ဘန်ကောက်မြို့လည်က စစ်မြေပြင်အတွေ့အကြုံများ ၁

ထိုင်းနိုင်ငံမှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နိုင်ငံရေးမတည်ငြိမ်မူ အခြေအနေတွေကို ထိန်းသိမ်း နိုင်ပြီဖြစ်ပေမယ့် အရေးပေါ် အခြေအနေ ကြေငြာထားတာကို ရုပ်သိမ်းမှာ မဟုတ်သေး ကြောင်းနဲ့ ဆနပြမူ အခြေအနေကို အနီးကပ် စောင့်ကြည့်နေဆဲ ဖြစ်တယ် လို့ ထိုင်းဝန်ကြီးချုပ် အာဖီဆစ်က ထိုင်းပြည်သူတွေကို ထိုင်းရုပ်မြင်သံကြားကနေ ဒီနေ့ ပြောဆိုလိုက်ပါတယ်။ သင်္ကြန်ရက် ထဲမှာ ဘန်ကောက် စစ်ပွဲထဲမှာ ထိတ်လန့် တုန်လူပ်ခဲ့ရတဲ့ ထိုင်းပြည်သူတွေ အတွက်လည်း အများပြည်သူရုံးပိတ်ရက် နှစ်ရက်တိုးပြီး ပိတ်ပေးပါတယ်။

အနီရောင်ဆနပြသူတွေဘက်ကလဲ ဆနပြခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ဆနပြမူတွေကို ရုပ်သိမ်းပြီး နေရပ်တွေကို ပြန်နေကြ ပေမယ့် ဒီနေ့နေ့လည်ပိုင်းမှာ ဆနပြသူ ငါးရာကျော်ကတော့ ဘန်ကောက်မြို့ မြဘုရားအနီးမှာရှိတဲ့ စနွမ်လုံရင်ပြင်မှာ စုဝေးပြီး ဆက်လက်ဆနပြဖို့ စုဝေးရောက်ရှိလာကြပါတယ်။။ ဆနပြသူတွေအများစုဟာ အနီရောင်တီရှပ်တွေကို ၀တ်ဆင်ထားခြင်းမရှိပဲ ရိုးရိုးသာမာန် အ၀တ်အစားကိုပဲ ၀တ်ဆင်ထားကြပါတယ်။

ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေအနေပေါ် မကျေနပ်နိုင်သေးတဲ့ ဆနပြသူတွေဟာ ဆနပြတဲ့နေရာတွေကို မယောင်မလည် ရောက်လာကြ ပြီး ဆနွမ်လုံရင်ပြင်မှာ လူရာဂဏန်းလောက် လူစုမိတဲ့အခါမှာတော့ ထိုင်းဘုရင်မင်းမြတ်ပုံနဲ့ ထိုင်းနိုင်ငံအလံ ကို ကိုင်ဆောင် ထားပြီး သူတို့ရဲ့ အနီရောင်ခေါင်းဆောင်တွေကို ဖမ်းဆီးထားတာ နောက် မမိသေးတဲ့ ခေါင်းဆောင်တွေကို ဖမ်းဝရမ်း ထုတ်ထားတာ အခုဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ဟာ တရားမျတမူမရှိပဲ ဘက်လိုက်ဆုံးဖြတ်မူတွေ ရှိတယ် အ၀ါရောင်ဆနပြသူတွေ ကိုတော့ သူတို့လို မနှိမ်နင်းပဲ သူတို့ကျမှ စစ်တပ်အင်အားသုံးပြီး ဖြေရှင်းတဲ့ အကြောင်း သူတို့ရဲ့မကျေနပ်ချက်တွေကို အော်ဟစ်ငိုယိုပြီး ပြောဆိုနေကြတာပါ။
(ဘယ်သူက ဘယ်သူ့ကို အင်အားသုံးပြီး နှိပ်ကွပ်နေသလဲဆိုတာ ကြည့်ပါ)

ထိုင်းနိုင်ငံတွင်း ဆနပြမူတွေဟာ အခုချိန်မှာ ရပ်နားလိုက်ပေမယ့် ဆနပြသူတွေရဲ့ မကျေနပ်မူတွေဟာ မပြီးဆုံးသေးကြောင်း သူတို့ဆက်လက်ပြီး ဆနပြကြမှာဖြစ်ကြောင်း အော်ဟစ်နေတာပါ။ ဘန်ကောက်မြို့လည်က ဒီမိုကရေစီကျောက်တိုင်နဲ့ ဖမ်းဖတံတားပေါ်မှာလဲ ဆနပြဖို့စုရုံးကြပေမယ့် စစ်တပ်က လူစုခွဲခိုင်းခဲ့ပါတယ်။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အပျော်မက်တဲ့ ထိုင်းလူမျိုးတွေဟာ တိုက်ပွဲတွေ အပြန်အလှန်ပစ်ခတ်မူတွေ မီးရို့မူတွေ ဗုန်းခွဲမူတွေ ဖြစ်ခဲ့တဲ့ ဘန်ကောက်မြို့ထဲမှာတော့ လူတွေ ကားတွေနဲ့ ပုံမှန်ပြန်ဖြစ်စပြုနေပါပြီ သင်္ကြန်ကားတွေနဲ့ လည်ပတ် ဆော့ကစားစပြုနေကြပါပြီ။ ကဲအခုမှပဲ ကျွန်မတို့တွေလည်း အမောဖြေနိုင်ကြပါတော့တယ်ရှင်။ အခုချိန်အထိ သင်္ကြန် တစ်စက်မှ မစိုသေးသလို သင်္ကြန်အရသာကို တစ်စက်မှ မခံစားရသေးပါဘူး။ ဘလော့ကို ပြန်ကြည့်လိုက်ချိန်မှာတော့ ဆီဘောက်စ်ထဲမှာ သင်္ကြန်ရေတွေ ရွှဲရွှဲစို နေတာတွေ့ရလို့ စိတ်ထဲမှာ မိတ်ဆွေတွေက သင်္ကြန်တွင်းမှာ ကျွန်မကို မမေ့ကြပဲကိုးလို့ တွေးပြီး တော်တော်ကို ကြည်နူးမိပါတယ်ရှင်။ မင်္ဂလာနှစ်သစ်မှာ အေးချမ်းပျော်ရွှ့င် ကြည်နူးနိုင်ပါစေလို့ ဆုတောင်းရင်းနဲ့ မိတ်ဆွေတစ်ချို့ တောင်းဆိုထားတဲ့ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတဲ့ သတင်းပို့ခဲ့ရတဲ့ ထိုင်းနိုင်ငံရေးအရူပ်အထွေး တိုက်ပွဲတွေကြားက အတွေ့အကြုံတွေကို အပိုင်းလိုက် ပြန်ပြောပါ့မယ်ရှင်။

