အ၀ါခေါင်းဆောင် လက်နတ်ကြီးနဲ့ အထုခံရ

ဧပြီလ ၁၇ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ သောကြာနေ့ မနက်ခင်းပိုင်း မနက်ငါးနာရီ လူခြေတိတ်ဆိတ်နေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပေါ်လမ်းမတစ်နေရာမှ အမည်းရောင် တိုယိုတာ ဟိုင်းလပ်ကားတစ်စီး အရှိန်ပြင်းပြင်းနဲ့ ပြေးနေတယ်။ ကားထဲမှာ အ၀ါရောင်ကိုယ်စားပြု ပြည်သူ့ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (PAD)ဦးဆောင်သူဖြစ်တဲ့ ဆွန်ဒီး ဟာ သတင်းစာနဲ့ ASTV တယ်လီဗေးရှင်း အသံလွှင့်ရုံးချူပ်ကို ဦးတည်သွားနေပါတယ်။

ရုတ်တရက် ကားလမ်းမပေါ်မှာ အဖြူရောင်တိုယိုတာ ဟိုင်းလပ်နောက်ဖုံးပွင့်ကားတစ်စီး သူတို့ကားရဲ့ ပြေးလမ်းပေါ် ပိတ်တက်လာပြီး တရစပ် မောင်းပြန်သေနတ်တွေနဲ့ ပစ်ခတ်ပါတော့တယ်။ ကားကို ပိတ်ရပ်ပြီး ဆွန်ထိကားကို ပတ်ချာလည်လှည့်ပစ်ပြီးတဲ့နောက်မှာတော့ နောက်ကြောင်းပြန် လှည့်ပြီး တရပ်ကြမ်း မောင်းထွက် သွားပါတော့တယ်။ သူတို့ ပစ်ခတ်နေတဲ့ အချိန်မှာ ဘတ်စ်ကားနံပတ် ၃၀နဲ့ ၅၁ကားလဲ နဘေးမှာရှိနေပြီး ကားပေါ်မှာပါလာတဲ့ ခရီးသည်တွေ အကုန်လုံး ထိုင်ခုံတွေအောက်မှာ ၀ပ်နေရပါတယ်။ ဘတ်စ်ကား နံရံတွေကိုပါ သေနတ်ကျည်ဆံတွေ ထိမှန်ခဲ့ပါတယ်။

ပစ်ခတ်မူတွေ ပြီးဆုံးချိန်မှာတော့ ဆွန်ထိရဲ့ တစ်ကားလုံးဟာ ကျည်ဆံတွေ ဇကာပေါက် လိုဖြစ်နေပြီး ဘေးပတ်ပတ်လည်က ကားမှန်တွေ အကုန်ကွဲကျေကုန်ပါတယ်။ ဆွန်ထိရဲ့ ဦးခေါင်းနဲ့မျက်နှာတစ်ခုလုံး သွေးအလိမ်းလိမ်းဖြစ်နေပြီး တစ်ကိုယ်လုံးနဲ့ သေနတ် ဒဏ်ရာတွေ ရခဲ့ပါတယ်။ သူ့ကိုယ်ရံတော် နဲ့ ကားဒရိုင်ဘာဖြစ်သူလည်း ကျည်သင့်ခံရပြီး အနီးဆုံး ဆေးရုံကို သူတို့ အရောက်သွား ခဲ့ကြပါတယ်။

ရဲလုံခြုံရေးတွေက ဆွန်ထိကားတိုက်ခိုက်မူမှာ ကားပတ်ပတ်လည်မှာ ကျည်ဆံ ၈၄တောင့်တွေ့ရှိပြီး ကျည်ဆံတွေဟာ စစ်ပွဲသုံး လက်နတ်ကြီး တွေဖြစ်တယ်လို့ ပြောပါတယ်။ ပစ်သွားတဲ့ အကြမ်းဖက် တိုက်ခိုက်သူတွေဟာ ဆွန်ထိလုပ်ကြံမူမှာ သူ့ကို မလိုလားတဲ့ ရိုးရိုး ပြည်သူတွေလား စစ်တပ်ဘက်ကလား အနီကလား သက်ဆင်ခိုင်းစေထားသူတွေလား အဲ့လက်နတ်ကြီးတွေက ဘယ်က ရရှိသလဲ စတဲ့ မေးခွန်းတွေ တစ်သီကြီးရှိနေပါတယ်။

အခုကျန်ခဲ့တဲ့ ကျည်ဆံခွံတွေဟာ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ စစ်ပွဲတွေမှာ စစ်တပ်က သုံးတဲ့ လက်နတ်ကြီးသုံး ကျည်ဆံတွေဖြစ်ပြီး အခင်းဖြစ်တဲ့နေရာမှာ ပြင်းအားမြင့်ဗုန်းတစ်လုံးကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

