ဘန်ကောက်က နာဂစ်အောက်မေ့ဖွယ်ည

ထိုင်းနိုင်ငံမှာ နာဂစ်တစ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားလေးလုပ်ခွင့်ရဖို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မေလ ၃ရက်နေ့ ညနေခင်းမှာ ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသား လူငယ်တွေ စုပေါင်းပြီး ဘန်ကောက်မြို့လည်က စင်ထရယ်မောလ်ကြီးကနေ ချီတက်လမ်းလျောက်ခဲ့ကြတယ် မြန်မာကျောင်းသူလေးတွေက လမ်းတလျောက် ထိုင်းလူမျိုးတွေကို နာဂစ်မှတ်တမ်းလေးတွေနဲ့ နှင်းဆီပန်းအဖြူလေးတွေ ဝေပေးခဲ့တယ်..နောက်ဆုံးတော့ MBK အရောင်းခန်းမရဲ့ မျက်နှာခြင်းဆိုင်က အနုပညာပြတိုက်ရှေ့က ကွက်လပ်လေးမှာ နဂစ်အမှတ်တရပွဲလေး လုပ်ခွင့်ရခဲ့တယ် ဓာတ်ပုံမှတ်တမ်းလေးတွေ ပြခွင့်ရခဲ့တယ် နောက် နာဂစ်အမှတ်တရ ၀မ်းနည်းခြင်းအထိမ်းအမှတ် သီချင်းဆိုကြတယ် လူငယ်လေးတွေက ဆီမီးခွက်လေးတွေ ထွန်းခဲ့တယ်။ သေဆုံးသွားတဲ့သူတွေအတွက် ပန်းအဖြူရောင်လေးတွေ လှဲလျောင်းချပြီး ၀မ်းနည်းကြောင်း အမှတ်တရ ဖော်ပြခဲ့ကြတယ်..ကျွန်မကိုယ်တိုင် အဲ့နေရာလေးကို သွားပြီး ပန်းအဖြူလေးတစ်ပွင့်ချခဲ့တယ်..
နာဂစ်မုန်တိုင်းဘေးကြောင့် အသက်ဆုံးခဲ့ရတဲ့ တစ်သိန်းလေးသောင်းကျော်သော မြန်မာပြည်သူတွေ ကောင်းရာ သုဂတိလားကြပြီး ဘ၀အဆက်ဆက် ဒီလို မင်းဆိုး ဘ၀ဆိုးမျိုးနဲ့ မကြုံကြပါစေနဲ့လို့ ဆုတောင်း ပေးလိုက်ပါတယ်။

4 Comments:

Ree Noe Mann said...

ကျွန်တော် အရင်ဆုံး ဝင်ဆုတောင်းသွားပါတယ် မဆုရေ။

ငိုချင်တာပဲသိတယ်ဗျာ

ရောက်လေရာဘဝတိုင်းမှာ ဒီလိုအဖြစ်ဆိုးမျိုး နဲ့ မကြုံ တွေ့ရပါစေနဲ့ လို့လဲ.........ဆုတောင်းသွားပါတယ်။

ခုလို ခံစားခွင့်ပြုတာကိုလည်း မဆုကို ကျေးဇူးတင်ပါတယ်ဗျာ

ခင်တဲ့
Ree Noe

မြူးသျှရီ said...

မရေ.......
မြူးလဲဆုတောင်ပေးပါတယ်
ရောက်လေရာဘ၀မှာဒီလိုအဖြစ်ဆိုး
မျိုးနဲ့ မကြုံတွေ့ ရပါစေနဲ့ 

မိုးခါး said...

ဟုတ်ပါတယ်အမရယ်
ဒီလိုစာတွေဖတ်မိတိုင်း ၀မ်းနည်းလိုက်ရတာ
ညီမတို့လည်း ဆုတောင်းပါတယ်
နောက် ဒီလိုအဖြစ်ဆိုးမျိုး ဘယ်သူမှ မြ့ကုတွေ့ကြပါစေနဲ့လို့ ..

tg.nwai said...

ဟုတ်တယ် မဆုမွန်ရေ...သူတို့လေးတွေ ဘယ်လောက်တောင် ခံစားလိုက်ရမလဲဆိုတာ တွေးတောကြည့်တာနဲ့ကို ရင်ထဲ ဆို့နင့်လာတယ်.. ကောင်းရာသုဂတိလားကြပါစေ..