ဘန်ကောက် စစ်ပွဲ-13 of Apri အနက်ရောင်သင်္ကြန်

နိုင်ငံတော်အထူးအရေးပေါ်အခြေအနေ (State of Emergency )ကြေငြာထားတဲ့ဘန်ကောက်ရဲ့ မနက်ခင်း ဧပြီလ ၁၃ရက်နေ့ ဟာ မနက်စောစောမှာပဲ စစ်တပ်ဘက်က မျက်ရည်ဗုံးတွေ ပစ်ခွဲပြီး လူစုခွဲမူတွေနဲ့ အရေးအခင်းကို စတင်လိုက်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့လည်ခေါင်မှာ စစ်ပွဲတွေ စတင်တဲ့နေ့ အဲ့ဒီ့ ဧပြီလ ၁၃ရက်နေ့ မှာ သွေးချောင်းစီးမတတ်အခြေအနေတွေ ဖြစ်ပျက်ခဲ့ပါတယ်။ထိုင်းတွေကတော့ အဲ့ဒီ့နေ့ကို 13 of April BLACK SONGKRAM နေ့လို့ သတ်မှတ်လိုက်ပါတယ်။

မနက်ပိုင်းမှာ ဘန်ကောက်မြို့ ဒင်းဒေါင်းမြို့နယ်တွင်းက အနီရောင်ဆနပြသူတွေကို စစ်သားတွေက ညိုနိုင်းလို့မရတော့တဲ့အဆုံး မျက်ရည်ယိုဗုံးပစ်ခတ်ပြီး လူစုခွဲလိုက်ရပြီး နောက်ပိုင်း အခြေအနေတွေဟာ တစ်ဖက်နဲ့ တစ်ဖက် တော်တော်ကို တင်းမာတဲ့ အနေအထားကို ရောက်ရှိတာပါ။ အထူးအရေးပေါ်ကြေငြာထားတဲ့ဘန်ကောက်မြို့ကြီး မနက်စောစောမှာပဲ မျက်ရည်ကျကြရပါပြီ။။

အခုဆိုရင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပေါ်က အခြေအနေကတော့ တော်တော်လေးကို စိုးရိမ်စရာကောင်းတဲ့ အနေအထားမှာ ရောက်ရှိနေပါပြီ။ ဆနပြသူတွေဘက်က ဂတ်စ်အရောင်းဆိုင်ကို ၀င်ရောက်စီးနင်းလိုက်ပါတယ်။ အဲ့ဒီ့နောက်မှာတော့ ဂတ်စ်တန်ချိန်အပြည့် တင်ထားတဲ့ ဂတ်စ်ဘောက်စ်ကားတွေကို စီးနင်း သိမ်းပိုက် လိုက်ပါတယ်။ အနီရောင်တွေရှိနေတဲ့ နေရာတွေကို စစ်သားတွေက သေနတ်အပြည့်အစုံကိုင်ဆောင်ပြီး ချဉ်းကပ် လာနေတယ် တင့်ကားတွေကလဲ နေရာအနှံ့ နေရာယူထားတယ်။ အဲ့ဒီ့အတွက် အနီရောင်တွေက ဂတ်စ် ကားကြီး တွေကို ကာဗာယူပြီး ကားတွေရဲ့ နောက်ကွယ်ကနေ ပင်ပေါင်မီးဗုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်မူ တွေ စတင်လိုက်ပါတယ်။

