စကားလေးတစ်ခွန်း

လူအချင်းချင်း စိတ်ချင်း ကိုယ်ချင်း ဆက်သွယ်မူဟာ ဘာသာစကားဖြစ်ပါတယ်။ ကျွန်မတို့ အိပ်ချိန်ကလွဲရင် တစ်ချိန်လုံး သုံးစွဲခဲ့ရတဲ့ အဲ့ဒီ့ဘာသာစကားကို ကျွန်မတို့ အချင်းချင်း နားလည်အောင် ဘယ်လောက် ပြောနိုင်ခဲ့လဲ သူများနားလည်လွယ်အောင် ကိုယ်က ပြောပြနိုင်ခဲ့ရဲ့လား ပြောခဲ့သလောက် ဘယ်လောက် အသံထွက်မှန်ခဲ့ပြီလဲ အဓိပ္ပါယ် ကောက်ချက်ဆွဲမူ နေရာ သုံးစွဲမူတွေရော တကယ် မှန်ကန်ခဲ့ရဲ့လား ဆိုတာ ပြန် တွေးကြည့် ရအောင်နော်။

ဒါပေမယ့် စကားဆိုတာကလဲ နုတ်က ဖွင့်ဟ အသံထွက် ပြောမှ စကား မည်တယ်တော့ မဟုတ်ပါဘူး။ တစ်ခါတစ်လေ မျက်ဝန်းချင်း စကေားတွေ ပြောကြတယ် တစ်ခါတစ်လေ အမူအယာတွေနဲ့ စကား ပြောကြတယ်။ တစ်ခါတစ်လေ ကိုယ်နေဟန်ပန် နဲ့ ပြောကြတယ်။ ဒါပေမယ့် ကိုယ်ပြောတဲ့ ဘာသာစကားကို ကိုယ် ပြောပြတဲ့ သူက ချက်ခြင်း ကျက်မိတာ ရှိတယ် ချက်ခြင်း ဖတ်မိတာရှိတယ်။ တစ်ချို့ ကျတော့လည်း ကိုယ်နဲ့ အမျိုးမျိုး အမူအယာလုပ်ပြ ပြူးပြ ပြဲပြ ဟိုလုပ် ဒီလုပ်ပြ တာတောင် ဘယ်လိုပြောပြော ဘယ်လိုမှ မရိပ်မိတာရှိတယ်။အပေါ်ကလိုမျိုး ဘယ်လိုလိုပြောပြော နိုး ဆိုတာချည်း ဘူးခံတာမျိုးရှိသလို တစ်ခါတစ်လေ အာပေါက်အောင် ရှင်းပြမှ ရေးတေးတေး ပေါက်တာရှိတယ်။ မင်းပြောရတာ လက်ပေါက် ကပ်လိုက်တာဟာ ကိုယ်တိုင်သာ ပြေးလုပ်လိုက်ချင်တယ် ဟယ် သူ့ကို ပြောတာ တစ်ခွန်းတည်းနဲ့ ချက်ခြင်းသဘောပေါက်တယ် နော် စသဖြင့် အဲ့တာ ကတော့ အချင်းအချင်း ဆက်သွယ်တဲ့ ဘာသာစကား အပေါ် စိတ်ဝင်စားမူ နားလည်မူ ဘယ်လောက် အားရှိ သလဲဆိုတဲ့ အပေါ် မူတည်ပါတယ်။