လောလော လတ်လတ် အနီရောင်ဆနပြမူ အကြမ်းဖက်မူတွေ ခေတ္တရပ်နား သွားတဲ့ အချိန်မှာ ဖြစ်ခဲ့တဲ့ အ၀ါရောင်ခေါင်းဆောင်အပေါ် တိုက်ခိုက်မူ ဟာ တော်တော်လေးကို သွေးလန့်ဖို့ကောင်းပါတယ်။ အခုဖြစ်ခဲ့တဲ့ အကြမ်းဖက်လုပ်ကြံမူကို အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့တွေနဲ့ ထောက်လှမ်း ဖော်ထုတ်မှာဖြစ်ပြီး လုံခြုံရေး မတည်ငြိမ် သေးတဲ့ အတွက် ဘန်ကောက်မြို့ပေါ်က အထူး အရေးပေါ် အခြေအနေ (State of Emergency ) အခြေအနေကို ရုပ်သိမ်းမှာ မဟုတ်သေးဘူးလို့ ပြောလိုက်ပါတယ်။

ရာဂဏန်း လောက်ရှိတဲ့ ပြင်းအားမြင့် လက်နတ်ကြီးကျည်တွေနဲ့ ပစ်ခတ်ခံခဲ့ရတဲ့ အ၀ါရောင် ခေါင်းဆောင် ဆွန်ထိဟာ အခုဆိုရင် တော့ စိုးရိမ် ရတဲ့ အခြေအနေက ကျော်ဖြတ်နိုင်ြ့ပီလို့ ပြောပြီး ကိုယ်ရံတော်ကတော့ သိပ်ဒဏ်ရာ မပြင်းထန်ပေမယ့် သူရဲ့ ကားဒရိုင်ဘာ ကတော့ ဦးခေါင်း ထိမှန် ခဲ့တဲ့ အတွက် ငါးနာရီကျော် ခွဲစိတ်ခဲ့ပေမယ့် သူ့ရဲ့ ကျမ်းမာရေး ကတော့ စိုးရိမ် စရာမှာ ရှိနေပါတယ်။ သူ့တို့ကို အထူး လုံခြုံတဲ့ ဆေးရုံ တစ်ခုမှာ လုံခြုံရေးထူထပ်စွာနဲ့ စောင့်ရှောက် ထားကြ ပါတယ်။

အ၀ါရောင်တွေအပေါ် တိုက်ခိုက်မူနဲ့ အနီရောင်တွေရဲ့ မပြီးသေးတဲ့ တင်းမာမူတွေကြားထဲက ထိုင်းနိုင်ငံရေး အခြေအနေကတော့ သွေးချောင်း စီးနိုင်တဲ့အတွက် ထိုင်းဘုရင်မင်းမြတ်ကြီးကိုယ်တိုင် ၀င်ရောက်ဖြေရှင်းပေးမှာ ရနိုင်မယ်လို့ နိုင်ငံရေးအကဲဖြတ်တွေက သုံးသပ်နေကြပါတယ်ရှင်။ ဟူးးးး

(ထိုင်းသတင်းတွေကို သိနိုင်အောင် ကျွန်မ မိတ်ဆွေတွေ လေ့လာနိုင်အောင် ဘလော့ပေါ်တင်ပေးနေတာပါ ထိုင်းမှာ ဘလော့ကာတွေအတွက် နည်းနည်းလေး ပြသနာရှိပါတယ်။ အထူးသဖြင့် ဆနပြပွဲပုံတွေ ဖြစ်စဉ်တွေကို တင်ပြတဲ့အခါ ဘမ်းတာတွေ ရှိနေပါတယ် ဒါကြောင့် လုံခြုံရေးအခြေအနေအရ တစ်ချို့ဖြစ်စဉ်ပုံတွေ ပြန်ဖြုတ်ခဲ့တာပါ)

7 Comments:

သက်ပိုင်သူ said...

ကျေးဇူးပဲ အမရေ.. စောင့်ဖတ်မယ်.. သတင်းထူးရှိရင် တင်ပေးပါ

Anonymous said...

အန္တရာယ်ကင်း ဘေးရှင်းဖို့ ဆုတောင်းပေးပါတယ်။ ဂရုစိုက်ပါဗျာ

နွေးနေခြည် said...

အမလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ပါနော်

Moe Cho Thinn said...

ကျေးဇူးပဲ ညီမရေ။ လာဖတ်သွားပြီ။

သန်းစိန် said...

ဘန်ကောက်စစ်ပွဲအကြောင်းဖတ်ရတာ တိုက်ရိုက်အသံလွှင့်နေတဲ့အတိုင်းပါပဲဗျာ

Anonymous said...

အဲဒါပေါ့ဗျာ ၀ဠ်လည်တယ်ဆိုတာ။ မြန်မာပြည်ကို ဒီမိုကရေစီနဲ့ မတန်ဘူးလို့ ပြောခဲ့တဲ့ ကောင်တွေ ခုတော့ သူတို့ နဲ့ရော
တန်လို့လားလို့ ပြန်မေးရတော့မယ်။
ဘာပဲ ဖြစ်ဖြစ် အဲဒီမှာ ရှိတဲ့ မြန်မာတွေ ဘေးကင်းဖို့ပဲ အရေးကြီးတယ် သူတို့ သတ်တာ ကိုယ်နဲ့ မဆိုင်...။

Anonymous said...

ဘာပဲဖြစ်ဖြစ် အခုလို ရအောင်တင်ပေးတဲ့ မဆုမွန်ကို ကျေးဇူးတင်ပါတယ်..လေးလည်း လေးစားပါတယ်။