ဓမ္မာစကြာ အခါတော်နေ့ ၀ါဆိုလပြည့်နေ့

ဒီအချိန်ဆို မြန်မာပြည်မှာ ၀ါဆိုမိုးပြေးလေးနဲ့အတူ မွှေးကြိုင်လန်းဆန်း လှပလွန်းတဲ့ အရောင်အသွေးစုံ တောပန်းလေးတွေကို တောတန်းလေးတွေထဲမှာ ကျေးလက်လုံမေပျိုတစ်သိုက် ၀ါဆိုပန်းခူး ထွက်နေကြ တော့မယ်။ မြို့ရော တောပါမကျန် ဘုရားကျောင်းကန် စေတီပုထိုးနဲ့ ဘုန်းကြီးကျောင်းတွေမှာ အလှူရှင့် အလှူ့အစ်မ တွေ ၀ါဆိုသင်္ကန်းအလှူပွဲတွေ ရေစက်သွန်းချပြီး ခြိမ့်ခြိမ့်သဲ ကျင်းပနေကြလောက်ရောပေါ့။ ဘုရားသားတော် ရဟန်းတွေ ကလဲ ၀ါဆိုကာလ သုံးလအတွက် ဒကာ ဒကာမတွေ ကပ်လှူလာတဲ့ ၀ါဆိုသင်္ကန်းတွေ စေတနာ ကြည်ဖြူ အလှူလက်ခံယူပြီး ဓမ္မစကြာ တရားတော်တွေ ရွတ်ဖတ်သရစ္ဇျာန်ပွားများ နေကြတဲ့ ကုသိုလ်ထုံမွှမ်းနေတဲ့ ကြည်နူးစရာ အချိန်ကာလ သမယဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်သည် ဗုဒ္ဓ ဘုရား အဖြစ်သို့ ရောက်တော်မူပြီးနောက်ဗာရာဏသီပြည် မိဂဒါ ၀ုန်တော မှာ ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ စတဲ့ ပဉ္စ၀ဂ္ဂီ ငါးပါးအား ပထမဆုံး တရားဦးဖြစ်တဲ့ ဓမ္မစက္ကပ၀တ္တန သုတ်တော်မြတ်ကို ဟောကြားတော်မူ ခဲ့တဲ့နေ့ဟာ ၀ါဆိုလပြည့်နေ့ဖြစ်ပါတယ်။

သာသနာတော်နှစ် (၂၅၅၃)ခုနှစ်၊ ကောဇာသက္ကရာဇ် (၁၃၇၁)ခုနှစ်၊ ၀ါဆိုလပြည့်နေ့၊ ခရစ်နှစ် ၂၀၀၉ခုနှစ် ဇူလိုင်လ ၆ရက်နေ့ ဒီနေ့တနင်္လာနေ့မှာ ကျရောက်တဲ့ ၀ါဆိုလပြည့်နေ့ ဟာ မြတ်စွာဘုရားရှင် ဓမ္မစကြာ တရားဦး ဟောကြားသောနေ့၊ ဘုရားလောင်း သန္ဓေယူ သောနေ့၊ ဘုရားလောင်း တောထွက်တဲ့နေ့ စသဖြင့် နေ့ထူးနေ့မြတ် တွေ ပေါင်းဆုံတဲ့ မင်္ဂလာအခါသမယ ဖြစ်ပါတယ်။ “သန္ဓေ၊ တောထွက်၊ ဓမ္မစက် ဟောမြွက်သံချို လ၀ါဆို” လို့လည်း ဖွဲ့ဆိုခဲ့ကြပါတယ်။

ဒီနေ့ရက်မြတ်ဝါဆို ဓမ္မစကြာ အခါတော်နေ့ လပြည့်နေ့မှာ မြန်မာပြည်ရဲ့ ကျက်သရေမင်္ဂလာရှိလှတဲ့ တန်ခိုးကြီး ဘုရားစေတီတော်တွေကို ဖူးမျှော်ရင်း ကုသိုလ်ယူသွားကြပါလားရှင်။
မဟာမြတ်မုနိရုပ်ပွားတော်မြတ်(မန္တလေး)
ကမ္ဘာ့အံဖွယ် ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော် (မွန်ပြည်နယ် ကျိုက်ထိုမြို့)
လေးဆူ့ဓာတ်ပုံ ရွှေတိဂုံစေတီတော်(ရန်ကုန်)
ဗူးဘုရား (ပုံဂံ)သံဗုဒ္ဓေစေတီတော်(မုံရွာ)ဖောင်တော်ဦးစေတီ(ရှမ်းပြည်နယ် အင်းလေး )
ကောင်းမူတော်ဘုရား(စစ်ကိုင်း)
ဆူးလေစေတီတော်(ရန်ကုန်)
ရေလယ် ကျောက်တန်းက ကျိုက်မှော်ဝန်းစေတီတော် (သန်လျင်)
ဝါဆိုမိုးဖွေးနဲ့အတူ မြန်မာပြည်သူပြည်သားအပေါင်း အေးချမ်းခြင်း နမိတ်ပုံဆောင်ပြီး စိတ်ချမ်းသာခြင်း ကိုယ်ချမ်းသာခြင်းများစွာနဲ့ ငြိမ်းချမ်းသာယာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။

Read More...