. မကုန်မှာမပူနဲ့..ဟိဟိ
အမျိုးတွေကိုတောင်လွမ်းသားပြီ။
မုန့်လုံးကြီးရယ် မုန့်လိပ်ပြာရယ်က အိမ်မှာ မမမနက်စာလုပ်ပေးနေကြ
မုန့်စိမ်ပေါင်း နဲ့ ရွှေကြည် ဆနွင်းမကင်းမုန့်
ကတော့ အဒေါ်တွေခဏခဏ လုပ်ကျွေးတယ်။
ကျွန်တော် မုန့်လင်မယားစားရင် အမကအမြဲခွဲကျွေးတယ်။ ပူမှာဆိုးလို့။ ညီမလေးက လင်မယားကွဲတတ်တယ်တဲ့။ ဘယ်သူလျှောက်ပြောထားလဲသိဘူး။

ခေါင်ခေါင် said...

မမဆုရေ.. အ၀စားသွားတယ် နော်.. ပါဆယ်တွေပါ နိုင်သလောက်ဆွဲသွားတယ်... ဒီမုန့်တွေ မစားရပဲ ငတ်ပြတ်သလပ်နေတာ ဘယ်လောက်တောင် ကြာပြီလဲ ကျေးဇူးပါ မမဆုရေ

လင်းဒီပ said...

စားချင်တယ်..စားချင်တယ်..:P

မေငြိမ်း said...

အဟင့် အလွမ်းဆုံးက မုန့်ဗိုင်းတောင့်.. တီချယ့်အကြိုက်ဆုံးး ပီးတော့ ထမနဲ...။ ငိုတောင် ငိုချင်လာပီ.. တကယ်မစားရလို့ :((

ပျံသန်းခြင်းရပ်ဝန်း said...

အားရပါးရစားချင်သော်လည်း
ချောင်းဆိုးနေလို့...
နဲနဲပဲစားခဲ့ပါတယ်(ထမင်းလွတ်)

Anonymous said...

စိတ်မကောင်းပါဘူး..
အားရပါးရစားချင်သော်လည်း
ချောင်းဆိုးနေလို့...
နဲနဲပဲစားခဲ့ပါတယ်(ထမင်းလွတ်)


.....
နွေသူရ

s said...

မမ ရေ ကျေးဇူးပဲ တနင်္ဂနွေလို မနက်မျိုးမှာ အရသာရှိတဲ့ မြန်မာမုန့်လေးတွေ စားရလို့ ။ အိပ်ရာထကတည်း က ဘာမှ မစားရသေးတာနဲ့ အတော်ပဲ စားသွားတယ်နော်။ နောက်လူတွေတွက်တောင် သိပ်မကျန်တော့ဘူးနော်။ ပိာပိာ

ဗီလိန် said...

အတော်ပဲ ပြန်ရင်ဘာစားရမလဲ စာရင်းရပြီ။ :) ကျေးဇူး

mabaydar said...

ဟာ.. မနဲမနောပါပဲလား.. စစချင်း မုန့်စိမ်းပေါင်းဆိုတာနဲ့တင် သရေယိုနေပြီ.. မုန့်ဗိုင်းထောင့်ကို အုန်းနို့များများနဲ့စားချင်တယ်.. ဆနွင်းမကင်း.. ငှက်ပျောပေါင်း.. ကောက်ညှင်းရွှေခြည်လဲကြိုက်တယ်.. ကြက်ဥနဲ့လုပ်တဲ့ အောင်ဗလမုန့်ဆိုလားဘာလားရောမပါဘူးလား.. မဗေဒါရဲ့ လာမယ့်မွေးနေ့အတွက်တောင် မဆုမွန်ဘလော့ကနေ အော်ဒါယူရမယ်ထင်တယ်.. ကျေးဇူးနော်.. ပုံလေးတွေအတွက်.. ရေးရင်းနဲ့သားရေကျနေပြီ..

Moe Myint Tane said...

