အနီ အ၀ါ အစိမ်း အနက်

ဒီပို့စ်လေးဟာ ၁၀၀မြောက်ပို့စ်လေးပါ.. ဘန်ဂျီခုန်ခဲ့ဖူးတဲ့ မဆုမွန်အတွက် တဲ့ ကိုဂျူလိုင် အိမ်မက် တက်ခ်ထားတဲ့ ရေးခဲ့ပြီးသမျှထဲက ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေခြင်းဆိုတဲ့ ခေါင်းစဉ်လေးကို ကြည့်ပြီး ရေးခဲ့ပြီးသမျကို ပြန်ဖတ်ကြည့်တော့...

ကျွန်မ ရေးခဲ့သမျထဲက ဒုတိယအကြိမ်ဆိုရင်တော့ ဒီအပတ်ထဲမှာပဲ ထိုင်းနိုင်ငံရေးအခြေအနေ အရမ်း တင်းမာ ရူပ်ထွေးနေတာတွေကို သတင်းလုပ်နေရ ချိန်ဖြစ်တယ်။ မနေ့ကတော့ သိန်းချီတဲ့ မစ္စတာသက်ဆင်ထောက်ခံသူ အနီဝတ်တွေဟာ လက်ရှိ ထိုင်းဝန်ကြီးချူပ် မစ္စတာ အဖီဆစ် အစိုးရကို ရာထူးက နူတ်ထွက်ပေးဖို့ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မြို့လည်က မိန်းလမ်းမကြီးတွေကို ပိတ်ဆို့ ဆနပြ နေကြတယ် ထိုင်းဝန်ကြီးချူပ်ကားကို ၀ိုင်းရိုက် နှက်ကြ ထုကြ ထောင်းကြ ထိုးကြ ကြိတ်ကြ ဖြစ်နေကြတယ်။doadoa့  အနီရောင်တွေ ထောက်ခံတဲ့ သက်ဆင်က ထိုင်းနိုင်ငံကို ကယ်တင်ဖို့ စူပါမင်းအဖြစ်နဲ့ ပြန်လာနေတယ်ဆိုတဲ့ ပုံစံ စူပါမင်းပုံတွေလဲကိုင်ထားကြတယ်။။

ညီညွတ်သော ထိုင်းနိုင်ငံအဖွဲ့ ဆိုတာကလဲ တိုင်းပြည်ကို မငြိမ်သက်အောင် လုပ်နေတယ်ဆိုတဲ့ မစ္စတာ သက်ဆင်ကို အမိဖမ်းပေးနိုင်ရင် ထိုင်းဘတ်ငွေ တစ်သန်းတဲ့ ဆုငွေ ထုတ်ထားတယ် မစ္စတာသက်ဆင် မိန်းမ သမီးက ဟောင်ကောင်ကို ပြေး သားလုပ်သူက ဒူဘိုင်းကို ပြေး ယောက်ဖ ၀န်ကြီးချူပ်ဟောင်းမစ္စတာ ဆွန်ချိုင်းကလဲ အာရပ်နိုင်ငံကို ပြေး သမီးတွေက လန်ဒန်ကိုပြေး မိသားစုလိုက် ထိုင်းနိုင်ငံအပြင်ကို ထွက်ခွာနေချိန်မှာ သူတို့ကို ထောက်ခံတဲ့ သိန်းချီတဲ့ အနီရောင် ဆနပြသူတွေက အင်အားတွေပိုတိုးလာပြီး ထိုင်းတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တိုက်ပွဲခေါ်နေလေရဲ့။ ဒီပုံက ထိုင်းဝန်ကြီးချူပ် အဖီဆစ်ကားအောက်ကို လမ်းကြောင်း ဆိုင်ကယ်မှောက်သွားပြီးနောက် ပိတ်တားပြီး ကားထဲက ဒရိုင်ဘာနဲ့ ၀န်ကြီးချူပ်ကို အနီ မိန်းမကြီးတွေက ၀င်ရိုက်တာလေ ကံကောင်းလို့..အတင်းမောင်းပြေးလို့ လွတ်သွားတယ်။ကံကောင်းလို့ ၀န်ကြီးချူပ် အဖီဆစ် မပြားတယ်။doadoaဒီလိုရူပ်ထွေးနေတဲ့အချိန်မှာ ကျွန်မ မှတ်မှတ်ရရဖြစ်မိတာကတော့ ဟိုးပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် နိုဝင်ဘာလတုန်းက ထိုင်းနိုင်ငံမှာ မစ္စတာသက်ဆင်နဲ့ ဆက်စပ်ပတ်သတ်သူ ၀န်ကြီးချူပ် တွေ ပြုတ်ကျရေး အ၀ါရောင်တွေ အကြီးအကျယ် ဆနပြနေတဲ့အချိန် ရေးခဲ့တဲ့ အနီအ၀ါအနက်တွေ ဗြောင်းဆန်နေတဲ့ ထိုင်းနိုင်ငံ ဆိုတဲ့ပို့စ်လေးကို သတိရမိတယ်.အဲ့တုန်းကဆို တိုင်းပြည်ကို ရောင်းစားတဲ့ ပြည်ပြေးသက်ဆင်နဲ့ သူ့မိန်းမကို အလိုရှိသည် ဆိုတဲ့ ၀ရမ်းထုတ်ထားတဲ့ ကြေငြာဆိုင်းဘုတ်တောင် တင်ထားတယ်။