တန်ချိန်အပြည့်တင်ထားတဲ့ ဂတ်စ်ကားကြီးတွေ ပေါက်ကွဲမှာကို မြို့နယ်ခံ ထိုင်းတွေက တော်တော်လေးကို ကြောက်လန့် တုန်လူပ်နေပါတယ်။ မေတ္တာရပ်ခံတားမြစ်တဲ့ ဒေသခံတွေနဲ့ အနီရောင်ဝတ်တွေ အချင်းများ ရန်ဖြစ်မူက စတင်ခဲ့ပါတယ်။ အနီရောင်တွေဘက်က သူတို့ ပိတ်ဆို့ထားတဲ့ လမ်းမကြီးတွေပေါ်က ကားဘီးတွေကို မီးရို့နေပါတယ်။ ခရီးသည်တင်ကားတွေကို ကာဗာယူထားပြီး စစ်တပ်ဘက်ကို သေနတ်နဲ့ ပစ်ခတ်မူတွေ ရှိနေပါတယ်။ အပြန်အလှန် ပစ်ခတ် တိုက်ခိုက် မူတွေကြားထဲမှာ အရပ်သားတွေ ဘယ်သူမှ အပြင်မထွက်ရဲပဲ ဖြစ်နေပါတယ်။

ဘန်ကောက်မြို့ ပေါ်က လမ်းတွေပေါ်မှာ ဆနပြသူတွေနဲ့ စစ်ကားတွေနဲ့ တင့်ကားတွေက အပြည့် နေရာယူထားပါတယ်။ စီးနင်းခံထားရတဲ့ ဂတ်စ်ကားတွေကို ပြန်သိမ်းနိုင်အောင် စစ်သားတွေက လမ်းမတွေ ပေါ်က ကားတွေ သံဇကာတွေ အမိုက်ပုံးတွေ တယ်လီဖုန်းရုံတွေကို ဖြေးဖြေးချင်း တွားသွားပြီး ချဉ်းကပ် နေတာတွေကို တွေ့ရပါတယ်။

တကယ့်ကို စစ်မြေပြင်ထဲက ကတုတ်ကျင်းထဲကနေ ရန်သူတွေကို ပစ်ဖို့ ချောင်းနေတဲ့ အတိုင်းပါပဲ။ အနီရောင်တွေဘက်ကလဲ ဗုန်းသေးသေးလေးတွေနဲ့ လှမ်းလှမ်းထုနေတဲ့ အတွက် သူတို့ ပြန်ပြန်ဆုတ်လာကြပါတယ်။ ဘန်ကောက်မြို့လည်ခေါင်မှာ စစ်ပွဲကနေ စတင်နေပါပြီ။

ဆနပြသူတွေ အနားမကပ်ရဲတဲ့ မီဒီယာတွေကလည်း လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို ကောင်းကင်ကနေ ရဟတ်ယာဉ်တွေနဲ့ လှည့်လည်ပြီး တယ်လီဗေးရှင်းကနေ တိုက်ရိုက် သတင်းပေးပို့နေတာတွေ့ရပါတယ်။ အနီရောင်တွေနားကိုတော့ မီဒီယာတွေဘက်က လုံးဝကပ်လို့မရပဲ စစ်တပ်ရဲ့နောက်ကွယ်ကနေ သတင်းပေးပို့ နေပါတယ်။

ဗီဒီယိုရိုက်ယူနေတဲ့ သူတွေဘက်ကို အနီရောင်တွေက လှည့်ပြီး အော်ဟစ်ဆဲဆိုတာ ခြေထောက်နဲ့ ကန်ပြတာ အပေါ့သွားပြနေတာတွေကိုပါ ထိုင်းတယ်လီဗေးရှင်းတွေက ရိုက်ပြနေတဲ့အတွက် ထိုင်းပြည်သူတွေ ကလည်း အနည်းငယ် ဒေါသဖြစ်လာတာတွေ့ရပါတယ်။ အနီရောင်တွေ ဆနပြနေတဲ့နေရာကို သတင်းထောက် တွေကို အနားမကပ်ဖို့လုံခြုံရေးတာဝန်မယူနိုင်ဖူးလို့ စစ်တပ်ကရော အနီရောင်ခေါင်းဆောင်တွေကပါ ပြောဆို နေပါတယ်။ အနီရောင်တွေဘက်က တွေ့တဲ့နေရာမှာ သတင်းထောက်တွေကိုလည်း တိုက်ခိုက်မူတွေ ရှိနေပါတယ်။

