နောက်ဆုံးထွက်သက်နေ့ ရက်များ

အင်းအန်တီခင်မင်းဇော်က မသေခင်ဆယ်ရက်အလိုတဲ့ တက်ခ်ထားတယ် သမီးတဲ့
တော်တော်အချိန်ပေးပြီး စဉ်းစားရသေးတယ် မသေခင် ဆယ်ရက်အလို..ဆိုတော့
သေတော့မယ်ဆိုတာ သိနေတဲ့ဆယ်ရက်ပေါ့..သေတော့မယ်ဆိုတာ
သိတဲ့ဆယ်ရက်မှာတော့ ဘယ်လို ခံစားရမယ်မသိဘူး
နေဖို့ ဆယ်ရက်ပဲလိုတော့တယ်ဆိုတာ သိတဲ့ဆယ်ရက်ဆို အရူးမီးဝိုင်းသလိုပဲ..

သေဖို့ထက်နေဖို့ခက်တဲ့ တပြည်တရွာက ဗီဇာဆိုတာကြီး ပြည့်ဖို့ဆယ်ရက်အလိုမှာဆို မျောက်မီးခဲကိုင်မိသလိုပဲ အသက်ရူတွေကျပ၊် ခြေမကိုင်မိ၊လက်မကိုင်မိပေါ့ စာရွက်စာတမ်းအပြည့်အစုံ လက်နတ်ကိရိယာအပြည့်အစုံနဲ့ အင်မီဂရေးရှင်းရောက်လို့နေဖို့ ဗီဇာထပ်တိုးကြေးယူပြီး ချလံလေးပေးလိုက်မှ အသက်၀၀ရှုနိုင်တယ် နေဖို့ခက်ပုံများ ပြောပါတယ်

ဆိုတော့ သေဖို့ ဆယ်ရက်အလိုမှာဆိုရင်ရော သေမယ်ဆိုတာ သိသိချင်းတော့ လူ့ဘ၀နေဖို့ ရက်တိုးလေးများရမလားဆိုပြီး ဇီဝကလိုက်ရှာမယ် မရတော့ဘူးလို့လူဝင်မူကငြင်းတာ ကျိန်းသေရင်တော့ အပြင်ထွက်တိုင်ပတ်ရမှာပေါ့ ဒါဆိုအိမ်ပြန်မှာပေါ့ သေဖို့ ဆယ်ရက်လိုပြီဆိုတာ သိတာနဲ့အိမ်ပြန်မယ် မတွေ့တာ နှစ်နဲ့ချီနေပြီဖြစ်တဲ့ အဖေနဲ့အမေအိမ်ကိုပြန်မယ်

နောက် အမေလက်ရာဟင်းကို အ၀စားမယ် နောက် အဖေနဲ့ စကားတွေ အကြာကြီးပြောမယ်
ခွဲနေရတာကြာပြီဖြစ်တဲ့ မောင်လေးတွေ ညီမလေးတွေ အလုအယက်မေးမယ့်မေးခွန်းတွေဖြေမယ်
နောက်ပြီး ငယ်ငယ်ကတည်းကခင်တဲ့ သူငယ်ချင်းတွေ ကြီးမှခင်တဲ့ သူငယ်ချင်းတွေအိမ်ကို
စက်ဘီးလေးတစ်စီးနဲ့ လိုက်လည်မယ် သူတို့ နဲ့ စကားအကြာကြီးပြောမယ် သူတို့ ဘ၀တွေအကြောင်း ရင်ဖွင့်သံတွေ နားထောင်မယ်

နောက်ပြီးမစားရတာကြာတဲ့ ရန်ကုန်ဝက်သားတုတ်ထိုးအ၀စားမယ် ကြာဆံလက်သုတ်စားမယ်
မုန့်ဟင်းခါးစားမယ် အုန်းနို့ ခေါက်ဆွဲစားမယ်။ကြေးအိုးသောက်မယ်။ငါးသလောက်ပေါင်းစားမယ။် စားချင်လို့ ထိန်းထားသမျ အကုန်စားမယ်(စားပိုးနင့်ပြီး ဆယ်ရက်မတိုင်ခင် ကံကုန်သွားနိုင်တယ် ခိခိ)

