July, August
တော်လှန်ရေးအုပ်စုထဲက
ရင်သွေးငယ်တယောက်
မိဘပျောက်လို့ တောင်းတဲ့ဆုဆိုလဲ
တောင်းတဲ့ဆုပြည်.ပါစေ ကလေးရယ်

နာဂစ်မုန်တိုင်းအောက်
တစစီပျောက်ခဲ့ရတဲ့ မိသားစုဘဝ
ပြန်ပေးပါလို့ တောင်းတဲ့ဆုဆိုရင်လဲ
တောင်းတဲ့ဆုပြည်.ပါစေ ကလေးရယ်

ဝါဆို ဝါခေါင်
ကျောင်းခေါင်းလောင်းသံကြားတာတောင်
ကျောင်းစာသင်ခွင့် မပြည်. ဝတဲ့ဘဝ
နောက်တခါမဖြစ်ပါရစေနဲ့လို့ တောင်းတဲ့ဆုဆိုရင်လဲ
တောင်းတဲ့ဆုပြည်.ပါစေ ကလေးရယ်

မိုးရွာရင်
နားခိုစရာမဲ့
ထမင်းရည်တောင်ရှာရခက်
ကျန်းမာရေးတွေကချို့တဲ့
မောင်ငယ် နှမငယ် အသက်ဆက်ခွင့်ပေးဖို့
တောင်းတဲ့ဆုဆိုရင်လဲ
တောင်းတဲ့ဆုပြည်.ပါစေ ကလေးရယ်

ဒီ ပုံ ကို ကြည့်ပြီးဘာခံစားရလဲတော့မသိဘူး မျက်ရည်တွေဝဲလာတယ်
မိုးရွာတုံး ဆုတောင်းနေတာဆိုတော့ အဓိပ္ပါယ်ရှိကိုရှိရမယ်လေ
ကျနော်ရေးသလို ဘဝဆိုးဆိုးမဟုတ်ပါစေနဲ့ဗျာ
ဘယ်လိုဖြစ်ဖြစ် သူရင်ထဲကတောင်းတဲ့ဆုမျိုးကျနော်တို့တောင်းဖူးကြမှာပါ
အဖိနှိပ်ခံလူတန်းစားချင်းတူတာကိုး
ကိုးကွယ်ရာကိုယုံကြည်စွာနဲ့ ဒုက္ခ ခံပြီး
တောင်းတဲ့ဆု
ဘာဆုဖြစ်ဖြစ် ပြည်.ဝပါစေ ကလေးငယ်


ကိုဖြိုးမော် (ကိုpm ) တင်ထားတဲ့ ဓာတ်ပုံလေးပါ။ ဓာတ်ပုံဆရာ Htaw Htaw ရဲ့ လက်ရာဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံ မြင် အပြီးမှာ ဘာမှန်း မသိတဲ့ ခံစားချက်ဆိုတာ ပြောရ တော်တော်ခက်ပါတယ် လို့ ကိုဖြိုးမော် (ကိုpm ) ကလည်း သူ့ပို့စ်လေးမှာ ရေးထားခဲ့ပါတယ်။

အပေါ်က ဓာတ်ပုံ လေးရယ် ကြယ်ကလေး ခံစား ထားတဲ့ ကဗျာလေးရယ်ကို စိတ်ထဲ တော် တော် ခံစားမိ ပါ တယ် ကြယ် ကလေး ဘလော့ခ်ကနေ ကဗျာလေးကို မျှဝေ ခံစားပါတယ်..

တိုင်းပြည်ရဲ့ အနာဂတ် ရတနာလေးတွေဖြစ်တဲ့ ကျွန်မတို့ရဲ့ မျိုးဆက်သစ် ရင်သွေးငယ်လေးတွေ ကျွန်မတို့ရဲ့ ကလေးတွေအတွက် သူတို့ အားကိုးနိုင်မယ့် အကြင်နာလက်တွေ ကမ်းစေ မျဝေပေးစေချင်ပါတယ် ကလေးတွေ တောင်းတဲ့ ဆုတွေလည်း ပြည့်ပါစေလို့ ဆုတောင်းပါတယ်ရှင်။

ဒီလိုပဲ သောကတွေ ဒုက္ခအပူမီးတွေကြား ဗလောင်ဆူဝေနေရတဲ့ မိခင်တွေရဲ့ တောင်းဆုတွေလည်း ပြည့်ပါစေ..:(

ရင်ထဲ တကယ်မကောင်းပါ.... :(

15 Comments:

yaewoori said...