ကျွန်မ သိပ်သဘောကျတဲ့ စာလေးတစ်ခုပြောပြချင်ပါတယ်။ လူတွေဟာ ချစ်ခြင်းတရားတွေနဲ့ ထုံမွှမ်းနေတဲ့အခါ အချင်းချင်း အရမ်း နားလည် ကြတယ်တဲ့ ရင်ခွင် ချင်းလဲ နီးစပ်ကြ သတဲ့။ ဒါကြောင့် ချစ်သူတွေ အချင်းချင်း စကား ပြော ကြတဲ့ အခါ မျက်လုံး ချင်း ပြောနေ တာတောင် အဓိပ္ပါယ်ရှိတယ်။ လက်ချင်း ယှက်ထား ရုံနဲ့လဲ နွေးထွေးမူ အားအင်တွေ ပေးတယ်။ ရင်ခုန် သံချင်း ထပ်တူ ဖြစ်တယ်။ နောက် ဘာသာ စကား အရ ဆိုလဲ သူတို့ အချင်း ချင်း တိုးတိုး လေးပဲ ပြောကြတယ် ဒါပေမယ့် တစ်ယောက် ပြောတာ တစ်ခွန်း တည်း ဆိုရင်တောင် ဘာ ဆိုတာ တစ်ယောက်က သေသေ ချာချာ ကို နားလည်တယ် ရင်ထဲကကို သဘောပေါက် ခံစား နား လည် ပြီး ကြား ကြ တယ်တဲ့။ တစ်ခါတစ်လေ မိုင်ပေါင်း များစွာ ကွာဝေး နေတဲ့ နေရာတစ်ခုက လူအချင်းချင်း စကား ပြော ကြ တဲ့ အခါ နုတ်ဆိတ် နေရင်တောင် သူတို့ စကားတွေ အများ ကြီး ပြောနေကြတာပါတဲ့။ အသက်ရူသံမှာတောင် စကားသံ တွေ ရှိသတဲ့။

ဒါပေမယ့် လူတွေဟာ အမုန်း တရားတွေ နဲ့ ပြည့်နှက်နေတဲ့အခါ နီးနီးလေး ရှိနေပေမယ့် အကျယ်ကြီး အော်ပြော ကြတယ် စကားတွေ အများ ကြီး ပြောကြတယ် နည်း နည်း လေးပဲ ခေါင်းထဲ ရောက် တယ် ရောက်တဲ့ အဓိပ္ပါယ် ကလဲ လွဲလွဲမှားမှားပဲ ။ အကျယ် ကြီး အနား နား ကပ်ပြောတယ် တစ်ယောက် အော် ပြော တာ တစ် ယောက် မကြားရဘူး။ သူတို့ နားလည်း မထောင်ကြဘူး။ ချက်ခြင်း သိတာ ကျတော့ အမူအယာ တွေနဲ့ပဲ ခုံကို ကောက် ထု လိုက် တာ နံရံကို ထကန် ပစ်တာ ပန်းကန် တွေ ထခွဲပစ်တာ စားပွဲခုံ က ထလှန်ပစ်တာ တံတွေး ထွေး လိုက်တာ မျက်စောင်း ထိုးလိုက် တာ မျက်နှာလွှဲ ပစ်တာ စသဖြင့် မကျေနပ် ကြောင်း စကား မပြောသည့်တိုင် အမူအယာ တွေနဲ့ ပြကြ တယ် လေ ရင်တွေ တ၀ုန်းဝုန်း ဗလောင် ဆူလို့ အသက်ရူသံ တွေပါ ပြင်း မျက်လုံး တွေပါ ၀င်းဝင်းတောက်လို့ တစ်ခါတစ်လေ တောက် ဆိုတဲ့ ဒေါသ ကို ခပ်ပြင်းပြင်း ခေါက် ထုတ် လိုက်တဲ့ စကား တစ်လုံးနဲ့ တင် လူသတ်ပွဲတွေတောင် ဖြစ်ကုန်သတဲ့ ။

ဥပမာ ဗိုလ်ချူပ်အောင်ဆန်း ပြောခဲ့တဲ့ ကျူပ်တို့ ဒီလိုသာ ဆက် သွားရင် လွတ်လပ် တဲ့ နိုင်ငံ ဖြစ်ပင်ဖြစ်ငြား သော်လည်း ဖာသည်နိုင်ငံသာ ဖြစ်နေဦးမယ် ဆိုတဲ့ စကား ဆိုရင် ပြည်သူ တွေက ပြောတဲ့သူရဲ့ စိတ်စေတနာ ထားတဲ့ လေးနက်မူ ကို ချက်ခြင်းသိတယ် လက်ခံယူတဲ့ နားလည် သဘောပေါက် လိုက်တဲ့ ခံယူမူဟာလည်း တကယ့်ကို လေးလးနက်နက် လေးလေးစားစား မှတ်သား ထား ကြတယ်။