သတင်းထောက်တွေဟာ စစ်တပ်ရဲ့ စည်းထဲမှာနေပြီး ကင်မရာတွေနဲ့ ပုန်းပြီး သတင်းပို့နေရပါတယ်။ ကျွန်မလည်း စစ်တပ်တင့်ကားရဲ့ နောက်ကွယ်နားကနေ ကွယ်ပြီး အခြေအနေကို ကြည့်နေပါတယ်။ ပစ်ခတ်သံတွေ ကြားတဲ့အခါမှာတော့ စစ်တပ်နောက်မှာ ရှိနေတဲ့ လူတွေဟာ ကြောက်လန့်ကုန်ပြီး ဆောက်တည်ရာ မရဖြစ်လာပြီး နီးစပ်ရာ အိမ်ခန်းတွေ ထဲ ၀င်ကြပါတယ်။

လူအုပ်လိုက်ကြီး ပြိုကျလာပြီး တွန်းထိုးမူတွေ ကြောင့် ကျွန်မ ပုခုံးနဲ့ လက်မောင်းတစ်ဘက် တင့်ကား နံရံနဲ့ ရိုက်မိပြီး အသည်းခိုက်မတက် နာကျင်သွားပါတယ်။ ကျွန်မလဲ လက်မောင်းကို ဖိပြီး လန့်လန့်နဲ့ ထိုင်းဈေးဆိုင်ထဲကို ၀င်ပုန်းနေ လိုက်ပါတယ်။ ဈေးဆိုင်ထဲမှာ လည်း မျက်စိသူငယ် ဖြစ်နေတဲ့ ထိုင်းကလေးငယ်လေးတွေနဲ့ ထိုင်းအဘိုးအဘွားကြီးတွေကို တွေ့ရပါတယ်။ သူတို့လည်း သေနတ်သံတွေကို ကြောက်လန့်နေပုံပါပဲ။ ကျွန်မကတော့ ပြန်ပြေးနိုင်မယ့် ထွက်ပေါက်ကို ရှာနေမိပါတော့တယ်။

ကျွန်မအယ်ဒီတာ ကျွန်မကို သတင်း လှမ်းမေးနေတဲ့အချိန်မှာတော့ မောလွန်းလို့ အသက်တောင် ရူလို့မရဖြစ်နေပါတယ်။ အသံက ပြာနေပြီ ပုံမှန်အသံထွက်အောင် မနည်း အော်ပြောရ ပါတယ်။
အဲ့ဒီ့နောက်မှာတော့ အနီရောင်ဆနပြသူတွေဟာ လမ်းတွေပိတ်ဆို့ပြီး ဘန်ကောက်မြို့လည်က လမ်းဆုံတွေမှာ သူတို့ သိမ်းပိုက် စီးနင်းထားတဲ့ မော်တော်ကားတွေ ကားဘီးတွေကို မီးပုံရို့ဆနပြနေကြတဲ့အတွက် ဘန်ကောက်မြို့ ကောင်းကင်မှာ မဲမှောင်နေတဲ့ မီးခိုးလုံးတွေ ထွက်ပေါ်နေပါတယ်။

သေနတ်ပစ်ခတ်သံတွေ အဆက်မပြတ် ကြားနေရပြီး အနီရောင်တွေက တင့်ကားပေါ်ကိုလည်း ၀င်ရောက်စီးနင်းမူတွေကို တွေ့ရပါတယ်။ ကျွန်မနဲ့ အတူ သတင်းပေးပို့နေတဲ့ အစ်ကိုတစ်ယောက်လည်း သေနတ်ပစ်ခတ်သံတွေ ကြားထဲမှာ ပြေးလွှားနေရင်း ထွက်ပေါက်ရှာရင်း စစ်တပ်ရဲ့ နောက်မှာ နေရင်း အခြေအနေကို အဆက်မပြတ် သတင်းပို့ခဲ့ပါတယ်။

