Ethical Autonomy( ဆရာတော် ဦးဇောတိက မဟာမြိုင်တောရ)

Ethical Autonomy
ကိုယ် လုပ်တဲ့ကိစ္စ ကိုယ့်မှာသာ တာဝန်ရှိတယ်...

ဒါကြောင့် ဘယ်သူ ပြောတဲ့ စကားပဲဖြစ်ဖြစ် ဘယ်သူ ခိုင်းတာပဲ ဖြစ်ဖြစ် သူခိုင်းတဲ့ အလုပ် သူပြောတဲ့ စကားကို အရွယ် ရောက်နေ တဲ့သူ လူဆိုရင် ဆုံးဖြတ်ချက်အတွက် ကိုယ့် ကိုယ်တိုင် ကိုယ်ပိုင် ဥာဏ်နဲ့ ပဲ စဉ်းစားသင့်တယ်
(ဆရာတော် ဦးဇောတိက မဟာမြိုင်တောရ)

အခု ရက်ပိုင်း တွေမှာ မကြားဝံ့ မနာသာ မြင်နေ ကြား နေရ တဲ့ မတရားအစိုးရ က မတရားသဖြင့် ချမှတ်တဲ့ နှစ်ရှည် ထောင် စီရင်ချက် တွေဟာ ကာယကံရှင် မိသားစုတွေ အပူတွေကို မဆိုထားနဲ့ ကျွန်မ တို့ လို လူတွေ အတွက် တောင် တော်တော်ကြီး စိတ်ထဲမှာ နာကျင် ခံစား ရပါတယ် အလုပ် ကိုလဲ အာရုံစိုက်ပြီး မလုပ် နိုင်ဘူး။ ရင်နင့် စရာ သတင်း တွေနဲ့ ချည်း ပြည့်နှက် နေတဲ့ ကွန်ပျူတာ အင်တာနက်ရှေ့ က ခဏခွာပြီး စာအုပ် စင်ပေါ် ကနေ ဆရာတော် ဦးဇောတိက မဟာမြိုင် တောရ ရဲ့ ဘာကိုတန်ဖိုးထားရမလဲဆိုတဲ့ စာအုပ်ကို ဖတ်ရင်း စိတ်ကို တည်ငြိမ်အောင် လုပ်မိပါတယ်..

ကံကောင်း ထောက်မစွာပဲ ကျွန်မ ဖတ်လိုက် ရတဲ့ စာအုပ် ထဲက ဆရာတော် ဦးဇောတိက ရဲ့ လေးနက်လွန်းတဲ့ စာသား တွေ အခု လက်ရှိ ဖြစ်ပျက်နေတဲ့ အကြောင်း အရာတွေနဲ့ တိုက်ဆိုင်လို့  ဘလော့ဖတ်သူ မိတ်ဆွေ တွေကို မျဝေ တင်ပြလိုက်ရပါတယ်.
------------------------------
Ethical Autonomy ကိုယ်လုပ်တဲ့ကိစ္စ ကိုယ့်မှာ တာဝန်ရှိတယ်...

ချင့်ချိန် ကြည့်ပါ မသင့်တော် တာ တစ်ခုကို ခိုင်းထား တာကို ကြောက်လို့ပဲဖြစ်ဖြစ် တခြား ဘယ်လို အကြောင်း ကြောင့်ပဲ ဖြစ်ဖြစ် ကောင်းပါ တယ်လို့ ကိုယ့်ဟာ ကိုယ် ယုံကြည် လို့ပဲဖြစ်ဖြစ် မစဉ်းစား တော့ပဲနဲ့ လုပ်နေ ကြတဲ့ သူတွေကို မြင်နေ ရတယ် ကြားနေ ရတယ်

အဲ့ဒီ့တော့ သူများက မသင့်တော် တာကြီး မကောင်း တာကြီး အကုသိုလ် ကိစ္စကြီး တစ်ခုကို ဒါက ကုသိုလ်ပါ ကောင်းပါတယ် လုပ်ပါလို့ ပြောတာကို အဲ့ဒီ့လူရဲ့ သြဇာကို မလွန်ဆန်နိုင်လို့ သူပြောတဲ့အတိုင်း လုပ်လိုက် ရတဲ့လူဟာ တကယ့် ကောင်းမူ ကုသိုလ်ကို လုပ်လိုက် ရတဲ့လူလို့ ပြောလို့  ရပါ သလား (မရနိုင်ဘူး)

အဲ့သလို ကိုယ်ပိုင် ဥာဏ်နဲ့ စဉ်းစား ရတာ မဟုတ်ပဲနဲ့ ကိုယ့် စိတ်ကြိုက် ရွေးချယ်ရတာ မဟုတ်ပဲနဲ့ ကိုယ်လည်း ဘာမှ မသိပဲနဲ့ မျက်ကန်း ယုံကြည်မူ သပ်သပ်နဲ့ လုပ်နေရတာဟာ စိတ် ကျေနပ်မူ အပြည့်အ၀ တကယ် ရနိုင် သလား( မရနိုင်ဘူး)