၏အဲ့ဒီ့တုန်းကတော့ ထိုင်းဝန်ကြီးချူပ်ဟောင်း မစ္စတာသက်ဆင်ရဲ့ နီးစပ်သူ ထိုင်းဝန်ကြီးချူပ်ဟောင်း မစ္စတာ စမစ်ကို ဖြုတ်ချပြီးနောက် ထပ် တက်လာတဲ့ မစ္စတာသက်ဆင်ရဲ့ယောက်ဖ လက်ရှိ ၀န်ကြီး ချူပ် မစ္စတာ ဆွန်ချိုင်းကိုပါ ဆက် ဖြူတ်ချဖို့ မဟာမိတ် ညွန့်ပေါင်း သပိတ် တပ်ဖွဲ့ ပီအေဒီ အ၀ါရောင်တွေက ဇွဲနပဲနဲ့ ၀န်ကြီးချူပ်ရုံးကို ၀င်သိမ်းပြီး ပါလီမန်ကို ချီတက် ဆနပြနေတဲ့အချိန် မစ္စတာ သက်ဆင်ကို ထောက်ခံတဲ့ လက်ရှိအစိုးရကို ထောက်ခံတဲ့ အနီရောင်ဝတ်တွေနဲ့ တစ်ဖက် တစ်ဖက် တိုက်ခိုက်နေကြတဲ့ သတင်းလေးကို ရေးထားတာပါ။

ထိုင်းဘုရင့်အစ်မတော် ကံကုန်လို့ တစ်တိုင်းပြည်လုံး အနက်တွေ ၀တ် ၀မ်းနည်း ပက်လက် ဖြစ်နေချိန် လဲဖြစ်တယ်doadoa ဆိုတော့ နီတာတွေရော ၀ါတာတွေရော နက်တာတွေရောပေါ့။
မှတ်မှတ်ရရ စာသားလေးတစ်ခုက အခုတော့ မြို့ထဲမှာ လူတွေကလဲ ငြိမ် ကားတွေလဲငြိမ် ဘန်ကောက် မြို့ကြီးက မှင်သေသေနဲ့ ငြိမ်ချင်ယောင်ဆောင်နေတယ် .နိုင်ငံခြားသားတွေလဲ မျက်စိသူငယ် နားသူငယ်နဲ့ ပေါ့ လေဆိပ်မှာ ငုတ်တုတ်လေးတွေထိုင်လို့ လာမိတာကိုက ငါ့အမှားတဲ့ doadoaလွတ်လပ်စွာ ဆနပြခွင့် ရှိတဲ့ ဒီမိုကရေစီနိုင်ငံ ဆိုတော့လည်း လမ်းပေါ်မှာ ဆူတဲ့နေရာ ဆူ ပွက်တဲ့ နေရာပွက် အော်တဲ့ နေရာ အော် ထုတဲ့နေရာ ထုပေါ့. သတ်တဲ့နေရာ သတ်ကြပေါ့ ဒီမိုကရေစီ ဆိုတာကြီးကို အပြည့် အသုံးချနေကြလေရဲ့။

ဒါနဲ့ စကားမစပ် ထိုင်းဝန်ကြီးချူပ် အဆက်ဆက်က ပြောခဲ့ဖူးတယ် မြန်မာပြည်က ဒီမိုကရေစီနဲ့ မတန်သေးဘူးဆိုပဲ.ဟော ပြောရင်းဆိုရင်း ဗုန်းလေးလုံးပေါက်ပြန်ပြီတဲ့ ..ဒွန်မောင်းလေဆိပ်မှာ နောက် သုဝဏဘူမိလေဆိပ်မှာက ဗုန်းသုံးလုံးတဲ့ အပြန်အလှန် သေနတ်တွေနဲ့ ပစ် လေးခွတွေနဲ့ ဆော် တုတ်တွေနဲ့ ရိုက် ဖြစ်ချင်တိုင်းကို ဖြစ်နေတာပဲ ..