နေပူကျဲကျဲမှာ တစ်နေကုန် လမ်းမတွေထက်မှာ အပြန်အလှန် ထိုးကြိတ်မူတွေ တွန်းထိုးရိုက်နှက်မူတွေ တုတ်ဓားတွေနဲ့ ပစ်ခတ်တိုက်ခိုက်မူတွေကြောင့် ဆနပြသူတွေနဲ့ ဆနပြပွဲကို ဖြိုခွဲနေတဲ့ စစ်သားအများအပြား ဒဏ်ရာရရှိနေပါတယ်။။ တစ်ဘက်နဲ့တစ်ဘက် သေနတ်နဲ့ အပြန်အလှန်ပစ်ခတ်မူတွေရှိနေပြီး စစ်သားတွေ ဘက်မှာ သေနတ်ထိမှန်မူတွေရှိနေပါတယ်။။ ဆနပြသူတွေဘက်က စစ်သားတွေ နေရာယူထားတဲ့ နေရာကို သူတို့ စီးနင်းထားတဲ့ ကားနဲ့တိုက်ဖို့ လုပ်ပေမယ့် စစ်သားတွေဘက်က ဗလာကျည်တွေနဲ့ ပြန်လှန် ပစ်ခတ်မူတွေ ရှိနေပါတယ်။

နောက်ဆုံးမှာတော့ ဆနပြသူတွေဟာ စီးနင်းထားတဲ့ ဘစ်ကားအချို့ကို မီးတင်ရို့လိုက်ပါတယ်။ လမ်းဆုံ လမ်းခွတွေနဲ့ တံတားပေါ်တွေမှာ ကားတွေကို မီးပုံရို့လိုက်တာဖြစ်ပါတယ်။ လောင်စာဆီတွေ စိုရွှဲနေတဲ့ ကားအနီးတစ်ဝိုက်ကိုလည်း ဗုံးအသေးစားလေးတွေကို ပစ်ပေါက်ပြီး တိုက်ခိုက်နေတဲ့အတွက် စစ်သားတွေ အနားကပ်လို့ မရပဲဖြစ်နေပါတယ်။ နောက်ဆုံးမှာ နယ်မြေခံတွေဟာ သည်းမခံနိုင်တော့ပဲ ရရာတုတ်ဓား ခဲတွေနဲ့ ဆနပြသူတွေကို ပစ်ခတ်မူတွေ လုပ်လာပါတယ်။

ကြက်သီးထစရာ ကောင်းတာက အနီရောင်တွေ သောင်းကျန်းနေတဲ့နေရာတွေကို စစ်သားတွေက တင့်ကားတွေနဲ့ ရောက်လာတဲ့အခါ နယ်မြေခံပြည်သူတွေက အပြေးအလွှ့ားပြေးကြိုကြပြီး လက်ခုပ် လက်ဝါးတီးကြိုဆိုနေတာတွေ့ရပါတယ်။ အဲ့ဒီ့နောက်မှာတော့ စစ်သားတွေနဲ့ ပူးပေါင်းပြီး ဆနပြသူတွေကို ပူးပေါင်း တိုက်ခိုက်ပါတယ်။ စစ်တပ်ဘက်က ပြည်သူတွေကို အနားမကပ်ဖို့ မေတ္တာရပ်ခံနေပြီး အနီရောင် ဆနပြသူတွေကို ဖြောင်းဖျပြောဆိုဖို့ ကြိုးစားတာကို တွေ့ရပါတယ်။ စစ်တပ်အနေနဲ့ နှစ်အုပ်စုကို ထိန်းထိန်း သိမ်းသိမ်းဖြစ်အောင် ဖြောင်းဖျပြောဆိုနေတာ တွေ့ရပါတယ်။

