သီတင်းကျွတ် လပြည့်နေ့ ဖြစ်ပြီ သီတင်းကျွတ် လပြည့်နေ့မှာ အဝေး ကနေပဲ သမီးကြီး မိဘ နှစ်ပါးကို မျော်မှန်းပြီး ကန်တော့ လိုက်ပါတယ် ..
မိဘနှစ်ပါးကို ချစ်တဲ့ သားသမီး ပြုစု စောင့်ရှောက်တဲ့ သားသမီး ဆိုတာ ဘယ် တော့မှ ဘေး မတွေ့ဘူး သမီးတို့ အတွက် အမေ မနက်တိုင်း မေတာပို့ ဆုတောင်း ပေးတယ်တဲ့ အဖေကြီးက မနက်တိုင်း မြို့ဦး စေတီတော်မှာ ယတြာချေ ဆုတောင်း ပေးတယ်တဲ့ အမေကလဲ အပိုတွေ မလုပ်ပါနဲ့ သမီး အဲ့တာတွေ မယုံဘူး အလကား ပင်ပမ်းတယ် ဗေဒင်တွေလဲ မမေးနဲ့ ကိုယ်လုပ်မှ ကိုယ် ရတာလေ လို့ ညည်းပြီး ပြောတိုင်း အမေက ရယ်တယ် မဟုတ်ပါဘူး သမီးရယ်တဲ့ အမေတို့က သမီးတို့ကို ဘေးကင်း ရန်ကင်းနဲ့ အလုပ် အကိုင် အဆင်ပြေအောင် နေထိုင် ကောင်းအာင် အမေတို့ တတ်နိုင်တဲ့ ဘက်က လုပ်ပေးတာပါတဲ့ အဲ့လိုပြောတော့လဲ ကျွန်မ စိတ်ထဲ တော်တော် ၀မ်းနည်းမိတယ် ကျွန်မ အိမ်နဲ့ စကား ပြောတိုင်း အမေနဲ့ အဖေ အသံကြားတိုင်း အခုချိန် အထိ မျက်ရည် လွယ်တုန်းပဲ ကျန်တဲ့ နေရာတွေမှာ ကျန်တဲ့ အလုပ် အချိန်တွေမှာ ခပ်ပြတ်ပြတ်ပြော ခပ်ပြတ်ပြတ် အလုပ်လုပ် တတ်ပေမယ့် မိဘတွေ ရှေ့ရောက် သွားတိုင်း ကလေးလို ပြန်ခံစား ရတယ် ဒါပေမယ့် အပြင်ဘက်ကို ရောက်လာတဲ့ အချိန်ကစပြီး အိမ်ကိတ်စ ကလွဲရင် အပြင်မှာ တွေ့ကြုံ ခံစား နေရတဲ့ ဘယ်လို အခက်အခဲ ပြသနာ စိတ်ဆင်းရဲမူ မျိုးတွေကိုမှ အမေ့ကို မပြောဖြစ်အောင် အမြဲကြိုးစားပါတယ်..အဝေးကနေ ကိုယ်ပေးလိုက်တဲ့ အပူတွေကြောင့် အမေနဲ့ အဖေကို စိတ်မဆင်းရဲစေချင်လို့ ပါ.. (ဒါပေမယ့်လည်း စိတ်ထွက်ပေါက်မဲ့လာရင် လုပ်မိတယ်)..