ဒါပေမယ့် ဒီလိုပဲ မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးကြီးနဲ့ ခန္ဓာကိုယ်ကို ဆောက်တည်ရာ မရ ယိမ်းထိုးပြီး ပြည်သူကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး တပ်ဆိုတာ ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူး နောင်ကို ဆူဆူပူပူ လုပ်မယ် ကြံရင် မသက်သာ ဘူး သာ မှတ် လို့ ကိုယ်အမူအယာ နုတ်အမူအယာနဲ့ အားရပါးရ နင့်နင့်သီးသီး ပြောလိုက်တဲ့ စကား တစ်ခွန်းဟာ ပြည်သူတွေ စိတ်ထဲမှာ တစ်ခါတည်း စွဲထင်သွားပြီး သူ့ပြောတဲ့ အတိုင်း သိတဲ့ စိတ်နဲ့ နာကျည်းမူ အမုန်းတရား တွေနဲ့ စွဲမှတ် ထင် သွားတာမျိုးရှိပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ စကားလေး တစ်ခွန်းဟာ အရမ်းကို စိတ်ဓာတ်ကျ ပြီး အထီးကျန် အားငယ်နေသူအတွက် အားအင်တွေ အများကြီးဖြစ်နိုင်စေခဲ့သလို ကိုယ် အားငယ်နေတဲ့ အချိန် စိတ်ညစ်ညူးနေတဲ့အချိန် ကိုယ်ကြား လိုက်တဲ့ အားပေးစကားလေး တစ်ခွန်း ဟာလည်းပဲ သိပ်တန်ဖိုးကြီးမားပါတယ်။ ကျွန်မဆိုရင် စကားလေး တစ်ခွန်းနဲ့ ချစ်သူတွေ မိတ်ဆွေတွေ သူငယ်ချင်းတွေ ရခဲ့သလို စကားလေး တစ်ခွန်းကြောင့်ပဲ အနှစ်အနှစ်အလလ ချစ်ခဲ့တဲ့ ချစ်သူတွေ မိတ်ဆွေ သူငယ်ချင်းတွေဟာ ရန်သူတွေ ဖြစ်ကုန် တာတွေ ရှိခဲ့ဖူးပါတယ်။ တစ်ခါ တစ်လေ တကယ့်ကို စကားလေး တစ်ခွန်းပါပဲ။ အဲ့ဒီ့ စကားလေး တစ်ခွန်း အမူအယာ လေး တစ်ခု ဟာ လူတွေရဲ့ အချင်းချင်း ရင်းနှီး ဆက်နွယ် နေတဲ့ ချစ်ခြင်း မုန်းခြင်းတွေ ဖန်တီးပစ်နိုင်သလို ဘ၀တွေကို တောင် အလွဲ အပြောင်းြ ဖစ်စေပါတယ်။
နောက်တစ်ခုကတော့ အပြုံးဟာ ဘာသာ စကားတွေ အများကြီးကို ကိုယ်စားပြုတယ်ဆိုတဲ့ အချက်ပါပဲ။ ကြည်လင် ရှင်းသန့်တဲ့ အပြုံးတစ်ပွင့်ဟာ လူတွေရဲ့ နှလုံးသားတွေကို အများကြီး လူပ်နိုးနိုင်ပါတယ်။ အားရပါးရ ပြုံးပြ လိုက်တယ် ဟက်ဟက် ပက်ပက်ပြုံးပြတယ် ရှက်စနိုး အပြုံး နောက် ရှက်ပြုံး စတဲ့ အပြုံးတွေနဲ့ ဘာသာ စကားတွေ အများကြီး နားထောင် ကြည့်နိုင်သလို ခနဲ့ပြုံး ရွဲ့ပြုံး မဲ့ပြုံး စတဲ့ အပြုံးတွေ ကြောင့်လဲ လူသားတွေရဲ့ စိတ်နှလုံးကို ညစ်နွမ်းစေတာ အမှန်ပါပဲ။ ကျွန်မတို့ အပြုံးတွေ အများကြီး ပြုံးခဲ့ဖူးတယ် ထင်ပါတယ်။ ဒါပေမယ့် တကယ့်ကို လူတိုင်း အပေါ် နှစ်နှစ် ကာကာ ပြုံးပြ တတ် အောင်လည်း တော်တော် ကြိုးစားရ ဦးမယ်ထင်ပါတယ်။

