ကြာဆံချက် ပူပူလေး သောက်ရအောင်နော်

ဆောင်းတွင်း လေအေးအေးလေးတွေ ဖြတ်သန်းတိုက်ခတ်စပြုလာတဲ့ ဘန်ကောက်မြို့ရဲ့ နိုဝင်ဘာလ နောက်ဆုံး ပတ်တွေဟာ အရမ်း ကို ပူလောင် လွန်းပါတယ်..စိတ် ပင်ပမ်း လူ ပင်ပမ်း ဖြစ်နေလို့ စနေနေ မှာတော့ လူရော ကိုယ် ရော နားဖို စိတ် ဆုံးဖြတ် လိုက်တယ်..ဒီနေ့  ကြာဆံ ချက် ချက်စား ဖြစ်တယ်.

Tesco lotus ကိုသွားတော့ ကြက်ပေါင်ခြမ်း ကောင်းကောင်း လေးတွေ တွေ့တာနဲ့ ကြာဆံ ချက် ချက်စားဖို့ အကြံရတယ် ကြက်ပေါင်ခြမ်း နှစ်ခြမ်းကို ၂၅ ဘတ်ပေးရတယ် ကြာဆံတစ်ထုတ်က ၁၀ဘတ် မှိုခြောက် ပန်းခြောက် အဆာပလာရယ်ဒီမိတ်ထုတ်က ၂၉ဘတ် ကြက်ဥတစ်ကဒ် ၄၅ဘတ်. အချိုအချဉ်လေးတွေ ၀ယ်ပြီး ပြန်ခဲ့တယ်..(၃၅ဘတ်= တစ်ဒေါ်လာ) တန်တယ်နော် ထိုင်းမှာ ဈေးဝယ်ရတာ
ကြာဆံချက် ချက်တာ လွယ်လဲ လွယ်တယ် ချက်တာကလဲ ရေဆူတာနဲ့ ကျက်တာမို့ သိပ်မြန်တယ်
စစချင်း ရေစင်စင်ဆေးထားတဲ့ ကြက်ပေါင်ကို မွှန်းပြီး ဆား သကြား အချိုမူန့် ငံပြာရည် ဂျင်းရည်နဲ့ သမ နေအောင် နပ်ထားတယ် နောက် ရေပွက်ပွက်ဆူနေတဲ့ ရေအိုးထဲကို ထည့်ပြုတ်လိုက် ရင်း ကြက်ဥလေးတွေပါ ထည့်ပြုတ် လိုက်တယ် ကြက်သားပြုတ်နေတုန်း ကြက်သွန်ဖြူ ကြက်သွန်နီ ဂျင်းနဲ့ ငရုတ်သီးမူန့်ကို ညက်နေအောင် ထောင်းထား လိုက်တယ် မိုခြောက် ပန်းခြောက်ကို ရေနဲ့ စိမ် ထားလိုက်တယ်..ပြီးတော့ နံနံပင် ကြက်သွန် မြိတ် ကြက် သွန်နီစိမ်း ကို ပါးပါးလေး တွေ လှီးတယ် ဂေါ်ဖီထုတ်ပါ ပါးပါးလှီးတယ်..
ကဲ ကြက်သားလဲ နူးနေအောင် ကျက်ရော ကြက်ပေါင်တွေကို ဆယ်လိုက်တယ် ကြက်ပြုတ်အရည်ကို ရေနဲ့ရောပြီး ပွက်ပွက် ဆူအောင် ထပ်တည် ထားလိုက်တယ် နောက် အအေးခံထားတဲ့ ကြက်ပေါင်ကို အမျင်လေးတွေ ဖြစ်အောင် နွှာတယ်..အရိုး အသား တခြားစီလဲ ဖြစ်သွားတယ် ပြီးတော့ ခုနက ညက်နေ အောင် ထောင်း ထားတဲ့ ငရုတ်သီး ထောင်းကို ပဲဆီမွှေးမွှေးလေးနဲ့ ကျက်နေ အောင် ချက်လိုက်တယ် ကြက်သွန်တွေ ကြွပ်သွား သလောက် လဲ ရှိရော ခုနက နွှင် ထားတဲ့ ကြက်သားတွေ ထည့်ပြီး ချက်လိုက် တယ် ကြက်သားဟင်းက ဆီပြန် တဲ့ အထိ မွှေပေးတယ် ကျက်ပြီး အနံ့လဲ မွှေးလာရော ဟိုဘက်မှာ ပွက်ပွက် ဆူနေတဲ့ ကြက်ပြုတ်ရည်ထဲကို အဲ့ဒီ့ ကြက်သားဟင်းကို ပြောင်းထည့်လိုက်တယ်
ပွက်ပွက် ဆူနေတဲ့ ကြက်သားဟင်းရည်ထဲကို ခနုက ရေစိမ်ထားတဲ့ မိုခြောက် ပန်းခြောက် အဆာပလာတွေ အကုန် ထည့်လိုက်တယ်..ကြက်ဥလေးတွေပါ ပါးပါးလေးတွေလှီးပြီး တစ်ခါတည်း ထည့်ချက်လိုက်တယ် ဆိမ့်ဆိမ့် လေး ဖြစ်သွားတယ် ပွက်ပွက်ဆူနေတဲ့ ဟင်းရည်ထဲကို နောက်ဆုံးကျမှာ ကြာဆံတွေကို ထည့်တယ် နောက် ကြက်သား မူန့်ရယ် အချိုမူန့်ရယ် ငံပြာရည် ရယ်ကို လိုသလောက် အပေါ့အငံမြည်းပြီး ထည့်တယ် အားလုံး ထည့်ပြီး အရသာ အဆင်ပြေ သွားလို့ ဟင်းရည် ကလဲ ပွက်ပွက်ဆူနြေ့ပီဆိုရင် ငရုတ်ကောင်း မုန့်လေးကို ဖြူးလိုက် ပါတယ်...ကဲ ခံတွင်း ပျက်နေတဲ့ သူငယ်ချင်းတွေ ကြာဆံချက် ပူပူလေး စားလို့ရပါပြီ
အစာတွေ များလို့ ဟင်းရည်က ပျစ်နေတာပဲ ကောင်းမှ ကောင်းပဲနော် ကြာဆံချက်ပန်းကန်ထဲကို နံနံပင် ငရုတ်သီးမူန့် ကြက်သွန်မြိတ် ကြက်သွန်စိမ်းနဲ့ ကြက်ဥခြမ်းလေးတွေ ရွေးထည့်ပြီး အခိုးပွင့်သွားအောင် ငရုတ်သီးမူန် များများ ထည့် သံပုရည်သီးလေးညှစ် ပူပူစပ်စပ် ရှုးရှုးရှဲရှဲလေး သောက်ကြစို့နော်
ကြာဆံချက် က ချက်ရတာ အရမ်းလဲမြန်တယ် သိပ်ပြီးတော့လဲ ကရိကထ မများဘူး အချိန်နာရီဝက်လောက်ရရင် ချက်စားကြည့်နော် အဓိကက ကြက်သားချက်ပဲ ကျန်တာက ပွက်ပွက်ဆူတာနဲ့ ပစ်သာထည့်လိုက် ...တစ်နေကုန် ကြာဆံချက် ပဲ စားဖြစ်မယ်ထင်တယ် ယိုးဒယား သဘောသီးသုတ် စပ်စပ်လေးနဲ တွဲစားမယ်..

