Welcome " 2010"

မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား အားလုံး ၂၀၁၀ခုနှစ် မင်္ဂလာနှစ်သစ်မှသည် နောင်လာမယ့်ခေတ်အဆက်ဆက် မင်္ဂလာသတင်း မင်္ဂလာစကား ကောင်းသောသတင်း ကောင်းသောစကား တွေကိုပဲ ကြားကြရပါစေရှင်။

အာရ်အက်ဖ်အေသတင်းထောက် အစ်ကိုမိုးကျော်ပေးတဲ့နှစ်သစ်လက်ဆောင် ကဗျာလေးပါ

နှစ်သစ်နှုတ်ခွန်း

ခရဇ်နှစ်အကူး
ဘာမှ မထူးလှပေမယ့်
ခြိမ့်ခြိမ့်သဲ စားသောက်ပွဲတွေနဲ့
နှစ်သစ်ကိုကြိုဆိုကြ။
အဲဒီ တညတာရဲ့ အချိန်ပိုင်းက
နှစ်ဟောင်းကို ဖြတ်ချန်ခဲ့
ကျန်ခဲ့တဲ့ အတိတ်ဟောင်းက
ခါးသီးမှုတွေပါမလာအောင်
နှစ်သစ်ခမျာ
သေရည် ဖလားနဲ့ အဆေးခံနေရသတဲ့ ။ ။

နှစ်သစ်ကူးတိုင်း ဇရာက အချက်ပြ
ဘယ်သူတွေ ဘာပြောပြော
ပဒေသရာဇ်ခေတ်က ရှင်ဘုရင်တွေလို
ကိုယ့်ဘာသာ သက္ကရာဇ်ဖြိုချ
အသက်အရွယ်က
ဈေးကျသွားပါသလား။
ခုနှစ်က အသက်ကို နုတ်မရဘူး
အသက်ကို
အသက်ကပဲ နုတ်လို့ ရတာ။
သေတနေ့ မွေးတနေ့
ကိုယ့်ပြောစကားကိုယ်တောင်
နားမလည်ချင်ယောင်ဆောင်နေကြသတဲ့။ ။

ကဲ ခုတော့ ၂၀၁၀ နှစ်သစ်ရဲ့
စိန်ခေါ်ချက်တွေကို စဉ်စား
ဘာထလုပ်ရင် ပေါက်မလဲ
…. တလွဲ အလုပ်တွေကိုရှောင်
ပိုပိုမှောင်လာတဲ့ ညည့်နက်နက်ထဲ
ဘယ်သူတွေက ခေါင်းဆောင်လဲ
ပြည်သူအပေါင်း ဦးထောင်ပြီး
ခင်ဗျားတို့ထိုးစစ်နဲ့ အာဏာရှင်ကိုလှဲ
ဆင်းရဲခြင်းဖန်တီးသူရဲ့ အသဲကို
အဲဒီ နည်းနဲ့ပဲ ခွဲလိုက်ကြရအောင်ဗျာ။ ။



PKU – December 31, 2009

Read More...

ပျော်ရွှင်ငြိမ်းချမ်းကြပါစေ

Read More...

အန်တီ အမြန်ဆုံးအချူပ်အနှောင်က လွတ်မြောက်ပါစေ



လူအချင်းချင်း ချူပ်နှောင်ခြင်း ကင်းရှင်းကြပါစေ...

Read More...