ဘလော့မိတ်ဆွေ ကိုဗီလိန်က တက်ခ်ပြန်တယ် သေမင်းနှင့် စီးချင်းထိုးခြင်းတဲ့ သူကိုယ်တွေ့ ကတော့ ဘုရားဒကြာ ကဲချတဲ့ ပိုက်ဆံတွေကို လုကောက်တဲ့ လူတွေရှေ့ ရောက်လို့ ချော်လဲပြီး လူပိတာ ကံကောင်းလို့ မသေကြောင်းပေါ့ ကျွန်မအဖြစ်က သေမင်းနဲ့ စီးချင်းထိုး တာထက် သေမင်းနဲ့ တွေ့ပြီး သေတွင်းက သတင်းပို့ ခြင်းပဲ
တိုက်တိုက် ဆိုင်ဆိုင် ဒီနေ့ ၇ အောက်တိုဘာလ အင်္ဂါနေမှာ ထိုင်းပါလီမန် အဆောက်အဦးကို မဟာမိတ် တပ်ပေါင်းစု ပီအေဒီတွေက ချီတက်ဆနပြကြတယ် နောက် ၀န်ကြီးချူပ်အပါအ၀င် အမတ်တွေ စုဝေးနေတဲ့ ပါလီမန် အဆောက်အဦးကို ၀ိုင်းပိတ် လိုက်တယ် ရေဖြတ်၊ မီးဖြတ်တယ် ထိုင်းရဲတွေနဲ့ ဆနပြသူတွေအပြန်အလှန် ရိုက်ကြနှက်ကြ မျက်ရည်ယို ဗုန်းတွေ ခွဲကြပေါ့...ဒဏ်ရာရသူတွေလဲ သောက်သောက်လဲ အလဲအကွဲပဲ ဆေးရုံကားတွေက တဝေါဝေါပဲ လူနာထမ်းစင်တွေတောင် မလောက်ဘူး အခု တီဗွီကိုကည့်ရင်းကို ရိုက်နေုကတုန်းပဲုကက်သီးထမိတယ် သူတို့ကလဲ အရမ်းဇွဲကြီးတယ် ထိုင်းမှာ စစ်မှန်တဲ့ နိုင်ငံရေး ပြောင်းလဲမူ မရှိမချင်း သူတို့ ဆက်တိုက်ပွဲ ၀င်မယ်ဆိုပဲ
ပြီးခဲ့တဲု့သဂုတ်လ ၂၉ရက်နေ့ သောုကာနေ့ တစ်နေ့ကို ပြန်သတိရမိတယ်။ ထိုင်းဝန်ကြီးချူပ်ရုံးဝင်းကို မဟာမိတ် တပ်ပေါင်းစု ဆနပြသူတွေက စီးနင်း သိမ်းပိုက်လိုက်တယ်။ ၀န်ကြီးချုပ် မနုတ်မထွက်မချင်း အဲ့ဒီနေရာကနေ မခွာဘူးတဲ့ အဲ့ဒီလို ရဲရဲတောက်ေုကွးကြော်သံတွေ ရှိနေတဲ့ အ၀ါရောင်လှိုင်းတွေထဲကို ကျွန်မရောက်သွားခဲ့တယ်။ စင်မြင့်ကြီးတွေပေါ်ကနေ လော်စပီကာတွေနဲ့ကို မိန့်ခွန်းတွေဟောကြ လက်ဝါးပုံလေးတွေနဲ့ လက်ခုတ်တွေတီးကြ အော်ုကဟစ်ုက သံပြိုင်သီချင်းတွေဆိုကြ တီးဝိုင်းကလဲ ဟီးနေတာပဲ ထိုင်းမှာ ဆနပြတာ ပုံစံတစ်မျိုး ကျွန်မပို့ စ်လေးတစ်ခု တင်ဖူးတယ် စားစရာအပြည့် နေစရာအပြည့် ဆေးဝါးအပြည့်အစုံနဲ့ တပျော်တပါးကို ဆနပြကြတာလေ
အဲ့နေ့က ၂၉ ၈လ သောကြာနေ့ည ၇နာ၇ီ ဆနပြ၀င်းထဲမှာ ရှိနေတုန်း အလုပ်ကို ကြိုတင် သတင်းပေးပို့ လိုက်တယ် နောက်ဝန်ကြီးချူပ်ရုံးဝင်းထဲက ထွက်လိုက်တော့ ဒီမိုကရေစီ ကျောက်တိုင်ဘက် လူတွေအုပ်လိုက် ချီတက်သွားကြမြင်တော့ ကျွန်မလဲ အလုပ်ပြီးပေမယ့် မပြန်သေးပဲ စပ်စုချင်စိတ် အပြည့်နဲ့ သူတို့နောက် လိုက်သွားမိတယ် သေမင်းသို့ ခြေလှမ်းအစပေါ့ သူတို့က ဒီမိုကရေစီ ကျောက်တိုင်နားကနေ ဗဟိုရဲရုံးချုပ်ဘက်ကို ချီတက်နေကြတာကိုး
