သာသနာတော်နှစ် (၂၅၅၂)ခုနှစ်၊ ကောဇာသက္ကရာဇ် (၁၃၇၁)ခုနှစ်၊ ခရစ်နှစ် (၈.၅.၂၀၀၉)ခုနှစ်၊ သောကြာနေ့သည် ဗုဒ္ဓမြတ်စွာဘုရားရှင် ဗျာဒိတ်ခံယူသည့်နေ့၊ ဖွားမြင်တော်မူသည့်နေ့၊ ဘုရားဖြစ်သည့်နေ့၊ ဗုဒ္ဓ၀င်အကျဉ်းဟောကြားသည့်နေ့၊ ပရိနိဗ္ဗာန် စံဝင်တော်မူသည့်နေ့ စသည့် နေ့ထူးနေ့မြတ် အခါသမယ ဖြစ်ပါတယ်။
ဒီနေ့ ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်နေ့မှာ စနေနေ့ဖွား အမေနဲ့ စနေနေ့ဖွား အဖေ့အတွက် ဆွမ်းကပ်လှူပါတယ်။ မျက်နှာသစ်တော်ရေရယ် သောက်တော်ရေအေးအေးလေးရယ် ဘုရားပန်းရယ် အမွှေးတိုင်ရယ် ဘုရားကို ကပ်တယ်။ မနက်စာဆွမ်းတော်အတွက် ကြာဆံဆွမ်းရယ် ပန်းသီးဆွမ်းရယ် ကော်ဖီဆွမ်းရယ် ရေနွေးကြမ်းဆွမ်းရယ် ကပ်ပါတယ်။
ကဆုန်လပြည့်နေ့မှာ အခုလို ဘုရားကို ဆက်ကပ်လှူဒါန်းရတဲ့ ကောင်းမူကုသိုလ်ကံ စိတ်စေတနာကြောင့် အမေနဲ့အဖေ စိတ်ချမ်းသာခြင်း ကိုယ်ကျမ်းမာခြင်းတွေနဲ့ မိသားစုနဲ့ပြည့်စုံငြိမ်းချမ်းစွာ နေနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။ အမေနဲ့အဖေ ကျမ်းမာကြပါစေ...
ကဆုန်လပြည့်နေ့အမေနဲ့အဖေ့အတွက် အလှူ
Posted by မဆုမွန် at Friday, May 08, 2009
Labels: အလှူ
5 Comments:
သာဓုပါ မဆုမွန်
ဒါနဲ့ ဒီနေ့ သောကြာနေ့ မဟုတ်ဘူးလား
ကောင်းသောနေ. ပါ အစ်မရေ ..........
ဒီလိုသိတက်လိမ္မာတဲ့ သမီးတစ်ယောက် ရတဲ့ မိဘတွေ အတွက် ဂုဏ်ယူပါတယ် ..........
တကယ်ပါ ၊ ၀မ်းလည်းသာမိတယ် ...........
သာဓုခေါ်သွားပါတယ် အမ
သာဓု သာဓု သာဓု
း))
ကိုမင်းအိမ်ပြောတာ ထောက်ခံတယ်...မ
...သိတက်လိမ္မာတဲ့ သမီးတစ်ယောက် ရတဲ့ မိဘတွေ အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်
သင်္ကြန်ပြီးသွားတာ သိပ်တောင် မကြာသေးသလိုပဲ.. အခု ကဆုန်လပြည့်နေ့ ရောက်သွားပြီလား.. ကုန်မြန်လိုက်တာနော် အချိန်တွေ..
အဖေအမေတွေအတွက် တောင်တဲ့ဆု ပြည့်ပါစေလို့  ဆန္ဒပြုပါတယ်ဗျာ...
Post a Comment