ပြီးခဲ့တဲ့ ဧပြီလ၉ရက်နေ့ ကြာသပတေးနေ့က စပြီး ထိုင်းနိုင်ငံရဲ့ အဆိုးရွားဆုံး ဆနပြမူအခြေအနေတွေကို စ ပြောပြပါ့မယ်။ အဲ့နေ့ကတော့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေကတော့ တော်တော်လေးကို တင်းမာနေတဲ့ အနေအထားမှာ ရှိနေပါပြီ။ အရင်နေ့တွေကတည်းက ထိုင်းဝန်ကြီးချူပ် ရာထူးက နုတ်ထွက်ဖို့ တောင်းဆို ဆနပြမူတွေ ရှိခဲ့ပေမယ့် ဒီနေ့ကတော့ နောက်ဆုံးအချိန် သတ်မှတ်ပေးပြီးကို အကျပ်ကိုင် တောင်းဆိုလိုက် တာဖြစ်ပါတယ်။

(အသက်လေးဆယ်ကျော်ပဲ ရှိသေးတဲ့ ထိုင်းဝန်ကြီးချူပ် အဖီဆစ် ဒီလို သိန်းချီပြီး ဆနပြနေတဲ့ အနီတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့နိုင်ပါသလဲ)လက်ရှိ ထိုင်းဝန်ကြီးချူပ် အာဖီဆစ်အစိုးရ အနေနဲ့ ဒီနေ့ညနေ လေးနာရီ အချိန် နောက်ဆုံး ထားပြီး နူတ်ထွက်ပေးဖို့ သိန်းချီတဲ့ ထိုင်းဝန်ကြီးချူပ်ဟောင်း သက်ဆင်ကို ထောက်ခံသူ အနီဝတ်ဆနပြသူတွေက ဘန်ကောက်က အဓိက မိန်းလမ်းမတွေကို ပိတ်ဆို့ပြီး အရှိန်အဟုန်မြင့် တောင်းဆိုနေပါတယ်။ ဥထုံထနီ ချင်းမိုင် ခိုရတ် ချွန်ဘူရီစတဲ့ မြို့နယ် ပေါင်းစုံကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ချီတက်လာနေပြီဖြစ်ပါတယ်။

ကြာသပတေးနေ့ နေ့လည် ၁၂နာရီခွဲမှာ ဘန်ကောက်မြို့လည်က ဒီမိုကရေစီ ကျောက်တိုင်အနီးက လမ်းမကြီးနှစ်ခုကို တက္ကစီမီတာကား တွေက လမ်းတွေကို ပိတ်တားပြီး လက်ရှိအာဖီဆစ်အစိုးရ နုတ်ထွက်ဖို့ လမ်းပိတ်ပြီး ဆနပြနေတယ်။။ တကယ်လို့ ညနေ လေးနာရီမှာ အာဖီဆစ်အစိုးရက မနုတ်ထွက်ဘူးဆိုရင် ဘန်ကောက် တစ်မြို့လုံးက လမ်းတွေကို တက္ကစီအစင်း ၂၀၀၀၀ကျော်နဲ့ ပိတ်ဆို့ဆနပြမယ်လို့ သူတို့က တောင်းဆိုထားတယ်။ ထိုင်းရဲချူပ်က ထိုင်းပြည်သူတွေကို အနီဝတ် တက္ကစီကား ဒရိုင်ဘာတွေ လမ်းပိတ်ဆို့ ဆနပြမူ ဖြစ်ပွားနေတဲ့ ဒီမိုကရေစီကျောက်တိုင်နဲ့ ဆနပြနေရာတွေကို ရှောင်ကျဉ်ဖို့ ကြေငြာ လိုက်ပါတယ်။