အမရယ် ကိုယ် ကိုတိုင်လဲမပြည်.ဆုံတဲ့ဘဝဆိုတော့
အဆိုးတွေ တွေးမိတာပါ ကိုယ်ချင်းစာမိတာပါ

yaewoori said...

တချို့က တော့တွေ:တယ် အကောင်းဘက်က
မိုးရွာထဲဘုရားဖူးတာတဲ့

အလိုဖြစ်ပါစေလို့ဆုထပ်တောင်းပါတယ်

ပြည်.စုံတဲ့ဘဝရထားတဲ့ သူက မိုးရွာထဲဘုရားဖူး မယ်မတွေးမိဘူး

တွေးတိုင်းရင်နာတယ်

yaewoori said...

ကျေးဇူးတင်ပါတယ် အမ
မိုးရွာချိန် ဖြစ်ခဲ့ဘူးတဲ့အဆိုးတွေကိုတွေးကြည့်တာပါ
မိုးရွာထဲဆုတောင်းတာ အကြောင်းရှိမယ်ထင်လို့ပါ

စည်သူ said...

ဟာ.....
ရင်မောလိုက်တာဗျာ
ဟုတ်ပါတယ် ကလေးလေးက
ဆုတောင်းနေတာကို ခံစားတင်ပြသွားတယ်..။

ဘာမှတော့ဆက်မပြောတော့ဘာဘူး
အပြည့်အဝ ခံစားသွားတယ်လို့ပဲပြောချင်တယ် အမ..။

ကျွန်တော့်အမတစ်ယောက်
လောကကြီးထဲမှာ အမြဲထာဝရ
ပျော်ရွှင်ပါစေ..။

ခင်တဲ့
စည်သူ။

နဒီမိုးညို said...

အမေတစ်ယောက်၇ဲ့ 
ဆုတောင်းသံကို..ကြားနေရပါတယ်..အစ်မရယ်.

မြစ်ကျိုးအင်း said...

မိဘပျောက်တဲ့သားသမီးတွေ
သားသမီးပျောက်သွားတဲ့မိဘတွေ အားလုံးမြန်မာပြည်မှာရှိနေပါတယ်...။ငိုသံတွေ မြန်မြန် တိတ်ကြပါစေတော့ဗျာ...။အဲပုံလေးကို ပထမဆုံးမြင်ရ စဉ်ကလည်း စိတ်ထဲမှာ တမျိုးလေးဖြစ်သွားတယ်...
မိုးရေတွေရယ် နွမ်းပါးတဲ့ အ၀တ်အစားရယ်ကြောင့် တခုခုကို ခံစားရတယ်လို့ ထင်မိတယ်..။

ခြေလှမ်းသစ် said...

မြန်မာပြည်သူအားလုံးရဲ့ ဆန္ဒတွေ အမြန်ဆုံးအောင်မြင် ပြည့်ဝပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါရစေ..

ငှက်ငယ်လေး said...

စိတ်မကောင်းစရာပဲနော်း(

မိုးခါး said...

အမရယ်
ရင်ထဲမကောင်းလိုက်တာနော်
စိတ်မကောင်းလိုက်တာ
ဘာမှကို မပြောနိုင်တော့ဘူး
စကားလုံးရှာမရဘူးအမ
ရင်ထဲဆို့သွားတာပဲ

Unknown said...

Dear Sis,

I'm Photographer Htaw Htaw. That photo is an award winning photo in dpreview challenge "Rain". My idea is just for that challenge purpose. But your post make misunderstanding for others on my photo. And I feel disappointed because you didn't request me advance to use my photo in your blog. I don't mean to pay some price to use it. But you should at least get my permission in advance.

