ဗြောင်းသတ်နေတဲ့ ငါတို့အိမ်ဘေးက အခြေအနေ (၀ါ )လောင်မီးကျနေတဲ့ ကမ္ဘာကြီး


ထိုင်းမှာက နှစ်ဦးနှစ်ဘက် အခြေအနေ တွေက တင်းမာနေပြီး လုံးဝကို ပြသနာက မအေးသေးဘူး အစိုးရထောက်ခံသူတွေကြီးစိုးတဲ့ ချင်းမိုင်မှာ အစိုးရဆန့်ကျင်သူတစ်ယောက်ကို ပစ်သတ်လိုက်သလို အစိုးရဆန့်ကျင်သူတွေရှိနေတဲ့နေရာကို ဗုန်းခွဲလိုက်တာ တစ်ယောက်ပွဲချင်းပြီးသေပြီး အများအပြား ဒဏ်ရာရကုန်တယ် နောက်ထပ်လဲ ဗုန်းတွေက ထပ်ခွဲနေတုန်းပဲ မနေ့ကညကလဲ ပီအေဒီတွေ သိမ်းထားတဲ့ အစိုးရအိမ်တော်ဘက်ကို သေနတ်တွေနဲ့ လာပစ်တယ် လေးနေရာ ပေါက်ကွဲတယ် အခုလက်ရှိ သူတို့ သိမ်းထားတဲ့ သုဝဏဘူမိလေဆိပ်ထဲမှာတော့ နိုင်ငံခြားသားတွေ တော်တော်ဒုက္ခများနေကြတယ်အခုလိုထိုင်းမှာ တစ်ဘက်နဲ့ တစ်ဘက် လက်နတ်သုံးပြီးကို ဖြေရှင်းနေကြလို့ လုံခြုံရေးမဲ့နေပြီး ဘန်ကောက်တစ်ခုလုံး ဗြောင်းဆန်နေတုန်းရှိသေးတယ် ဘေးချင်းကပ် နေတဲ့ အိန္ဒိယနိုင်ငံမှာလဲ ရဲကားတွေပေါ်က လက်နက်ကြီးလက်နက်ငယ်တွေ ကိုင်ဆောင်ထားတဲ့ အကြမ်းဖက် တိုက်ခိုက်သူတွေက မြို့တော် မွမ်ဘိုင်းမြို့တလျှောက် မြင်မြင်ရာ တွေ့သမျကို အကုန် ပစ်သတ်သွားတဲ့အတွက် ထိပ်တန်းရဲတာဝန်ရှိသူတဦး ဘုံဘေမြို့က အကြမ်းဖက် သတ်ဖြတ် ခြောက်လန့်မူ တိုက်ဖျက်ရေးဌာနက အဆင့်မြင့်ရဲတွေအပါအ၀င် လူ ၁၀၀လောက် သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ပြည်နယ်အစိုးရက အတည်ပြုပြောပြန်ပါတယ်။
ကားတွေပေါ်ကနေ ဘူတာရုံတွေ ကားမှတ်တိုင်တွေနဲ့ လမ်းပေါ်က လူတွေကို မည်းမည်းမြင်သမျ ဆက်တိုက် ကို ရက်ရက်စက်စက် ပစ်ခတ်မူတွေကြားမှာ အလဲလဲ အကွဲကွဲ အတုန်းအရုန်း သေဆုံးနေသူတွေ သွေးသံရဲရဲ ခနာကိုယ်အပိုင်းအစတွေကို မြင်ရတော့ တဒိန်းဒိန်း တုန်ခါနေတဲ့ နှလုံးကို ဖိထားရတယ် ရင်ထဲကကို ပျို့တက်လာပြီး သက်ပြင်းချမိတယ် ဘာတွေဖြစ်ကုန်ပါလိမ့် တကမ္ဘာလုံး ကာလာနာတိုက်နေလေရော့သလား လောင်မီး ကျနေရော့သလား
အခုလိုအကြမ်းဖက် တိုက်ခိုက်ခံရတဲ့နေရာတွေထဲ မှာ ရထားဘူတာရုံနှစ်ခု၊ တာ့ဂ်ျ ကိုလာဘာနဲ့ Oberoi ဆိုတဲ့ အဆင့်မြင့် ဇိမ်ခံဟော်တယ်နှစ်ခုအပြင် ဆေးရုံတွေနဲ့ သင်္ဘောကျင်း တခုလည်း ပါဝင်ပါတယ်။ နံမည်ကျော် တာ့ဂ်ျဟော်တယ်ပေါ်ကနေ မီးလုံးတွေ၊ မီးခိုးတွေ ထွက်နေတာကို တွေ့ကြရပါတယ်။ ဟော်တယ်တွေထဲမှာ သေနတ်သမားတွေ ပိတ်မိနေဆဲရှိပြီး နိုင်ငံခြားသားဓားစာခံတွေ ဖမ်းဆီးထား တယ်လို့ ယုံကြည်ရပေမယ့် အခုထက်ထိ အကြမ်းဖက်သမားတွေဘက်က တစ်စုံတစ်ရာ တုံ့ပြန်မူမရှိသေးပါဘူးတဲ့ ဒါပေမယ့် အမေရိကန်နိုင်ငံသားနဲ့ ဗြိတိသျ နိုင်ငံသားတွေကိုတော့ လိုက်ရှာနေတယ်တဲ့ ကဲပြောပါဦး ဘယ်သူ့ကို ဘာဖြစ်ပြချင်တာပါလိမ့်

