အနီ အ၀ါ အနက် အရောင်တွေ ဗြောင်းဆန်နေတဲ့ ထိုင်းနိုင်ငံ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပေါ်မှာ ဘုရင့်အစ်မတော် ရဲ့ နိုင်ငံတော် ဈာပနကလဲ အကြီးအကျယ် လုပ်နေတယ် တစ်နိုင်ငံလုံး အနက် ရောင်တွေ လွှမ်းလို့...၀မ်းနည်းသူတွေက အနက်ရောင် ဒီဇိုင်း ဆန်းဆန်းလေး တွေဝတ် ရုပ်ကလပ် စင်ကြီးကို နောက်ခံထားပြီး ပို့စ် အမျိုးမျိုးနဲ့ ဓာတ်ပုံရိုက် နေကြလေရဲ့ နောက် ဘုရင်ကြီးကို ချစ်တယ် ဆိုတဲ့ အဓိပါယ်ဖြစ်တဲ့ အ၀ါရောင် ၀တ်ထားတဲ့ ပီအေဒီတွေ (ဘယ် အစိုးရ ဖြစ်ဖြစ် ဆန့်ကျင်မယ် ဆိုတဲ့ စိတ်ကြီးစိန်တို့ အဖွဲ့)ကလဲ ပါလီမန်ကို အင်အား သိန်းချီပြီး ၀ိုင်းတယ် ရေဖြတ်တယ် မီးဖြတ်တယ် အစိုးရ အိမ်တော် ကို သိမ်းရုံမကဘူး ယာယီ အစိုးရ ရုံးစိုက်တဲ့ ဒွန်မောင်း လေဆိပ်ကို နောက်ထပ် သိမ်းတယ် အခုတစ်ခါ နိုင်ငံတကာ လေဆိပ်ဖြစ်တဲ့ သုဝဏဘူမိ ကို ထပ်သိမ်းတယ် သူတို့လုပ်ရပ်ကို ကန့်ကွက်တဲ့ အနီရောင် ၀တ်ထားတဲ့ ရဲရဲတောက် ကိုကို မောင်မောင် ထိုင်း ထောက်ခံ သူ ယူဒီဒီတွေ( လက်ရှိ အစိုးရ ဘက်တော် သားတွေ) ကလဲ ၀န်ကြီးချူပ် ဟောင်း သက်ဆင် ပြန်အလာကို စင်တွေ ထိုးပြီး အော်ရင်း ဟစ်ရင်း မျော်နေကြတယ်
Mr. သက်ဆင်ကလဲ သူ့မိန်းမကို ငွေကြေးအရှုပ်အရှင်း ဘာညာကွိကွ ကွိုင် တက်မှာ စိုးလို့ အသက်ကြီးမှ ကွာ ရ ရှင်း ရ ပြီးကာမှ သွားပုန်း နေတဲ့ ဗြိတိန်ကလဲ ဗီဇာပိတ်လိုက်တော့ မွေးမြေကိုပြန်ဖို့ ငါ့မှာ မကယ် ထိုင်းနိုင်ငံ တော့ သေဖွယ်ရာ ရှိတယ်ဆိုပြီး မိခင် ထိုင်းနိုင်ငံကို ကယ်တင်ရှင်အဖြစ် ပြန်လာမယ်တဲ့.. အာရှပစိဖိတ် ညီလာခံ ပီရူးနိုင်ငံ ကို ရောက်နေတဲ့ လက်ရှိ ထိုင်းဝန်ကြီးချူပ် သက်ဆင် ယောက်ဖကလဲ သူ့မှာ ဘာအပြစ်ရှိလဲတဲ့ လက်ရှိ စီးပွားရေး အခက်အခဲ အကျပ်အတည်းကို ပဲ သူ ဖြေရှင်းဖို့ အာရုံစိုက်မယ်တဲ့ ဘယ်သူတွေ ဘာပဲ ပြောပြော မထွက်နိုင်ဘူးနော် လုံးဝမထွက်ဘူးဆို မထွက်ဘူးနော် ဒါပဲတဲ့
ဒီလိုနဲ့ အ၀ါကောင်လေးတွေက ဘန်ကောက် တစ်မြို့လုံး နေရာခွဲပြီး တန်းစီချီတက်နေကြတာကို လမ်းဝကနေ ပိတ်စောင့်ပြီး တက္ကစီ သမားတွေ မော်တော်ဆိုင်ကယ် တက်စီသမားတွေနဲ့ အနီကောင်လေးတွေက ပူးပေါင်းပြီး ခဲနဲ့ထု တုတ်နဲ့ရိုက် သေနတ်နဲ့ ပစ် လုပ်နေကြ လေရဲ့ အလဲလဲ အကွဲကွဲပဲ ဘယ်သူက ဘယ်သူ့ကို ထုမှန်းတော့ မသိဘူး ထိုင်းအချင်းချင်းဆိုတော့ အရောင်တွေနဲ့ သူ့လူ ကိုယ့်လူ ခွဲပုံပဲ (အဲ့ဘက်ကို သွားသွား စပ်စုနေတဲ့ ကျွန်မကတော့ အဖြူရောင်ပဲ ၀တ်သွားတယ် :) ပြေးရလွှားရလွယ်အောင် ပေါ့..ကျွန်မသည် သတင်းထောက် ဖြစ်ကြောင်း လည်ပင်းမှာလဲ ဆွဲထားရသေးတယ် အင်္ဂလိပ်လို မဖတ်တတ်တဲ့ ကိုကိုထိုင်းနဲ့တွေ့လို့ စိတ်မထင်ရင် နင်းသတ်မှာလဲ စိုးရသေး အဟေးဟေး
အခုချိန်မှာတော့ ထိုင်းမှာတော့ အနီရောင်တွေ အ၀ါရောင်တွေ အနက်ရောင်တွေ နဲ့ လူတွေဆိုတာ ဗြောင်းဆန်နေတာ အမှန်ပဲ အ၀ါတွေက လိုင်းကားတွေကို အပိုင်စီးပြီး လမ်းတွေကို ပိတ်တော့ အနီတွေက လေးခွတွေ သေနတ်တွေနဲ့ ပစ်ကြတယ် ရဲတွေကလဲ သူတို့ လုံခြုံရေးတောင် သူတို့ မယူနိုင်ဘူး ကြောက်လိုက်တာ တုန်နေတာပဲ သူတို့ကိုလဲ ဆနပြသူတွေက ကြုံရင်ကြုံသလို ထုသွား နှက်သွားတာ ခံရသေးတယ် သူတို့ကို အလည်မှာထားပြီး တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် ပစ်နေခတ်နေကြတယ် အလည်ခေါင်က ကိုကိုရဲ ရဲကိုကိုတွေကတော့ ၀တ်စုံပြည့်နဲ့ ဒိုင်းတွေ လွှားတွေနဲ့ပေါ့ အမှန်တော့ ပစ်သမျ ခတ်သမျကို ကာနေရတာ..မသေရံတမည်ပဲ သူတို့လဲအခုတော့ မြို့ထဲမှာ လူတွေကလဲ ငြိမ် ကားတွေလဲငြိမ် ဘန်ကောက်မြို့ကြီးက မှင်သေသေနဲ့ ငြိမ်ချင်ယောင်ဆောင်နေတယ် .နိုင်ငံခြားသားတွေလဲ မျက်စိသူငယ်နားသူငယ်နဲ့ပေါ့ လေဆိပ်မှာ ငုတ်တုတ်လေးတွေထိုင်လို့ လာမိတာကိုက ငါ့အမှားတဲ့ ပက်ပုန်း သွားတုန်းက အပျော်တွေ ပတ်ထရာကမ်းခြေမှာ ယပလက်မလေးနဲ့ ကဲခဲ့မိတာတွေ နောင်တရနေလောက်ပြီ :)

