မွေးနေ့ဆုတောင်း

ဒီနေ့ မွေးနေ့မှာ ကျွန်မ ရဲ့ တိုင်းပြည်လေး ကို အလည် လာပြီး မွေးနေ့ ဆုတောင်း ပေးသွားတဲ့ သူငယ်ချင်း တွေကို တကယ့်ကို ကျေးဇူးတင်ပါတယ်..

ကျွန်မမွေးနေ့မှာ အမှတ်တရ ချစ်သော ညီမငယ် မိုးကောင်းသူလေးက သူ့ရဲ့ဘလော့ခ်မှာ မွေးနေ့လက်ဆောင် ဟင်းလေး ချက်ကျွေး ထားပါတယ်ရှင် အလည် လာတဲ့သူငယ်ချင်းတွေ မိုးကောင်းသူလေးဆီမှာ မွေးနေ့အလှူ ထမင်း သွား စားလို့ရပါတယ်နော်..
ဒါကတော့ အာရ်အက်ဖ်အေ သတင်းထောက်အကျော်အမော် ကိုနေလင်းနဲ့ မဒမ်ဇာနည်မာန်ရဲ့ မွေးနေ့လက်ဆောင်လေးပါ


ကျွန်မရဲ့ မိတ်ဆွေကြီး ကိုဇော်ကြီးကလဲ အခုလို ကျွန်မအတွက် အမှတ်တရ ကဗျာလေး စပ်ပေးပါသတဲ့ရှင်