ဒါကြောင့်  အကောင်း အဆိုး အမှား အမှန်ကို ကိုယ့် ကိုယ်ပိုင် ဥာဏ်နဲ့ ရွေးချယ် နိုင်တဲ့ ကိုယ့်ရဲ့လွတ်လပ်ခွင့်ကို လက်လွှတ် အဆုံးရှုံးခံ လိုက်ရတဲ့သူဟာ အဲ့ဒီလို လက်လွှတ် အဆုံးရှုံးခံ လိုက်ရင် ခံလိုက်သလောက် သူ့ရဲ့ ကိုယ်ကျင့် သိက္ခာနဲ့ သူ့ရဲ့ စိတ်ချမ်း သာမှုကိုပါ အဆုံးရှုံးခံလိုက်ရပါတယ်

တကယ် တော့ ဘယ်သူ ခိုင်းလို့ပဲ ဖြစ်ဖြစ် ဘယ်သူ ပြောတာယုံလို့ပဲ ဖြစ်ဖြစ် နောက်ဆုံး တကယ် လုပ်နေတဲ့ သူအတွက် ကိုယ်လုပ်တဲ့ ကိစ္စ ကိုယ့်မှာပဲ တာဝန် ရှိတယ် ကိုယ့်ဘဝ သံသရာ ခရီးကို ကိုယ် တယောက် တည်း သွား နေရ တဲ့အတွက် ကောင်းကျိုး ဆိုးကျိုး ဖြစ်နိုင် မယ့်ကိစ္စ တွေကို ကိုယ့် ကိုယ်ပိုင် ဥာဏ်နဲ့ပဲ ကိုယ့်ဟာ ကိုယ် သေသေ ချာချာ စဉ်းစားပြီး ဆုံးဖြတ်သင့်တယ် ကိုယ့် ဆုံးဖြတ်ချက်ကို ကိုယ် ကိုယ်တိုင်ပဲ တာဝန် ယူရမှာ ဖြစ်တယ်

ethical awareness လို့ ခေါ်တဲ့ တရားတယ် မတရားဘူး ဆိုတာကို ထိုးထွင်း ပြီးတော့ သိနိုင်တဲ့ အသိဥာဏ်မျိုး ဖြစ်ပေါ်လာအောင်

freedom and personal responsibility (လွတ်လပ်မှုနဲ့ ကိုယ့်ကိုယ်ကို တာဝန်ယူမှု) ကိုယ်လုပ်တဲ့ ကိစ္စမှာ ကိုယ်လုပ်တဲ့ ဟာထက်ကို ပိုပြီးတော့ တာဝန်ယူနိုင်တဲ့သူဖြစ်အောင်

ကိုယ်ပိုင် ဆုံးဖြတ် ချက်တွေနဲ့ လုပ်နိုင်တဲ့ တရားဟာ ဗုဒ္ဒ ဘာသာတရားမှာ သတိပဌာန် တရားဟာ သိပ်အရေးပါတယ်

သတိပဌာန် စိတ်ထဲမှာ စွဲစွဲမြဲမြဲ သိပြီးတော့ လုပ်သွား နိုင်မယ်ဆိုရင် ပိုပြီး တော့ သတ္တိ ရှိတဲ့လူ ယုံကြည်မှု ရှိတဲ့လူ ကိုယ်ပိုင် ဥာဏ်နဲ့ အမှား အမှန် အကောင်း အဆိုးကို ဝေဖန် နိုင်တဲ့သူ ဘယ်ဟာ တန်ဖိုးရှိတယ် ဘယ်ဟာ တန်ဖိုး မရှိဘူး ဆိုတာကို ကိုယ့် ကိုယ်ပိုင် ဥာဏ်နဲ့ အတည် ပြုနိုင်တဲ့သူ ဖြစ်နိုင်ပါတယ်

Acting to please others undermines courage..သူများ ကျေနပ် အောင် နေပေးရတာ လုပ်ပေး ရတာ တွေဟာ ကိုယ့်ရဲ့ သတ္တိကို အခြေ ကနေ တူးပေး နေရတဲ့ သတ္တိ နည်းသူ ဖြစ်ပါတယ်..

ဒါကြောင့် ကိုယ့်ကို ကိုယ် မေးခွန်း ထုတ်သင့် ပါတယ် ငါ့ဘ၀ဟာ ဘာ အဓိပါယ်နဲ့ အသက်ရှင်နေတာလဲ ငါ့ဘ၀မှာ ငါ ကျေနပ် သလား ငါ တကယ် ပျော်ရဲ့လား ငါ ဘာအတွက် နဲ့ အသက်ရှင် နေတာလည်း ဆိုတာ မေးခွန်း အမြဲ ထုတ်သင့် ပါတယ်..

လူတွေကို ကိုယ့်ကိုကိုယ် ယုံကြည်မူ မရှိအောင် ကိုယ့်ကို ကိုယ် အထင်သေး အောင် ဂုဏ်သိက္ခာ မရှိတော့ အောင် တစ်နည်း နည်းနဲ့ လုပ်လိုက် မယ်ဆိုရင် အဲ့ဒီ့လူရဲ့ ဘ၀ကို ဖျက်ဆီး လိုက်ရုံ မကဘူး လူ့ အသိုင်း အ၀ိုင်းကြီး တစ်ခုလုံးကို ပါ ဖျက်ဆိး လိုက်သလို ဖြစ်သွားပါတယ်..

