ရှင်သန်ခြင်း တစ်ခန်းရပ်ပြဇာတ်

ငါမသိသေးဘူး
ဒီလိုနဲ့ ပဲ တို့ တွေမိုးလင်းပြီးတော့ မိုးချုပ်တော့မှာလား
နိုးထချင်းတွေဟာလဲ တဖန်အိပ်စက်ဖို့ အတွက် သပ်သပ်ပဲလား
ရှင်သန်ဖို့ အတွက်တဲ့
စားသုံးခြင်းတွေကရော ခွန်အားတွေကိုဖြစ်စေရဲ့ လား
အသက်ရူဖို့ လေကိုသွင်းရူလိုက်ချိန်တွေရဲ့ တဆက်တည်းမှာ ပြန်မူတ်ထုတ်လိုက်ရတဲ့ သက်ပြင်းမောတွေက
တစ်ယောက်အသက်ရှင်ဖို့ တစ်ယောက်ကသေပေးနေရသလိုပါပဲလား

ငါမသိသေးဘူး
တကယ်ပဲ ဘယ်သူမှမရှိရင် ဖြစ်နိုင်ပြီလား

တွေးကြည့်စမ်းပါ
ဘယ်သူမှမပါတဲ့ ဘ၀တစ်ခုကို တကယ်ပဲနေရဲပြီလား
ရပ်ချင်လို့ ရုန်းလွန်းလို့ အမေလွှတ်ပေးလိုက်တော့ ငိုမဲ့မဲ့နဲ့ လည်ပြန်ကြည့်နေတဲ့ကလေးငယ်လေးဟာ
ငါ့ငယ်ဘ၀ပြရုပ်သပ်သပ်မှဟုတ်ရဲ့လား။။

ငါမသိသေးဘူး
နေခဲ့ဘူးပါတယ်(နေခဲ့ဖူးပါတယ်)
တကယ်ကို စားစရာခွက်မရှိပဲနဲ့တောင် နေရဲခဲ့ဖူးသေးတာပဲလေ။။
ေ၀၀ါးနေတာတစ်ခုပဲ


အဲ့အချိန်တွေမှာ တကယ်နေရဲခဲ့တာလား
နေကိုနေရမှာမို့ နေခဲ့ရတာလား။။

ငါမသိဘူး
ရေခြားမြေခြား အားလုံးနဲ့ အဝေးမှာလဲ
အိပ်ချိန်လေးတစ်ခုပဲနေနိုင်တဲ့ အခန်းကျဉ်းလေးရဲ့ ပူလောင်မူတွေထဲမှာလဲ တစ်ယောက်တည်းပဲ ကုတ်ပြီးနေနိုင်ခဲ့သေးတာပဲ

အမြဲလိုလိုပါပဲ တစ်ယောက်တည်းနေခဲ့ဖူးတယ်လေ
နေရဲတာပေါ့ လို့ ပြုံးစစပြောမိတိုင်း

ရင်ထဲကို ငါ့ကျိန်းသေမူတွေအတင်းဆွဲထည့်နေမိသေးတယ်

ငါမသိသေးဘူး
သေတဲ့နေ့ မှာ ထားရစ်ခဲ့ရမှာကို သိနေရဲ့ နဲ့ 
ပူလောင်လွန်းတဲ့ နွေနေ့ ရက်တွေကို ဘာကြောင့် ခုံမင်တွယ်တာနေသလဲ
တက်မက်စိတ်လား တွယ်တာစိတ်လား။။
မေတာလား သံယောဇဉ်နှောင်ရစ်ပတ်မူတွေလား
အတွယ်ခံခဲ့တာလား ကိုယ်က တွယ်ခဲ့မိတာလား။။

ငါမသိသေးဘူး
ငါ့စိတ်နဲ့ ငါ့ကိုယ်တောင် ငါကိုယ်တိုင်ဝေခွဲမရတော့
ထားခဲ့တော့လို့ ပြောလိုက်ရမလား။။
ထားခဲ့မယ်လို့ ပြောရဲပြီလား။။

ငါမသိသေးဘူး
တကယ်ပဲနာကျင်တာလား နာကျင်မူတွေမှာပဲ ပျော်ဝင်နေမိတာလား

နာကျည်းမူတွေကို ဗန်းပြရင်း
ဘုရားလောင်းဇာတ်ထုတ်တွေပဲ ခင်းနေမိတယ်
လောကပါလ တရားနဲ့ ညီရဲ့လား။။

လူမိုက်တွေကို ဝေးဝေးရှောင်သင့်တယ်တဲ့
မင်္ဂလာတရားတော်နဲ့ အညီကျင့်ကြံချင်တဲ့
ငါကိုယ်တိုင်ကတော့ ခုထိမှန်ရှေ့ က မခွာမိသေးဘူး။။

ငါမသိသေးဘူး
ငါ့ကို အားကိုးမူတွေရဲ့ အလယ်မှာ
ငါကိုယ်တိုင်က အားကိုးမဲ့နေတယ်လို့ ပြောရဲရဲ့ လား။။
အားကိုးသူတွေကို အားကိုးစမ်းပါလို့ ပြောထွက်ရဲလား။။

ငါမသိသေးဘူး
ဝမ်းနည်းသူရဲ့ မျက်ရည်ကို ငါ့လက်တစ်ဖက်နဲ့ အားပေးသုတ်ပေးနေရင်းက
ကျန်လက်တစ်ဖက်နဲ့  ငါ့ရင်ဘတ်ထဲက သွေးစိမ်းတွေရှင်ရှင်တွေ အံမကျအောင် ဖိပိတ်ထားနိုင်သေးရဲ့ လား။။

ဟေး တစ်ခုခုတော့ မင်းပြောရတော့မယ်
ဒါအဆုံးအဖြတ်တဲ့ 
နေမလား သေမလား
ရွေး
မေး မေးနေတဲ့ မေးခွန်းတွေ}ကားထဲမှာ လေလွင့်နေတဲ့အချိန်ကိုကနှစ်သုံးဆယ်တောင်ရှိသွားပြီ။

ငါမသိသေးဘူး
အခုချိန်အထိ မရေရာသေးတာတစ်ခုပဲ
ဘယ်အချိန် ငါ့ရှင်သန်ခြင်းတွေ တခန်းရပ်မယ်ဆိုတာကို ။။

1 Comment:

ဂျေဂျူဝိုင် said...

လူမိုက်တွေကို ဝေးဝေးရှောင်သင့်တယ်တဲ့
မင်္ဂလာတရားတော်နဲ့ အညီကျင့်ကြံချင်တဲ့
ငါကိုယ်တိုင်ကတော့ ခုထိမှန်ရှေ့ က မခွာမိသေးဘူး။။


အဲဗျာ