သူတပါးကိုမတော်တဆပြုမူမိလိုက်ရုံ။ ထိမိလိုက်ရုံလေးနဲ့တောင် ကန်တော့။ ကန်တော့။ မတော်လို့ပါနော်လို့ တောင်းပန်စကားပြောဖို့ အမြဲ အဆင်သင့်ဖြစ်နေတတ်တာ မြန်မာလူမျိုးတို့ရဲ့ချစ်စရာ ဓလေ့ထုံးတမ်း တခုဖြစ်တယ် လို့ မိတ်ဆွေနိင်ငံခြားသားတဦး မှတ်ချက်ချတာ ကြားဖူးပါတယ်။။
တကယ်တော့ တောင်းပန်တယ်ဆိုတဲ့ စကားလုံးဟာ ကိုယ်ရဲ့အပြုအမူ။အပြောအဆို။လုပ်ရပ်တစ်ခုဟာ သူတပါးအပေါ် ဆိုးကျိုးတစုံတရာ။ ထိခိုက်သက်ရောက်သွားရင် ကိုယ့်လုပ်ရပ်ဟာ အမှားအယွင်းဖြစ်သွားရင် သုံးကိုသုံးသင့်တဲ့ စကားလုံးပါ။။ ဒါပေမဲ့ ကိုယ်ကိုလာထိခိုက်စော်ကားတာကိုပဲ ပြန်တောင်းပန်ခဲ့ရတဲ့ အဖြစ်မျိုးကြုံခဲ့ဖူးပါတယ်။။
“သူတို့ကတောင်းပန်မှကျေနပ်မယ်တဲ့ ဂျာနယ်ထဲမှာတောင်းပန်ရင်တောင်းပန်။မတောင်းပန်ချင်ရင် ရေးထားတဲ့အဲဒိသတင်းထောက်ကိုယ်တိုင်လာတောင်းပန်ခိုင်းပါတဲ့။။”
ခုံပေါ်မှာမလူပ်မယှက်ထိုင်နားထောင်နေရင်းက ဆူဝေတက်လာတဲ့ ဒေါသသွေးတွေက မျက်နှာတပြင်လုံးကို ပူရှိန်းတက်လာစေပါတယ်။။ အေးစက်စက်မျက်နှာသေနဲ့ပြောနေတဲ့ တာဝန်ခံအယ်ဒီတာကို စိုက်ကြည့်ရင်းက ငါဘာမှားခဲ့မိလို့လဲ ဆိုတဲ့မေးခွန်းကိုပဲ အကြိမ်အကြိမ် ပြန်တွေးနေရင်းက စေးကပ်နေတဲ့ နုတ်ခမ်းက ရုတ်တရက်ဖွင့်မရ။။ အံကိုတင်းတင်းကြိတ်ရင်းက ပြောမဲ့စကားအစရှာမရသေး။။
“အေး ငါတော့ ဖုန်းထဲက တောင်းပန်ပြီးပြီ။။သူတို့ကညည်းကိုယ်တိုင် လာတောင်းပန်တာပဲ ကြားချင်တယ်တဲ့”။။
သူ့ရဲ့စကားသံအဆုံးမှာတော့ ဘယ်လိုမှဆက်ပြီးသီးခံလို့မရတော့ပါဘူး။။
“ဘာမှားလို့လဲ။ ကျွန်မရေးတဲ့သတင်းက သူတို့ကိုတိုက်ရိုက် ဘာထိခိုက်စရာပါလဲ။ ဘာအတွက်တောင်းပန်ရမှာလဲ။။”
ကျွန်မရဲ့အသံကပေါက်ကွဲထွက်သွားတဲ့ ဒိုင်းနမိုက်သံလို နည်းနည်းတော့ 
ရိုင်းကောင်းရိုင်းသွားနိင်ပါတယ်။ ရုတ်တရတ် တော့ သူကြောင်သွားတယ်။