You can see dpreview's challenge page here. http://www.dpreview.com/challenges/Challenge.aspx?ID=2009

မဆုမွန် said...

ံHtaw Htaw ဆိုတဲ့ ဓာတ်ပုံဆရာရှင့်

ကျွန်မဘလော့မှာ လူကြီးမင်းရဲ့ဓာတ်ပုံကို တင်တာဟာ လူကြီးမင်း ပြောထားသလို advance to use ဆိုတဲ့ အကျိုးအမြတ်တစ်စုံတစ်ရာအတွက် တင်ထားတာ မဟုတ်ဘူးဆိုတာ အရင်ပြောပါရစေ..

နောက်ပြီး ကျွန်မရဲ့ပို့စ်ထဲမှာ အဲ့ဓာတ်ပုံကို ယူထားတဲ့ မူရင်းနေရာတွေက ဘလော့ခ်လင့်တွေကို အကုန် လင့်ပေးပြီး တင်ပြပေးထားသလို အခုရေးထားတဲ့ ကဗျာကလဲ လူကြီးမင်းတင်ပြထားတဲ့ ဓာတ်ပုံအပေါ် ဘလော့ခ်ဂါကြယ်ကလေးရဲ့ ကိုယ်ပိုင်ခံစားချက်အတိုင်း ရေးစပ်ထားတဲ့ ကဗျာသာဖြစ်တယ် လူကြီးမင်းအနေနဲ့ ဓာတ်ပုံကို ကိုယ်ပိုင်ခံစားချက် ကိုယ်ပိုင် အဓိပ္ပါယ်နဲ့ ရိုက်ခဲ့သလို မြင်ရတဲ့ သူအနေနဲ့လည်း သူ့ကိုယ်ပိုင်ခံစားချက်ကို သူ့ကိုယ်ပိုင်ကဗျာ စာသားတွေနဲ့ သီကုံးပိုင်ခွင့်ရှိပါတယ် ကြိုက်နှစ်သက်လို့လဲ တဆင့်မျဝေဖော်ပြကြပါတယ်၊၊

ကျွန်မတို့ဘလော့ခ်ဂါအနေနဲ့လည်း ကိုယ်နှစ်သက်တဲ့ ကဗျာလေးတွေ ကိုယ်နှစ်သက်မိတဲ့ ဓာတ်ပုံလေးတွေကို မြင်တဲ့အခါ တင်ပြထားတဲ့ မူရင်း ဘလော့ခ်ဂါတွေကို ခွင့်တောင်းပြီးမှ တင်တာတာဖြစ်ပါတယ်ဆိုတာ လူကြီးမင်းသိအောင် ပြောပါရစေ

ဒါ ကျွန်မယူခဲ့တဲ့ ဘလော့ခ်လင့်ပါ အောက်ပါ ပို့စ်ကော်မန့်မှာ ကျွန်မ ဘလော့ခ်ပိုင်ရှင်ကို ခွင့်တောင်းထားပါတယ်၊
http://www.kyalkalay.co.cc/2009/07/blog-post_26.html
သူကိုယ်တိုင်လဲ ၀န်ခံထားပါတယ် ကိုဖြိုးမော်ဆီမှာတွေ့လို့ ခွင့်မတောင်းပဲ တင်မိပါတယ်လို့ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ရဲ့ ကလေးငယ်လေးရဲ့ အခုလို ဘုရားရှေ့မှာ ခွင့်တောင်းနေတဲ့ အဖြစ်ကို မြင်မိလို့ ရင်နင့်လို့ ရေးမိ ကူးယူဖော်ပြမိခဲ့တာသာဖြစ်တယ်

ဘာအကျိုးအမြတ်အတွက်မှ လူကြီးမင်း ဓာတ်ပုံကို အသုံးချတာ မဟုတ်ဘူးဆိုတာ လေးလေးနက်နက် ပြောချင်ပါတယ်။