မွေးကင်းစ ကတည်းက အခုချိန်အထိ စကားတွေကို ကျွန်မတို့ အများကြီး ပြောခဲ့ကြတယ် စကားတွေ အများကြီး နားထောင် ခဲ့ကြတယ် အမူအယာတွေ အများကြီး မြင်ခဲ့ကြတယ် အမူအယာတွေ အများကြီး လုပ်ပြခဲ့ကြတယ်။ အခုချိန် အထိ ကျွန်မတို့ ဘာသာစကားတွေကို နားလည်မူ လွဲနေကြတုန်းပဲ နားလည်အောင် ကြိုးစား ပြောပြ နေရ တုန်းပဲ ဘာကြောင့် လဲ ဆိုတော့ ကျွန်မတို့ အခုချိန် အထိ အများ နားလည်နိုင်မယ့် ဘာသာစကားကို တကယ်ပဲ သင်ယူတတ်ကျွမ်းနိုင်ဖို့ ကျွန်မတို့စိတ်နှလုံးတွေ ကြည်လင်နေဖို့ မျက်ဝန်းတွေ သန့်စင်တောက် ပနေဖို့ နားအစုံဟာ သန့်ရှင်းကြည်လင်နေဖို့ အများကြီးလိုသေးတယ်ထင်ပါတယ်။

အားငယ်နေသူ့အပေါ် ကြည်ကြည်စင်စင် ပြုံးပြလိုက်တဲ့ အပြုံးတစ်ပွင့်နဲ့ ကိုယ်ချင်း ရင်ချင်းအပ်ပြီး ပေးလိုက်တဲ့ နွေးထွေးတဲ့ ပွေ့ဖက်မူတစ်ခု လက်ချင်း အုပ်မိုး ဆုပ်ကိုင်ပြီး အေးစက်နေတဲ့ လက်ဝါးလေးကို နွေးထွေးအောင် တစ်ချက်ပဲ ဖျစ်ဆုပ်ပေးလိုက်ပါ အဲ့ဒီ့ ခဏတာလေးဟာ အများကြီး အားအင်တွေဖြစ်စေမှာပါ။
ကျွန်မတို့ အချင်းချင်း ကောင်းသော စကားလေးတစ်ခွန်းလောက် ပြောကြည့်ကြ ရအောင်နော်...

15 Comments:

မိုးခါး said...

ညီမလည်းတွေးဘူးတယ်
ပျော်ရွှင်ပါစေး)

Anonymous said...

ဟုတ်တယ် အဲ့ဒီစကားလေးတစ်ခွန်းပဲ
တစ်ခါတစ်ရံ ကြည်နူးပျော်ရွှင်မှုပေးသလို
တစ်ခါတစ်ရံ ၀မ်းနည်းကြေကွဲမှုတွေကိုဖြစ်စေတယ်
စကားတစ်ခွန်းက သိပ်တာသွားတယ်

မေဇင် said...

မှန်ပါတယ်ရှင်...အချင်းချင်း ကောင်းသောစကားလေးတွေပဲ ပြောကြရင်..အကောင်းဆုံးပေါ့.

မေငြိမ်း said...

အမယ်မယ်.. စိတ်တွေ လျှော့နေတာ.. ကောင်းပါလေ့ဗျာ...

kiki said...

စကား စကား ပြောပါများ ၊စကားထဲက ဇာတိပြ ။
မုန်းအောင်ပြောလည်း ဒီလျှာဖျား ကထွက် တဲ့ စကား၊
ချစ်အောင်ပြောလည်း ဒီလျှာဖျား ကထွက် တဲ့ စကား၊

မုန်းစ တိုစေ ချစ်စ ရှည်စေ

အဲလိုသာဆို ဒီကမ္ဘာ မှာ စစ် စစ် စစ် မဖြစ်ရာမြေ
တနေရာ ရှိ ရှိ ရှိရမယ်လေ ။
(နေရင်း ထိုင်ရင်း တောင် ကိုထီး အား လွမ်းမိပါ၏ )

ခင်တဲ့ 
ကိကီ

လင်းဒီပ said...

ကောင်းသောစကားလေးပြောပါရစေ မဆုမွန်
မင်္ဂလာပါ။
မင်္ဂလာရှိတဲ့ စာလေးမို့ ဖတ်ရင်း ကျေးဇူးတင်မိတယ်..။

Sein Lyan Tun said...