10 Comments:

Moe Myint Tane said...

အစားတကယ်ပျက်တာကြောင့်..ခံတွင်းရယ်မတွင်
..အရှင်းဘယ်ဟာစားချင်သလဲ..စိတ်ဝယ်မရွှင်
တာကြောင့်..ညစ်ရက်နဲ့ပင် ဘလော့ခ်ဝင်လို့လယ်တဲ့အခါ..တွေ့လိုက်တာက ကြာဇံချက်..၀င်သက်ထွက်သက်တောင်ရပ်လောက်တယ်..
မက်လောက်တဲ့ခံတွင်း..စားသမျှအရသာကလည်း လျှာအရင်းထိပါလယ်တယ်..အိုကွယ် မဆုမွန်ရဲ့ ကြာဇံချက်..။

မဆုမွန်ရေ ကြာဇံချက်အ၀စားသွားတယ်ဗျာ။ စားလို့ကောင်းတာနဲ့ စာချိုးလေးပါ စပ်ပေးခဲ့တယ်။


စိတ်၏စေရာနာခံလေသာ

မိုးမြင့်တိမ်

ဖိုးဂျယ် said...

အား တား အခုထိနေ့လည်စာ စားရတေးဘူးဂျ။
ဟီးဟီး :( ဘလော့နေတာနဲ့ စားဖိုမေ့နေတာ
အထု တတိရတွားပီး ၀ါးဝါး
နာလိုဘူး တာလိုဘူး

NangNyi said...

ရှလွတ်..

လင်းဒီပ said...

ဘယ်ရမလဲ..ကျွန်တော်လည်း ချက်စားဦးမှာ..နည်းသိသွားပြီ..

ခေါင်ခေါင် said...

မဆုရယ်... ဒီရက်တွေမှာ အလုပ်တွေ ကရှုပ် အိပ်ရေးတွေက ပျက်နဲ့.. အစားကို ဖြစ်သလိုစားစားနေမိတာ..

စားချင်လိုက်တာ.. အရမ်းပဲ... မဆုချက်တဲ့ ကြာဇံချက်ကိုပဲ တစ်ပွဲပြီးတစ်ပွဲ စားချင်တာ..

အ၀စားသွားတယ်..နော်

Unknown said...

အမရေ ကြာကြာစံ ရအောင် ကြာဆန် စား သွား တယ်

အိမ်လွမ်းသူ said...

အင်း..... ကောင်းလိုက်တာနော် ဟိဟိ.. ဒို့မိသားစုစားတာနဲ့ မဆုမွန်လေးပြန်ချက်ရတော့မယ်ထင်တယ်.. အကုန်လုံးကိုစားပစ်လိုက်ချင်တာ.. နောက်လူတွေအတွက်မကျန်မှာစိုးလို့

GreenGirl said...

အစ်မရေ ကြာဆံချက် စားလို့ကောင်းမှကောင်း...

Mg Gabar said...

မဆုမွန်ရဲ့ ကြာဇံချက်ကို လာပီး စားသွားပါတယ်။

အိပ်မက်နိဒါန်း said...

အစ်မရေ...

တစ်ဝစားသွားတယ်..