ဒီမိုကရေစီကျောက်တိုင်နားလဲ ရောက်ရော ကျွန်မကို ထိုင်းလူမျိုး တစ်ယောက်က ဆိုင်ကယ်ဦးထုတ်တစ်လုံး ကမ်းပေးတယ် ကျွန်မလဲ ယူဆောင်းပြီး လူအုပ်ထဲ ဆက်လိုက်သွားတယ် လူအုပ်ရဲ့ ရှေ့ဆုံးမှာ အသံချဲ့စက်အကြီးကြီး တပ်ထားတဲ့ ဆနပြကားကြီးတစ်စီးရှိတယ် အဲ့ပေါ်မှာ ခေါင်းဆောင်တွေက ညာသံပေးပြီး အဲ့လူအုပ်ကြီးကို ဦးဆောင် ခေါ်လာတာ.တစ်ညီတညာတည်း ထိုင်းအလံတွေလွှင့်ပြီး ကြွေးကြော်လာလိုက်ကြတာ.
လမ်းချိုး အကွေ့နားလဲ ရောက်ရော.လမ်းမပေါ်မှာ ရဲအချုပ်ကားတစ်စီးကို လူတွေက တုတ်တွေနဲ့ ၀ိုင်းရိုက်နေတာတွေ့တယ် လူတွေကလဲ ပုံမှန်ကြွေးကြော်နေရာကနေ သံပြိုင်အော်လိုက်ကြတာ နားကို အူသွားတာပဲ ရုတ်တရက်ဆိုသလိုပဲ လူတွေဆိုတာ ပုရွတ်အိမ်ကို တုတ်နဲ့ထိုးလိုက်သလိုပဲ ရုတ်ရုတ်သဲသဲဖြစ်နေတာပဲ ဘာတွေမှန်းကို မသိတော့ဘူး ငရဲပွက်သလိုပဲ အရှေ့ကိုလဲ ၀ရုန်းသုန်းကားနဲ့ ပြေးသွားကြတယ် ရဲကားတွေကလဲ ဥသြဆွဲပြီးကို တရကြမ်းမောင်းလာတယ် လက်မှာ ၀ါးရင်းတုတ်တွေ သံတုတ်တွေ ကိုင်ထားတဲ့ လူတွေကလဲ အရှေ့ ကို အား ယားယား ကျားဆိုပြီး ၀က်ခေါင်းထိုး ချီတက်သွားကြတယ်
အဲ့အချိန် ကျွန်မအယ်ဒီတာဆီက မထင်မှတ်ပဲ ဖုန်းဝင်လာတယ် မဆုမွန် ဘယ်ရောက်နေလဲတဲ့ ကျွန်မလဲ အသံကုန်အော်၇တယ် ဦးရေ ရဲကားတွေအများကြီးပဲ ပြောနေတုန်း ရဲအချုပ်ကားကို တုတ်တွေနဲ့ ခဲတွေနဲ့ထုကြတာ ကျွန်မရှေ့ တင်ပဲ ရဲကားကိုလေ ထုကုန်ပြီ သေကုန်ပြီလား မသိဘူး ဦးရေဆိုပြီး အော်လိုက်တာ အသံကိုပြာနေတာပဲ အထဲက ဒရိုင်ဘာကတော့ သေပြီလား မသိဘူး ကျွန်မအရမ်းကြောက်သွားတယ် အော်လည်းအော် ပြေးလည်းပြေးပေါ့.ရှေ့ကို ဖုန်းတစ်လုံးကိုင်ပြီး အော်ပြီး ပြေးသွားလိုက်တာ နောက်ဆုံး မှန်ကွဲစတွေ ထုသံရိုက်သံတွေကြားကနေ ပြေးလိုက်တာ ဆနပြသူတွေနဲ့ မျက်နှာဖုံးတွေစွပ်ပြီး ဒိုင်းတွေကာထားတဲ့ ရဲတွေကြားထဲကို လုံးဝကို မထင်မှတ်ပဲ ရောက်သွားပါလေရော...ကျားရှေ့  မှောက်ရက်လဲတယ် ဆိုတာ ဒါပဲဖြစ်မယ်..
တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် တွန်းနေ ထုနေကြတာ ရိုက်နေလိုက်တာ သေလုမျောပါးပဲ မှန်ဒိုင်းတွေနဲ့ကာ သံတုတ်တွေကို မြှောက်မြှောက်ကိုင်ပြီး ရိုက်နေကြတာ အလံတိုင်တွေချွတ်ပြီး တုတ်နဲ့လိုက်ထိုးတဲ့သူကထိုး ရေဗူးတွေ ပစ်ပေါက်တဲ့လူကပေါက် မီးခိုးငွေ့တွေ အော်သံတွေ ဆူသံတွေ ပွက်လောညံနေတဲ့ကြားထဲက ဘယ်လိုမှရုန်းလို့ မရတော့ဘူး လူအုပ်ကြားထဲ ညှပ်သွားတယ်
ဖုန်းကို ကျစ်ကျစ်ပါအောက် ဆုတ်ကိုင်ထားပြီး အော်နေတာကနေ ဦးရေ ခဏလေးနော် ခဏလေးနော် ဆိုပြီး ပြေးပေါက် လိုက်ရှာရတယ် အသံက လုံးဝ မထွက်တော့ဘူး ပြေးနေတဲ့လူတွေုကားထဲကနေ ဘေးကိုရောက်အောင် ပြေးပေါက်ရှာပြီး အော်ပြေးတာ နောက်ဆုံး ရဲချုပ်ရုံရှေ့ က အလှစိုက်ထားတဲ့ သစ်ပင်အုပ်တွေကြားထဲ ညှပ်သွားတယ် သစ်ပင်ကြိးတစ်ပင်အောက်မှာ ၀ပ်ချလိုက်ပြီး အဖြစ်အပျက်ကို အသက်မရှုပဲ ပြောပြလိုက်တယ် ကျွန်မအယ်ဒီတာက ကိုယ့်အသက်လဲကိုယ်ကြည့်ဦးနော်တဲ့ ပြီးတာနဲ့ ဖုန်းချလိုက်ြ့ပီး ငြိမ်ငြိမ်လေး ငုတ်တုတ်လေးထိုင်နေလိုက်တယ်
ဘေးက ဖြတ်ပြေးသွားနေတဲ့ လူတွေ ခြေထောက်တွေ တုတ်တွေ မှန်ကွဲစတွေ အုတ်ခဲကျိုးတွေ ရေသန့်ဗူးခွံတွေ မီးခိုးငွေ့ တွေြုကားထဲမှာ ရဲကားသံတွေ ထုသံ ရိုက်သံတွေကြားထဲမှာ လူက တဆတ်ဆတ်တုန်နေတယ် အဲ့အချိန်မှာ ကိုဗလိန်လိုပဲ အသက်လဲရှုလို့ မရတော့ဘူး ရင်ဘက်ကို စူးအောင့်နေတာပဲ ဖုန်းဖုန်းဆိုပြီး ရိုက်သံတွေကြားထဲမှာ ဆိုင်ကယ်ဦးထုတ်စွပ်ထားတဲ့ ကိုယ့်ခေါင်းကို အုပ်ကိုင်ထားပြီး ငါသေပြီ ငါသေပြီ သွားပြီ လို့ပဲ တတွတ်တွတ်ရွတ်နေမိတယ်
ငါအခုနေ သေသွားရင် လူနင်းခံရလို့  အထုခံရလို့ ဖားပေါင်စင်းလို ပြားသွားရင် အမည်မသိရှေးစာဆိုဖြစ်သွားပြီး ဘယ်သူမှတောင် ငါမှန်း သိလိုက်မယ် မထင်ဘူးလို့ တွေးမိတယ် နောက် ဆနပြကားကြီးလဲ ခေါင်းပြန်လှည့်ပြီး မောင်းထွက်ရော လူတွေနောက်ကို ပြန်ဆုတ်သွားကြတယ် ကျွန်မ မတ်တပ်ရပ်ဖို့ ကြိုးစားတယ် ဘယ်လိုမှထလို့မရဘူး ကျွန်မခြေထောက်တွေဆို သေသလိုတောင်ဖြစ်သွားတယ်