နောက်ပြီးတော့ လေလေးတဖြူးဖြူးနဲ့ တိုက်နေတဲ့လေဟာပြင်က စဉ့် အိုးလေးထဲက ဒန်ခွက်နဲ့ ရေအ၀ချိုးမယ် နောက်ပြီး သနပ်ခါးမွှေးမွှေးလေးပိန်းနေအောင်လူးပြီး အုန်းဆီရွှဲရွှဲလိမ်း မြန်မာဝတ်စုံလေးဝတ် ယောဂီတစ်ပတ်လေးခြုံပြီး
အမေရယ်၊အဖေရယ်၊မောင်နှစ်မတွေရယ် ရွှေတိဂုံကို ကကဌားပြီးဘုရားဖူးထွက်မယ်
နောက် ဆူးလေ၊မဟာဝီဇယ၊မယ်လမု၊ရေလည်ကျောက်တန်း၊ကိုးထပ်ကြီး၊ခြောက်ထပ်ကြီး၊
ငါးထပ်ကြီး၊ရှိရှိသမျ ရန်ကုန်က ဘုရားတွေအစုံလိုက်ဖူးပြီးတာနဲ့ 
ရက်နည်းနည်းကျန်သေးရင်ပဲခူးဘုရားစုံဖူးမယ်

မြန်မာပြည်အနံ့ဘုရားဖူးထွက်မယ်၊ကျိုက်ထီးရိုးဘုရားတက်မယ်၊ကျိုက်ပေါလောမှဲ့ရှင်ဘုရားဖူးမယ်
ကျိုက်ကမီရေလည်ဘုရားသွားမယ်၊ တစ်ခါမှမရောက်ဖူးသေးတဲ့ပုဂံဘုရားတွေ သွားဖူးမယ်၊
နောက်မနလေးက မဟာမြတ်မုနိဖူးမယ်၊နောက်အင်းလေးဖောင်တော်ဦးဘုရားဖူးမယ်၊ရှမ်းပြည်တက်မယ်
ပန်းမြို့တော်ပြင်ဦးလွင်မှာ ခဏနားမယ် မြန်မာပြည်အနံဘုရားဖူးပြီးတာနဲ့
ရက်နည်းနည်းကျန်သေးရင် ငပလီ၊ချောင်းသာ၊စက်စဲသွားပြီး အနားခဏယူမယ်..

နောက်ကျန်တဲ့နောက်ဆုံးရက်တွေမှာတော့ အဖေရယ် အမေရယ်နဲ့  စစ်ကိုင်းတောင်ရိုးဘက်တက်ပြီး သီတဂူဆရာတော်ဘုရားကြီးရဲ့ တရားရိပ်မှာခိုလှုံပြီး နောက်ဆုံးထွက်သက်အထိ အဲ့မှာပဲနေလိုက်တော့မယ် အင်း ဘယ်သူ့ ကို ဆက်tagရပါ့ တက်ပြီးသားလာပြန်တဲ့ အိမ်ကိုပြန်tagတယ် နောက်ပြီး မိုးမြင့်တိမ်.ပန်းခရမ်းပြာ green girl Julydream သံလွင်ဟီးရိုး ကြယ်စင်သွေး ဗီလိန် လင်းဒီပ ခေါင်ခေါင် Rainbow ဂလိုဘယ် အလည်လာဖူးတဲ့သူတွေအကုန်ပြန်tagတယ် :)

2 Comments:

သံလွင် HeRo said...

တီတီကတော့လုပ်ပီ...စာဖတ်လုပ်ကောင်းနေတုန်း
ဘယ်သူများလဲလို့ကြည့်လိုက်တာမဟုတ်မှလွဲရော
တားတားနာမည်ကြီးပါနေတယ်...ဒီနေ့တော့ညဥ့်နက်နေ
ပြီးမနက်ဖြန်မနက်ပိုင်းအတန်းရှိလို့အိမ်ပြန်ရောက်မှပဲ
အကြွေးဆပ်တော့မယ်နော်ဂျ ဟဲဟဲ

မိုးမြင့်တိမ် said...

နောက်ဆုံးထွက်သက်နေ့ရက်များ ဆိုလို့ စိတ်ဝင်တစားလေး ဖတ်နေတာ။ရေးထားတာလေးကလည်း စိတ်ဝင်စားဘို့ကောင်းတာနဲ့ ဖတ်ကောင်းကောင်းနဲ့ ဖတ်နေလိုက်တာ အဆုံးလည်းရောက်တော့မှ TAG ခံထားရမှန်းသိတော့တယ်။ မဆုမွန်ရေ TAG ထားတာလေး ရေးမယ်နော် လောလောဆယ်တော့ စဉ်းစားပါရစေဦးနော်။ဘာတွေလုပ်ရင်ကောင်းမလဲဆိုတာ။