တစ်ဦးတည်းသော ညီမလေးသို့ မွေးနေ့ မင်္ဂလာ ဆုတောင်း

ဒီနေ့ ဧပြီလ ၁၂ရက်မှာ ကျရောက်တဲ့ မြန်မာ့ရိုးရာမဟာသင်္ကြန် အခါတော်နေ့ ပထမဆုံးသင်္ကြန်ရက်ဖြစ်တဲ့ သင်္ကြန်အကြိုနေ့ဟာ ကျွန်မရဲ့ တစ်ဦးတည်းသော ညီမထွေးလေးရဲ့ မွေးနေ့ဖြစ်ပါတယ်။
သင်္ကြန်အကြိုနေ့မနက် ၇နာရီနဲ့၃၅မိနစ်မှာ မွေးခဲ့တဲ့ ညီမလေးကို ကျွန်မတို့ မိသားစုက သင်္ကြန်လက်ဆောင်အဖြစ် ရလိုက်တာပါ။
သင်္ကြန်နှစ်သစ်ကူးချိန် သင်္ကြန်တွင်းမှာ မွေးခဲ့တဲ့ ကျွန်မတို့ ညီမလေး ဘ၀တလျောက်လုံး သင်္ကြန်ရေလို အေးချမ်းပြည့်စုံပါစေလို့ အမေနဲ့ အဖေက ဆုတောင်းရင်း အငယ်ဆုံးသမီးထွေးလေးရဲ့ နံမည်လေးထဲမှာ အေးချမ်းပြည့်စုံခြင်းတွေ သင်္ကေတတွေ ထည့်သွင်း မှည့်ခေါ်ခဲ့ပါတယ်။
ငယ်ငယ်ကတည်းက အငိုအရယ်နည်းပါးပြီး အမြဲ ခပ်တည်တည်နေတတ်တဲ့ ညီမလေးဟာ ကျွန်မထက် ခြောက်နှစ်တိတိ ငယ်ပါတယ်။
ဒါပေမယ့် ခြောက်မိနစ်ကြီး ခြောက်မိနစ်ငယ်တဲ့ အမွှာတွေလို့ အပြောခံ ရလောက်အောင် ကျွန်မထက်စာရင် ညီမလေးဟာ အရွယ်နဲ့ မလိုက် တည်ငြိမ်ရင့်ကျက်သူလဲ ဖြစ်ပါတယ်။ သူဟာ တည်ငြိမ်သူ ဖြစ်သလို ပြတ်သားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
သူရဲ့ ထူးခြားချက်ကတော့ သိပ်ပြီး အားမနာတတ်တာရယ် ဟန်မဆောင်တတ်တာရယ်ပါ။
သူ့စိတ်ထဲမှာ မကြိုက်ဘူးဆိုရင် အဲ့ဒီ့လူကို ဟန်ဆောင်ပန်ဆောင်လေးတောင်မှ စကားခွန်းဆိုတတ်သူ မဟုတ်ပါဘူး။
ဒါပေမယ့် အိမ်မှာ အငယ်ဆုံးသမီးဖြစ်တဲ့ အားလျော်စွာ မိသားစုထဲမှာ သူ့သူငယ်ချင်းတွေထဲမှာတော့ သူဟာ အနိုင်ယူတတ်သူ တစ်ယောက်တော့ ဖြစ်ပါတယ်။
သူရဲ့ ကံကောင်းခြင်းကတော့ သူငယ်ချင်းတွေကရော မိသားစုကပါ သူ့ကို ချစ်မြတ်နိုးကြပြီး ညီမလေးဟာ သူ့ဘ၀ကို သိပ်ပြီး ပင်ပင်ပမ်းပမ်း မဖြတ်ကျော်ခဲ့ရပါဘူး။
သူကလဲ သူ့ရဲ့ ခက်ခဲပင်ပမ်းမူတွေကို အမြဲတမ်း မဖြစ်ဖြစ်အောင် ကြိုးစားပြီး ဖြစ်လာတဲ့ အခက်အခဲတွေကို သိပ်ငြီးငြူတတ်သူ မဟုတ်တဲ့အတွက်လည်း ဖြစ်နိုင်ပါတယ်။
အမြဲလိုလို သူလိုချင်တာ သူဖြစ်ချင်တာတွေဟာ ပထမပိုင်းမှာ အခက်အခဲတွေ ကြုံတွေ့ရတတ်ပေမယ့် နောက်ဆုံးတော့ အဆင်ပြေ ချောမွေ့သွား တတ်တာများပါတယ်။
ဒါဟာလည်း သူ့ကိုချစ်တဲ့ မိသားစုနဲ့ သူ့မိတ်ဆွေတွေရဲ့ ကူညီစောင့်ရှောက်မူတွေ အမြဲလိုလို ရခဲ့တဲ့ သူ့ရဲ့ကံကောင်းမူတွေပဲဖြစ်ပါတယ်။