ညနေပိုင်းလောက်မှာတော့ ပြည်သူတွေပါ ပူးပေါင်းကူညီတဲ့အတွက် စစ်တပ်ဘက်က ဘန်ကောက်ဧရိယာ ငါးနယ်မြေကို ပြန်သိမ်းပိုက်လိုက်နိုင်ပြီးတော့ ဂတ်စ်ကားတစ်စီးကိုလည်း ပြန်သိမ်းလိုက်နိုင်ခဲ့ပါပြီ။ အနီရောင်တွေ ဘက်က ဈေးတစ်ခုကို သိမ်းပိုက်လိုက်ပြီး ဈေးကို မီးရို့ဖို့ လုပ်တဲ့အခါ ဈေးထဲက နယ်ခံတွေနဲ့ အကြမ်းဖက်မူ အချင်းဖြစ်ပွားရာကနေ အရပ်သားလူနှစ်ဦးသေဆုံးခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အနီရောင်တွေဟာ တဖြေးဖြေးချင်း ဆုတ်ခွာပြီး သူတို့ရဲ့ အဓိက စုရပ်ဖြစ်တဲ့ အစိုးရ အိမ်တော်ဘက်ကို ချီတက်သွားကြပါတယ်။ စစ်တပ်ဘက်ကလည်း လမ်းတွေကို ဖြေးဖြေးချင်း စီးနင်းလာပြီး နောက်မှာတော့ အစိုးရအိမ်တော်ဝင်း လေးဘက်လေးတန်ကို အဲ့ဒီ့နေ့ညပိုင်းမှာ ၀ိုင်းရံပိတ်ဆို့နိုင် လိုက်ပါတယ်။အဲ့ဒီ့နေ့ညမှာတော့ အစိုးရကတော့ ထိုင်းပြည်သူတွေကို ဆနပြမူတွေမှာ သေဆုံးသူနှစ်ဦးရှိခဲ့ပြီး ဆနပြသူတွေနဲ့ စစ်သားတွေ ရဲတွေအပါအ၀င် အရပ်သားတွေ တစ်ရာကျော် အပြင်းအထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီ့နေ့ ဧပြီလ ၁၃ရက်နေ့မှာ ဘန်ကောက် မြို့ကြီးဟာ စစ်မြေပြင်လို သွေးပျက် ကြောက်လန့်ဖို့ ကောင်းလောက်အောင် ကြမ်းတမ်း ရက်စက်မူ တွေနဲ့ အကြမ်းဖက် မီးရို့မူ ပစ်ခတ် ဗုံးခွဲမူတွေနဲ့ ရုပ်ဆိုး အကျည်းတန်လွန်း ခဲ့ပါတယ်။

နောက်နေ့တွေမှာ ဘာတွေများ ဆက်ဖြစ်မလဲလို့ စိုးရိမ်မူတွေနဲ့ ကျွန်မကိုယ်တိုင် အိပ်မပျော်ခဲ့ပါဘူး။ ဒါပေမယ့်...ဧပြီလ ၁၄ရက်နေ့မှာတော့..အနီရောင်တွေဘက်က ထင်မှတ်မထားတဲ့ နိုင်ငံရေးကစားကွက်နဲ့ တုံ့ပြန် ခဲ့ပါတယ်။