မဆုမွန်ရေ မုန့်အမျိုးတွေကတော့ အတော်စုံပါလား။ မုန့်တွေအားလုံးကို နှစ်ခြိုက်ကြိုက်နှစ်သက်စွာ စားသွားပါတယ်။ ဒီလိုမုန့်မျိုးတွေ မစားရတာတော်တော်ကြာပေါ့ မဆုမွန်ရေ။ အရမ်းကောင်းတယ်။


ကြောင့်ကြခြင်းကင်းသော

မိုးမြင့်တိမ်

သံလွင် HeRo said...

တီတီဆုမွန်ရေ...အခုမှအိမ်ပြန်ရောက်လို့
အခုမှလာစားတာရတယ်ဗျ...ကျနော်တို့ငယ်ငယ်
တုံးက၂တုန်းမှ၅ကျပ်တန်မုန့်ကျွဲသဲ.ချိုချိုနဲ့စား
ကောင်းတဲ့ငှက်ပျောသီးဆနွင်းမကင်း.၂ခုပေါင်းပြီး
နှမ်းများများနဲ့စားရတဲ့မုန့်လင်မယား.ကျောင်းက
မှန့်ဈေးတန်းမှာအမြဲဝယ်စားတဲ့ထန်းသီးမုန့်.
ကျောင်းလမ်းထိပ်ကဘော်ဘော်ကြီး.ဘော်ဒါကြီး
လို့အော်ခေါ်ပြီးရောင်းတတ်တဲ့ကုလားမဗယာကြော်
တို့ကိုအားပါးတရတီးသွားပါတယ်ခင်ညား
တီတီရေကျေးဇူး

tututha said...

ကောက်လှိုင်းတီမုန့်လို့ သိတာတာ ညီမရ။ အစ်မတို့က ပန်းမုန့်လို့လည်း ခေါ်တယ်။ ကောက်လှိုင်းတီပင်ကရတဲ့ ပန်းပွင့်လေးတွေနဲ့ လုပ်လို့ အဲလိုခေါ်တာ။ မည်းမည်းလေး အရမ်းစားကောင်းတယ်။ ဖိုးဂျယ်စားသွားပေမယ့် အဲဒီမုန့်တော့ကျန်ခဲ့ပံရတယ်။ ရအောင်စားတယ်ဟာ ဒါပဲ :P

အိမ်လွမ်းသူ said...

ညီမရေ.. မုန့်မျိုးစုံတွေကြည့်ပြီး ပိုလွမ်းသွားပြီ.. ဒါလေးတွေကို တဝကြီးစားချင်လိုက်တာ.. တကယ့်ကို သွားရည်ယိုနေပြီ.. သမီးတွေက မုန့်လေးတွေအခုမှတွေ့ဖူးပြီး လုပ်ကြွေးခိုင်းနေတာ ဘယ်လိုလုပ်ရပါ့...

ThuHninSee said...

ှုငှက်ပျောသီးပူတင်း..လား ဆနွင်းမကင်းလား..
အဲဒါတစ်ဗန်းလုံး မသွားတယ်နော်။

တက်လူငယ် said...

အမေရေ.. မုန့်စားလာတာတောင် နောက်ကျသွားတယ်။ မြန်မာပြည်ကို အရမ်းလွမ်းတဲ့အခါမျိုးမှာ ဒီမုန့်လေးတွေကို မြင်လိုက်ရတော့ ပိုပြီး လွမ်းလာသလိုပဲ။ အားပါးတရကို စားသွားပါတယ်။

Anonymous said...

အကုန်အုပ်ပြီး ပါဆယ်ပါမသွားတယ်ဗျို့
မြန်မာအစားအသောက်ငတ်ရတဲ့အထဲ
သရေကျအောင်လုပ်တယ်

Moe Cho Thinn said...

ညီမရေ
အမကို ဆွဲထူပါအုံး။ မုန့်တွေ အကုန်စားပြီး ဗိုက်တင်းပြီး ထ မရလို့။
ကြံကြံဖန်ဖန် မုန့်တွေ အကုန် တပြိုင်တည်း တင်ရသလား။ ရက်စက်ပါပေ့ကွယ်။ တကယ် မစားရလို့ ငိုပြီး ပြန်သွားပြီ။ :((

Anonymous said...