အခုဆိုရင် ကျွန်မညီမလေးဟာ သူမရဲ့ ဘ၀ခရီးလမ်းကို တိုးတက်အောင်မြင်အောင် လျောက်လှမ်းဖို့အတွက် လောကကြီးရဲ့ အပြင်ဘက်ကို လှမ်းထွက်လာခဲ့ပါပြီ။
သူ့ရဲ့ ယုံကြည်ချက်ခြေလှမ်းတွေကို ခိုင်ခိုင်မတ်မတ် ရပ်တည်နိုင်အောင် ကျွန်မကရော မိဘနှစ်ပါးနဲ့ အတူ မိသားစုကပါ ညီမလေး ဘ၀တလျောက်လုံး စိတ်ချမ်းသာ ကိုယ်ကျမ်းမာခြင်းများစွာနဲ့သူချစ်တဲ့သူတွေနဲ့ အတူ ငြိမ်းချမ်းပျော်ရွှင်ပါစေလို့ ဆုတောင်းပေးနေကြပါတယ်။
အခုချိန်မှာ အဝေးတစ်နေရာက ညီမလေးချစ်တဲ့ မိဘနှစ်ပါးနဲ့ အတူ ချစ်သော မိသားစုက ညီမလေးအတွက် မွေးနေ့ဆုတောင်းတွေကို မေတ္တာတရားအပြည့်အ၀နဲ့ ဆုတောင်းပေးနေပြီး ညီမလေးအတွက် မွေးနေ့အလှူတွေလည်း ပေးနေမယ့် အချိန်ဖြစ်ပါတယ်။

ချစ်သော ညီမငယ်လေး ဒီနေ့ ကျရောက်တဲ့ မွေးနေ့မှသည် စိတ်ချမ်းသာခြင်း ကိုယ်ကျမ်းမာခြင်းနဲ့ ပြည့်စုံပြီး ကံကောင်းခြင်းများစွာကို ငြိမ်းချမ်းခြင်း ပျော်ရွှင်ခြင်းတွေ နဲ့ အတူ ရယူခံစားနိုင်ပြီး ဘ၀တလျောက်လုံး ချစ်သောသူများ ချစ်သော သူငယ်ချင်းများ ချစ်သောမိတ်ဆွေများ မိဘမောင်နှစ်မ ချစ်သောမိသားစုနဲ့ အတူ နောင်လာမယ့် မွေးနေ့ရက်မြတ်တွေမှာ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

11 Comments:

မယ့်ကိုး said...

မ ညီမလေး ဘ၀တလျောက်လုံး စိတ်ချမ်းသာ ကိုယ်ကျမ်းမာပါစေ လို့  ဆုတောင်းပေးလိုက်ပါတယ်။
မယ်ကိုးလည်း ၁၃ရက်နေ့ ကျရင် မွေးနေ
့ဆုတောင်းလေး တစ်ခုရေးချင်မိတယ်။
ဘာတွေရေးတာလဲဆိုပြီး လူရိုက်ခံရမှာလဲ စိုးပါတယ်။ :)

တီချမ်း said...

မောင်နှမတွေ ကိုချစ်တတ်ချင်တယ်
ချစ်လို့မရဘူး
ဘယ်လိုလုပ်ရမလဲ

ငြိမ်းချမ်း said...

မဆုမွန် ညီမငယ်လေး မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ..

ကောင်းကင်ပြာ said...

မဆုမွန် ရဲ့ ညီမလေး နှစ်သစ်မှာ ပျော်ရွင်ပါစေ၊ Happy Birthday ပါ

Anonymous said...

မမဆုမွန်ရေ...စာလာဖတ်တယ်....မမရဲ့ ညိမလေးအတွက်မွေးနေ့ မှာပျော်ရွင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်

ုkiki said...

သင်္ကြန်ရေလာလောင်းရင်း ညီမလေးအတွက်မွေးနေ့ ဆုတာင်းပေးလိုက်ပါတယ် ။နှစ်သစ်နဲ့ အတူချမ်းမြေ့ ပျော်ရွှင်ကြပါစေ .

ညလေး said...

မင်္ဂလာနှစ်သစ်ပါ ဆုမွန်ရေ
ဆုမွန်ရဲ့ ညီမလေးရဲ့ ဘ၀မှာ ဆန္ဒများစွာတိုင်း တစ်ထပ်တည်း ကျနိုင်ပါစေလို့...

မေငြိမ်း said...

ံHappy Great Birthday to APS ....
Teacher.

အိမ်လွမ်းသူ said...

ညီမလေးမွေးနေမှ နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်ပြည့်ဝမှုတွေနဲ့ ပြည်စုံပြီး ချစ်သောမိသားစုနဲ့ သက်ဆုံးတိုင် အတူနေထိုင်နိုင်ပါစေ......

Anonymous said...

ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေဗျား။

ဂျေဂျူဝိုင် said...

ဒီနှစ်တော့ မဆုမွန်ရဲ့ ညီမလေး မွေးနေ့ ကို ဆုတောင်းပေး လိုက်ရပါတယ်။