ထောင်ချီတဲ့ စစ်တပ်ရဲ့ ၀န်းရံပိတ်ဆို့မူကို ခံခဲ့ရပြီးတဲ့နောက် သူတို့ရဲ့ ဆနပြသူတွေရဲ့ အသက်အန္တရာယ်ဟာ စိုးရိမ်စရာကောင်းလာတဲ့အတွက် ဆနပြမူတွေကို ရပ်နားလိုက်မယ် ဆနပြသူတွေ အားလုံး အိမ်ပြန်ကြရမယ်လို့ ပြောပြီး အနီရောင် ခေါင်းဆောင်တွေဟာ ၁၃ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မူတွေဟာ အနီရောင် ဆနပြသူတွေရဲ့ လက်ချက်မဟုတ်ပဲ သူတို့ကို နိုင်ငံရေးအရလုပ်ကြံပြီး သူတို့အယောင်ဆောင်ပြီး အကြမ်းဖက်မူတွေ လုပ်ခဲ့တာဖြစ်ကြောင်း တရားဥပဒေအတိုင်း မှန်မှန်ကန်ကန် ဖြေရှင်းပြနိုင်ဖို့ ရဲဗဟိုရုံးချူပ်မှာ သွားရောက် အဖမ်းခံ အညံ့ခံခဲ့ကြပါတယ်။ သူတို့ဘက်ကလည်း သက်သေပြမယ် အစိုးရဘက်ကလည်း သက်သေပြပါလို့ တောင်းဆိုခဲ့ပါတယ်။

ထိုင်းအစိုးရဘက်က အနီရောင်တွေဘက်က ဆနပြမူတွေ ရုတ်တရက်ရပ်နားလိုက်ပေမယ့် စစ်တပ်အင်အားကို ပိုတိုးချထားလိုက်ပြီး အိမ်ပြန်မယ့် အစိုးရအိမ်တော်မှာ စခန်းချပြီး နေနေတဲ့ ဆနပြသူတွေအတွက် နေရပ်တွေကို အေးအေးဆေးဆေးပြန်နိုင်ဖို့ ကားတွေကို စီစဉ်ပေးနေပါတယ်။ အဲ့ဒီ့နေ့မှာပဲ ရာဂဏန်းလောက်ရှိတဲ့ ဘာအရောင်မှ ကိုယ်စားမပြုပဲ သာမာန်အ၀တ်တွေ ၀တ်ထားတဲ့ ဆနပြသူတွေဟာ အစိုးရအိမ်တော် တစ်ဘက်ခြမ်းမှာ စစ်တပ်က အနီရောင်ဆနပြသူတွေအများအပြား သတ်ဖြတ်ခဲ့တယ် ကျည်အစစ်တွေနဲ့ ပစ်တယ် အလောင်းဖောက်ဖျက်မူတွေရှိတယ်ဆိုပြီး အော်ဟစ်ငိုကြွေးဆနပြမူတွေလည်း ရှိခဲ့ပါတယ်။

စစ်တပ်နဲ့ ရဲတွေဘက်ကို အော်ဟစ်ဆဲဆို ရန်တွေ့မူတွေ ရေသန့်ဘူးတွေနဲ့ ပစ်ပေါက်မူတွေ လုပ်ခဲ့ပေမယ့် စစ်တပ်ဘက်ကတော့ လုံခြုံရေးအပြည့်ချထားပြီး တစ်စုံတစ်ရာ တုန့်ပြန်မူတွေ မလုပ်ခဲ့ပါဘူး။

အဲ့ဒီ့မှာ ထူးဆန်းတာက အနီရောင်ဆနပြခေါင်းဆောင်တွေဟာ သူတို့အဖမ်းခံခဲ့တဲ့ ရဲဗဟိုရုံးချူပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ရဲတွေရဲ့ လက်အောက်မှာရှိနေပေမယ့် အနီရောင်တွေဟာ ရဲတွေထက်ကို ပိုပြီး ပါဝါရှိတဲ့ပုံပါ။ ရဲဌာန၀င်းထဲမှာတောင် ကိုယ်ရံတော်တွေနဲ့ ကာရံထားပြီး သူတို့ကို ရဲတွေက တစ်စုံတစ်ရာ ဖိအားပေးထားတာ ထိန်းချူပ်ထားတာ မတွေ့ခဲ့ရပါဘူး။