အရမ်းကောင်းတယ်အမ

မှတ်သားစရာတွေပါတယ်

မကြီးဆု ပြောသလိုပဲ

ကောင်းသောစကားလေးတွေ အမြဲပြောကြရအောင်ဗျာ

မင်္ဂလာရှိပါတယ်


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Yu Ya said...

မဆုမွန် ရွှင်လန်းချမ်းမြေ့ပါစေဗျာ။
ကျေးဇူးတင်စွာဖြင့်
yu ya

win latt said...

ချစ်အောင်ပြောတာလဲ...ဒီပါးစပ်
မုန်းအောင်ပြောတာလဲ..ဒီပါးစပ် လို့ လူကြီးတွေက ဆုံးမခဲ့ဘူးတယ်...။စကားတစ်ခွန်း ပါးစပ်က ထွက်လာရင် ချစ်ခြင်းမုန်းခြင်းရဲ့ ရလာဒ်တွေ ရှိလာနိုင်တာပေါ့။တကယ်တော့ “ ပြောတတ်မှ စကားဖြစ် ” လို့ပဲ ဆိုချင်ပါတယ် မဆုမွန်။
သုခီအတ္တာနံ ပရိဟရန္တု

tg.nwai said...

စာတွေကို သေသေချာချာဖတ်ပြီး သေသေချာချာ ထောက်ခံသွားပါတယ်။ လူတွေရဲ့နဂိုဓာတ်ခံကိုက အမျိုးမျိုးရှိသလို အရောင်မျိုးစုံရဲ့ ခြယ်လှယ်မှုကိုခံရတဲ့အခါ သူကပြန်လာမယ့် စကားတွေ၊ အကြည့်တွေ၊ အပြုအမူတွေအပေါ်မှာ သက်ရောက်မှုရှိမှာပါပဲ။ တချို့ကျတော့လည်း မထင်မှတ်ပဲ စိတ်ခံစားမှုအတိုင်း လျှက်တပြက်တုန့်ပြန်မိတာရှိသလို တချို့ကျတော့လည်း တမင်တကာကို ထိခိုက်နာကျင်စေလို့ ပြုမူတာမျိုး။ တို့ထင်တာကတော့လေ..ကိုယ်ချင်းစာစိတ်လေး များများထားနိုင်ရင်တော့ သူတပါးကို ထိခိုက်နာကျင်စေမှုတွေ လျော့သွားမယ်ထင်တာပဲ..။

မင်္ဂလာရှိတဲ့ စာလေးအတွက် ကျေးဇူးတင်ပါတယ် မဆုမွန်ရေ..။ :)

ကိုလူထွေး said...

"ကျူပ်တို့ ဒီလိုသာ ဆက် သွားရင် လွတ်လပ်တဲ့ နိုင်ငံဖြစ်ပင် ဖြစ်ငြား သော်လည်း ဖာသည်နိုင်ငံသာ ဖြစ်နေဦးမယ်"

"တပ်ဆိုတာ ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူး နောင်ကို ဆူဆူပူပူ လုပ်မယ် ကြံရင် မသက်သာ ဘူး သာ မှတ်လို့"


အဖြူအမည်း သဲကွဲတဲ့ စကားနှစ်ခွန်းကို ယှဉ်ပြထားတာ ကောင်းလိုက်တာ...

အမေမွေးတာချင်းတူပေမယ့် အမွေပေးတာချင်း မတူဘူးလေ...

းဝ)

မီးမီးချစ် said...

ဟုတ်ပနော်
စေတနာ ချင်း က ကွာတာကိုးး))

rose of sharon said...

ထောက်ခံသွားပါတယ်..ပျော်ရွှင်ချမ်းမြေ့ပါစေ...

မသက်ဇင် said...

ဆုမွန်လေးရေ
ဖတ်သွားတယ်နော်
စာရေးကောင်းတယ်
ချစ်ခင်လျက်

JulyDream said...

စကားလေး တခွန်းမက ပြောလို့ရပါတယ်။

ကျေးဇူးပြုပြီး ASL Please ဆိုတဲ့ စကားလေးနဲ့တော့ နိဒါန်း မပျိုးလိုက်ပါနဲ့။

ဟုတ်ကဲ့ ကျွန်တော် ကြောက်တတ်ပါတယ်။ =P