လန့်သွားပုံလဲရတယ်။ တစ်ဆက်တည်း သူ့ မျက်နှာကိုစေ့စေ့ကြည့်ပြီး
“ခင်ဗျားကတော့ လွယ်လွယ်နဲ့တောင်းပန်စကားပြောထွက်ရဲပေမဲ့
ကျွန်မဖက်ကတော့ ကျွန်မမမှားတဲ့အတွက် ဘာအတွက်နဲ့မှတောင်းပန်စရာမလိုဘူး။။”
ခတ်ပြတ်ပြတ်ပြောပြီးလှည့်အထွက်
“အေး ညည်းသိထားဖို့က အဲ့ဒိအလုပ်က အဖိုးကြီးမြေး ရှယ်ယာပါထားတာ။။ သူတို့မကျေနပ်ရင် ဂျာနယ်အချိန်မရွေးပြုတ်သွားနိင်တယ်ဆိုတာ ထည့်စဉ်းစားဦး။။”
နောက်ပါးကကပ်ပါလာတဲ့ စကားသံအဆုံးမှာတော့ကျွန်မတကိုယ်လုံးအေးစက်တောင့်တင်းသွားပါတယ်။။
တကယ်တော့ဒီအဖြစ်အပျက်ကရှင်းရှင်းလေးပါ။ အပွင့်လင်းဆုံးဝန်ခံရရင် စစ်အစိုးရရဲ့ အရာရာ ထိန်းချုပ်မူအောက်မှာ သတင်းလိုက်ရတဲ့ ကျွန်မတို့သတင်းထောက်တွေအဖို့ မြင်လေရာတွေ့လေရာ သတင်းဖြစ်ပေမဲ့ ရင်နာနာနဲ့ ကြည့်လိုက်ရတာမျိုးတွေ ရှိခဲ့တယ်။။
ကျွန်မတို့ သွေးအပျက်ဆုံ့းအချိန်ကတော့ စိစစ်ရေးကမူကြမ်း ပြန်ကျလာချိန်ပေါ့။။
တခါတလေများဆို မှင်နီတွေရဲရဲတောက်ပြန်ပါလာတာမြင်ရင် နောက်ဆက်တွဲပြန်တင်နိင်ဖို့ အပြေးအလွား လူပ်ရှားကြရပြန်ပါတယ်။။ တခါ အများပြည်သူတွေနဲ့ဆိုင်တဲ့ သတင်းကို ပြည်သူတွေကြားမှာ မေးခွင့်ရပေမဲ့ ရေးခွင့် ဖော်ပြခွင့်မရခဲ့တဲ့အခါ ခံစားရတဲ့ ဝေဒနာ။ နိင်ငံတကာနဲ့ ပြည်တွင်းက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ လူမူရေး။ပညာရေး။လူပ်ရှားမူတွေကို ရေးခွင့်မပေးခဲ့တာတွေလဲ တခါတလေမှာ ထူးပြီင်္းမခံစားချင်တော့တာလဲအမှန်ပါ။။အဲ့ဒီ့အထဲမှာမှ ၀င်ရထွက်ရအခက်ခဲဆုံး အမေးမြန်းရအခက်ခဲဆုံးကတော့ အစိုးရရုံးတွေပါပဲ။။
ပေးသတင်းတွေကိုသာပေးလေ့ရှိပြီး လိုက်သတင်းတွေကိုအတည်မပြုပေးချင်တဲ့ ဌါနဆိုင်ရာရုံးတွေမှာ သွားရတဲ့အခါ ဘောလီဘောပုတ်သလို တနေရာပြီးတနေရာ မေးမြန်းစုံစမ်းရတာ အသက်ထွက်မတတ်ပါပဲ။။