5 Comments:

လင်းဒီပ said...

ကြားရ ကြားရ နားဝမှာ မသက်သာ..
မြင်ရ မြင်ရ အမြင်မှာ မသက်သာ...

ကမ္ဘာမြေ ငြိမ်းချမ်းပါစေ..ပန်းပွင့်တွေ ဆုတောင်းနေ..
ကမ္ဘာမြေ ငြိမ်းချမ်းပါစေ..ကျေးငှက်တို့ တေးဆိုနေ..

တို့ချစ်တဲ့ကမ္ဘာကြီး ကျန်းမာပါစေ

Moe Myint Tane said...

ကြားရ ကြားရ နားဝမှာမချမ်းသာလိုက်တာ မဆုမွန်ရယ်။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

တက်လူငယ် said...

မြင်ရ၊ ကြားလိုက်ရတဲ့ သတင်းတွေကလည်း စိတ်မကောင်းစရာတွေ့ချည့်ပါဗျာ။
ကျွန်တော်တို့ ကမ္ဘာကြီးမှာ ရှိရှိသမျှနိုင်ငံ ဘယ်နိုင်ငံမဆို
အာဏာလုရင်း စစ်ပွဲဖြစ်ကြတာတော့ သမိုင်းတလျှောက်ပါပဲ။
နိုင်ငံတစ်ခုတည်ငြိမ်အေးချမ်းဖို့ဆိုတာဟာ
နိုင်ငံ့ခေါင်းဆောင်တွေမှာသာ တာဝန်အရှိဆုံးဆိုပေမယ့်
တစ်ကယ်တမ်းကျတော့ ပြည်သူလူထုတစ်ရပ်လုံးနဲ့လည်း ဆိုင်တယ်လို့မြင်တယ်ဗျာ။
ဘယ်လိုဖြေရမလဲ..?
နောက်ဆုံးတော့ မြတ်ဘုရားရဲ့ အဆုံးအမနဲ့သာ လိုက်နာကျင့်ကြံအားထုတ်သွားကြရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်ဗျာ။

Anonymous said...

အင်း.....မြန်မာပြည်ပဲကျန်တော့တယ်နော်...
ဟိဟိ ဖြစ်ရင်တော့ ရအောင်ပြန်ပြီး ပါဝင်ဆင်နွှဲလိုက်ဦးမယ်ဗျို့

Anonymous said...

ဒုက္ခဆိုယင် စိတ်ထဲမှာပင် မရောက်စေချင်တာ စေတနာ အမှန်ပါ...ကမ္ဘာကြီး အန္တရာယ်ကင်းကာ ..သက်ဆိုးရှည်ပါစေ....