သိန်းချီတဲ့ အနီရောင်ဆနပြသူတွေဟာ အုပ်စုနှစ်စုခွဲပြီး ဒီမိုကရက်ပါတီ ဗဟိုဌာနချူပ် ရုံးချုပ်ကို ချီတက် ဆနပြနေသလို ထိုင်းအခြေခံ ဥပေဒ တရားရုံးချူပ်ကိုလည်း မော်တော်ကားတွေ ဆိုင်ကယ်တွေနဲ့ပါ ပူးပေါင်း ချီတက်ဆနပြနေတယ်။။ ၀န်ကြီးချူပ်ရုံးရှေ့ ဘေးပတ်ပတ်လည်နဲ့ တော်ဝင်ပလာဇာကွင်းပြင်နဲ့ ဗဟိုရဲဌာနရုံးချူပ်ရှေ့မှာတော့ နယ်ဝေးအရပ်တွေကနေ ချီတက် ရောက်ရှိလာတဲ့ အနီရောင်ဆနပြသူတွေပါ ပူးပေါင်းထားတဲ့ သိန်းချီတဲ့ ဆနပြသူတွေဟာ ထိုင်းဝန်ကြီးချူပ်အာဖီဆစ်နဲ့ ထိုင်းဝန်ကြီးချူပ် ဟောင်း သက်ဆင်ကို ဖြုတ်ချဖို့ ကြိုးကိုင်ခဲ့တယ်လို့ စွတ်စွဲထားတဲ့ ထိုင်းဘုရင်အကြံပေးဗိုလ်ချုပ်ကြီးကို နူတ်ထွက်ပေးဖို့ ကြွေးကြော်သံတွေနဲ့ ဆနပြနေဆဲဖြစ်ပါတယ်။

ထိုင်းဘုရင်မင်းမြတ်ရဲ့ အထူးအတိုင်ပင်ခံကောင်စီဥက္ကဌ ဗိုလ်ချူပ်ကြီး နှစ်ဦးရဲ့ နေအိမ်တော်တွေကိုလည်း အနီရောင်ဆနပြသူတွေက ပိတ်ဆို့ဝန်းရံထားတဲ့အတွက် ပထုံထနီမှာ လုပ်မယ့် အစည်းအဝေးကို ဖျက်သိမ်းလိုက်ရပါတယ်။။

မနက် ၇နာ၇ီခွဲလောက်မှာပဲ အဆိုပါထိုင်းဘုရင်မင်းမြတ် အတိုင်ပင်ခံဗိုလ်ချူပ်အိမ်တော်ရှေဏ္ဍမှာ ဆနပြနေသူတွေဆီကို အ၀ါရောင်ဘက်က လို့ယူဆရတဲ့ အမျိုးသမီးတစ်ဦး အရှိန်ပြင်းပြင်းမောင်းလာတဲ့ ကားဟာ အနီရောင် ဆနပြသူတွေကို တိုက်ပြီး မောင်းထွက် သွားတဲ့ အတွက် ဆနပြသူနှစ်ဦး ထိခိုက်ဒဏ်ရာရပြီး ကျန်တဲ့ ထောင်ချီတဲ့ ဆနပြသူတွေက စိတ်ဆိုးပြီး လိုက်လံ ရိုက်နှက်ဖို့ ကြိုးစားတာမှာ ဂိတ်ကို ကျော်လွန် လွတ်မြောက်သွားခဲ့ပါတယ်။။ အနောက်ကနေ တရကြမ်းလိုက်ရှာနေတဲ့ အနီဝတ်တွေကို လုံခြုံရေးရဲတွေက သူမကို ထိန်းသိမ်းထားလိုက်ကြောင်း ပြောမှ နောက်ကြောင်းပြန်လှည့်ပြီး ဆက်လက် ဆနပြနေကြတယ်။

(အဲ့မတိုင်ခင်နေ့ကတော့ အနီတွေက ထိုင်းဝန်ကြီးချူပ်ကားကို အခုလို ရိုက်နှက်ခဲ့ကြပါတယ်)
သူတို့ သတ်မှတ်ထားတဲ့ လေးနာရီပြည့်သွားတဲ့ အချိန်မှာပဲ ထိုင်းဝန်ကြီးချူပ်က အာဆီယံအစည်းအဝေး ကျင်းပနေတဲ့ ပတ်ထရာကနေ ဘန်ကောက်ကို အမြန်ပြန်လာတယ် အဖီဆစ်က အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြသနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေ ကြိုတင်ပြင်ဆင်ထားတယ်။။ လမ်းပိတ်ထားတဲ့ တက္ကစီတွေကို ရိန်းဂျားကားတွေနဲ့ဆွဲထုတ်မယ်လို့ အဖီဆစ်က ပြောပါတယ်။။ လုံခြုံရေးရဲအဖွဲ့ဝင်တွေက ဘန်ကောက်မြို့ရဲ့ အဓိက လမ်းမ တော်တော်များများကို ပိတ်ဆို့လိုက်ပြီး ဆနပြနေတဲ့သူတွေ ရှိနေတဲ့နေရာတွေကို ရှောင်ကွင်းကြဖို့ ထိုင်းပြည်သူတွေကို အထပ်ထပ် သတိပေးနေပါတယ်။ ဒီမိုကရေစီကျောက်တိုင်နားမှာရှိတဲ့ ဘုရင်မဆေးရုံက ဒါရိုက်တာက အရေးပေါ်လူနာတွေ အ၀င်အထွက် ရှိတဲ့အတွက် အနီရောင်ဆနပြသူတွေကို လမ်းတွေ ပိတ်ဆို့ထားတာကို ဖွင့်ပေးဖို့ တောင်းဆိုထားတယ်။

ဝန်ကြီးချူပ်အနေနဲ့ရော အစိုးရအဖွဲ့ပါ သူတို့ရဲ့တောင်းဆိုမူတွေပေါ် တစ်ခုခုကို ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့ ပိုပြီး ဖိအားပေးရမယ့် အချိန်ဖြစ်နေပြီလို့ ဆနပြသူတွေက ကြွေးကြော်နေကြပါတယ်။ တကယ်လို့ သူတို့ရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောရင် ဘန်ကောက်မြို့ကနေ မိုင်ကိုးဆယ်အကွာမှာရှိတဲ့ အာဆီယံ အစည်းအဝေး ကျင်းပနေတဲ့ ပက်ထရာကို ချီတက်မယ်လို့ ပြောနေပါတယ်။။ အနီရောင် ဆနပြသူတွေဟာ ပက်ထရာမြို့ကိုလဲ ချီတက်ဆနပြဖို့ပြင်ဆင်နေပါတယ်။။