အ၀င်တခါ အထွက်တခါ စစ်ဆေးခံရတာကတမျိုး ၀င်ခွင့်လက်မှတ်တိုးရတာကတဖုံ ချိန်းပြီးရောက်လာကာမှ အရေးပေါ်အစည်းအဝေးတွေရဲ့ အနျွှရာယ်တွေ ကြုံလာရဖန်များလာတော့ လက်ရှောင်မိတာပဲများတယ်။။
ကြမာငင်ချင်တော့ ဒီသတင်းကို လွယ်လွယ်ကူကူပဲရခဲ့တယ်။။ ဒါကလဲ သူတို့ရဲ့ ပြရုပ်ဖြစ်စေတဲ့ သတင်းဖြစ်နေလို့ပါ။။
ရန်ကုန်မြို့လည်ခေါင် လူစည်ကားရာအရပ် ဆေးရုံ ကျောင်း လေဆိပ်သွားရာလမ်း စသဖြင့် လူမြင်ကွင်းနေရာတွေမှာ ဆေးလိပ် အရက်ကြော်ငြာ ဆိုင်းဘုတ်ကြီးတွေကို လက်ရှိစာချုပ်သက်တမ်းကနေ ထပ်မတိုးပေးတော့ကြောင်းသတင်းပါ။။ ကျွန်မသွားမေးခဲ့တာက ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ ကြော်ငြာဌာနစိတ်တာဝန်ခံ ဗိုလ်တဦးနဲ့ပါ။။
ဒီသတင်းမှန်သလား။။ ဆိုင်းဘုတ်သက်တမ်း ဘယ်လောက်ထိရှိနေဦးမှာလဲ။။ ချက်ချင်းဖြုတ်ချခိုင်းမှာလား။။ ဘာတွေနဲ့အစားထိုးမှာလဲ။ စသဖြင့်မေးခွန်းတွေကို လိုလိုလားလားဖြေကြားပေးခဲ့တယ်။။ ရုံးအမိန့်ကြော်ငြာစာအမှတ်ကိုပါ မိတျွှူဆွဲပေးလိုက်ပါသေးတယ်။။သတင်းဓာတ်ပုံအနေနဲ့ ရိုက်ခွင့်ပြုတဲ့ နုတ်ခွင့်ပါတောင်းခဲ့ပါသေးတယ်..
အပြန်မှာ ဗိုလ်ချုပ်ဈေးနား မီးရထားဟိုတယ်ရှေ့က မြင်းလှည်းလေးနဲ့ စီးကရက်ကြော်ငြာဆိုင်ုးဘုတ်လေးကို မျက်စိကျပြီးရိုက်ခဲ့မိတယ်။။ ဆိုင်းဘုတ်အောက်ခြေနားမှာ ကြော်ငြာကုပဏီအမည်စာတမ်းလေးကို ဖတ်မိလိုက်သေးတယ်။။
ကျွန်မသတင်းဟာ အပတ်စဉ်ထွက်နေကျ စာစောင်ရဲ့ ကျောဖက်စာမျက်နှာ၂ မှာပါခဲ့တယ်။။
သတင်းခေါင်းစဉ်ကို အစိုးရအမိန့်နဲ့မကြာမီဖြုတ်သိမ်းခံရတော့မည့် ဆေးလိပ်ကြော်ငြာများ အဲ့ဒိလို ခေါင်းစဉ်ဆန်ဆန် ပေးခဲ့မိပါတယ်။။
ဂျာနယ်ထွက်ပြီးနောက်နေ့မှာပဲ ကျွန်မတို့ရဲ့ တိုက်ကိုအဲ့ဒိ့ကြော်ငြာကုပဏီက ဖုန်းဆက်ပြီး ကြိမ်းမောင်း ပြောဆိုတော့တာပါပဲ။။ ကျွန်မရိုက်ခဲ့တဲ့ဓာတ်ပုံမှာ သူတို့ကြော်ငြာကုပဏီ တံဆိပ်ပါတဲ့အတွက် မကျေနပ်ကြောင်း။။ အဲ့ဒီ့သတင်းကြောင့် သူတို့စီးပွားရေးထိခိုက်နိင်တယ် သူတို့ရဲ့ခွင့်ပြုချက်မရပဲ ဆိုင်းဘုတ်ဓာတ်ပုံသုံးတယ်ဆိုပြီး တရားစွဲလို့ရကြောင်းစသဖြင့် အမျီုးစုံအောင်ခြိမ်းခြောက်ပြောဆိုသွားတာပဲ ဖြစ်ပါတယ်။။