ငယ်ငယ်တုန်းက သူငယ်တန်း စတက်တော့ ကျွန်မက သိပ်ဆိုးသတဲ့ အခန်းဝက အမေ့ အရိပ်ကွယ် တာနဲ့ အသံ ကုန်ခြစ်ပြီး အော်ငိုတော့ တာပဲတဲ့ ကျောင်း တက်ခါစ ကလေးတွေ ထုံးစံအတိုင်း တစ်ယောက် အော်ငိုတာနဲ့ ကျန်တဲ့ ကလေးတွေ ကလဲ သံပြိုင် ဥသြ ဆွဲသလို ငိုကြတော့တာပဲ အဲ့ဒီ့အခါ တွေတိုင်းမှာ ကျွန်မက အကုန် ဆူညံကုန်တာကို သိပ်သဘောကျတယ်တဲ့ အတန်းထဲမှာ ကလေးတွေ ငြိမ်နေရင် ရုတ်တရက် ထအော်ငိုတော့တာပဲ တဲ့ နောက်ဆုံး ဆရာမက လက်မခံတော့တဲ့ အထိပဲ အဲ့ အလက (၅) မရမ်းကုန်းကျောင်းက သူငယ်တန်းအခန်းက ဆရာမ ဒေါ်ညိုညိုဆိုတာ နံမည်ကြီးပဲ မိဘတွေက သူ့အခန်းကို ထားချင်လို့ အတင်း လိုက်အပ်ရတဲ့ အချိန် စာရင်းအရ နေရတဲ့ ကျွန်မက မနေချင်ဘူးဆိုတော့ သူ စိတ်ဆိုးတာပေါ့ သူက မျက်နှာမာမာနဲ့ အော်တိုင်း ကျွန်မကလဲ မလျော့တဲ့ ဇွဲလုံလ အပြည့်နဲ့ အာခေါင်ခြစ်ပြီး ငို ကျန်တဲ့ ကလေးတွကလဲ သံပြိုင်ငို.ဟုတ်နေတာပဲ အတိုင် အဖောက် ကတော့ ဒီတော့ အမေဟာ တစ်နေကုန် ကျွန်မနဲ့ ကျောင်းလိုက် တက်ရပါတယ် အမေတွေ အနားမကပ်နဲ့ ပြောတော့ အမေက အခန်းနားမှာ နေလို့ မရတော့ ကလေးအမေတွေ စုဝေးရာ မုန့်စားတန်းဝနဲ့ ကျွန်မ အခန်းဝနဲ့ မလှမ်းမကမ်း ကနေ ကျွန်မ လှမ်းကြည့်တိုင်း မြင်နိုင်အောင် အမြဲ ကိုယ်ယောင်ပြရသတဲ့ အဲ့တုန်းက အမေ့အကျီစလေး မြင်နေရရင်ကို စိတ်ထဲ အားရှိသလို ခံစားခဲ့ရတာ နေမယ်။ အခုရော.ကွန်ပျူတာ စားပွဲရှေ့က မိသားစုဓာတ်ပုံကို မြင်တိုင်း ပိုအားငယ်သလို ခံစားရတယ်
ကျွန်မရဲ့ တစ်ဦးတည်း သော ညီမလေး ကတော့ ပုံစံတစ်မျိုးတဲ့ အမေပြောပြတယ် သူ့ကို သူငယ်တန်း စတက်ခိုင်းတော့ အမေ ထင်တာ သူကလဲ အစ်မ ခြေရာနင်းမှာပဲ ဆိုပြီး ကျောင်းလိုက်ပို့တော့ ကျောင်းဝင်းတံခါးဝကနေ အမေတွေ မလိုက်ရဘူး နေခဲ့ရမယ် ပြောတော့ အမေက အရမ်း စိတ်ပူသွားတယ်တဲ့ သူ့သမီး ပေါက်စလေးကို ငုံကြည့်တော့ ကျောင်းဝတ်စုံ အသစ်လေးနဲ့  ကြီးတော်လေးက မုန့် ခြင်းတောင်းလေး ကို အမေ့လက်ထဲက ဆွဲယူပြီး အမေရပြီ သမီး သွားတော့မယ်နော် ဆိုပြီး ကော့တော့ ကော့တော့နဲ့  တောက် တောက် ထွက်သွား လိုက်တာ နောက်တောင် လှည့် မကြည့်ဘူးတဲ့ ဘာပြသနာမှ မရှာဘူးတဲ့....