သက်ဆင်ဇနီးဟောင်းနဲ့ သမီးဖြစ်သူ ယောက်ဖဖြစ်သူတွေ ထိုင်းနိုင်ငံပြည်ပကို အလျိုလျို ထွက်ခွာနေပေမယ့် သက်ဆင် မိသားစုတွေဟာ ထိုင်းနိုင်ငံကနေ ထွက်ပြေးတာမဟုတ်ဘူး စီးပွားရေးကိစ္စနဲ့ အားလပ်ရက် ခရီးထွက်တာလို့ သက်ဆင် ညီမဖြစ်သူက သတင်းဌာနတွေကို ပြောတယ်။။ ထိုင်းရပ်ထိုင်းပါတီရဲ့ ခေါင်းဆောင်ဟောင်း နေ၀င်းချစ်ချော့က သတင်းစာ ရှင်းလင်းပွဲမှာ သက်ဆင်နဲ့နောက်လိုက် အနီရောင် ခေါင်းဆောင်တွေ ဆနပြတာတွေ ရပ်ဆိုင်းပစ်ဖို့ မျက်ရည်တွေတွေကျပြီး တောင်းဆိုခဲ့ပေမယ့် အခုခါမှတော့ ထိုင်းဆနပြသူတွေ ကြွေးကြော်ထားတဲ့အတိုင်း လက်ရှိအစိုးရ ပြုတ်ကျအောင် ဆနပြမူဟာ အကြီးမားဆုံး အဆင့်ကို ဦးတည်နေပြီဖြစ်ပါတယ်။။

ကျွန်မတို့ သတင်းထောက်တွေအတွက် လုံခြုံရေးအခြေအနေကလဲ အတော်ကို စိုးရိမ်စရာ အနေအထားမှာ ဖြစ်နေပါပြီ။ ဆနပြသူတွေ ကြားထဲကနေ သတင်းပြောနေတဲ့ ထိုင်းရုပ်မြင်သံကြား သတင်းအဖွဲ့ချယ်နယ် ၃ ။ ၇။ ၉ က သတင်းအဖွဲ့ တော်တော် များများ အနီရောင်ဝတ်တွေရဲ့ သတင်းမှား ထုတ်ပြန်နေတယ်ဆိုပြီး စွတ်စွဲ တိုက်ခိုက်မူကို ခံနေရပါတယ်။။ ချယ်နယ်သုံး သတင်းတင်ပြနေချိန်မှာလဲ ၀င်ရောက်ဖျက်သလို ချယ်နယ် ၇ သတင်းမှာ ဆနပြသူဦးရေကို တင်ပြနေချိန်မှာလဲ ရေနဲ့ပက်တာတွေ ရေသန့်ဗူးတွေနဲ့ ပစ်ပေါက်တာတွေ နှောင့်ယှက်မူတွေလုပ်တယ်။။ ချယ်နယ် ကိုးကိုလဲ ဆနပြဦးရေကို လျော့ပြီး ပြောတယ်ဆိုပြီး ဆဲဆိုကြိမ်းမောင်းမူ စွတ်စွဲမူတွေနဲ့ ရင်ဆိုင်နေရပါတယ်။။ ဆနပြသူဦးဆောင်တဲ့ ခေါင်းဆောင်တွေက သတင်း အဖွဲ့တွေကို နေရာကနေ အမြန်ဆုံးထွက်ခွာဖို့ သူတို့ တာဝန်မယူနိုင်ကြောင်း ပြောခဲ့ပါတယ်။

ထိုင်းအသံလွှင့် သတင်းထောက်များအသင်းနဲ့ ထိုင်းသတင်းထောက်များအသင်းက အနီရောင်ဝတ် ဆနပြ ဦးဆောင်သူတွေက သတင်း အဖွဲ့တွေကို သူတိုဏ္ဍ တိုက်ခိုက်တာ မဟုတ်ပဲ တစ်ခြားသူတွေက လုပ်တာ ဖြစ်ကြောင်း ရှင်းလင်းချက်အပေါ် မှန်ကန်မူ မရှိဘူးလို့ တုန့်ပြန်ခဲ့ပြီး သတင်းသမားတွေကို လုံခြုံရေး သတိရှိဖို့ နိုးဆော်နေပါတယ်။ ကျွန်မကတော့ အနီရောင်တွေ နားမလည် နိုင်တဲ့ မြန်မာဘာသာစကားနဲ့ ဌာနကို ဒီမိုကရေစီကျောက်တိုင်တစ်ဝိုက်ပိတ်ဆို့မူတွေကို သတင်းတိုက်ရိုက် ဖြေကြားမူ လုပ်နိုင်ခဲ့ပါတယ်။(ကျောတော့ တော်တော်ကိုချမ်းခဲ့ပါတယ်)