တကယ်ဆို ကျွန်မကိုယ်တိုင် အဲ့ဒီဆေးလိပ်ကြော်ငြာတွေကိုကြည့်မရပဲ မျက်စိစပါးမွေးစူးနေတာကြာပါပြီ။။
ကော့ကော်ကန်ကား မိန်းမပျိုလေးတွေနဲ့ အရက်ပုလင်းတွေ။ဆေးလိပ်ကိုစတိုင် အမျိုးမျိုးထုတ်ပြီးသောက်ပြ ရူပြလုပ်နေတာတွေကို အရယ်မရောက်သေးတဲ့ကလေးတွေ။ဘုန်းကြီးရဟန်းတွေရှေ့မှာ အမြင်မကောင်းအောင် လုပ်နေ ကြတာကြာပြီပဲ။။
သတင်းထောက်ဆိုတာ ဘက်လိုက်မူကင်းရမယ်။။ ခံစားချက်မထည့်ရဘူးဆိုပေမဲ့ မြန်မာနိင်ငံလိုနေရာမှာတော့ ပြည်သူတွေဖက်ကို နည်းနည်းလောက်လေး ကောင်းနိင်မယ်ဆိုရင် စိစစ်ရေးလွတ်နိင်အောင်ရေးပြ ပြောပြပေးကြတယ်။ အဲ့ဒီသတင်းထဲမှာပဲ ထင်မြင်သုံးသပ်ချက်ပေးဖို့ ဆရာဝန်တယောက်ကိုမေးခဲ့တာ မင်နီမိပြီးပြုတ်တယ်။ သူပြောခဲ့တာက ဒါမျိုးလုပ်သင့်တာကြာပြီ။။ ဒိလိုကြော်ငြာဆိုင်းဘုတ်တွေဖြုတ်ရုံတင်မကပဲ လူထူထပ်ရာနေရာတွေမှာ ဆေးလိပ်ကင်းမဲ့ဇုန်လုပ်သင့်တယ် စသဖြင့် ဝေဖန်ထောက်ပြခဲ့လို့ပါပဲ။။
သတင်းကို အပြန်အလှန်ဖတ်နေတဲ့ အယ်ဒီတာချူပ်ရှေ့မှာ မတ်မတ်ရပ်နေရင်းက “သမီးဘယ်လိုသဘောရလဲ ဆရာကတော့ ဂျာနယ်ထဲကမတောင်းပန်နိင်ဘူး။။ သတင်းကလဲမမှားဘူး။။ ဓာတ်ပုံထဲကပုံစာအရဆိုလဲ သူတို့ကို တစုံတရာဆိုးကျိုးသက်ရောက်မူဖြစ်စရာ စကားလုံးလဲမပါဘူး။။ ဒါပေမယ့်းးးးးးးး သမီးအမြင်က”
အယ်ဒီတာချူပ်ကို ခပ်စူးစူးစိုက်ကြည့်ရင်းက ၀မ်းနည်းစိတ်ဝင်လာတယ်။။
“ဆရာသိလား အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင်တွေ ကုမဏီပိုင်ရှင်တွေရဲ့လက်သုံးစကားက ပုဂလိကဂျာနယ်တွေကို အချိန်မရွေးပြုတ်သွားအောင် လုပ်ပစ်လို့ရတယ်။။စာပေစိစစ်ရေးသွားတိုင်လိုက်ရုံပဲ။။