ထတောင် မထနိုင်ဘူး ငုတ်တုတ်ဖြစ်နေတုန်း နောက်တစ်ခါ ဟေးဆိုပြီး လူတွေအများကြီး အလံတွေကိုင်ပြီး ပြန်အော်ပြေး လာကြပြန်ရော ကိုဗလိန်လို ဆွဲထူမယ့်သူတောင် မရှိပါဘူး ကျွန်မလဲ နောက်ကျတဲ့ခြေထောက် သစ်စာဖောက်ဆိုပြီး သုတ်ဆိုထပြီး ပြန်ဆုတ်ပြေးတာ တန်းနေတာပဲ...နောက်ဆုံး ပြန်ဆုတ်ပြေးလိုက်တာ ထိုင်းဘုရင်ကြီးပုံတော်ရှိနေတဲ့ပန်းရုံလေးရှေ့ ရောက်မှ အသက်၀၀ရှုနိုင်တယ်.
ပန်းခြုံလေးနားက အုတ်ဘောင်ပေါ်အထိ တွယ်တက်ထိုင်ပြီး နေရာကျပြီဆိုမှ ဆိုင်ကယ်ဦးထုတ်ကိုဆွဲချွတ်ပြီး လေကို အငမ်းမရရှုမိတယ် နောက် လမ်းပေါ်မှာ ဒီအတိုင်း ပါကင်လိုက်ချပေးထားတဲ့ ရေသန့်ဗူးကို အငမ်းမရသောက်တာ လက်တွေတုန်နေလို့ ရေကအပြင်ကို စီးကျကုန်တယ် ချွေးတွေရွှဲနစ်နေတဲ့ ခေါင်းပေါ်ကိုပါ ရေတွေလောင်းချလိုက်တယ် လူက အခုထိ တဆတ်ဆတ်တုန်နေတုန်းပဲ နှလုံးခုန်သံတွေဆိုတာ ဗင်ခရာထုသလိုပဲ တထိန်းထိန်းနဲ့ သေလုမျောပါး အမောဖောက်မတက်ပဲ ခုနကဖြစ်ခဲ့တဲ့ အဖြစ်အပျက်က တကယ့်ကို ကြောက်စရာလန့်စရာ ပြန်မတွေးရဲတော့အောင်ပဲ
တော်တော်ကြာကြာ ငြိမ်ငြိမ်လေးနားပြီး အသက်ပုံမှန်ပြန်ရှုလို့ရတော့မှ ယိုင်တိုင်ယိုင်တိုင်နဲ့ ဒယီးဒယိုင်ထလာနိုင်တယ် အခုထိဆက်ပြီးချီတက်နေတဲ့လူတွေ အော်နေတဲ့လူတွေကြားထဲက ရုန်းဖယ်ပြီး ဗုန်းမှန်ခံရတဲ့လူလို တရွတ်ဆွဲ ပြောင်းပြန် လျောက်လာပြီးမှ ဆနပြ၀င်း အပြင်ဘက်ကို ရောက်တယ် ဆူးကြိုးတွေကို ဆွဲခွာပြီး လေးဘက်ထောက်ထွက်ပြီးမှ လမ်းတော်တော် လျောက်လိုက်ရသေးတယ်
လမ်းမတစ်နေရာရောက်မှ မီတာတကစီတွေ့ လို့ ဌားပြီး အသိုက်လေးရှိရာကို ပြန်ရောက်တယ်..