နောက်နေ့ ၁၀ရက်နေ့အခြေအနေက ပိုပြီးတော့ ဆိုးရွားနေပြီဖြစ်ပါတယ်။ ချင်းမိုင်က သက်ဆင် ထောက်ခံသူတွေက ဘန်ကောက် ဆနပြသူတွေကို ရဲက အကြမ်းဖက် ဖြိုခွဲမယ်ဆိုရင် သုတို့အနေနဲ့ တစ်တိုင်းပြည်လုံးက ဒေသအသီးသီးက မြို့နယ်တွေမှာရှိတဲ့ မြို့နယ် ခမ်းမတွေကို ၀င်ရောက်စီးနင်းသိမ်းပိုက်မယ် ဆက်သွယ်ရေး အဓိက မိန်းလမ်းမတွေကို ပိတ်ဆို့ဆနပြမှာ ဖြစ်တယ်လို့ ကြေငြာချက် ထုတ်ပြန်လိုက်တယ်။။ အခုအချိန်အထိ ဘန်ကောက်မြို့ရဲ့ အဓိက မိန်းလမ်းမကြီးတွေကို သက်ဆင် ထောက်ခံသူ အနီရောင်ဝတ် ဆနပြသူတွေက ဖြန့်ကျက်ပြီး ပိတ်ဆို့ဝန်းရံထားတုန်းဖြစ်ပါတယ်။။ အဲ့ဒီနေ့ညနေပိုင်းမှာတော့ အနီရောင်ခေါင်းဆောင်က ဘန်ကောက်မြို့လည်က လမ်းတွေပေါ်မှာ ပိတ်ဆို့ဆနပြနေတဲ့ သူတွေကို ၅နာရီနောက်ဆုံးထားပြီး ပတ်ထရာကို ချီတက်ဆနပြဖို့ စီစဉ်ဖို့ အစိုးရအိမ်တော်ရှေ့ကို ပြန်လာဖို့ နိုးဆော်လိုက်ပါတယ်။

ဧပြီလ ၁၁ရက်နေ့ အဲ့ဒီ့နေ့ကတော့အာဆီယံခေါင်းဆောင်တွေရဲ့အလည်မှာ ထိုင်းနိုင်ငံရဲ့ အရှက်တကွဲအကျိုးနည်းဖြစ်တဲ့ နေ့ဖြစ်ခဲ့ပါတယ်။ မနက်ပိုင်းမှာ အစည်းအဝေးကျင်းပတဲ့နားမှာ အနီရောင်တွေနဲ့ အပြာဝတ်တွေ (အစိုးရထောက်ခံသူဟု ယူဆရတဲ့ သူတွေနဲ့) တိုက်ခိုက်မူဖြစ်ပြီးနောက်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး အပါအ၀င် နိုင်ငံခေါင်းဆောင်တွေ ရောက်ရှိနေတဲ့ ပတ်ထရာမြို့က အာဆီယံအစည်းအဝေး ကျင်းပမယ့် ဟိုတယ်ထဲကို အနီရောင်ဆနပြသူတွေက တရကြမ်းထိုးစစ်ဆင်ပြီး ၀င်ရောက် သိမ်းပိုက်ခဲ့လို့ ခေါင်းဆောင်တွေကို ရဟတ်ယာဉ်တွေနဲ့ ကယ်ထုတ်ခဲ့ရပါတယ်။

အဲ့ဒီ့နေ့က အနီရောင်တွေက သူတို့ အောင်ပွဲခံ လိုက်နိုင်တယ်လို့ ကြေငြာလိုက်တဲ့အချိန်မှာ အရေးပေါ် အခြေအနေ ကြေငြာခဲ့ပါတယ်။ အနီရောင်တွေဟာ အစည်းအဝေးပျက်သွားတဲ့ ပတ်ထရာကနေ ဘန်ကောက်ကို ပြန်ချီတက် လာကြပြန်ပါတယ်။ လုံခြုံမူမရှိတော့တဲ့ ဘန်ကောက်မြို့ကနေ သင်္ကြန်ပွဲတော် အားလပ်ရက် ခရီးအဖြစ် အကြောင်းပြပြီး ထိုင်းပြည်သူ သိန်းနဲ့ချီပြီး ထွက်ခွာနေကြပါပြီ။

ဧပြီလ ၁၂ရက်နေ့မှာတော့ နေ့ခင်းပိုင်းမှာပဲ ထိုင်းအစိုးရက ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့မြို့နယ်ငါးမြို့နယ်ကို အကြမ်းဖက် ဆနပြမူတွေ ဖြစ်လာတဲ့အတွက် နိုင်ငံရဲ့ တည်ငြိမ်ရေးအခြေအနေ စိုးရိမ်စရာဖြစ်လာတဲ့အတွက် ဖြေရှင်းနိုင်အောင် နိုင်ငံတော်အထူးအရေးပေါ် အခြေအနေ ကြေငြာလိုက်ပါတယ်။

နိုင်ငံတော် အထူးအရေးပေါ်အခြေအနေ ကြေငြာပြီးပြီးချင်းမှာပဲ အနီရောင်ဆနပြသူတွေဟာ ထိုင်းဝန်ကြီးချူပ်ရှိနေတဲ့ ပြည်ထဲရေး ၀န်ကြီးရုံးထဲကို အတင်း ချိုးဖျက်ဝင်လာကြပြီး ထိုင်းဝန်ကြီးချူပ်ကို ဒေါသတကြီးနဲ့ လိုက်လံ ရှာဖွေနေကြပါတယ်။။ ၀န်ကြီးရုံးဝင်း ထဲမှာရှိနေတဲ့ ကားတွေထဲက ထိုင်းဝန်ကြီးချူပ်ကားကို လိုက်ရှာနေရင်းက ရှိသမျ ကားတွေကို ဖျက်ဆီးမူတွေ လုပ်နေကြပါတယ်။။ ။ ရပ်ထားတဲ့ ၀န်ကြီးချုပ်ရဲ့ ကားမှန်တွေကို ခွဲနေတဲ့အချိန်မှာပဲ သေနတ်ပစ်ခတ်သံတွေ ကြားနေရပါတယ်။။ ဒီသေနတ်သံတွေဟာ ထိုင်းဝန်ကြီးချူပ် ကိုယ်ရံတော် လုံခြုံရေးအဖွဲ့တွေက သတိပေး သေနတ်ပစ်ဖောက်ခဲ့တာဖြစ်ပါတယ်။။

