အချစ်ဆိုသည်မှာ..အံသြမူများနဲ့  ဆန်းကြယ်သော အရာ

အချစ်ဆိုသည်မှာ..တဲ့ ကိုကြယ်စင်သွေးက ပြောပြပေးပါ လို့ တက်ခ်ပါတယ်...
love ကို အဘိဓာန်ကနေ ရှာလိုက်တဲ့အခါ အဓိပါယ် ဖွင့်ဆို ထားတာတွေ အများကြီး တွေ့ ပါတယ် အဲ့အထဲကမှ ကြိုက်တဲ့ စာသားလေး တစ်ကြောင်းက you say that you love someone when their happiness is very important to you so that you behave in kind and caring way towards them...တဲ့ ဟုတ်တယ် ကျွန်မအတွက် အချစ် ဆိုသည်မှာ.. ကျွန်မ ချစ်တဲ့ သူတွေ ပျော်ရွှင် နေတာပဲ မြင်ချင် ပါတယ် ပျော်ရွှင် နေတာပဲ ကြားချင်ပါတယ် ပြီးတော့ ကျွန်မ ချစ်တဲ့ သူတွေရဲ့ လိုအပ်ချက် တွေကို ကိုယ် တတ်စွမ်း နိုင်သလောက် ပြည့်စုံအောင် ဖြည့်စည်း ပေးတာပါပဲ ကိုယ်ချစ်တဲ့ သူတွေ စိတ်ချမ်းသာ ပြီး ငြိမ်းချမ်းတဲ့ ဘ၀တွေကို ပိုင်ဆိုင် နိုင်အောင် လုပ်ပေး ချင်တာပါပဲ သူတို့ကို အမြဲတမ်း ကြင်ကြင်နာနာနဲ့ စောင့်ရှောက်မူ ပေးချင်တာပါပဲ ဆိုတော့ ကျွန်မမှာ ချစ်သူတွေ အများကြီး ရှိပါတယ် အချစ်တွေလဲ အများကြီး ရှိပါတယ်..ကျွန်မ ဘ၀မှာ ဘ၀နဲ့ ရင်းပြီး ချစ်ရတဲ့ သူတွေများပါတယ်

ပထမဆုံး ကျွန်မရဲ့ အချစ်ဆုံး ချစ်သူတွေကတော့ ကျွန်မကို လူ့ လောကထဲ ရောက်အောင် မွေးထုတ်ပေးလိုက်တဲ့ အမေနဲ့ ကျွန်မကို လူ့လောကထဲမှာ ရုန်းကန် လူပ်ရှား နိုင်အောင် အတတ် ပညာတွေ အသိ ပညာတွေ ဆည်းပူး နိုင်အောင် သင်ကြား ဆုံးမ ပဲ့ပြင် ပေးတဲ့ ကျွန်မရဲ့ အဖေပါပဲ ကျွန်မဘ၀မှ ဘယ်လိုမှ အစားထိုးလို့  မရအောင် ချစ်ရတဲ့ ချစ်သူတွေပါ
မိဘနှစ်ပါးကို သူတို့ အကြောင်း တွေးတိုင်း နှလုံးသွေးထဲကို ပူနွေးပြီး ရင်ထဲမှာ ဘယ်လိုကြီးမှန်း မသိအောင်ကို ခံစားချက်မျိုးနဲ့ ဖော်ပြလို့မရနိုင်တဲ့ ချစ်ခြင်းမျိုးနဲ့ ဘယ်တော့မှ ပြောင်းလဲ မသွားနိုင်တဲ့ ချစ်ခြင်းမျိုးနဲ့ အမေနဲ့အဖေကို ချစ်တဲ့ အချစ်ပါ.. သူတို့ အသံကြားရင် သူတို့ ပုံရိပ်တွေ မြင်ရင်ကို မျက်ရည် အလိုလို ကျမိတယ်

