အခုတလော

ဦးလေးကြီး ဦးအောင်သာငယ် နဲ့ တူဂျီး မောင်ဗီလိန်တို့ တက်ဂ်သော တက်ဂ်စာ ဒန့်တန်တန်...စာဖတ်သူများ ဆက်လက်ရူစားကြပါရန် ကြေညာအပ်ပါတယ်။


အခုတလော မဆုမွန်
တွေးနေမိတာက

အလုပ်မလုပ်ပဲ ပိုက်ဆံ အလကား ဘယ်က ရနိုင်မလဲ
(ထိုင်စားချင်တဲ့သဘောပေါ့)

ကိုယ့်ကိုကိုယ် ပြန်ဆင်ခြင်နေမိတာက

သနားစရာ အကောင်းဆုံး သတ္တ၀ါလေး ငါပါလား
(ကမ္ဘာကြီးမှာ ငါ့လောက်သနားစရာကောင်းတာ ငါပဲရှိတော့တယ်လို့ တွေးနေမိတယ်)

ကျမ်းမာရေး

အပျင်းရောဂါ စွဲကပ်နေတယ် ကုရာနတ္တ ဆေးမရှိ
(ပျင်းချက်ကတော့ မုန့်တောင် ထမစားဘူး ဘေးမှာ ပလုံစီထားတယ် ပုရွတ်ဆိတ်နဲ့ကိုယ်နဲ့ အဖော်စပ်စားတယ်)

ဖတ်ဖြစ်တဲ့ စာအုပ်တွေက

ဟင့်အင်းလို့ ငြင်းကြည့်စမ်းပါ တဲ့ ( အခုချိန်ထိတော့ ခေါင်းငြိမ့်ပြီး ဟုတ်ကဲ့ ဟုတ်ကဲ့ လိုက်နေတုန်း)

ရောက်နေဖြစ်တာက

Farm Town ( မိုးလင်းက မိုးချူပ် ၂၄ နာရီ လယ်စိုက်နေတယ် )

ရေးဖြစ်နေတာက

အလုပ်မလုပ်လို့ ပွမ်လာမယ့် အယ်ဒီတာ ကို အလီဘိုင်ပြနေတဲ့ အကြောင်းပြချက် ဆင်ခြေဆင်လက် ဆင်နားရွက် ဆင်မြီးတွေ

နားထောင်ဖြစ်တာက

ရောသမမွှေ အစုံပဲ ငိုချင်းတောင်ပါသေး

ရွတ်နေမိတဲ့ ကဗျာက

IF( ဘယ်ရယ်မဟုတ်ဘူး လူရှိန်အောင်ပါ)

ဖြစ်ချင်တာက

ဆရာကောင်

စားဖြစ်နေတာက

သူများပေးစာ ကမ်းစာ(စကော်လာ ရတာ ပြောပါတယ်)

သနားနေမိတာက

လောဘဇောကပ်နေတဲ့ ပူစီကိုကို ပူစီမမတွေကို (မြင်ရတာ စိတ်ကို မချမ်းသာဘူး ငြီးနေတာလည်း နားမချမ်းသာဘူး)

လွမ်းနေမိတာက

ထိုင်းဆန္ဒပြပွဲတွေ (သတင်းနေ့တိုင်း လုပ်ရလို့)

မေ့လျော့နေမိတာ

ဘယ်လို သတင်းပို့ရမလဲ (အစကို ပြန်ရှာမရဖြစ်နေတယ် စက်တွေလည်း အကုန်ဖုန်တက်နေပြီ)

ခါးသက်မိနေတာက

ဟန်ဆောင်ခြင်းတွေ

တမ်းတနေမိတာ

ထောင်ထဲက ရက်စွဲတွေ (အေးဆေးပဲ ရေမီးအပြည့်အစုံ တိုက်ခန်းနဲ့ ထမင်းချိန်လေးကို မှန်လို့ အပြင်မှာတော့ ရှာလိုက်ရတဲ့ အိမ်ဖိုး ရေဖိုး မီးဖိုး အင်တာနက်ဖိုး ထမင်းဖိုး)

ကြိတ်ပြီး ချီးကျူးနေမိတာက

အချုံ့အချဲ့ အပို့အကြို အပြုံး အဖြဲ စက္ကန့်ပိုင်း အမြန် သရုပ်ဆောင် နိုင်တဲ့ ဟန်ဆောင်ကောင်းတဲ့သူ
ရေလိုက်ငါးလိုက် သတ္တ၀ါတွေ

ကြိတ်ပြီး အထင်သေးမိတာက

ကိုယ့်ကိုကိုယ် ( သူများလို ကာလံဒေသံ မကြည့်ပဲ ဇွတ်တင်တတ်လွန်းလို့)

ဆန္ဒမရှိတဲ့နေရာ

လူက လူကို လူလို မဆက်ဆံတဲ့နေရာ

ဆန္ဒရှိနေတဲ့ ကိစ္စ

ဒီနေ့ ဘယ်သူ့ ဒုက္ခပေးရမလဲ


မုန်းတီးနေမိတာ

ကိုယ့်အကြောင်း မကောင်း ထီးချိုင်းကြားညှပ် ရွာလည် အတင်းတုတ် ချက်ပွားသူတွေ

ချစ်နေမိတာ

ကိုယ့်ကို ကောင်းကြောင်းလေးတွေပဲ တွေးပြီး ကိုယ့်စိတ်ကိုယ်ဖြေနေတဲ့ ကိုယ့်ချစ်သူလေးတွေ(ချစ်သူ=ချစ်သောသူများ အားလုံး)