ဆိုတဲ့ ပို့စ်လေးကို သတင်းပို့ပြီး အပြန် မောမောနဲ့ရော စိတ်ပေါက်ပေါက်နဲ့ပါ ရေးမိတဲ့ ပို့စ်လေးပါ။အဲ့တုန်းက ကျောင်းတက်နေရင်းနဲ့ ဆနပြပွဲကို တန်းပြေးဖြစ်တုန်း ထိုင်းကျောင်းသားတိုင်းကို နဖူးစီးလေးတွေ ဆနပြသူတွေက ၀င်တာနဲ့ ခေါင်းထိပ်မှာ စီးပေးတယ်လေ အမှတ်တရရိုက်ထားတဲ့ပုံလေးပါ။ ခေါင်းကို အရိုက်ခံရမှာစိုးလို့ သွားတိုင်း ဆိုင်ကယ်စီးဦးထုပ်အသစ်တွေလည်း ခေါင်းမှာ လာလာဆောင်းပေးသေးတယ် အိမ်မှာ အများကြီးပဲ menariအဲ့တာက အုပ်စုလိုက် အရိုက်မခံရခင် အချိန်လေးပါ အသက်လုပြေးရတဲ့အချိန်ကိုလဲ သေမင်းနဲ့ တွေ့တဲ့ည ဆိုတဲ့ ပို့စ်ရေးဖြစ်တယ်။နောက်နေ့မှာလဲ ဆက်ပြီးရေးမိတယ် ဗြောင်းသတ်နေတဲ့ ငါတို့အိမ်ဘေးက အခြေအနေနဲ့ လောင်မီးကျနေတဲ့ ကမ္ဘာကြီးဆိုတဲ့ ပို့စ်လေးပါ။

ထိုင်းမှာက နှစ်ဦးနှစ်ဘက် အခြေအနေ တွေက တင်းမာနေပြီး လုံးဝကို ပြသနာက မအေးသေးဘူး အခုလိုထိုင်းမှာ တစ်ဘက်နဲ့ တစ်ဘက် လက်နတ်သုံးပြီးကို ဖြေရှင်း နေကြလို့ လုံခြုံရေးမဲ့နေပြီး ဘန်ကောက်တစ်ခုလုံး ဗြောင်းဆန်နေတုန်း ရှိသေးတယ် ဘေးချင်း ကပ် နေတဲ့ အိန္ဒိယနိုင်ငံမှာလဲ ရဲကားတွေပေါ်က လက်နက်ကြီးလက်နက်ငယ်တွေ ကိုင်ဆောင်ထားတဲ့ အကြမ်းဖက် တိုက်ခိုက်သူတွေက မြို့တော် မွမ်ဘိုင်းမြို့တလျှောက် မြင်မြင်ရာ တွေ့သမျကို အကုန် ပစ်သတ်သွားတဲ့
သတင်းလေးကို ပို့စ်အဖြစ် ရေးမိတယ်. doadoaအဲ့ဒီ့အချိန်တုန်းကလောက် သတင်းတွေ ကြားရ ဖတ်ရ ပြောရတာလောက် စိတ်ရော လူရော ပင်ပမ်း ဆင်းရဲတာ မရှိတော့ဘူး အဲ့တာကြောင့် အဲ့ပို့စ်လေးကို ရေးဖြစ်မိတယ်။

အခုလဲ ထိုင်းနိုင်ငံရေး ရူပ်ထွေးမူတွေကြားထဲမှာ သန်းချီပြီး ထိုင်းနိုင်ငံထဲမှာ လာအလုပ်လုပ်နေရတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အရေးကို ပိုပြီး ပူပင်သောက ရောက်မိတယ်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ် ဖြစ်နေလို့ ထိုင်းစီးပွားရေးကလဲ ကျနေရတဲ့အထဲ ကိုယ့်တိုင်းပြည်မှာ ဘယ်လိုမှ အသက်မွေး ၀မ်းကြောင်း မလုပ်နိုင်လို့ သူများနိုင်ငံမှာ လာအလုပ်နေရကာမှ စက်ရုံတွေ ရပ် အလုပ်တွေ ပြုတ် ဖြစ်နေရတဲ့ အထဲ အခုလို ထိုင်းနိုင်ငံရေး ရူပ်ထွေးမူတွေကြားမှာ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားတွေ ကြားမညှပ် မိပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ။doadoa