အခုချိန် အထိ မိဘ ကျေးဇူးကို ကျေအောင် မဆပ်နိုင်သေးဘူး ကျွန်မ အိမ်ကို ဖုန်းဆက်တိုင်း အမေနဲ့  အဖေ ဘာလိုအပ်လဲ မေးတိုင်း ခပ်ဖွဖွ ရယ်မောကြပြီး သမီးကြီးက မိဝေး ဘဝေးမှာ ကျမ်းမာ အောင်နေပါ သမီး ကျမ်းမာ နေရင် သမီး အသံကို ကြားနေရင်ပဲ အမေတို့ က စိတ်ချမ်းသာ ပါတယ်တဲ့ တစ်ယောက်နဲ့ တစ်ယောက် ကျမ်းမာအောင် နေပါ ဆိုတဲ့ ထပ်တလဲလဲ စကားတွေထဲမှာ အတိုင်း အတာနဲ့ ဖော်ပြ နိုင်စွမ်း မရှိတဲ့ ချစ်ခြင်း တွေပါတယ် ကျွန်မ သူတို့ ကို အေးငြိမ်းတဲ့ ဘ၀မှာ စိတ်ချမ်းချမ်းသာသာနဲ့ ပူပင်ခြင်းကင်းစွာနဲ့ တရားဘာဝနာတွေကို အားထုတ်စေချင်တယ် ဒါဟာ ကျွန်မချစ်သူတွေ အပေါ်ထားတဲ့ အချစ်ဆိုသည်မှာ မေတ္တာတရားပါ...

နောက်ထပ် ဘ၀နဲ့ရင်းပြီး ချစ်ရတဲ့ ချစ်သူတွေ ရှိပါသေးတယ် အဲ့ဒီ့ သူတွေကတော့ ကျွန်မရဲ့ ညီမလေး မောင်လေးနဲ့ တူမလေး ပါ ခြောက်နှစ်ကျော် ငယ်တဲ့ ညီမလေးနဲ့  ကျွန်မနဲ့ ကိုးနှစ်ကျော်ငယ်တဲ့ မောင် အငယ်ဆုံးလေးပါ နောက်ပြီး မွေးကတည်းက ကျွန်မ လက်ပေါ်မှာပဲ ကြီးပြင်းခဲ့တဲ့ ကျွန်မရဲ့ တစ်ဦးတည်း သော တူမလေးပါ သူတို့ ကို ကျွန်မ လူမှန်း သိတဲ့ အချိန်က စပြီး ကျွေးမွေး ပြုစု စောင့်ရှောက် ခဲ့ပါတယ် တစ်ခါမှ ပြင်းပြင်းထန်ထန် မဆူပူဘူးဖူး အခုချိန် အထိ သူတို့ ရဲ့ အနာဂတ် သူတို့ ရဲ့ ပညာရေးတွေ အတွက် အစစအရာရာ ကျွန်မ ဖြည့်ဆည်း ပေးနိုင်သလောက် အမြဲတမ်း ကူညီ စောင့်ရှောက် ပေးပါတယ် သူတို့ကလဲ အမြဲတမ်း တောင်းဆိုပြီး ကျွန်မ ပေးသမျ ယူ အမြဲ ပူဆာ ဂျီကျတဲ့ ကျွန်မရဲ့ ယူဂျီလေးတွေပါ
သူတို့ ကို ချစ်တဲ့ အချစ်ကလဲ ဘယ်ကိုမှ ပြန်ရယူလိုစိတ်မရှိတဲ့ အရမ်းကို ဖြူစင်ပြီး ဘယ်တော့မှ ယုတ်လျော့သွားမှာမဟုတ်တဲ့ ချစ်ခြင်းမျိုးပါ မမကြီးရေ ညီမလေးလေ ဘာလုပ်ချင်တယ် ဖြစ်အောင်လုပ်ပေးနော်.. မမကြီး သားကို သားလိုချင်တာလေး ၀ယ်ပေးပါ ဒေါ်ဒေါ်ရေ မီးမီးကိုလေ ကျောင်းကပွဲမှာ ပါရမယ်တဲ့ မီးမီးလိုတာ ၀ယ်ပေးနော်တဲ့ တောင်းဆိုတိုင်း ဖုန်းထဲကနေ အမြဲပြုံးဖြစ်တယ် သူတို့ မမကြီးက နိုင်ငံဂျားဆိုတာကြီးမှာ အလုပ် လုပ်နေတော့ သူဌေးမကြီးလို့ ထင်ပုံပဲ အေးအေး စာကြိုးစားကြနော် အမေနဲ့ အဖေကို ဂရုစိုက် စကား နားထောင်နော်လို့ ပြောပြီး ဖုန်းချ လိုက်တိုင်း ရင်ထဲမှာ အမြဲ ငြိမ်းချမ်းပြီး ကျန်ခဲ့တယ် သူတို့ ရဲ့ ချစ်ခြင်းတွေ ကိုယ့်ရဲ့ ချစ်ခြင်း မေတ္တာပါ အဲ့တာ မောင်လေး ည်ီမလေးတွေ အပေါ် ထားတဲ့ အချစ် ဆိုသည်မှာပါ..

