မတရားသဖြင့်...

စာရေး ဆရာ တဦး လည်း ဖြစ် ၊မြန်မာ ပြည် တွင် ပထမ ဦး ဆုံး အဖမ်းခံ ရသော ဘလော့  ဂါ တဦးဖြစ် သူ နေဘုန်းလတ် ( ခ ) ကိုနေ မျိုးကျော် ကို ဒီနေ့ နိုဝင်ဘာလ ၁၀ရက်နေ့မှာ အင်းစိန် မြို့  နယ် အင်းစိန်ထောင်တွင်း အနောက်ပိုင်းခ႟ရိုင် တရာရုံးက တရားသူကြီး ဒေါ် စိုးဥာဏ်က ထောင် ဒါဏ် အနှစ် နှစ်ဆယ် နှင့်  ခြောက် လ ကျခံ စေ ဟု မတရား အမိန့်ချလိုက်ပါတယ်..

တရား စွဲ ဆို ထားသော ပုဒ်မ ၅၀၅ ( ခ ) နှင့်  ထောင် ဒါဏ် ( ၂ ) နှစ် ၊ ပုဒ်မ ၃၂ ( ခ ) / ၃၆ နှင့်  ထောင် ဒါဏ် ( ၃ ) နှစ် ခြောက် လ နှင့်  အီလတ်ထရောနစ် ပုဒ်မ နှင့်  ထောင်ဒါဏ် ( ၁၅ ) နှစ် စုစုပေါင်းထောင် ဒါဏ် အနှစ် ( ၂၀ ) နှင့်  ခြောက် လ ကျခံ စေ ရန် တရား ရုံးကနေ မတရားသဖြင့် နှစ်ရှည် ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်တယ်လို့ ကိုနေဘုန်းလတ်ရဲ့ မိခင်ဖြစ်သူက ပြောပါတယ်..ကိုနေဘုန်းလတ်ကို ၂၀၀၈ နှစ်ဆန်းပိုင်းမှာ စတင်ဖမ်းဆီးခဲ့ပြီး တစ်နှစ်နီးပါး ချူပ်နှောင် စစ်ဆေးပြီး နောက်မှာမှ အခုလို မတရား အမိန့် ချမှတ်လိုက်တာဖြစ်ပါတယ် နေဘုန်းလတ်ကို အမိန့်မချခင်ကပဲ ကိုနေဘုန်းလတ်ရဲ့ ချစ်စွာသော အဘိုးဖြစ်သူ ကွယ်လွန်ခဲ့ပါတယ်..

တရားမျတမူတွေ မရှိ မတရားမူချည်း သပ်သပ်သာ ကြီးစိုးနေပြီး တရားစောင့် လောကပါလနတ်မင်းတွေ မျက်ကွယ်ပြုနေတာ ကြာပြီ ဖြစ်တဲ့နေရာတစ်ခုမှာ စိတ်ပင်ပမ်းချင်း ကိုယ်ပင်ပမ်းချင်း ကြီးစွာနဲ့ အသက်ရှင် ရုန်းကန်လူပ်ရှားနေရတဲ့ ပြည်သူတွေ လူအချင်းချင်း ဖမ်းဆီးချူပ်နှောင်ခြင်း ညှင်းပမ်း နှိပ်စက်ခြင်း ဘေးမှ အမြန်ဆုံး ကင်းဝေးနိုင်ကြပါစေ..

4 Comments:

Anonymous said...

လူမဟုတ်တဲ့ တိရစ္ဆာန်အရိုင်းကောင်တွေ ကြီးစိုးအုပ်ချုပ်နေတဲ့ နိုင်ငံမှာ လူကောင်းတွေ သတ်ဖြတ်ဖမ်းဆီးခံနေရတာကို ရင်နာလို့မဆုံးဘူး၊ ကံအလှည့်ဆိုတာ တနေ့တော့ရောက်မှာ မလွှဲပါ

အိမ်လွမ်းသူ said...

ဒီသတင်းကကြားလိုက်ရတော့ ကိုယ့်တိုင်းပြည်ထဲက ပညာရှင်တွေကို နှမျှောမိပါတယ်ညီမရယ်...။

အိမ်လွမ်းသူ said...

ဒီသတင်းကိုကြားလိုက်ရတော့ ကိုယ်တိုင်းပြည်က ပညာရှင်တွေကို နှမျှောမိတယ်ညီမရယ်...

chanye` said...

တောက်! မိုက်ရိုင်းတာ ။ မကျေနပ်ဘူးးးးး
ဒါပေမယ့်..ဘာမှတတ်နိုင်ဘူးလေ :(