ကိုးရက်သမီးလေး (၀ါ) ချစ်တူမလေး


တူမလေး
သမီးလေး...
ငါတို့ရဲ့ သမီးလေး
ကျွန်မတို့မိသားစုထဲက အစ်ကိုအကြီးဆုံးက မွေးတဲ့ သမီးလေးပြီးရင်
အခု ကလေးလေးက
ဒုတိယမြောက် ရင်သွေးလေး

ကျွန်မ အထက်က အငယ်ဆုံး အစ်ကိုက သမီးလေး မွေးတယ်ဆိုတဲ့ အသံကြားရုံမျှနှင့်ပင် ကြက်သီးမွှေးညှင်းဖြန်းဖြန်းထမိသည်။

စက်တင်ဘာ နှစ်ဆယ်ရက် တနင်္ဂနွေနေ့က မီးဖွားသန့်စင်ခဲ့သည်ဆိုလျှင်
ဒီနေ့ဆိုရင် သမီးလေး ကိုးရက်သမီးလေးဖြစ်သည်။

ငါတို့သွေး ငါတို့ရဲ့ရင်သွေးလေးဆိုတဲ့ အသိနဲ့ နှလုံးအစုံမှာ ပီတိဖုံးမိသည်။

ဒီကလေးကို ကျွန်မ မြင်ခွင့်ရချင်မှ ရမည် ဆုံခွင့်ရချင်လဲ ရမည်။ သို့သော် ကျွန်မ တူမလေးကို ကျွန်မ အလွန်အမင်းတွေ့ချင်စိတ်ဖြစ်မိပါသည်။

ကလေးလေး
ကျွန်မရဲ့တူမလေးကို အသံကြားရုံမျနှင့်ပင်
ကျွန်မရင်တွင်းက ချစ်ခြင်းမေတ္တာများသည် မိုးစက်ပေါက်များလို ကျွန်မရင်တွင်းကို အလွန်အမင်းအေးမြစေခဲ့ပါသည်။

သမီးလေးဆိုတဲ့ အသိနဲ့တင် ကျွန်မ မျက်နှာမှာ အပြုံးတွေ ဝေခဲ့ပါသည်။
ရင်တွင်းက ပီတိလိုင်းတွေကတော့ ဆိုဖွယ်ရာမရှိပါ။

ကလေးအလွန်ချစ်တတ်တဲ့ ကျွန်မ အစ်ကိုအငယ် သူ့ရဲ့ ရင်သွေးလေးကို ဘယ်လောက်ချစ်မည်ဆိုတာ မှန်းဆလို့ပင်ရနိုင်မယ် မထင်ပါ။

ကျွန်မတို့ကို သတင်းစကားပါးခဲ့တဲ့ မောင်လေးအငယ်ဆုံးရဲ့ စကားလုံးတွေမှာပင် သူရဲ့တူမငယ်လေးအပေါ် ချစ်ခြင်းတွေ ထုံမွှမ်းနေတယ်လို့ ကျွန်မကို ထပ်ဆင့်သတင်းစကားပါးခဲ့တဲ့ ညီမငယ်လေးရဲ့ အပြုံးစတွေက သက်သေပြနေပါတယ်။

ညီမငယ်လေးရဲ့ မျက်လုံးအစုံဟာလည်း တူမငယ်လေးအပေါ် ချစ်ခြင်းမေတ္တာတွေ ဖိတ်ဖိတ်တောက်နေတာ မြင်ရနိုင်ပါသည်။

သူ့ဆီက သိလိုက်ချိန်အတွင်းမှာပဲ ကျွန်မရင်ထဲက တူမလေးအပေါ် ချစ်ခြင်းမေတ္တာတွေ မြင်တွေ့လိုစိတ်တွေ တဖွားဖွားပေါ်ပေါက်လာခဲ့ပါသည်။ နှစ်ယောက်သား အကြောင်းမဲ့ ရယ်မိတယ် စကားသံတွေ ခေတ္တတိတ်ဆိတ်သည်။ နောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးမိသည်။ နောက် ရေရွတ်မိသည်က သမီးလေး..သမီးလေး သမီးလေးတဲ့။

အသားတွေက အရမ်းနူးညံ့လို့ ကိုင်လိုက်တာ နဲ့ တုန်သွားလို့ အိတုန်လို့ နံမည်ပေးထားတဲ့ဆိုတဲ့ တူမလေးအကြောင်း စဉ်းစားရတာကိုက ရင်ထဲ အလွန်ချမ်းမြေ့မိသည်။ အခု ကျွန်မ တူမလေးအတွက် နံမည်စဉ်းစားနေသည်။

တနင်္ဂနွေသား အစ်ကို အောင်အောင်ရဲ့ သမီးဦးလေး တနင်္ဂနွေသမီးလေးဖြစ်တဲ့ သမီးလေးအတွက် အေးမြခြင်းနမိတ်ပုံရိပ်အဖြစ် အေးမြအောင်လို့ပေးရင်ကောင်းမလား အေးချမ်းအောင်လို့ပေးရင်ကောင်းမလား အေးချမ်းမေဆိုရင်ရော အာ မဖြစ်သေးပါဘူး စသဖြင့် စဉ်းစားနေရင်း အကြိမ်ကြိမ်ပြုံးမိသည်။ တစ်ခါက ဘလော့ခ်ကာတွေ နံမည်ဝိုင်းရွေးပေးလို့ နံမည်လှလှလေးရသွားတဲ့ အဂ္ဂဘုန်းလေးကို ပြေးသတိရမိသည်။ ကျွန်မတူမလေး အတွက်လည်း နံမည်လေးတွေ ၀ိုင်းစဉ်းစားပေးစေချင်ပါသည်။

ကျွန်မတို့ရဲ့ တူမငယ်လေးကို လွန်ခဲ့တဲ့ စက်တင်ဘာလ ၂၀ရက်နေ့ ၂၀၀၉ခုနှစ် တနင်္ဂနွေနေ့မှာ လူ့လောကထဲကို ရောက်ခဲ့တဲ့ အေးချမ်းခြင်းနိမိတ်ပုံဆောင်တဲ့ သမီးငယ်လေး အဖိုးအဖွား မိဘနှစ်ပါး ဦးလေး အဒေါ်တွေရဲ့ ပို့သတဲ့ မေတ္တာနဲ့ ဘ၀တလျောက်လုံး ကောင်းခြင်းမင်္ဂလာများကို ဆောင်ကျဉ်းနိုင်တဲ့ အမျိုးကောင်းသမီးလေးဖြစ်ပါစေလို့ ကျွန်မ ဆုတောင်းလိုက်ပါသည်။

Read More...