အခုတော့ အမေချစ်တဲ့ သမီး နှစ်ယောက်စလုံးဟာ အမေရင်ခွင်နဲ့ ဝေးတဲ့ တစ်နေရာစီမှာ ရောက်နေကြပြီလေ ညီမလေးရေ မနက်ဖြန် သီတင်းကျွတ်တဲ့ဟေ့ ဆိုတော့ သူကပြောတယ် မမကြီးရေ ညီမလေးသိတယ်တဲ့..ပြောပြီး သူငိုတယ် မျက်ရည် ကျမိတယ်တဲ့ အချိန်ကာလအားဖြင့် ကျွန်မထက် တိုတောင်းသေး ပေမယ့် သူ့ရင်ထဲမှာ ရှိနေမယ့် အိမ်လွမ်းစိတ်တွေကို ကျွန်မ ထပ်တူခံစားရပါတယ်..ညီမလေးဟာ ငယ်ငယ်က ကျောင်းတက်ချိန်မှာ ကျွန်မထက်ပိုပြီး ပြတ်သားပေမယ့် သူ့ဘ၀ တစ်လျောက်လုံးမှာ မိဘနဲ့ခွဲပြီး ရက်ပိုင်းတောင် မနေခဲ့ဘူးဖူးလေ..
ကျွန်မကတော့ လူမှန်းသိတတ်စ အချိန်ကတည်းက စပြီး သားသမီး ခြောက်ယောက်ကို လူလားမြောက်အောင် ပညာတတ်အောင် ၀န်ထမ်း လစာလေးနဲ ကျွေးမွေး ပြုစု စောင့်ရှောက် ခဲ့ရတဲ့ ပင်ပမ်း နွမ်းနွယ် နေပြီဖြစ်တဲ့ အမေနဲ့ အဖေ ၀န်သက်သာ အောင် ကျွန်မ တတ်နိုင်တဲ့ ဘက်က ၀င်ကူထမ်းပေးခဲ့တယ် အဲ့ဒီ့အတွက် ကျွန်မ မိဘရင်ခွင်က မကြာခဏ ထွက်ပြေး ရတာတွေရှိတယ် မိဘအရိပ်နဲ့ ကင်းကွာပြီး နေထိုင် အသက်မွေး ခဲ့ရတာတွေ ရှိခဲ့တယ် အလုပ်နဲ့ပဲ မိုးလင်း အလုပ်နဲ့ပဲ နေ၀င်ခဲ့ရတဲ့ အချိန်တွေမှာ မိဘနဲ့ဆုံရတဲ့ အချိန်ဟာ မီးပျက်နေတဲ့ ညအမှောင်တွေမှာပဲ ရှိတယ် မောမောနဲ့အိပ် မိုးလင်းတာနဲ့ အလုပ်ထပြေး ဒီလိုနဲ့ပဲ မိုးချုပ် မိုးလင်း သံသရာလည်ခဲ့တယ် ဒါပေမယ့် သီတင်းကျွတ်တွေဆို မမကြီးကို အမြဲ စောင့်ကြတယ်တဲ့ အမေနဲ့ အဖေကို ကန်တော့ဖို့ ကျွန်မကပဲ အမြဲဦးဆောင်ခဲ့တယ် သားသမီးတွေ အကုန် ဦးတိုက် ကန်တော့ ကြတိုင်း အဖေနဲ့ အမေက အမြဲ ဆုတောင်းပြီး မျက်ရည်ကျတယ်..ဒါပေမယ့် အခြေအနေအရ အချိန်အအခါအရ ဘ၀ပေး ကုသိုလ်တွေ အရတော့ သားသမီးတွေဟာ မိဘ ရင်ခွင်တွေနဲ့ ခွဲပြီး နေနေကြရဦးမှာပဲ..