နောက်ထပ် အချစ်တွေ ကတော့ မုန်းသလောက်ကို မချစ်လို့ မရတဲ့ သူတွေကတော့ ကျွန်မရဲ့ အစ်ကိုတွေပါ အင်မတန်မှ ဆိုးသွမ်းပြီး မိဘနှစ်ပါးကို အမျိုးမျိုး ပုန်ကန် တော်လှန်နေတဲ့ အိမ်တွင်း သူပုန်တွေပါ ဘယ်လိုကြည့်လို့မှ ထောင့်မကျိုးတဲ့ ကျွန်မအစ်ကိုတွေပါ မိသားစုကလွဲရင် ကျန်တဲ့သူပေါ် သည်းခံပေါင်းတဲ့ အမျိုးအစားပါ သူငယ်ချင်း အပေါင်းအသင်းအတွက်ဆို ငရဲပြည် ရောက်ရောက် အ၀ီစီရောက်ရောက် ဆိုတဲ့ လူတန်းစားထဲမှာ ပါပါတယ် ပြသနာပေါင်း သောင်းခြောက်ထောင်ကို နည်းမျိုးစုံ သုံးပြီး ရှာတဲ့ သူတွေပါ သူတို့ အတွက်ဆိုရင် အသံကြားရင်ကို သွေးတိုးပါတယ် နှလုံးခုန်မြန်ပါတယ် အသက်ရူမ၀ဖြစ်ပါတယ် ထပ်မကြားချင်တော့ဘူးလို့  နားပိတ်အော်ရင်းကို ဘာများဖြစ်နေကြတုန်းဆိုပြီး နားစွင့်နေမိတယ်. နောက်ဆို ဘာဖြစ်ဖြစ် ဘယ်တော့မှ လှည့်မကြည့်ဘူးလို့ ပြောရင်းကို တစ်ခုခုဖြစ်လာတိုင်း ပိုက်ဆံအိတ်ပိုက်ပြီး လိုက်ရှင်းနေကျဖြစ်ပါတယ်... မျက်နှာ မကြည့်ချင် လောက်အောင် ချဉ်ပြီး အသံ မကြားချင်လောက် သေလောက်အောင် မုန်းပေမယ့် မခေါ်ချင်လို့  ရပေမယ့် မတော်ချင်လို့  မရဘူးဆိုတဲ့ သွေးက စကားပြောတယ် ဆိုတာ မှန်ပါတယ်..တစ်ခုခုဆို အကုန်လိုက်လုပ်ပေးဖို့ အဆင်သင့်ဖြစ်နေတတ်ပါတယ် ဒါဟာလည်း မိဘနစ်ပါး စိတ်ဆင်းရဲမှာစိုးလို့ အကြောင်းပြချက် အကြီးကြီး ရှိပါတယ် ကျွန်မ မိဘတွေ မျက်နှာညိုမှာ သိပ်စိုးရိမ်ပါတယ် ပြီးတော့ တစ်အူတုံ့ဆင်း မောင်နှစ်မရင်း ဖြစ်နေတဲ့ အတွက် လည်း ရေကို ဓားနဲ့ ဖြတ်မရတဲ့ ကျွန်မရဲ့ အချစ်ဆိုသည်မှာပါ