မုန့်လိပ်ပြာ စားချင်တယ်။
အန်တီခင်မင်းဇော်

အိုးဝေအောင် said...

ကောက်လိုင်းကြည်မုန့်ပြာပြာလေးကြိုက်လို့ လာစားသွားတယ်ဗျ

အိုးဝေအောင် said...

ကောက်လိုင်းကြည်(ကောက်လှိုင်းတီ)
မုန့်ပြာပြာလေးကြိုက်လို့ လာစားသွားတယ်ဗျ

flowerworld said...

ဟင့်...အစားဆိုထိပ်ဆုံးကဆိုတော့ငိုတောင်ငိုချင်လာပြီး
စစချင်းလေးတွေ့လိုက်တယ်..မုန့်စိမ်းပေါင်းတဲ့..ရှလွတ်ခနဲပဲ
မုန့်လက်ကောက်တဲ့..ဗန်းပါမသွားချင်တယ်..
တစ်ခုပြီးတစ်ခုလိုက်ကြည့်ပြီး သွာရေတွေယိုကုန်လို့ အကီ်ျတွေပေကုန်ပြီး...ဟင့်..
စားချင်တယ်စားချင်တယ်...

NangNyi said...

အားပါး ဗိုက်ကိုပြည့်သွားတာပဲ.. မုန့်ဗိုင်းတောင့်ဆို နန်းညီသိပ်ကြိုက် ..

Kaung Kin Ko said...

မုန့် တွေလာစားတယ်။ မြေနီကုန်းက ရွှေရည် မုန့် ဆိုင်ကို သတိရလိုက်တာ။ မြန်မာမုန့်  အကုန်ရတယ်။

Shinmin said...

တ၀ကြီး စားသွားတယ် မဆုမွန်ရေ..

PAUK said...

မုန့်စိမ်းပေါင်းစားချင်တယ်..
မုန့်ကျွဲသည်းကိုလည်းလွမ်းတယ်...

Anonymous said...

သည်ပို့စ်ကိုကြည့်ပြီး အစ်မသားလေးကို ဆိုပြတဲ့ကဗျာလေးကို ဆိုပြဦးမယ်။ စပ်တဲ့သူတော့မသိဘူး။
၁ နဲ့ ၂ ပေါင်းရင် ၃
မုန့်သည်လာပါဦး။
၁ နဲ့ ၃ ပေါင်းရင် ၎
အကြော်စုံပူနွေးနွေး။
၁ နဲ့ ၄ ပေါင်းရင် ၅
ခေါက်ဆွဲသုတ်နဲ့မုန့်ဟင်းခါး။
၁ နဲ့ ၅ ပေါင်းရင် ၆
မုန့်ကြက်ဥနဲ့ မုန့်လက်ကောက်။
၁ နဲ့ ၆ ပေါင်းရင် ၇
မြေပဲယိုနဲ့နှမ်းပျစ်
၁ နဲ့ ၇ နဲ့ပေါင်းရင် ၈
ကောက်ညှင်းထုပ် ၀တစ်တစ်
၁ နဲ့ ၈ ပေါင်းရင် ၉
တို့မှာ မုန့်အမျိုးမျိုး
၁ နဲ့ ၉ ပေါင်းတော့ ၁၀
တို့တွေစားကြမယ်။

kay said...

ညီမလေးရေ- မုန့်လာစားတာ.. ရှေ့မှာလူတွေများလွန်းလို့..ဘာမှကိုမကျန်တော့ဘူး..အကပ်လေးတွေပဲ..စားသွားတယ်။း)

Unknown said...

