ခရီးမသွားခင်ကတည်းက သယ်သွားမယ့် ပစ္စည်းတွေကို ထုတ်လိုက် ပြန်စီလိုက် အကုန် ပြန်ထုတ်လိုက် ဟိုဟာထည့်လိုက် ဒီဟာထည့်လိုက် နောက် အကုန်ပြန်စီလိုက် ကျောပိုးအိတ်က မဆန့်တော့ ဇစ်က ဆွဲမရ ပစ္စည်းနည်းနည်းလျှော့ တစ်ခါ ပြန်စီကြည့် လိုတာတွေကများ ဟိုမော်လ်ပြေးဝယ်လိုက် ဒီမောလ်ပြေးဝယ်လိုက် ဟိုဟာကိုင်ကြည့်လိုက် ဒါလေးလိုမယ် ထင်လိုက် ၀ယ်လိုက် နောက်ဆုံး ကျောပိုးအိတ်လေးခဗျာ ဖတ်ဖတ်မောပြီး ကျန်ခဲ့တယ် အခုတော့ သူတစ်ကိုယ်လုံး ထောင်းထောင်းကျေနေပြီထင်ပါရဲ့ အခန်းထောင့်မှာ ငြိမ်ငြိမ်လေး ၀ပ်နေလေရဲ့။ နှစ်ညအိပ် သုံးရက်ခရီးလေးကို ရူတ်ယှက်ခတ်နေတဲ့ မဆုမွန် ခရီးသွား ပါပြီရှင် ..သူငယ်ချင်းတွေအတွက် မုန့်ဝယ်ခဲ့ပါမယ်နော်. တနင်္လာနေ့ပြန်ရောက်ပါမယ်ရှင်.
ဘိုင် ဘိုင်
Posted by မဆုမွန် at Friday, September 25, 2009 14 comments
Labels: ခရီးမှာပါ