လူကြီးမင်း တင်ပြထားတဲ့ ဓာတ်ပုံအနပညာကို တိုက်ရိုက်ခွင့်မတောင်းနိုင်ခဲ့မိတဲ့အတွက်ကတော့ မူရင်းပိုင်ရှင်ရဲ့ အမည်နာမကို အမှန်အတိုင်း ဖော်ပြထားတဲ့ မူရင်းဘလော့ခ်ကို တင်ပြပေးထားတဲ့အတွက် လုံလောက်တယ် ထင်ပါတယ် တကယ်လို့ လူကြီးမင်းရဲ့ ဓာတ်ပုံကို ဒီကဗျာနဲ့ ဖော်မပြစေချင်ဘူးဆိုရင် ကျွန်မ ဘလော့ခ်မှာ ဖျက်ပေးဖို့ အဆင်သင့်ပါပဲ

yaewoori said...

ဓာတ်ပုံပိုင်ရှင်ခင်ဗျာ
စိတ်မကောင်းပါဘူး
ကျနော်စတဲ့ဇာတ်လမ်းကျနော်တာဝန်ယူပါ့မယ်
ကျနော့ blog က www.kyalkalay.co.cc

Phyo Maw said...

ဒါ ကျွန်မယူခဲ့တဲ့ ဘလော့ခ်လင့်ပါ အောက်ပါ ပို့စ်ကော်မန့်မှာ ကျွန်မ ဘလော့ခ်ပိုင်ရှင်ကို ခွင့်တောင်းထားပါတယ်၊
http://www.kyalkalay.co.cc/2009/07/blog-post_26.html
သူကိုယ်တိုင်လဲ ၀န်ခံထားပါတယ် ကိုဖြိုးမော်ဆီမှာတွေ့လို့ ခွင့်မတောင်းပဲ တင်မိပါတယ်လို့ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ရဲ့ ကလေးငယ်လေးရဲ့ အခုလို ဘုရားရှေ့မှာ ခွင့်တောင်းနေတဲ့ အဖြစ်ကို မြင်မိလို့ ရင်နင့်လို့ ရေးမိ ကူးယူဖော်ပြမိခဲ့တာသာဖြစ်တယ်

အထက်ပါ အကြောင်းအရာကိုက လွဲနေပြီလို့ ကျနော်ပြောပါရစေ။ ကြယ်ကလေးက ကျနော့်ဆီ ခွင့်ပြုချက်မတောင်းခဲ့ပါဘူး။ HTAW HTAW ဆီကလည်း ခွင့်ပြုချက် မရယူခဲ့ပါဘူး။ ဒီထဲကိုက တရားဝင်ခွင့်ပြုချက် ရယူခဲ့တယ်ဆိုတာ လွဲနေပြီ သတ်မှတ်နိုင်ပါတယ်။

ဘာအကျိုးအမြတ်အတွက်မှ လူကြီးမင်း ဓာတ်ပုံကို အသုံးချတာ မဟုတ်ဘူးဆိုတာ လေးလေးနက်နက် ပြောချင်ပါတယ်။

အကျိုးအမြတ်ရလိုလို့ ပြောနေတာလို့ မခံစားရပါဘူး ထိခိုက်နစ်နာစေနိုင်လို့ ပြောတယ်လို့ ယူဆမိပါတယ်။ မြန်မာပြည်ကနေ နိုင်ငံတကာအဆင့်မှီဖို့ ကြိုးစားရတာ မလွယ်ကြောင်း သိမှာပါ။ အရောင်မစိုးခံရဖို့က အရေးကြီးမှန်း ရှေ့ဥပမာတွေကနေတစ်ဆင့် ကျနော်ဘာကိုဆိုလိုလဲ နားလည်နိုင်မယ်ထင်ပါတယ်။

အကျယ်တဝန့် ကျနော် ရေးပါဦးမည်။ ကြယ်ကလေးကိုလည်း အသိပေးလိုက်ပါ။

မဆုမွန် said...