ဝန်ကြီးချူပ် ကားအပြင်း မောင်းထွက် သွားတဲ့အတွက် ဆနပြသူတွေ ထိခိုက်မူဖြစ်နေပါတယ်။။ အခုလို ကားတွေကို ရိုက်နှက် မူတွေ အချင်းချင်း တွန်းထိုး ရိုက်နှက်မူ အကြမ်းဖက်မူတွေ ကြားထဲမှာ ဆနပြသူတွေနဲ့ လုံခြုံရေးရဲတော်တော်များများ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိနေ ပါတယ်။။ ထိုင်းဝန်ကြီးချူပ်နဲ့ ဒုတိယ၀န်ကြီးချုပ်ဟာ ပြည်ထဲရေးဝန်ကြီးရုံးထဲကို ဆနပြသူတွေ မ၀င်ရောက်ခင်လေးမှာပဲ လွတ်မြောက် သွားခဲ့ပါတယ်။ ၀န်ကြီးချူပ် လက်မောင်းမှာတော့ ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။

အခုဆိုရင် ဘန်ကောက်မြို့ရဲ့ ၀န်ကြီးချူပ်ရုံးနဲ့ ဗဟိုတရားရုံးချူပ် ပါလီမန်လွှတ်တော်နေရာတွေကို အနီရောင်တွေဟာ ဖြန့်ကျက် ချီတက်နေပါတယ်။။ အခုလို အရေးပေါ် အခြေအနေထုတ်ပြန်ပြီးနောက်မှာပဲ မီတာတက္ကစီဒရိုင်ဘာတွေကလဲ ဘန်ကောက်မြို့ရဲ့ လမ်းမတွေကို ထပ်မံပြီး ပိတ်ဆို့ဆနပြနေပြန်ပြီဖြစ်ပါတယ်။။ ဆနပြပွဲတွေကို ဦးဆောင်ကျင်းပနေတဲ့ အနီရောင်ခေါင်းဆောင် ဂျတုပွန်က ထိုင်းဝန်ကြီးချုပ်နဲ့ ဒုဝန်ကြီးချူပ်ကို တွေ့တဲ့နေရာမှာ တိုက်ခိုက်ဖို့ (ပြောရရင် တွေ့တဲ့နေရာ အသေသတ်လို့ ပြောတာနဲ့ အတူတူပါပဲ) နဲ့ အစိုးရကို ပိုပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင်တိုက်ပွဲဝင်ဖို့ ဆနပြသူတွေကို တွန်းအားပေးပြီး ထပ်မံ နိုးဆော် လိုက်ပါတယ်။

ထိုင်းတော်ဝင်စစ်တပ်ပြောခွင့်ရပုဂိုလ်က ပြည်သူတွေကို တကယ်လို့စစ်တပ်ကို ဆနပြပွဲတွေမှာ ဖြေရှင်းနေတာကို မြင်ရင် အထင်မလွဲကြဖို့ ကြိုတင်မေတ္တာရပ်ခံနေပါတယ်။။ စစ်တပ်အနေနဲ့ ဆနပြသူတွေနဲ့ အတတ်နိုင်ဆုံး ပြေလည်အောင် ညှိနိုင်းဖြေရှင်းမှာ ဖြစ်တယ်လို့လဲ ပြောနေပါတယ်။

အခုဆိုရင် ဘန်ကောက်မြို့အပါအ၀င် ပထုံထနီမြို့ နွမ်ထဘူရီမြို့နခုံပထုံမြို့ အယုဒယမြို့စမုပရခမ်မြို့တွေဟာ အရေးပေါ် အခြေအနေမှာ ရှိနေပါတယ်။။ အရေးပေါ်အခြေအနေမှာ ထိုင်းဒုတိယ၀န်ကြီးချုပ် ဆုထေ့က အဓိက ဦးဆောင်သူအဖြစ်နဲ့ တာဝန်ယူပြီး အခုလက်ရှိဖြစ်ပွားနေတဲ့ ဆနပြပွဲ အရေးအခင်းကို ကိုင်တွယ်ဖြေရှင်းမှာဖြစ်ပါတယ် မည်သူကိုမဆို ဖမ်းဆီး အရေးယူမှာဖြစ်ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး အခုအရေးအခင်းမှာ ပူးပေါင်းဖြေရှင်းမှာဖြစ်ပါတယ်။။

ထိုင်းဝန်ကြီးချူပ်က နိုင်ငံကို ထိုင်းရုပ်မြင်သံကြားကနေ ထိုင်းနိုင်ငံရေးကို အမြန်ဆုံးတည်ငြိမ်အောင် ဖြေရှင်းပေးနိုင်အောင် အခုလို အထူးအရေးပေါ် အခြေအနေကြေငြာရတာဖြစ်တယ် တိုင်းပြည်တည်ငြိမ်အောင် ကြိုးစားနေတဲ့အချိန်မှာ ပြည်သူတွေကလဲ ပူးပေါင်း ပါဝင်ပါလို့ မိန့်ခွန်းပြောခဲ့ပါတယ်။ (နောင်ကို ဆူဆူပူပူလုပ်မယ့်သူတွေ မသက်သာဖူးသာမှတ်လို့တော့ ကြိမ်းမောင်းတာမဟုတ်ပါ)