စိတ်ပျက်နေမိတာ

ကုန်ဈေးနူန်း ( အဲ့တာတော့ တကယ် ထိုင်းမှာလဲ ဈေးကြီး ကိုယ့်ဘာသာ သုံးတာမလောက် မြန်မာပြည်မှာလည်း ဈေးကြီး ကိုယ့်ပို့တာ မိသားစုက မလောက် )

စွဲလမ်းနေမိတာ

ကင်မရာကြီးကြီးတစ်လုံး ( ရိုက်ချင်နေတယ် အသေ တွေ့သမျ မြင်သမျ)

လိုအပ်နေတာက

ကိုယ့်ဘေးနားက ကိုယ့်ချစ်သူ ( အလဲ့ ဒါလဲ လူရှိန်အောင်ပဲ)


တောင်းနေမိတဲ့ဆုက

ကိုယ့်အိမ် ကိုယ့်ယာ ကိုယ်နေရာလေးမှာ ကိုယ့်မိဘနဲ့ မောင်နှစ်မ နဲ့ မိသားစုနဲ့ အတူပြန်နေရပါကြောင်း ဆုတောင်းနေမိတယ်။ သူများနေရာမှာ နေရတာလောက် စိတ်မပြည့်စုံတာမရှိဘူး)

ထပ်တလဲလဲ အော်ဟစ်နေမိတာက

သေဟဲ့ နန္ဒိယ

ဝန်ခံချင်တာက

ကျွန်မရေးမိ အပြစ်ရှိပါတယ်။ဟဲဟဲ

ပြောချင်တာက

ပြီးပါပြီ






11 Comments:

ဗီလိန် said...

ရှဲ့ရှဲ့

ATN said...

ရွတ်နေမိတဲ့ ကဗျာက
IF( ဘယ်ရယ်မဟုတ်ဘူး လူရှိန်အောင်ပါ)

အဲဒါလေးတော့ ကြိုက်သဗျား...

ခုတလောဖတ်လိုက်ရတဲ့ ခုတလောတွေမှာ အတော်များများ တူနေတာရှိတယ်...
ပျင်းနေကြတာပြောပါတယ်....း)

ဆက်ပြောဖို့တောင် ပျင်းလာပြီ...
သည်မှာပဲ ရပ်လိုက်တော့မယ်...

ရေးပေးတာ ကျေးဇူး တူမကြီး....

kay said...

ဆုမွန်လေး ရုပ်ပြောင်လေးက..ချစ်စရာလေး..
း)

ကောင်းကင်ပြာ said...

ဆုမွန်ရဲ့ ခုတလောလေး လာဖတ်တယ်နော်

tututha said...

နောက်ဆုံးပိတ် ပြီးပါပြီ ဆိုတာကို အကြိုက်ဆုံးပဲ ဟဲဟဲ ငါ့ညီမ တော်တယ်

kiki said...

ဒီနေ့ ဘယ်သူ့ ဒုက္ခပေးရမလဲ

ခွိခွိ .. တွေ့ တဲ့သူ တွေ အကုန်လုံး သာဝေပေးလိုက်ပါတော့ ။။
ဒါမှ ကိုယ့်ဒုက္ခတွေ လျော့သွား မှာ လေ ...

ဆုမွန် ပုံလေးက ချစ်ချာလေးတော့ ။(ပုံဆွဲထားတာ ပိုချစ်ဖို့ ကောင်းတယ် ပြောတာ .. ဟဲ ဟဲ .. စိတ်ဆိုးလိုက် )

လင်းဒီပ said...

လယ်သူမကြီးရေးတဲ့ပိုစ့်ကို လူရှိန်အောင် လာဖတ်သွားပါတယ်...။

မယ့်ကိုး said...

မ ပုံလေးရော စာလေးရော ချစ်ဖို့ ကောင်းတယ်။ :)

Yu Ya said...

အစ်မဆုမွန်ရေ... စွဲလန်းနေမိတာချင်း တူသွားတယ်ဗျ။ ကျွန်တော်လည်း မြင်သမျှ တွေ့သမျှ ရိုက်နေတာနဲ့ မိုက်တီးရဲ့ ရိုက်ချက် ဖြစ်တော့မယ်နဲ့ တူတယ် အဟီး။

MieMie said...

ကယ်ရီကေးချား ပုံတွေဆို သိပ်ကြိုက်တယ်...
စိတ်ပျက်စရာကောင်းတဲ့ ကုန်ဈေးနှုန်းအကြောင်းတော့
မပြောချင်တော့ပါဘူး...ဒီမှာလည်း တက်နေတာ.. ဘာဝယ်ဝယ်ပေးနေရတဲ့ အခွန်ခတွေတောင် ဒီရက်ပိုင်း ထပ်တက်သွားသေး...အစိုးရကိုယ်တိုင်တောင်တက်နေတာ တခြားတော့ ပြောစရာမလို....

mie nge

JulyDream said...

လယ်စိုက်တာ ၂၄ နာရီဆိုတာတော့ လွန်လွန်းပါတယ်လေ။ တော်ကြာ ပိန်သွားအုံးမယ်နော်။ ကျန်းမာရေးလည်း ဂရုစိုက်ပါ။