ကိုဖြိုးမော်

ကျွန်မ ရေးခဲ့တဲ့စာကို သေသေချာချာလေး ဖတ်စေချင်ပါတယ်

ဒါ ကျွန်မယူခဲ့တဲ့ ဘလော့ခ်လင့်ပါ အောက်ပါ ပို့စ်ကော်မန့်မှာ ကျွန်မ ဘလော့ခ်ပိုင်ရှင်ကို ခွင့်တောင်းထားပါတယ်၊။http://www.kyalkalay.co.cc/2009/07/blog-post_26.html
သူကိုယ်တိုင်လဲ ၀န်ခံထားပါတယ် ကိုဖြိုးမော်ဆီမှာတွေ့လို့ ခွင့်မတောင်းပဲ တင်မိပါတယ် လို့
သူကိုယ်တိုင်လဲ ၀န်ခံထားပါတယ် ကိုဖြိုးမော်ဆီမှာတွေ့လို့ ခွင့်မတောင်းပဲ တင်မိပါတယ်
လို့

ဟုတ်ပါတယ် ပြည်တွင်းက သူတွေရဲ့ ရုန်းကန်လူပ်ရှားရမူကို တကယ့်ကို နားလည်ပါတယ် ကျွန်မတို့အနေနဲ့ကလည်း ပုံလေးပေါ်မှာ မြင်တဲ့အမြင်ကို မျှဝေခံစားကြတာသာ ဖြစ်တယ်ဆိုတာ စာတွေမှာ သေသေချာချာ ရေးပြထားပြီး ဖြစ်တာမို့ ဒီဓာတ်ပုံပိုင်ရှင်ရဲ့ အာဘော်မဟုတ်ဘူးဆိုတာ စာဖတ်ပရိတ်သတ် သိမှာပါ..

ပိုင်ရှင်ကို ခွင့်မတောင်းပဲ ပုံတင်မိတဲ့အတွက်တော့ တောင်းပန်ပါတယ်။ ဒါပေမယ့် ပုံအပေါ်မှာ ခံစားချက်အတွက်ကတော့ ပုံအပေါ် ကဗျာဆရာရဲ့ ကိုယ်ပိုင်ခံစားချက်သပ်သပ်သာဖြစ်တဲ့အတွက် လူတိုင်းမှာ ကိုယ်ပိုင်ခံစားချက်နဲ့ သီကုံးပိုင်ခွင့်ရှိတယ်လို့တော့ ထင်ပါတယ် အဲ့အကြောင်းအရာအတွက်ကတော့ ကဗျာဆရာရဲ့ လွတ်လပ်စွာ ကဗျာရေးစပ်ပိုင်ခွင့်ရှိတယ်လို့ ထင်ပါတယ်

uranusaquarian said...

1) မဆုမွန် လွဲတာက request me advance to use ဆိုတာပါ။ ကြိုတင်ခွင့်ပြုချက်တောင်းသင့်တယ် လို့ပဲ ရိုးရိုးလေး ပြောသွားတာကို အကျိုးအမြတ်တစုံတရာအတွက်လို့ နားလည်မှုလွဲသွားတာလေး တစ်ခုပါပဲ။
၂) အရောင်ဆိုးကြတာကတော့ အများကြီးပဲပေါ့လေ။ မူရင်း ဖန်တီးသူအတွက်၊ မူရင်းဖန်တီးမှုအတွက် Noise ၀င်ရင် quality ကျသွားတတ်ပါတယ်။ ဖန်တီးမှုကို ဖန်တီးမှုအတိုင်းလေး ခံစားရတာ တစ်မျိုးပါ။ ဂျူးရဲ့ ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေဆိုတဲ့စာအုပ်မှာ ပန်းချီတွေ၊ Art Creation တွေကို ခံစားဖွင့်ဆိုပြသွားတာ ဖတ်ဖူးပါတယ်။ ဒီဓါတ်ပုံမှာ ဆုအတွက် သတ်မှတ်ထားတဲ့ ခေါင်းစဉ်အရ ဓါတ်ပုံဆရာရဲ့ ပြောချင်တဲ့အကြောင်းအရာကို တွေးကြည့်စေချင်ပါတယ်။ လက်ရာကောင်းများ ထွက်လာဦးမှာပါ။ အားပေးလျက်