အဲ့ဒါသူတို့အသေကြောက်တယ် စသဖြင့် မခန့်လေးစား စော်ကားပေါင်းတွေများနေပြီ။။ စာနယ်ဇင်းတွေကိုဆိုရင် စီးပွားရေးလုပ်ငန်းမှာ။အရောင်းမြှင့်တင်ရေးပွဲမှာ။တံစီုးလက်ဆောင်ပေးပြီး ကြော်ငြာရေးခိုင်းတာမျိုးမှာပဲ သုံးမယ်ဆိုပြီး ကျန်မတို့ကို တန်ဖိုးထားလေးစားတာမရှိဘူး။။”အခုလဲ ကျမအနေနဲ့ တောင်းပန်ရတယ်ဆိုတာ သတင်းသမားတွေအားလုံးရဲ့ သိကာနဲ့ဆိုင်တယ်။။ သူတို့စိတ်ထဲမှာ ငါတို့နည်းနည်းခြောက်လိုက်တာန လာဒူးထောက်တာပဲလို့မမြင်စေချင်ဘူး။။ ကျမမှားရင်မှားမယ်။။ ကျမခံပါ့မယ်ဆရာ။ ဆရာအလုပ်ကဖြုတ်ရင်ဖြုတ်ပါ။။ ကျမတယောက်အတွက် ဒုကမရောက်စေချင်ပ်ါဘူး”။။
စကားလုံးမစီပဲ ဆက်တိုက်ပြောချအပြီးမှာ အယ်ဒီတာချုပ်မျက်နှာ နည်းနည်းပျက်သွားပါတယ်။။ သူ့စိတ်ကိုမြင်လိုက်ရတယ်။ တကယ်တော့ သူ့စိတ်ထဲမှာဂျာနယ်ထဲမှာမတောင်းပန်ချင်ပေမဲ့ ကျမကိုတော့ သွားတောင်းပန်စေချင်ပုံရပါတယ်။။ သူ့အလွန်မဟုတ်ပါဘူး။။ အဖိုးကြီးမြေးရှယ်ရာဝင်ထားတဲ့ ကုပဏီဆိုတာနဲ့တင် သေလို့ရပြီလေ။။ သူတို့တွေဘုန်းမီးနေလတောက်ပနေချိန်မှာ လူကိုကားနဲ့ တက်ကြိတ်သတ်တောင် ဖမ်းဝံ့သူမှမရှိတာလေ။။
ကျမအဖြစ်က ခွေးရူးအမြီးသွားဆွဲမိနေပြီပဲ။။စကားစရှာမရပဲ အတွေးကိုယ်စီနဲ့ အတန်ကြာငြိမ်နြေ ကရင်း ..အယ်ဒီတာချူပ်က သက်ပြင်းရှည်တချက်မူတ်ထုတ်ရင်း “အေးအေး သမီးလုပ်စရာရှိတာသွားလုပ် ဆရာကြည့်စီစဉ်လိုက်မယ်တဲ့။။
အနည်းငယ်အိုစာသွားတဲ့ ဆရာမျက်နှာကိုကြည့်ရင်း ကျမရင်ထဲမှာလေးလံနေဆဲပါ။။ ကျမစိတ်ထဲမှာ ငါမှားလားဆိုတဲ့ မတင်မကျအတွေးက ဖျောက်ဖျက်မရသေး။။
လအတန်ကြာဘာဆိုဘာမှထပ်မကြားရတော့ပဲ ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်လုပ်နေရင်းက ပန်းဆိုးတန်းလမ်းမပေါ်မှာ ကြော်ငြာလုပ်ငန်းတာဝန်ခံဖြစ်နေတဲ့ ကျောင်းနေဖက်သူငယ်ချင်းတယောက်နဲ့ မထင်မှတ်ပဲဆုံမိကြတော့