ထိုင်းဝန်ကြီးချူပ်က အနီရောင်တွေရဲ့ ဆနပြမူဟာ တရားဥပဒေဘောင်ကနေ ကျော်လာပြီး ဆူပူရမ်းကားမူအဆင့်ဖြစ်နေတဲ့အတွက် ထိရောက်တဲ့ အရေးယူမူတွေ စတင်မယ် နောက်အနည်းဆုံး သုံးရက်ကနေ လေးရက်အချိန်အတွင်းမှာ တိုင်းပြည်အတွင်း ဖြစ်ပေါ် နေတဲ့ နိုင်ငံရေးမတည်ငြိမ်မူတွေကို ပြေလည်အောင်ဖြေရှင်းပေးမယ် ပြောဆိုပြီး နာရီအနည်းငယ်အ ကြာမှာ ပတ်ထရာ့ အရးအခင်းမှာ ဦးဆောင်ခဲ့တဲ့ အနီရောင်ခေါင်းဆောင်ကို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။။

အရေးပေါ်အခြေအနေ ကြေငြာတာ အင်မတန်နောက်ကျပြီးမှ ဆုံးဖြတ်ခဲ့တဲ့အတွက် မနေ့က ဖြစ်ခဲ့တဲ့ ပတ်ထရာအရေးအခင်းဟာ မဖြစ်သင့်တာ ဖြစ်ခဲ့တာဖြစ်ခဲ့တာလို့ ထိုင်းနိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေဘက်ကလည်း ထိုင်းအစိုးရရဲ့ အရေးအခင်းအပေါ် ကိုင်တွယ်ဖြေရှင်းမူတွေဟာ ညံ့ဖျင်းတယ်လို့ ဝေဖန်မူတွေ ပေါ်ထွက်နေပါတယ်။။ အခုလို အခြေအနေတွေဖြစ်ပြီးမှ အရေးပေါ် အခြေအနေ ကြေငြာတာဟာ အဓိပါယ်မရှိဘူး။။ အာဖီဆစ်အစိုးရအနေနဲ့ ပတ်ထရာလို မြို့သေးသေးလေးထဲက အရေးအခင်း ကိုတောင် နိုင်နင်းအောင် မထိန်းသိမ်းနိုင်ခဲ့ရင် တိုင်းပြည်တွင်း မတည်ငြိမ်မူကို ထိန်းသိမ်းမယ်လို့ ပြောဆိုနေတာ ယုံနိုင်ဖွယ် မရှိဘူးလို့ သမာဆတ်တက္ကသိုလ် မင်းသားစွန်ခလါ တက္ကသိုလ်က ပါမောကတွေ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆို နေကြပါတယ်။။ အခု ဆနပြပွဲတွေကို တာဝန်ယူနေတဲ့ လုံခြုံရေးတပ်ဖွဲဏ္ဍ၀င်တွေအနေနဲဏ္ဍလည်း ဆူပူအုံကြွမူတွေ လူထု အရေးအခင်းတွေကို ဖြိုခွဲထိန်းသိမ်းနိုင်တဲ့ စွမ်းရည် မရှီကြဘူးလို့ စွတ်စွဲပြောဆိုနေကြပါတယ်။

ထိုင်းဘုရင်မင်းမြတ်နဲ့ တော်ဝင်မိသားစုနေတဲ့ နန်းတော်ပတ်ပတ်လည်ကို ထိုင်းစစ်တပ်က လုံခြုံရေးအပြည့် ယူပေးထားပြီဖြစ်ပါတယ်။ ဘန်ကောက်မြို့လည်ခေါင်က ဆီယံပါရဂွန်ရှေ့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဗဟိုဌာန ကို အနီရောင်ဝတ်ဆနပြသူတွေက ၀င်ရောက် စီးနင်းလိုက်ပြီဖြစ်ပါတယ်။။ ဘန်ကောက်မြို့ပေါ်မှာတော့ စစ်ကားတွေ လှည့်လည်နေပြီဖြစ်ပါတယ်။။ အခုက ဆနပြသူတွေနဲ့ ဆနပြတဲ့ နေရာတွေမှာ ထိုင်းစစ်သားတွေနဲ့ တိုက်ရိုက်ရင်ဆိုင်တွေ့ကြပြီဖြစ်ပါတယ်။

၁၃ရက်နေ့ ဧပြီမှာ ဘာတွေများ ဖြစ်ကုန်ကြပြီလဲ....အဲ့ဒီနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်း ဖြစ်ခဲ့တဲ့ စစ်ပွဲ အအရေးအခင်းကို အခုတွေးရင် အခု မယုံနိုင်လောက်အောင် ဖြစ်ရပါတယ်။ အခု ပို့စ်အတွက် စာထိုင်ရေးနေတာ မနက်၂နာရီ ထိုးပါပြီ ထိုင်းသတင်းတွေကို တိုက်ရိုက်သတင်းပို့ရတဲ့အတွက် ကျွန်မ မနားရတာ တစ်ပတ်လောက်ရှိနေပြီ အရမ်းလဲ အိပ်ငိုက်လာလို့ မနက်ကျမှ ဆက်ရေးပေးပါ့မယ်ရှင်။ ကျေးဇူးတင်ပါတယ်။

17 Comments:

tg.nwai said...