ကျွန်တော်သိတဲ့ မဆုမွန်

သူ့ရုပ်ရည်

မချောဘူး၊ မလှဘူး

ရုပ်မဆိုးဘူး၊ အကျည်းမတန်ဘူး

တည်တယ်၊ စကားပြောရင်ချစ်စရာကောင်းတယ်။


သူ့စိတ်ဓါတ်

မာတယ်၊ ခိုင်တယ်၊ ပြတ်တယ်

မတရားတဲ့ အမှုဆို

ခေါင်းငုံ့မခံဘူး

အပြောထက်လက်တွေ့ကို ပိုကြိုက်တယ်

ဒါပေမယ့်

ကက်ကက်လန်ရန်တွေ့တတ်သူတော့မဟုတ်။


သူ့သတ္တိ

အမှန်တရားအတွက်

ဘာမဆိုရင်ဆိုင်ရဲတယ်

ကိုယ်ကျိုးထက်

အများအကျိုး

ပိုဆောင်ရွက်ချင်တယ်။


သူ့ဝါသနာ

စူးစမ်းတယ်

လေ့လာတယ်

စွန့်စားလိုတယ်

လာမယ့်ဘေးပြေးတွေ့မယ်

ဒါပေမယ့်

အကောင်းအဆိုးကို ချင့်ချိန်တတ်တယ်။


သူ့မျက်နှာ

ဘ၀အတွက် မာနရှိပေမယ့်

မိတ်ဆွေတွေအတွက် မာနကင်းတယ်

မိတ်ဆွေနဲ့ သူငယ်ချင်းမတူသလို

သူငယ်ချင်းနဲ့ သူငယ်ချင်းကောင်းကို

သူ့အသိတရားနဲ့ ခွဲခြားတတ်သူ။


သူ့ဘ၀မှာ

ရောင့်ရဲတင်းတိမ်နိုင်တတ်သလို

ဘ၀ရဲ့အောင်မြင်မှုအတွက်

အမြဲကြိုးစားနေသူ။

ကဲ… အဲဒါ ကျနော်သိတဲ့… မဆုမွန်ပါပဲ။ ချစ်ညီမလေးအတွက် အမှတ်တရ မွေးနေ့ လက်ဆောင် ပါနော်၊ ကျေနပ်မယ် ထင်ပါတယ်။ ကိုယ် သိသလောက် ထဲက ထုတ်ပြလိုက်တာပါ။ မှားတာ လည်း ပါမယ်။ မှန်တာလည်း ပါမယ်။ ကျနော့် အမြင် မှားသွားရင် ခွင့်လွတ်ပါ။ အခု အသက် ဘယ်နနှစ် မြောက်လည်း မသိဘူးနော်။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ ပျော်ရွှင်တဲ့ မွေးနေ့ ဖြစ်ပါစေ။ ယနေ့မှစ၍ နေခွင့်ရှိတဲ့ အတိုင်းအတာ အထိ ကိုယ် စိတ် နှလုံး သုံးပါးလုံး ငြိမ်းချမ်း နိုင်ပါစေ လို့ ဆုမွန် တောင်း ပေးပါတယ်။


အစ်ကို ကိုလူထွေး ကလဲ သူသိတဲ့ မဆုမွန်ဆိုတာ ကဗျာစပ်ခဲ့ပါသေးတယ်
ကျနော်သိသော မဆုမွန်

သူ့ရဲ့မျက်မှန် မပါးဘူး
ထူတယ်...

သူ့ပါးနှစ်ဘက်မှာ
မည်းမည်ဝိုင်းဝိုင်းနားကျပ်
ဖိကပ်လို့ထားတုန်းက
ဂြိုလ်သားတယောက်လား မှားမိတယ်...

ဒီကြားထဲ
မိုက်ကရိုဖုန်းကို ပင့်မြှောက်
တွေ့တဲ့သူ ငေါက်ငေါက်ထိုးတာ
ကျနော့်မှာလေ လန့်မိတယ်...

(မဲဆောက်အမှိုက်ပုံနားက ကျောင်းသားကလေးတယောက်နေရာမှ ရေးဖွဲ့ခြင်းဖြစ်သည်။)


စိတ်မဆိုးနဲ့နော်...တဲ့ တကယ့်ကို ကျေးဇူးတင်ပါတယ် အစ်ကိုကိုလူထွေးရေ ဟိဟိ

အဖြူရောင်သံစဉ် ရေဒီယိုလိုင်းမှာ ကျွန်မအတွက် မွေးနေ့ဆုတောင်း ပေးတဲ့သူငယ်ချင်း အနယ်မလေးနဲ့ အဂျီးမလေးကိုလည်း အထူး ကျေးဇူးတင် ပါတယ်ရှင်..

လွတ်မြောက် နယ်မြေရောက် ကျွန်မရဲ့ သူငယ်ချင်းမောင်ငယ် စောကျော်ကျော်မင်းကလဲ ကျွန်မကို မွေးချိန် မနက် လေးနာရီတိတိမှာ စောင့်ပြီး အခုလို မွေးနေ့ဆုမွန်ဆုတောင်းပေးပါတယ်တဲ့ ရှင် ဟီး

မဆုမွန်၏၃၁ နှစ်ပြည့်မွေးနေ့မင်္ဂလာရက်မြတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် တိုင်းပြည်နှင့်လူမျိုးအကျိုးစီးပွားဖြစ်ထွန်းရာဖြစ်ထွန်းကြောင်းကို ဆထက်တပိုး တိုး၍ လုပ်ကိုင်ဆောင်ရွက်နိုင်ပါစေ။ (စောကျော်ကျော်မင်း)


ကျွန်မရဲ့ ချစ်လှစွာသော အစ်ကိုတော် ကလဲ မွေးနေ့လက်ဆောင် ကဗျာတိုလေးပေးပို့ပါတယ်

ချစ်ခင်လေးစားရပါသော ညီမတော်ခင်ဗျား ...ညီမတော်ရဲ့ (၃၁) နှစ်ပြည့် မွေးနေ့အတွက် မွေးနေ့လက်ဆောင် ပို့သလိုက်ပါတယ်။

ညီမတော်၏ (၃၁) နှစ်ပြည့် မွေးနေ့သို့ …

ဆု ထူးပန်ဆင်

မွန် မြတ်ရင်မှာ

အေး ရွှင်လန်းစေ နှစ်ကြာရှည်…။ ။

အစ်ကိုတော်
------------------------------------

ချစ်တဲ့ မိတ်ဆွေ ညီအစ်ကိုမောင်နှစ်မ သူငယ်ချင်းတွေကို အရမ်းကျေးဇူးတင်ပါတယ်ရှင်

14 Comments:

စည်သူ said...