ရှေ့လျောက် သီတင်းတွေ ကလဲ ကျွတ်နေဦးမှာပဲ
အိမ်ပြန်ဖို့ အချိန်မတန်ခင် အထိ ပြန်လို့မရသေးခင် အထိတော့ မိဘနှစ်ပါးကို ပြည့်ပြည့်စုံစုံ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ထားနိုင်အောင် မမကြီး ကြိုးစား နေဦးမှာပဲ အမေနဲ့ အဖေအတွက် ကျွန်မ အသက်မကုန်ခင် အထိ လုပ်ကျွေး သွားမယ်လို့ မောင်လေး ညီမလေးတွေကို ကျွန်မ ဂတိပေးထားခဲ့တယ် ဘာပဲဖြစ်ဖြစ်ပေါ့ ဘယ်လောက်ပဲ ပြတ်သား မာကျောတဲ့ လူဖြစ်ပါစေ မိဘနဲ့ ပတ်သတ်လာရင် နူးညံ့ ပျော့ပြောင်း ထိရှ လွယ်လွန်း နေသေးတာ တစ်ခုပါပဲ အမေနဲ့ အဖေ တရားရိပ်မှာ အေးချမ်းစွာ နေပြီး စိတ်ချမ်းသာခြင်း ကိုယ်ချမ်းသာခြင်းနဲ့ အသက်ရှည်ရှည် နေနိုင်ပါစေလို ဆုတောင်းပြိး မိဘနှစ်ပါးကို စိတ်က ရည်မှန်းပြီး ကန်တော့ပါတယ်..မောင်လေး သံလွင်ဟီးရိုး တက်ခ်ထားတယ် သီတင်းကျွတ်ဆိုတာလေး အတွက်လဲ အမှတ်တရပါ..
သီတင်းကျွတ်လပြည့်နေ့ 
Posted by မဆုမွန် at Monday, October 13, 2008
Labels: ရင်ဖွင့်စာ
10 Comments:
အဝေးကနေမိဘတွေကိုကန်တော့လိုက်တဲ့သမီးကြီးဆန္ဒ
ပြည့်ပါစေသော်ဝ်...
တီတီဆုမွန်ကျေးဇူးဗျို့
လုပ်ကြပြန်ပြီဗျာ။ မျက်ရည်ကျအောင်ပဲလုပ်နေကြတာပဲ။ :'(
ငိုချင်တယ်း(
သာဓုပါဗျာ...သာဓုပါ အစ်မရေ...
အရမ်းကောင်းတယ် အမရေ။ အမကတော့ ကုသိုလ်တွေ အများကြီးရမှာ။
ဖတ်ပြီး မျက်ရည်လည်မိတယ်။ မိဘနဲ့ ပတ်သက်လာရင် အရမ်း ခံစားလွယ်တာချင်း တူနေပြီ။ ဒို့ညီအမ နှစ်ယောက်စလုံးက sg မှာ။ အသက်ကြီးတဲ့ မိဘတွေက အဝေးမှာ နှစ်ယောက်တည်း။ သူတို့အတွက် မတောင့်မတ လိုသမျှ အစွမ်းကုန် ဖြည့်ဆည်းထား ပေးနှိုင်ပေမဲ့။ သမီးတွေ အနားမှာရှိတာနဲ့ မတူဘူးပေါ့။ သူတို့ အနားမှာ အမြဲတမ်း သွားနေမယ်ဆိုပြန်ရင်လည်း သူတို့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနှိုင်တော့မှာ မဟုတ်ဘူး။ မဆုမွန်လိုပါပဲ။ ဖုန်းထဲက အဖေ့ အသံကြားရရင် မျက်ရည်ထွက်ချင်တယ်။
တို့လည်း သီတင်းကျွတ်ပြီ ဆိုပြီး အိမ်ကို လွမ်းနေတာ...ပိုငိုချင်သွားတယ်
သီတင်းကျွတ်ပြီဆိုပြီး အိမ်ကို လွမ်းနေတာ။ ဒီပို့စ်ကို ဖတ်ပြီး ငိုချင်သွားတယ်
စိတ်ထိခိုက်စရာကောင်းလိုက်တာ သမီးရယ်...
ဟင့်.ဟင့်.ဟင့်
ဝမ်းနည်းသွားပြီး........နောက်မလာတော့ဘူး
ဟီးဟီးဟီးးးးးးးးးးးရွှတ်းးးဟင့်
ဒီပို့လေးဖတ်လိုက်ရတာ........တကယ်ကိုဝမ်းနည်ပြီး
အိမ်ပြန်ပြေးချင်ပြီး............ဟင်..........
Post a Comment