လွတ်လပ်စွာ ဆနပြခွင့်ရှိတဲ့ ဒီမိုကရေစီနိုင်ငံ ဆိုတော့လည်း လမ်းပေါ်မှာ ဆူတဲ့နေရာ ဆူ ပွက်တဲ့နေရာပွက် အော်တဲ့နေရာ အော် ထုတဲ့နေရာ ထုပေါ့.သတ်တဲ့နေရာ သတ်ကြပေါ့ ဒီမိုကရေစီဆိုတာကြီးကို အပြည့်အသုံးချနေကြလေရဲ့

ဒါနဲ့ စကားမစပ် ထိုင်းဝန်ကြီးချူပ် အဆက်ဆက်က ပြောခဲ့ဖူးတယ် မြန်မာပြည်က ဒီမိုကရေစီနဲ့ မတန်သေးဘူးဆိုပဲ.
ဟော ပြောရင်းဆိုရင်း ဗုန်းလေးလုံးပေါက်ပြန်ပြီတဲ့ ..ဒွန်မောင်းလေဆိပ်မှာ နောက် သုဝဏဘူမိလေဆိပ်မှာက ဗုန်းသုံးလုံးတဲ့ အပြန်အလှန် သေနတ်တွေနဲ့ ပစ် လေးခွတွေနဲ့ ဆော် တုတ်တွေနဲ့ ရိုက် ဖြစ်ချင်တိုင်းကို ဖြစ်နေတာပဲ ..