ပထမဆုံးပတ်ထရာ့အရေးအခင်းမှာ ဖမ်းထားတဲ့ အနီရောင်ခေါင်းဆောင်ကို ဘတ်ငွေ သန်းချီအာမခံပေးပြီး အပြင်ကို ပြန်လွှတ်လိုက်ပါတယ်။ အခုဖမ်းထားတဲ့ အနီရောင်တွေကိုတော့ အခုဖြစ်ပျက်ခဲ့တဲ့ အရေးအခင်း အကြမ်းဖက်မူတွေနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမူတွေ ပြီးပြတ်အောင် လုပ်မယ်လို့ သတင်းဌာနတွေကို ပြောခဲ့ပါတယ်။ အကြမ်းဖက်မီးရို့မူတွေအတွက် အနီရောင်လို့ယူဆရတဲ့ အရပ်သားသုံးဦးကို ဖမ်းဆီးထားပါတယ်။

မဟာသင်္ကြန်ကာလ နစ်သစ်ကူးချိန်မှာ ဖြစ်ခဲ့ရတဲ့ ဘန်ကောက်မြို့ရဲ့ စစ်ပွဲကတော့ တစ်ခန်းရပ်သွားခဲ့ပါပြီ သေနတ်သံတွေ ဗုန်းခွဲပစ်ပေါက်မူတွေ ထိတ်လန့်တုန်လူပ်မူတွေ နာကျည်းဒေါသစိတ်ခံစားမူတွေဟာ ခဏတာတော့ ရပ်တန့်သွားခဲ့ပါပြီ။

ထိုင်းနိုင်ငံဝန်ကြီးချူပ် က ပြည်သူတွေရဲ့ စိတ်မွန်းကျပ်မူတွေအတွက် ဖြေဖျောက်နိုင်အောင် အများပြည်သူ ရုံးပိတ်ရက်ကို ပိုတိုးသတ်မှတ်ပြီး စိတ်ဖြေသိမ့်နိုင်အောင် ကြိုးစားပေးပေမယ့် ထိုင်းနိုင်ငံရဲ့ စီးပွားရေးအခြေအနေ ခရီးသွားလုပ်ငန်းအခြေအနေကတော့ ဘတ်သန်းရာချီပြီး ဆုံးရူံးမူတွေ ဖြစ်ခဲ့ရပြီး ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ ဘယ်လိုအခြေအနေမှာ အဆုံးသတ်မယ်ဆိုတာ မသိနိုင်သေးပါဘူးရှင်။

ထိုင်းနိုင်ငံမှာ ကိုယ်တွေ့ ကျွန်မ ကြုံခဲ့ရတာကတော့ ထိုင်းနိုင်ငံရဲ့ အုပ်ချူပ်သူ အစိုးရ လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတွေ နောက် စစ်တပ်တာဝန်ရှိသူတွေဟာ သူတို့လုပ်ဆောင်မယ့် လုပ်ငန်းတိုင်း အစီအစဉ်တွေတိုင်းကို ပြည်သူတွေကို အမြဲတမ်း တယ်လီဗေးရှင်းကနေ တိုက်ရိုက် အစီရင်ခံ တင်ပြနေခဲ့ကြတာပါပဲ။ ထိုင်းမီဒီယာတွေ ကလည်း ဖြစ်တဲ့ ဖြစ်စဉ်တိုင်းကို အဆက်မပြတ် ထိုင်းပြည်သူတွေကို တိုက်ရိုက် တင်ပြအစီရင်ခံပါတယ်။ ကျွန်မစိတ်ထဲမှာ တကယ့်ကို လေးစားခဲ့မိပါတယ်။ မြန်မာပြည်သူဖြစ်တဲ့ ကျွန်မအတွက်တော့ အင်မတန်ကို ထူးခြားတဲ့ဖြစ်စဉ်ပါ။