ကားပေါ်ရောက်မှာ စိတ်ဒုန်းဒုန်းချနိုင်တယ် နောက်မှီပေါ် ခေါင်းတင်ပြီး ငေးလာလိုက်တာ လမ်းတလျောက် မြင်လာရတဲ့ ဟိုမှာဘက်ခြမ်းက ဘန်ကောက်မြို့ ရဲ့ ညကတော့ ဘာမှမဖြစ်သလိုပဲ နှီယွန်မီးရောင်စုံဆလိုက်တွေ ထိန်ထိန်ငြီးလို့  တီးလုံးသံတွေ စားသောက်ဆိုင်တွေ ပျားပန်းခတ်နေတဲ့လူတွေ မိုးပေါ်ရထားတွေ ကားတွေ ဆိုင်ကယ်တွေ လည်ပတ်ပြေးလွှားလို့ ဟိုမှာဘက်ခြမ်းက ခုနက အဖြစ်အပျက်ဆိုတာ သူတို့ နဲ့ ဘာမှကိုမဆိုင်သလိုပဲ သီးခြားစီကွဲထွက်နေတယ်...ဘန်ကောက်မြို့ ဟာ မိတ်ကပ် ရောင်စုံခြယ်ထားတဲ့ ထိုင်းမလေးတွေ ချိုသာတဲ့ အပြုံးတွေနဲ့ ဆူညံပြေးလွှား လူပ်ရှား နေုကဆဲပဲ..သေမင်းခံတွင်းဝက ပြန်လွတ်လာချိန်ပေါ့...မှတ်မှတ်ရရပြောပြဦးမယ်သိလား အဲ့နေ့ က ကျွန်မမွေးနေ့ဖြစ်တယ်..:) အသံပြာနေအောင် အော်ထားတဲ့ အသံကို နားထောင်ချင်တယ်ဆိုရင်တော့ သူများတွေက ဝေဖန်ုကတယ် ငိုသံပါကြီးနဲ့တဲ့ မဟုတ်ပါဘူးလို့ ငြင်းတာလဲ မရ :) http://www.rfa.org/burmese/audio ၂၉.၈.၂၀၀၈ ၁၉နာ၇ီထဲက ၄၅မိနစ်နေရာမှာ ရှိတယ်...:)
သေမင်းနဲ့ တွေ့ တဲ့ည
Posted by မဆုမွန် at Tuesday, October 07, 2008
Labels: ရင်ဖွင့်စာ
15 Comments:
အင်း မြန်သားပဲ။ ကျုပ်လဲ နောက်တစ်ပုဒ်ရေးဦးမှ။ မနှစ်က စက်တင်ဘာတုန်းက မဆုမွန်လိုပဲ။ :) လိုက်စပ်စုတာ ကိုယ်ပါပါတော့မလို့ ဟီးဟီး။ တစ်ခုတော့ရှိတယ်ဗျ။ ကျနော် နာမည်မှားနေတယ်။ :) ဗီလိန်ပါ ဗျာ။ ဗလိန် မဟုတ်ပါဘူး။ ပြင်ပေးနော်။
အင်း မြန်သားပဲ။ ကျနော်တောင် ထပ်ရေးရတော့မလို ဖြစ်နေပြီ။ မနှစ်က စက်တင်ဘာက လိုက်စပ်စုတာ ကိုယ်ပါပါတော့မလို့။ ဟီးဟီး။
တီတီဆုမွန်အဖြစ်ကမလွယ်ရေးခြာမလွယ်ပဲ...
ငယ်ငယ်တုန်းကစိမ်ပြေးတမ်းတော်တော်ဆော့ခဲ့လို့နဲ့တူတယ်.အပြေးကောင်းသွားလို့ပေါ.နို့မို့ရင် အဖြစ်ကတွေး
ဝေါ့စရာကိုမရှိဘူးဗျာ။
အာဇာနည်တီတီကြီးအဆင်ပြေပါစေ ဟဲဟဲ
ဗီလိန်ကလဲနော် အစ်မပို့ စ်လေးကို ကော်မန့်ကို ကိုးခုတောင်ရေးသွားတယ် :)
ယတြာ ပေးမယ်။ အဟမ်း - ဒီတခါ ဆန္ဒပြပွဲမှာ သတင်းသွားယူရင် အ၀ါရောင်ဝတ်မသွားနဲ့။း)
Mr. Z {http://zarnywin.blogspot.com}
မဆုမွန် Sorry ဗျ.. Comment တော်တော်များသွားတယ် တက်မလာလို့ :D
Post a Comment