9 Comments:

အိမ်လွမ်းသူ said...

တော်တော့်ကို ဗြောင်းဆန်နေတာပေါ့နော်... သတင်းယူရင်လည်းသတထားအုံးညီမရေ့... တော်ကြာ.. ဟိုတခါလိုဖြစ်နေအုံးမယ်

:P said...

ွှဓါတ်ပုံတွေရော တင်ထားပေးလို့ကျေးဇူးပါ။
ဒါနဲ့ လမ်းထွက်ရင် သတင်းထောက်ဖြစ်ကြောင်း
အင်္ဂလိပ်၊ ထိုင်း ၂ ဘာသာနဲ့ရေးပါလား....
စိတ်ချရတာပေါ့..ရမရတော့မသိဘူး
အတည်အကြံပေးတာပါ...

ယောနသံစင်ရော် said...

မဆုမွန်ရေ... အသံကိုတော့ အမြဲကြားနေတယ်။ ဒီမဆုမွန် နဲ့ ဟို မဆုမွန် တယောက်ထဲဆိုတာ ဒီပို့စ်ဖတ်မှ သိတော့တယ်။

Anonymous said...

ကျေးဇူးပါဒေါ်စပ်စုရေ။ ကြည့်လဲလုပ်နော တော်ကြာကိုယ်ပါရော အထုခံနေရမှ ဟုတ်ပေ့ဖြစ်နေမယ်

ဗီလိန် said...

ဒါနဲ့ စကားမစပ် ထိုင်းဝန်ကြီးချူပ် အဆက်ဆက်က ပြောခဲ့ဖူးတယ် မြန်မာပြည်က ဒီမိုကရေစီနဲ့ မတန်သေးဘူးဆိုပဲ.
ဟော ပြောရင်းဆိုရင်း ဗုန်းလေးလုံးပေါက်ပြန်ပြီတဲ့ ..ဒွန်မောင်းလေဆိပ်မှာ နောက် သုဝဏဘူမိလေဆိပ်မှာက ဗုန်းသုံးလုံးတဲ့ အပြန်အလှန် သေနတ်တွေနဲ့ ပစ် လေးခွတွေနဲ့ ဆော် တုတ်တွေနဲ့ ရိုက် ဖြစ်ချင်တိုင်းကို ဖြစ်နေတာပဲ ..

ဒီစကားလေးက အထိဆုံးပဲ။ အဟဟဟ။ ကိုယ့်နိုင်ငံကိုမနိုင်ပဲ သူများကိစ္စနေရာတကာပါတဲ့ သူ့အဖေ ဦးကန်ကြီး နဲ့သိပ်မကွာဘူး။ ဟဟ လေပဲရှိတယ်။

အိပ်မက်နိဒါန်း said...

အစ်မရေ...

အခြေအနေကလည်း ဆိုးရွားတာထက်ကို ပိုနေပြီ..အစ်မ လည်း အစစအရာရာ ဂရုစိုက်ပါနော်...

အိုးဝေအောင် said...

*အစိမ်း တွေက
ယိမ်းတိုက်နေကြ။
*အ၀ါ တွေက
တခါနိုင်ထားတဲ့ အပြုံးနဲ့ 
မရှုံးဘူးလို့ ကြွေးကြော်နေကြ။
*အနီ တွေက
ဒီတပွဲဟာ
အဖြူအမဲ
သဲကွဲမယ်လို့ 
ရဲရဲတင်းတင်းဆိုနေကြ။

အိုးဝေအောင် said...

သတင်းယူရင်လည်း.
သတင်းထောက်ဖြစ်ကြောင်း
အင်္ဂလိပ်၊ ထိုင်း ၂ ဘာသာနဲ့ရေးပါလား...
တော်ကြာကိုယ်ပါရော အထုခံနေရမှညီမရေ့..

flowerworld said...

မမရေ..မီးလေးကတော့ထိမှာကြောက်လို့ ဟီးးးးးးဘယ်မှမထွက်ဘူး ဟိုနေ့ကရုံးသွားတာယူနီဖောင်းအနီဝတ်ခဲ့မိလို့ သူများသတိပေးမှ ချက်ချင်းပြန်လဲရတယ် ဟိဟိမီးမီးလဲကြောက်တယ်