အရင်ဆူံး လာပါတယ်..

စည်သူ said...

အေးပါ့ အမရာယ်..

အပေါ်က အကိုက ကဗျာလက်ဆောင်လေး ပေးသွားတော့ အမအကြောင်းကို သိသွားပါပြီး..

မွေးနေ့ ကဗျာလေး ကောင်းတယ်ဗျာ..

ကျွန်တော်တောင် ပျော်မိတယ်..

ဒီကနေပဲ ဆုတောင်းပေးလိုက်ပါတယ်အမ..

အများအကျိုး အတွက်လည်း ဆထက်တဘိုး သယ်ပိုးနိုင်ပါစေ...

ခင်မင်စွာဖြင့်
စည်သူ။

tg.nwai said...

မဆုမွန်ရေ..သုံးဆယ့်တစ်-လား.....
“တန်ဖိုးရှိစွာ ကျော်ဖြတ်လာခဲ့တဲ့ သုံးဆယ့်တစ် မှသည် နောင်နှစ်ပေါင်းများစွာတိုင် ချစ်သော အမိမြေမှာ ချစ်တဲ့သူတွေနဲ့အတူ ပျော်ရွှင်ချမ်းမြေ့ ဘ၀အဓိပ္ပာယ်ပြည့်ဝစွာ လျှောက်လှမ်းနိုင်ပါစေလို့.. တကယ့်ကို ချစ်ခင်လေးစားစွာနဲ့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်...။

ခင်မင်စွာဖြင့်-
tg

ငှက်ငယ်လေး said...

မမရေ ညလေးလာလည်တာနောက်ကျသွားတယ်

HAPPY BIRTHDAY !!!! ပါနော် မမ
မွေးနေ့ မှစ နှစ်ပေါင်းများစွာတိုင်ပျော်ရွှင်နိုင်ပါစေလို့း)

Anonymous said...

း) ပျော်ခဲ့တယ်ဆိုရင် သားတို့လည်း ၀ိုင်းပျော်ပေးပါတယ်ဗျာ..

ဧရာဝတီသား said...

မွေးနေ့ မှသည် ဘ၀ ခရီးလမ်း တလျှောက် ပျော်ရွှင်အောင်မြင်နိုင်ပါစေ သတည်း။ မမဆုမွန်ရဲ့ စာတွေ ဖတ်ဖြစ်နေတာ ကြာပါပြီ။ ဒီနေ့မှ အနော်ရဲ့ ဘလော့မှာ မမ အကြောင်းဖတ်ဖြစ်လို့ အရင်ကထက် လေးစားမိပါတယ်။ ကျွန်တော်တို့ အားလုံးမျှော်လင့်နေတဲ့ တစ်နေ့မှာ ငြိမ်းချမ်းသာယာတဲ့ နိုင်ငံလေး မှာ မမဆုမွန်တို့ မောင်နှမ တတွေပျော်ရွှင်စွာ ဆုံတွေ နိုင်ကြပါစေလို့ ထပ်ဆင့်ဆုတောင်းပေးပါတယ်။
လေးစားမှုဖြင့်

mysterysnow said...

မဆုမွန်ရေ
ပျော်စရာမွေးနေ့လေးများစွာကို ပိုင်ဆိုင်နိုင်ပါစေနော်...
ဘဝနဲ့ ဆန္ဒ တစ်ထပ်တည်းကျပါစေ....

နှင်း

ကိုလူထွေး said...

ကျနော်သိသော မဆုမွန်

သူ့ရဲ့မျက်မှန် မပါးဘူး
ထူတယ်...