ဒါကြောင့် လူ့လောကကြီးကို တစ်နည်း နည်းနဲ့ အထောက် အကူ ပေးချင်တယ် ဆိုရင် လူတွေ မှာရှိတဲ့ ကောင်းတဲ့ စိတ်ထား တွေ ကောင်းတဲ့ ပင်ကိုယ် အရည်အချင်း တွေကို သူတို့ ကိုယ်တိုင် သိပြီး သူတို့ ဟာ သူတို့  ဖော်ထုတ်ဖို့ အသုံး ချဖို့  တတ်နိုင် တဲ့ နည်းနဲ့ လမ်းဖွင့် ပေးရမယ် ပြုစု ပေးရမယ်

သူ့ ကိုယ်သူ ယုံကြည်မူ ရှိတဲ့သူ သူ့ အရည် အချင်း ကိုသူ ယုံကြည်မူ ရှိတဲ့သူ သူ အရည် အချင်းကို သူ ပြည့်ပြည့် ၀၀ ထုတ် သုံးနိုင် တဲ့ သူတွေ ဖြစ်လာ အောင် ပြုစု ပျိုးထောင် ပေးရမယ်....

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ) ရေးသား ပြုစုသော ဘာကို တန်ဖိုး ထားရမလဲ ဆိုတဲ့ စာအုပ်မှာ အချက်အလက်တစ်ချို့ကို ကောက်နုတ် တင်ပြလိုက်ရပါတယ်..
---------
ငြိမ်းချမ်းရေး အတွက် မေတ္တာပို့ လမ်းလျောက်ဆန္ဒပြခဲ့ကြတဲ့ သာသနာ့ အာဇာနည် သံဃာတော် အရှင် သူမြတ်တွေ ဒီမိုကရေစီရေး လူပ်ရှားသူ ကျောင်းသား ခေါင်းဆောင်တွေ ကျောင်းသား လူငယ်တွေ စာနယ်ဇင်း သမားတွေ အပေါ် အခုလို ရက်ရက် စက်စက် ပက်စက်တဲ့ အတွေး အကြံနဲ့ နှစ်ရှည် ထောင်ဒဏ် တွေကို ချမှတ် အပြစ်ပေးနေပါတယ်

အခုလို ဥပဒေအပေါ် လက်တလုံးခြား စိတ် ထင်ရာ စိုင်းပြီး လုပ်ချင်သလို လုပ်နေတဲ့ လူ ငနွားတွေ အလိုကျ ကိုယ်ပိုင် အတွေးအခေါ် ကိုယ်ပိုင် သုံးသပ်ချက် မရှိပဲ တိုင်းပြည်က ပြည်သူတွေရဲ့ အခွန် အခတွေနဲ့ ပညာသင် စားရိတ်တွေ သုံးပြီး ရရှိလာတဲ့ ရှေ့ နေဆိုတဲ့ ၀တ်ရုံကို ခြုံပြီး အထက်က ပေးလာတဲ့ အမိန့် စာရွက် တွေကို တာဝန် တစ်ခုလို ဖတ်ပြ နေရတဲ့ ရုပ်သေးရုပ် ရှေ့ နေတွေ အတွက် အဓိက ရည်ရွယ်ပါတယ်

(တိုက်ဆိုင်မူရှိရင် အဲ့ဒီ့တိုက်ဆိုင်သူများကိုသာ တိုက်ရိုက်ရည်ညွန်းပါသည်) နေရာတကျလေးပေါ့

2 Comments:

JulyDream said...

ကျွန်တော့်ကိုများ တည့်တည့်ကြီး ပြောတာလား မသိဘူး။ တိုက်ဆိုင်မူရှိရင် အဲ့ဒီ့တိုက်ဆိုင်သူများကိုသာ တိုက်ရိုက် ရည်ညွန်းပါသည် ဆိုပဲ။ ဒါပေမယ့် ကျွန်တော်က ရှေ့နေ့မှ မဟုတ်တာ မဖြစ်လောက်ပါဘူးလေ ဆိုပြီး အခုလို ကွန့်မန့်လေးကို ခပ်တည်တည်နဲ့ ရေးချလိုက်ပါတော့သည်။

Anonymous said...

တရားမျှတာခြင်းနဲ့စီရင်ဆုံးဖြတ်တာက တရားဥပဒေ၊ တရားမဲ့ စီရင်ဆုံးဖြတ်တာက တရားမဲ့ဥပဒေ၊ တရားမဲ့တဲ့လူတွေ အုပ်စိုးတဲ့နိုင်ငံက တရားမဲ့ဥပဒေဘဲ ရှိတော့မှာပေါ့။ အဲဒီတော့ တ၇ာမဲ့သူတွေကခန့်ထားသူတွေဟာလည်း တရားမဲ့သူကြီးတာဖြစ်ရတော့တာပါဘဲ