နောက်ထပ် ကျွန်မရဲ့အချစ်တွေကတော့ အပေါင်းအသင်း ရောင်းရင်း ရဲဘော်တွေပဲ ဖြစ်ပါတယ်။ ကျွန်မ ဘ၀မှာ ဘေးချင်းကပ် လက်ချင်းတွဲပြီး သေအတူ ရှင်မကွာ ပေါင်းသင်းလာတဲ့ သူငယ်ချင်းတွေ ရှိပါတယ်။ အပေါင်း အသင်းတွေ ထဲမှာ ကိုယ့်ကို အနိုင်ကျင့်တဲ့ သူလည်း ရှိသလို ကိုယ်က အနိုင်ကျင့် ပေါင်းတဲ့ သူငယ်ချင်းတွေလဲ ရှိပါတယ် နောက်ကျော ဓားနဲ့ထိုးတဲ့ သူငယ်ချင်းရှိသလို လိုအပ်လာရင် ရင်ငွေ့ ပေးပြီး နွေးထွေးစေတဲ့ သူငယ်ချင်းလဲ ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူငယ်ချင်းဆိုတာ အမြဲတမ်း ကိုယ့်အပေါ်မှာ ပျော်ရွှင်စရာတွေရှိရင် အတူမျဝေ ခံစားပေးသလို ဒေါသ ဖြစ်စရာရှိရင်လဲ အတူ ပေါက်ကွဲ ပေးတဲ့ မရှိမဖြစ်တဲ့ ချစ်သူတွေပါပဲ ။ သူတိုရဲ့ ချစ်ခြင်းတွေ ကိုယ့်ရဲ့ ချစ်ခြင်းတွေ ကတော့ တကယ်ပဲ နှစ်နှစ် ကာကာ သံယောဇဉ် ဖြစ်ကြပြီဆိုရင် တကယ်ပဲ ကိုယ်ကျိုးမပါတဲ့ အမြတ်အစွန်း မကြည့်တဲ့ ဖြူစင် ပွင့်လင်းတဲ့ သူငယ်ချင်းမျိုး ရပြီဆိုရင်တာ့ သူငယ်ချင်း ဆိုတာဟာ ဘ၀တလျောက်လုံး အတွကဘယ်တော့မှ အချစ်မပြယ် နိုင်မယ့် ချစ်သူတွေပါပဲ...

နောက်ထပ် ကျွန်မအတွက် အချစ်ရဆုံး အမြတ်နိုးရဆုံး အတွယ်တာရဆုံး အချစ်ဆိုသည်မှာကတော့ ကျွန်မရဲ့ လက်တွဲဖော်ပါပဲ အနီးကပ်ဆုံး နားလည်မူ အပေးနိုင်ဆုံး နားမလည်နိုင်ဆုံးလဲဖြစ်တဲ့ စိတ်အရှည်ဆုံး စိတ်မရှည်ဆုံး ဆန့်ကျင့်ဘက် ခံစားအမျိုးမျိုး ပေးတဲ့ ကျွန်မရဲ့ ချစ်သူပါ
အချစ်ဆိုသည်မှာ ပို့စ်လေး ရှည်သွားပြီ
နောက်မှ ဆက်ကြတာပေါ့....ကိုကြယ်စင်သွေးရေ ကျေနပ်မယ် ထင်ပါရဲ့..:)

3 Comments:

Anonymous said...

အမ က အချစ်ဆရာမ ကြီးပဲဗျ။ ကျေနပ်ပါတယ်ဗျာ။အချစ်ဆိုတာ တော်တော်လေး နားလည်သွားပါတယ်။

GreenGirl said...

မမရဲ့ စာကိုဖတ်ပြီး အချစ်ကို တော်တော်လေး နားလည်သွားပါပြီ...

ဗီလိန် said...

ရှုပ်လိုက်တဲ့ အချစ်တွေ။ သိဘူး အကုန်လုံးကို ကြုံသလို ချစ်ပလိုက်တာပဲ။ အဟိ။