“နင်ကဒီဂျာနယ်ကလား ငါတို့ကောင်းကောင်းသိတာပေါ့။။ ငါတို့ဘော့စ်တွယ်လိုက်တာလေ။။ နောက်ဆုံးအဲ့ဒီဂျာနယ်က အယ်ဒီတာချူပ်ကိုယ်တိုင် လာတောင်းပန်သွားရတယ်။။ သူလာနေတုန်း ငါတို့ဘော့စ်ကဘာအလုပ်မှမရှိပဲတစ်နာရီ လောက်ထိုင်စောင့်ခိုင်းလိုက်သေးတယ်။။”
ကမာကြီးတခုလုံးပြောင်းပြန်ဇောက်ထိုးဖြစ်သွားသလို ချောက်ကမ်းပါးထက်က ပြုတ်ကျသွားသလို
အေးခနဲ ဟာခနဲလေဟာနယ်ထဲလွင့်ပါသွားပါတော့တယ်။။ ငါမှားသွားပြီဆိုတဲ့အသိက ရင်ကိုပြင်းပြစွာေ လာင်ကျွမ်းစေတယ်။။ ငါ့ကြောင့်ဖြစ်ရတာဆိုတဲ့အတွေးမှာ ကိုယ့်ကိုကိုယ်ခွင့်မလွတ်ချင်။။
မှားခြင်း မှန်ခြင်း အစွန်းနှစ်ဖက်မှာ တောင်းပန်ခိုင်းခြင်းဆိုတာ တဦးကတဦးကို ခွင့်လွတ်စေချင်တာတခုထဲမှဟုတ်ရဲ့လား။။ လိပ်ပြာတခုတော့သန့်ချင်ခဲ့တာအမှန်ပါ။။
ဒါပေမဲ့ ဘယ်လိုဖြေဖြေမပြေနိင်တဲ့အဖြစ်တခုရှိခဲ့ဖူးတာတော့သေချာပါတယ်။။
ကျမရိုက်မိအပြစ်ရှိသည်။။
Posted by မဆုမွန် at Wednesday, September 24, 2008
Labels: ဆောင်းပါး
1 Comment:
ရန်ကုန်တုန်းက အမေရိကန် စင်တာ မှာ မဇ္ဈိမ ဖတ်ပြီး စိတ်ထဲ စွဲသွားတဲ့ ဝတ္ထုတိုလေးပဲ။ လတ်စသတ်တော့ ရေးတဲ့လူက သူငယ်ချင်း ဖြစ်နေတာကိုး။ ရသလည်း ပေးနိုင်သလို ဗဟုသုတလည်း ရတယ်။
အဲဒီ့တုန်းက အယ်ဒီတာ တစ်ယောက်နဲ့ ခဏခဏ လဘ္ဘက်ရည်ဆိုင် ထိုင်ဖြစ်တဲ့ အချိန်လေ။ သူက စိစစ်ရေးမှာ အဆဲခံရတဲ့ အကြောင်းတွေ၊ ကုန်ဈေးနှုန်း ကျရင်တော့ ရေးလို့ ရပြီး တက်ရင် ရေးလို့ မရတဲ့ အကြောင်းတွေ၊ သတင်းကို ထောက်လှမ်းခွင့် မရပဲနဲ့ ပေးသမျှ သတင်းလေးကိုပဲ ယူရတော့ သတင်းထောက်လို့ မခေါ်သင့်ပဲ သတင်းတောင်းစား လို့ ခေါ်ရမလို ဖြစ်နေတာတွေ ပြောပြထားတဲ့အချိန်။ သတင်းလောက ကို စိတ်ဝင်စားနေတဲ့ အချိန်မှာ ဒီဝတ္ထုလေး ဖတ်ပြီး စိတ်ထဲစွဲသွားတယ်။ သူငယ်ချင်းက စွယ်စုံရတာပဲ။
Post a Comment