မုန့်တွေက ပြောင်ပြနေတဲ့အထဲ
ကဗျာထဲက မုန့်တွေလဲ
စားချင်နေပီ
ဘယ်လိုလုပ်၇ပါ့
တမင် နှိပ်စက်သလိုများလားနော်....
ရှလွတ် (သွားရည်မထိန်းနိုင်လို့ ဘလော့ပေါ် ကျသွားပီ)
အီးဟီးဟီး

မီးတောင် said...

စားချင်တယ် ....... စားချင်တယ်
တစ်ခုမကျန်စားချင်တယ် ။း(း(

အကုန်လုံးကြိုက်တယ် ။

Unknown said...

မဆုမွန်
အစားအသောက်တွေကြည့်ပြီး အရမ်းစိတ်ဆင်းရဲရပါ တယ်. အစားအသောက်အရမ်းဂျေးများတဲ့ ကျမ ထိုင်း မှာ နေရတာအခက်အခဲအများကြီးရှိပါတယ်. ဂျေးများတယ်ပြောလို့မလန့်လိုက်နဲ့နော်။ ကိုယ်တိုင်လုပ်တဲ့ အရသာနဲ့ ဓာတုပစွည်းဘာမှ မသုံးထားတဲ့ မြန်မာမုန့်ကို ချောကလက် နဲ့လည်းမလည်းနိုင်ဘူး.ရွာသားပဲပြောပြော တောဆန်တယ်ပဲပြောပြော. လုပ်စားချင်တယ်ပြောပေမဲ့ အမယ်တွေက မရှိတော့ လုပ်စားလို့မရဘူးလေ. ဒါကြောင့် ဘယ်အချိန်မှ ပြန်၇မယ်မှန်းမသိတဲ့ ဘ၀မှာ မြန်မာပြည်က ပါလာတဲ့ ပဲပုပ်ထောင်းကိုပဲရေဖျော်ပြီး စားနေရတဲ့ ဘ၀မှာ အဲလို အစားအသောက်တွေ မြင်ရင်ငိုချင်တယ်.တကယ်ပြောတာပါ. အလွမ်းပြေမစားချင်ဘူး တကယ်စားချင်တာ ဘယ်လိုလုပ်ရပေါ့
တောင်ပေါ်သူ

Unknown said...

မဆုမွန်
ဘာဖြစ်လို့အဲလိုနှိပ်စက်နေတာလဲ. ချောကလက်ထက် sprite တွေထက် မြန်မာ့အစားအစာကို တန်ဖိုးထားတဲ့ လုပ်စားရတာလည်းဝါသနာပါတဲ့ကျမအတွက် တော့ အရမ်းကို ငိုချင်မိလာတယ်. သဘာဝကိုအစားအစာကို ကြိုက်တဲ့ ကျမအတွက် တိုင်းတပါးဟာ ဘယ်လိုမှအံဝင်ခွင်ကျမဖြစ်နေပါဘူး.ပါလာတဲ့ ပဲပုပ်ထောင်းကိုပဲ ရေဖျော်ပြီး နှစ်ပါးသွားနေရတဲ့ ဘ၀ကိုရင်နာမိတယ်. သူတို့အစားအသောက်ကို မစားနိုင်တာထက် သဘာဝလွန် ပြီး ပြုပြင်ထားတဲ့အရာတွေမို့လို့ပါ. အလွမ်းပြေ မဟုတ်ဘူး တကယ်စားချင်တာ တကယ်အရမ်းငိုချင်တယ်ကွာ
တောင်ပေါ်သူ

ဝေ said...

မုန့်လေးတွေ သရေကျပြီး ပြန်သွားရတယ် ညီမရေ...

သက်ဝေ said...

မုန့်တွေ စားချင်လိုက်တာ... စားချင်လိုက်တာ...
စားချင်လိုက်တာ... စားချင်လိုက်တာ...

(ကေ ကမှ အကပ်လေးတွေ စားရသေးတယ်... သများအတွက်တော့ ဘာမှ ကျန်တော့ဝူးးးးးး)

အတွေးကမ္ဘာ..မှတ်တမ်း said...

I'm soooooo hungry now!!! Wanna go home. :(