စနေညမှာ ကဲထားတဲ့ သူငယ်ချင်းတွေ စားဖို့ တနင်္ဂနွေ Breakfast

ကျွန်မအိမ်လေးကို အလုပ်ရူပ်နေတဲ့ ကြားက အားရင် အားသလို ကျွန်မ ကလိထားသမျ.ဖျက်ထားသမျတွေကို တနင်္ဂနွေ မနက် စောစောစီးစီး မျက်စိညောင်း ခါးညောင်းခံပြီး တကုတ်ကုတ်လုပ်ပေးနေရတဲ့ ကိုသရဲကို တော်တော် သနားမိတယ်..ညကလဲ တဂျီဂျီ နားပူအောင် ဂျီကျပြီး လုပ်ပေးသမျကို လဲ ဂျီတော့ကနေ ဂျီကျပြီး တစ်ချိန်လုံး ဂျီးများနေတဲ့ ကျွန်မကို စိတ်ရှည်ရှည်နဲ့ အလုပ်ရှုပ်ခံပြီး လုပ်ပေးနေတဲ့ ကိုသရဲအတွက် မျက်နှာ လုပ်ပြီး မနက်စာပြင်ကျွေးဦးမှ.ဖားထားတာလေ.. စနေညမှာ ကဲထားပြီး ဗိုက်ဆာနေတဲ့ သူငယ်ချင်းတို့လဲ ဆာရင် စားသွားနော်.. မုန့်တွေကတော့ သူငယ်ချင်းတစ်ယောက် ဖော်ဝပ်မေးလ်က ပို့ပေးတယ် ဘယ်က ၀ယ်ပေးလိုက်လဲတော့ မသိဘူး ဆိုင်ရှင်နံမည်နဲ့ ဆိုင်နံမည် မပါလာဘူးနော် တော်တော်ကြာ....သိကြားမင်းရဲ့ ခွေးသားရေ ပုရပိုက်ထဲ မှတ်သွားမှာ စိုးလို့
ကဲ အလုပ်ပြီးရင် လက်ဘက်ရည် Tea သောက်မလား ကော်ဖီသောက်မလား ဒါက ပဲပြုတ် နံပြား (ဗိုလ်ချူပ်ကြိုက်တဲ့ အစားအစာ) ကိုသရဲ ကြိုက်မလားတော့ မသိ မော်လ်ဒယ်လ်လေးလို စင်းစင်းလေး သူက အီကြာကွေးဒါက ဆီထမင်းနဲ့ ငရံ့ခြောက်ဖုတ် နှမ်းထောင်းလေးလဲ ပါတယ် အုန်းသီးခြစ်လေးတွေ ကြိုက်ရင် ဖြူးစား (ချောင်းလဲဆိုးနေဦးမယ်) ဘဲဥနဲ့ အီကြာကွေး ညှပ်ထည့်ထားတဲ့ မုန့်ဟင်းခါး လေး လဲ စားပါ
အချိုတဲဖို့ မုန့်လေးရေပေါ်လေးလဲ ကြိုက်ရင် စားပါဦး
ကဲ မနက်စာ စားပြီးရင် နေ့လည်စာ စားဖို့ ချက်လိုက်ဦးမယ်နော်..

12 Comments:

ဟန်လင်းထွန်း said...

သရေတွေ ကျလို့

ဟန်လင်းထွန်း said...

သရေ ကျသွားတယ်

GreenGirl said...

မမရေ...မုန့်တွေ အများကြီးပဲ.. ဟီးဟီး အားနာလို့ အကုန်စားသွားတယ်နော် :P

Anonymous said...

အမရေ ...ပြင်ဆင်ထားသမျှ သရဲကျွေးတယ် ပေါ့လေ အောက်စဖို့ဒ်က မမ လိုတော့ မလုပ်နဲ့နော့ တထောင့်တည ပုံပြင်ထဲ ဝင်သွားမှာစိုးလို့ ..ဟဲ..ဟဲ.. နောက်တာ

Anonymous said...

အကုန်တီးသွားတယ်ဗျို့ ပြန်ဖြည့်လိုက်ဦး

:P said...

ရက်စက်ပါပေ့ကွယ်...
သွားရည်ကျပြီးပြန်သွားတယ်

Anonymous said...

တဂိုး သရေ၊တဂိုး ဂိုးမရှိ တို့ပါဖြစ်ကုန်းတယ်။ကြာဇံဟင်းခါးကလေ။

အိမ်လွမ်းသူ said...

မုန့်လုံးရေပေါ်တွေ အကုန်စားသွားတယ်ညီမရေ...

Welcome said...

မနက်တိုင်း မြင်နေကျ မြင်ကွင်းကို အစ်မဆီမှာ ထပ်တွေ့ ပြန်တယ်။ ဒါပေမယ့် မုန့်လုံးရေပေါ် ကတော့ ထူးဆန်းတယ်။ သင်္ကြန်မဟုတ်ဘဲနဲ့လေ

http://winzaw-mdy.blogspot.com/

Mg Gabar said...

မြန်မာပြည်အလွမ်းပြေ လက်ဖက်ရည်အီကြာကွေးနဲ့ ပဲနံပြား လာစားသွားပါတယ်။

Anonymous said...

လက်ဖက်ရည်နဲ့ မုန့်တွေကို လာစားသွားပါတယ်ဗျာ။

Moe Myint Tane said...

မနက်စာလာစားသွားပါတယ် အမဆုမွန်ရေ။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်