အနီထောက်ခံတဲ့ အစိုးရကို အ၀ါက မရမက ဖြူတ်ချ အခုတစ်ခါ အ၀ါထောက်ခံတဲ့ အစိုးရကို အနီက ဖြုတ်ချ တစ်ခါ အနီနဲ့ အ၀ါ သတ်ကြ နောက်ပေါ်လာပြန်ပြီ အစိမ်းရောင်ဆနပြသူများတဲ့ ပေါ်လာပြန်ပြီ ထိုင်းတွေလဲ အရောင်တွေနဲ့ ရူပ်နေတာပဲ...ဘာပဲဖြစ်ဖြစ် ဒီတစ်ခါ အနီတွေ ကြားထဲ သွားသတင်းယူရမှာတော့ လန့်မိ တယ်...ပို့စ်လေးတွေလဲ ဒုတိယအကြိမ် တတိယအကြိမ်လေးတွေ ပေါ်လာဦးမယ် ထင်ပါရဲ့ ကိုဂျူလိုင် တက်ခ် ထားတဲ့ ပို့စ်လေးနဲ့ ညီမညီတော့ မသိဘူး အရူပ်တွေ လုပ်နေရင်းတန်းလန်းနဲ့ ရေးချင်လို့ အချိန်လု ရေးလိုက် ပါတယ်နော့။menari

9 Comments:

Welcome said...

ဒုတိယအကြိမ် ပြန်ဖော်ပြလို့
ဒုတိယအကြိမ် ပြန်ဖတ်သွားပါတယ်။

နှစ်သစ်မှာ
စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနဲ့
ပြည့်စုံနိုင်စေဖို့ ဆုတောင်းပေးပါတယ်။

လေးစားလျက်
ဝင်းဇော်

တီချမ်း said...

ဒုတိယ အကြိမ်လဲလာဖတ်တယ်
နောက်လင့်ခ် နှစ်ခုလဲဖတ်နေတယ်

tg.nwai said...

ပထမအကြိမ် ဖတ်ကတည်းက မျက်စိထဲကို ပုံပေါ်အောင် ရေးတတ်ပါပေတယ်လို့..မဆုမွန်နဲ့ အတူ လိုက်ပြီး မောခဲ့ရတာ..။

ပို့စ် ၁၀၀ မြောက်မှသည် ထောင်သောင်းတိုင်အောင် ဝေမျှနိုင်ပါစေလို့ ...နော်။

လင်းဒီပ said...

ထိုင်းနိုင်ငံရေးအကြောင်း စိတ်ဝင်တစား ဖတ်သွားပါတယ်..
မဆုမွန်ရေ...အဆင်ပြေပါစေ..
အဆင်ပြေရင် ထိုင်းသင်္ကြန်လေးတွေ တင်ပါဦးနော်...

ကောင်းကင်ပြာ said...

ဒုတိယ အကြိမ်ကို ပထမတခေါက်လာဖတ်သွားတယ်ရှင်။မသိတာတွေ လဲ သိသွားရပါတယ်

မိုးမြင့်အောင် said...

စနစ်ကျတဲ့စုဆောင်းမှုတွေနဲ့တင်ပြမှုတွေပါပဲ။ ဘာပဲပြောပြောထိုင်းတွေဝတ်လည်နေတာပဲ။ လူတယောက်အနေနဲ့ဟန်မဆောင်တမ်းပြောရရင် ထိုင်းတွေ အခုလိုဖြစ်နေတာကို ကွက်ကွက်ကွင်းကွင်းတွေ့ရတော့ဝမ်းသာတယ်။ ဓာတ်ပုံတွေကို ကျနော်ကော်ပီလုပ်သွားတယ် နောက်လိုရင်သုံးချင်လို့။ ကြိုပြီးခွင့်တောင်းသွားတယ်။ အဆင်ပြေပါစေ။

သက်ပိုင်သူ said...

မမဆုမွန်ရေ..
ထိုင်းတွေလည်း ကံမကောင်းဘူး .. တို့မြန်မာတွေလည်း ကံမကောင်းဘူး... ဟူး.. ဖတ်ရင်းနဲ့ မောသွားတယ် အမရယ်

Anonymous said...

အင်း အရောင်ကိုစုံနေတာပဲ ဘာတွေမှန်းကို မသိတော့ဘူး

ဂျေဂျူဝိုင် said...

ထိုင်းပြဿနာက ဒီမှာကတည်းက တော်တော်ကြီးကျယ်နေပြီပဲ ကိုး