အင်း..ကြားရတာ စိတ်မချမ်းသာစရာတွေပါပဲ မဆုမွန်ရယ်..။ ဒါတွေကြောင့်နဲ့ပဲ ထိုင်းလည်း တော်တော်ထိခိုက်နေပြီ...။

နှစ်သစ်ကူးမှာ ကမ္ဘာသူ ကမ္ဘာသားများ ငြိမ်းချမ်းကြပါစေ...။ မဆုမွန်လည်း ကောင်းကောင်းအိပ်ပျော်နိုင်ပါစေ...:)

Anonymous said...

မဆုမွန်ရေး အပင်ပန်းခံပြီး သတင်းလေးတွေ မျှဝေပေးတာအထူးကျေးဇူးပါခင်ဗျာ။ စောင့်ဖတ်နေပါမယ်။ ချမ်းမြေ့ပါစေ..

Anonymous said...

မဆုမွန်ရေ အခုလို အပင်ပန်းခံပြီး သတင်းလေးတွေမျှဝေပေးတာအထူးကျေးဇူးပါခင်ဗျာ။ အန္တရာယ်ကင်းပြီး ချမ်းမြေ့ပါစေလို့ ဆန္ဒပြုပါတယ်

MrDBA said...

အသေအချာဖတ်သွားပါတယ်ခင်ဗျာ။ စိတ်ဝင်စားပါတယ်။

thetpaingthu said...

အမရေ... ဆက်ရေးပါ.. ရုံးက ထိုင်းတွေတော်တော်များများက.. အခုလက်ရျိ ၀န်ကြီးချုပ်ကို ထောက်ခံကြသတဲ့... သက်ဆင်ကို ရွံသတဲ့...
ဘယ်နိုင်ငံတွေ ဘာပဲ ဖြစ်ဖြစ်ကျွန်တော်တို့တွေ အတွက်ကတော့ ရွှေပြည်တော် မျှော်တိုင်းဝေးနေဆဲပါ

EEK said...

Thank you for this post.
Please continue posting about it.

လင်းဒီပ said...

ဖတ်ပါတယ်
အရမ်းဖတ်ချင်နေတဲ့ သတင်းပါ...
မဆုမွန် ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ..
အန္တရာယ်ကင်းဘေးရှင်းပါစေဗျာ..
ကျန်းမာရေးလည်း ဂရုစိုက်ပါ..။
ဆက်ပြီး စောင့်ဖတ်နေပါဦးမယ်..။

Anonymous said...

thank you so much for this post.

ခမ်းကီး said...

စလုံးရေးစ ပဲရှိသေးတယ်လို့ သက်ဆင်က ကျိန်းနေသတဲ့...။
ဆက်ကြည့်ကြတာပေါ့... ။

မြစ်ကျိုးအင်း said...

အမရေ အစစ အရာရာ ဂရုစိုက်ပါဗျာ
ကျွန်တော်တို့တွေ အေးအေးချမ်းချမ်းဖတ်ရဘို့
အမက အန္တရာယ်နဲ့ရင်းရတာတော့ တကယ်ကို
အားနာမိတယ်။
နှစ်သစ်မှာပျော်ရွှင်ပါစေ...

အိမ်လွမ်းသူ said...

ညီမရေ... အခုလိုမျှဝေပေးတာကျေးဇူးတင်ပါတယ်.. ညီမလည်းကိုယ့်ကိုယ်ကို ဂရုစိုက်ပါဦး.. နှစ်သစ်မှာ အစစအဆင်ပြေချောမွေ့ပါစေနော်...

မိုးမြင့်အောင် said...

လာလေ့လာသွားတယ် မဆုမွန်ရေ

ဖိုးသင်္ကြန် said...

အမပြောမှပဲ အခြေအနေတွေကို ကောင်းကောင်းသိတော့တယ်။ ဆက်ပြောပြပါဦးဗျာ။

Anonymous said...

Well, if you check carefully it is all about the timing.

Thaksin might have chosen this time, perhaps the king is now senile, everyone in Thailand guess that the queen and the crown prince are behind Yellow people and Thaksin might not tried that when the king could have intervened.

I can bet that the king's now in his last days and that explains why the city is red now.

Better start seeing the issue between the Republicans (Red)
and the Yellow royalists.

It is timing, stupid!

နွေးနေခြည် said...

အန္တရာယ်ကင်း ဘေးရှင်းပါစေ မဆုမွန်

မဆုမွန် said...

အမည်မသိ ဆွေးနွေးသွားတာကို ကျေးဇူးတင်ပါတယ်။ုဟုတ်ပါတယ် ထိုင်းနိုင်ငံရေးဟာ အများကြီးရူပ်ထွေးမူရှိပါတယ်။ ဘုရင်စနစ်တာရှည်နေတာဟာလည်း အခုလက်ရှိ ထိုင်းဘုရင်မင်းမြတ်ကြီးအပေါ် ထိုင်းပြည်သူတွေဟာ နတ်ဘုရားလို ကိုးကွယ်ယုံကြည်မြတ်နိုးကြတာပါ.
နောက်ကွယ်တွေမှာ မိဖုရားကြီး သားတော်ကြီး သမီးတော် စတဲ့ ကြိုးကိုင်မူတွေ ထီးနန်းအာဏာတွေ ပြည်သူတွေရဲ့ ယုံကြည်ချစ်မြတ်နိုးမူ အတိမ်အနက်တွေ အများကြီးရှိပါတယ်.
ဒါပေမယ့် ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုအကြောင်း ဘလော့တင်မိလို့ ထောင်ဒဏ် ၁၀နှစ်ကျခံခဲ့ရတာ ပူပူနွေးနွေးပဲ ရှိပါသေးတယ် ရှင်

ဂျေဂျူဝိုင် said...

အင်း ဒီပြဿနာက ခုထိ မပြီးသေးဘူးနော်