သူ့ပါးနှစ်ဘက်မှာ
မည်းမည်ဝိုင်းဝိုင်းနားကျပ်
ဖိကပ်လို့ထားတုန်းက
ဂြိုလ်သားတယောက်လား မှားမိတယ်...

ဒီကြားထဲ
မိုက်ကရိုဖုန်းကို ပင့်မြှောက်
တွေ့တဲ့သူ ငေါက်ငေါက်ထိုးတာ
ကျနော့်မှာလေ လန့်မိတယ်...

(မဲဆောက်အမှိုက်ပုံနားက ကျောင်းသားကလေးတယောက်နေရာမှ ရေးဖွဲ့ခြင်းဖြစ်သည်။)


စိတ်မဆိုးနဲ့နော်...

းဝ)

yaewoori said...

holiday မို့ကြည့်လိုက်တော့ အမမွေးနေ့
post တွေ ဟိုမှာဒီမှာတွေ. ရတယ်
နောက်ကျနေပေမဲ့

လေးစားတဲ့အမမို့
ပျော်ရွှင်မှူတွေဆု မွန်မြတ်တဲ့အမ
မွေးနေ့မှ စအောင်မြင်မှူ့ အသစ်တွေ ဆက်တိုက်ရပါစေနော်

သီဟသစ် said...

မဆုမွန်ရေ

Happy Birthday ပါဗျာ
ဘ၀ တစ်လျောက်လုံး အောင်မြင်ပျော်ရွှင်စွာနဲ့ နိုင်ငံ့အကျိုး လောကအကျိုးသယ်ပိုးနိုင်ပါစေ


ခင်မင်စွာဖြင့်
သီဟသစ်

Younggun said...

မည်သို့ဆိုစေကာမူပေါ့ဗျာ ကျနော်တို့ ဘလော့ဂါရပ်ဝန်းက အစ်မဆုမွန်တစ်ယောက် လာမယ့်နှစ်သစ်မှာလည်း စိတ်သွားတိုင်းကိုယ်ပါလို့ လိုရာခရီးမှန်သမျှ ဖြူစင်ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ကဗျာလည်း မစပ်တတ်ပါဘူး။ ပန်းချီလည်း မဆွဲတတ်ဘူး။ ဟင်းလည်း မချက်တတ်ဘူး။ ဒီတော့ ဒီလောက်ပဲ ပြောတတ်တော့တယ် အဟီး။

JulyDream said...

ရင်ထဲမှာ အလွမ်းမိုးဖွဲတွေနဲ့ ကျင်းပသွားတဲ့ မွေးနေ့မင်္ဂလာလေး တစ်ခုပါ.....

ဟိုတစ်ယောက်ကို လွမ်းနေတယ်ဆိုတာ မလိမ်ကြေးပေါ့နော်။ အဟား...

ဂျစ်တူး ( မုံရွာ ) said...

နောက်ကျမှရောက်တဲ့ဧည့်သည်ပါ-သူများတွေနဲ့ မလျော့
သောချစ်ခင်ခြင်းများစွာနဲ့ မွေးနေ့ ဆုတောင်းပေးလိုက်ပါ
တယ်ခင်ဗျာ-ကျန်းမာခြင်းနဲ့ ပြည့်စုံပြီးတိုင်းပြည်တာဝန်ကို
ဒီထက်ပိုပြီးထမ်းဆောင်နိုင်သူ-သူတပါးကိုကူညီနိုင်သူဖြစ်
ပါစေလို့ ဆုတောင်းလိုက်ပါတယ်ခင်ဗျာ---ရင်ထဲကလာ
တဲ့ဆုတောင်းကလေးပါခင်ဗျာ-

chocothazin said...

အစ်မရေ နောက်ကျမှရောက်လာတယ်။
မွေးနေ့ မှာရော၊ မွေးနေ့ မတိုင်ခင်နေ့ တွေရော၊ မွေးနေ့ ကိုကျော်သွားတဲ့နေ့ တွေမှာရော ပျော်ရွှင်ပါစေ အစ်မရေ။