မြန်မာနိုင်ငံရဲ့ မဟာသင်္ကြန်နှစ်သစ်ကူးကာလမှာလဲ မြန်မာပြည်သူပြည်သားအပေါင်း ကောင်းသောသတင်း ကောင်းသောစကား များနှင့်သာ ဆုံတွေ့ရပြီး မတရားမူတွေကနေ အမြန်ဆုံး ကင်းလွတ်ပြီး ငြိမ်းချမ်းသာယာတဲ့ စစ်မက်ကင်းပေးတဲ့ အေးချမ်းတဲ့ ဘ၀တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

မနေ့က ရေးခဲ့တဲ့ ပို့စ်ကတော့ နောက်နေ့ ဧပြီလ ၁၅ရက်နေ့မှာ ဖြစ်ပျက်ခဲ့တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ နောက်ဆုံး အခြေအနေဖြစ်ပါတယ်ရှင်။ ဒီနေ့ရေးတဲ့ပို့စ်နဲ့ ဆက်စပ်ဖတ်ရူနိုင်ပါတယ်။ အနီးကပ်တွေ့ကြုံခဲ့ရတဲ့ အခြေအနေတွေနဲ့ သတင်းအချက်အလက်တွေပေါ်မူတည်ပြီး တင်ပြခဲ့တာပါ။ ဖတ်ရူ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

8 Comments:

မြစ်ချေသူ said...

အချိန်ပေးပြီး ထိုင်းသတင်း အစအဆုံး ပိုစ့်တင်ပေးတဲ့ အတွက် အထူးကျေးဇူးတင်ပါတယ်။
မကြာခဏ လာရောက်အားပေးနေပါတယ်။

thetpaingthu said...

သြော်.. ကွာပါ့....

နွေးနေခြည် said...

အန္တရာယ်ကင်း ဘေးရှင်းပါစေ မဆုမွန်

မိုးခါး said...

အင်းလေ .. ကွာပနော် ..
နှစ်သစ်မှာ ပျော်ရွှင်ပါစေ အစ်မး)

မြစ်ကျိုးအင်း said...

အမရေ ထိုင်းသတင်းဖတ်ရင်းနဲ့ရင်ထဲမှာ အတွေးတွေ
များနေမိတယ်။ကျွန်တော်တို့ နိင်ငံရဲ့ စစ်တပ်ကိုလည်း
အဲဒီလိုဖြစ်စေချင်သလို တဖက်ကလည်း ကျွန်တော်တို့
လို ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြ ပြည်သူတွေကိုလည်း
အဲဒီလိုလက်နက်တွေ ရှိစေချင်တယ်။
စစ်ပွဲကို လိုလားလို့ မဟုတ်ပါဘူး
အကြိမ်ကြိမ် အခါခါ ကြက်ကလေး ငှက်ကလေးလို
လည်စင်း ခံခဲ့ရတာကို ခံပြင်းမိလို့ပါ။
အမရဲ့ သတင်းတွေအတွက် ကျေးဇူးပါဗျာ

မြစ်ကျိုးအင်း said...

ထိုင်းသတင်းတွေဖတ်ရင်း စိတ်ထဲမှာ အတွေးတွေ
ဝင်နေမိတယ်အမရေ။ထိုင်းစစ်တပ်လိုစစ်တပ်မျိုးကို
အလိုရှိတယ်။နောက်တခုက ကျွန်တော်တို့လို
ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူတွေ မှာလည်း
အဲဒီလို လက်နက်ကိုင်ဆောင် ခွင့်ရချင်တယ်။
စစ်ပွဲကို မလိုလားပါဘူး
အကြိမ်ကြိမ် အခါအခါ ကြက်ကလေးငှက်ကလေးလို
လည်စင်းခံခဲ့ရတာကို ခံပြင်းမိလို့ပါ။
ထိုင်းသတင်းတွေ အတွက် ကျေးဇူးပါနော်

လင်းဒီပ said...

ကြောက်စရာအတော်ကောင်းတာပဲ..။

Anonymous said...

ကြည့်လဲ လုပ်ပါဗျာ။ ကိုယ်ပါရောပါနေပါ့မယ် အမရယ်။