Happy Valentines Day

ချစ်သူများနေ့မှာ စစ်မှန်သော ချစ်ခြင်းတရားများနဲ့ ချစ်သူများ ငြိမ်းချမ်းကြည်နူးစေ(အဖေကြီးအတွက် ချစ်သူများနေ့ လက်ဆောင်)
မိသားစုဘ၀လေးကို ထူထောင်ပြီးကတည်းက မင်္ဂလာသက် နှစ်ပေါင်းလေးဆယ်အထိ အတူတူ နေခဲ့ကြပြီး တစ်ခါမှ ရေခြားမြေခြားအထိ မခွဲခဲ့ဖူးတဲ့ မိဘနှစ်ပါး သမီးကြောင့် လပိုင်းလောက်လေး ခွဲနေရပြီးတဲ့နောက် ဒီနေ့ ဗာလင်တိုင်းမ်နေ့ ချစ်သူများနေ့မှာ အဖေ့အတွက် အမေ့ကို လက်ဆောင် ပြန်ပေးလိုက်ပါတယ် :)
ဆိုတော့ ချစ်သူများနေ့မှာ ချစ်သောသူတွေ ပြန်ဆုံစည်းရတာလဲ ရှိရဲ့ ချစ်သောသူတွေ ခွဲခွာကြရတာလဲရှိရဲ့ :(ချစ်ခြင်းအတိနဲ့ နှလုံးသားများ ငြိမ်းချမ်း အေးမြပါစေပြီးခဲ့တဲ့ ဖေဖော်ဝါ၇ီလ ၂ရက်နေ့က အမေနဲ့ အဖေ ရဲ့ နှစ်ပေါင်းလေးဆယ်ပြည့် မင်္ဂလာအထိမ်းအမှတ် ဖြစ်ပါတယ်။ (၂.၂.၆၉ ကနေ ၂.၂.၂၀၀၉အထိ) ဘ၀လက်တွဲဖော်အဖြစ် အေးအတူ ပူအမျ လက်တြွဲ့ပီး သားသမီးခြောက်ယောက် မြေးတစ်ယောက် ကြောင် ၁၆ကောင်နဲ့ အတူ ဘ၀ခရီးလမ်းကို မရွံ့တမ်း ဖြတ်သန်းခဲ့တဲ့ အမေနဲ့အဖေ နှစ်ပေါင်းလေးဆယ်မှသည် ဘ၀တလျောက်လုံး မိသားစုနဲ့ အတူ ငြိမ်းချမ်းအေးမြစွာ တရားဘာဝနာ အားထုတ်ပြီး အလှူဒါန လက်နဲ့ မကွာ လှူဒါန်းနိုင်တဲ့ အလှူဒါယကာကြီး ဒါယကာမကြီးတွေ ဖြစ်ပါစေ.

9 Comments:

Welcome said...

အဖေ ..
အမေ .. နဲ့
မိသားစုလေးကိုသာ ဦးစားပေး ပူပန်ပေးတဲ့
အစ်မလည်း
ချစ်သူများနေ့မှာ
ပျော်ရွှင်နိုင်ပါစေခင်ဗျာ .. ..

ဖိုးဂျယ် said...

အိုးးး ပျော်ရွှင်ပါစေ
ဖေဖေနဲ့မေမေရေ
ဒီသားသမီးတွေနဲ့ ဆက်လက် ပျော်ရွှင်စွာ နေနိုင်သွားနိုင်ပါစေလို့
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

ဖိုးဂျယ်

ဝှိုက်ဝှိုက် said...

သားသမီးခြောက်ယောက် မြေးတစ်ယောက် ကြောင် ၁၆ကောင်တဲ့
ကြောင်လဲပါတယ် ဟိဟိ ပျော်ရွှင်စရာ Valentines Day ဖြစ်ပါစေနော်

Kaung Kin Ko said...

ကြည်နူးစရာ လက်ဆောင်လေးတွေပဲနော်။

tg.nwai said...

ကြည်နူးစရာပဲ မဆုမွန်။

Unknown said...

ကြည်နူးစရာပဲဗျာ...။ ထပ်တူထပ်မျှ ဆုတောင်းပေးသွားပါတယ် အစ်မရေ :)

အိမ်လွမ်းသူ said...

အဖေ့အတွက် အမေ့ကို လက်ဆောင်ပြန်ပေးလိုက်တယ်တဲ့ ...း)) အတော်ဟုတ်တဲ့ ညီမ.. မိသားစုနဲ့အတူ အမြဲတမ်းပျော်ရွှင်ပါစေညီမရေ....

အိမ်လွမ်းသူ said...

အဖေ့အတွက် အမေ့ကို လက်ဆောင်ပြန်ပေးလိုက်တယ်တဲ့ ...း)) အတော်ဟုတ်တဲ့ ညီမ.. မိသားစုနဲ့အတူ အမြဲတမ်းပျော်ရွှင်ပါစေညီမရေ....

Anonymous said...

မဆုရေ အဖေကြီးနဲ့ အမေကြီးက ကြောင်ချစ်သူတွေဘဲနော်၊ ကောင်းတယ်ဗျာ ဘယ်မှာဘဲရောက်နေနေ မိဘကိုမမေ့တဲ့ သားသမီးဟာ ဘယ်တော့မှ မဆင်းရဲဘူးတဲ့။ သာဓုခေါ်ပါတယ်ဗျာ။