အမိုက်ဆိုတာ စွန့်ပစ်ပစ္စည်းပါ။ အမိုက်ပုံးဆိုတာလည်း နေအိမ်က စွန့်ပစ်ပစ္စည်း အစုတ်တွေ သားငါး ဟင်းသီး ဟင်းရွက် အပုတ် အပွ စားကြွင်းစားကျန်တွေ မလိုအပ်တော့တဲ့ အရာတွေ အစုံပလုံ အမိုက်တွေ ကို ထည့်တဲ့ အရာပါ။ အမိုက်ပုံ ဆိုတာကတော့ ရှိရှိသမျ စွန့်ပစ်ပစ္စည်း အမိုက် မှန်သမျကို လူသေကောင်ကလွဲရင် အပုတ် အပွ မှန်သမျ တစ်နေရာတည်းမှာ စုပုံထားရှိတဲ့ နေရာပါ။ အိမ်မှာ အမိုက်ပုံးထားတဲ့နေရာဆိုရင် တော်တော်လေး ကို ချောင် ကျတဲ့ မီးဖိုချောင်သို့မဟုတ် လူမမြင် ကွယ်ရာ ချောင် တစ်ခုခုမှာ ထားတတ်ကြတယ်။ နောက် အမိုက်ပုံး ထဲမှာ လျှံနေပြီ ဆိုရင် အနံ့က အရင် ရ နေပါပြီ။ သွန်ဖို့ အော်ကြ ဟစ်ကြပြီပေါ့ အနံ့ မခံနိုင်ကြလို့လေ။
လမ်းထဲ ရပ်ကွက်ထဲမှာ အမိုက်ပုံထားတဲ့အခါ သတင်းစာတွေမှာ လူထုအော်သံမှာဆို လမ်းထိပ်အမိုက်ပုံ ပုံမှန် လာမရှင်း အနံ့ဆိုးဝါး လူထုမခံနိုင် စသဖြင့် အော်ဟစ်စာတွေ ကို တွေ့ရလေ့ရှိပါတယ်။ နောက်တစ်ခါ အမိုက်ပုံ နားက ဖြတ် သည်ဖြစ်စေ ကိုယ့်ဘေးမှာ အမိုက်ကား ဖြတ်သွားရင် အနံ့မခံနိုင်လို့ နှာခေါင်း လေးတွေ ပိတ်ပြီး ရူံ့ရူံ့မဲ့မဲ့ လုပ်တတ်တာ ကျွန်မလဲ ရှေ့ဆုံးကပါပါတယ်။ ကျွန်မ နှာခေါင်းက အနံ့ တစ်ခုခုဆို ချက်ခြင်း အလာဂျစ် ဖြစ်ပြီး နှာဆက်တိုက်ချေတတ်တာမှ ဂျွမ်းတောင်ပြန်လို့ပါ။
ဆိုတော့ အမိုက်ဆိုတဲ့ အမိုက်ရဲ့ အကြောင်းကို ရှည်ရှည်ဝေးဝေး ရှင်းပြရတဲ့အကြောင်းကတော့ အမိုက်ပုံမှာ နေထိုင် ပျော်မွေ့နေကြတဲ့ လူတွေအကြောင်း အမို်က်ပုံလေးကို အိမ်လုပ်နေကြတဲ့ မြန်မာမိသားစုတွေနဲ့ အမိုက်ပုံလေးနားက မြန်မာလေးတွေအတွက် စာသင်ကျောင်းလေးအကြောင်း ပြောပြချင်လို့ပါ။
မြန်မာသီချင်းသံ မြိုင်မြိုင်ဆိုင်ဆိုင်ကို နားထောင်ရင်း ပဲပြုတ် နံပြားနဲ့ မြန်မာလဘက်ရည် ချိုကျတစ်ခွက်ကို ဇိမ်ခံ သောက် နေတုန်း လက်ဘက်ရည် ဆိုင်ထဲကို ချွေးသံရွှဲရွှဲနဲ့ လူတစ်ယောက် ၀င်လာပါတယ်။ ကျွန်မကိုလဲ မြင်ရော သူက ရုတ်တရက် လန့်အော်ပါတယ်။ ဟယ် ဆုမွန် နင် မဲဆောက်ရောက်နေတယ် ဟုတ်လား။ ဟုတ်တယ် မယ်တော် ဆေးခန်းကို အင်တာဗျူး လာကြတာလို့ဖြေရင်း နုတ်ခမ်းမွှေး ထူထူ နဲ့ အသားညိုညို မျက်လုံး ပြူးပြူး နဲ့သူ့ကို မနည်းစဉ်းစားရပါတယ်။
ကျွန်မလည်း သူ့ကို ရုတ်တရက် မမှတ်မိပေမယ့် သူ့အသံကိုတော့ ကျက်မိလိုက်ပါတယ်။ ရန်ကုန်မှာတုန်းက အဖွဲ့ချူပ် ရုံးမှာ ကဗျာရွတ်ပွဲ တွေဆို အမြဲ လာလေ့ရှိတဲ့ ကဗျာဆရာ တစ်ယောက်ဖြစ်ပါတယ်။ သူ မိတ်ဆက် ပေး တော့မှ ကျွန်မရဲ့ အစ်ကို ဆရာလွဏ်းနဲ့ မိတ်ဆွေတွေက ကျွန်မကို အဖွဲ့ဝင်ဖြစ်ဖူးမှန်း သိကြတယ်။ သူနဲ့ ကျွန်မတို့ စကားလက်ဆုံကျရင်းက သူက ကျွန်မကို သူအခု ဦးဆောင်ပြီး လုပ်နေတဲ့ ကျောင်းလေးကို အလည် ခေါ် ဖိတ်ပါတယ်။ အခု သူ အဲ့ကျောင်းလေးကို ကျောင်းသုံးပစ္စည်းတွေနဲ့ အိမ်ဆောက် ပစ္စည်း တစ်ချို့ သွားပို့ မလို့ပါတဲ့။
အဲ့ဒီ့မှာ အစ်မခွာညို ရေးဖူးတဲ့ Blue Sky School ကောင်းကင်ပြာဆိုတဲ့ စာသင်ကျောင်းလေးအကြောင်း ကို သွား သတိရမိတယ်။ တကယ်တော့ ကျွန်မလဲ အဲ့ကျောင်းလေးကို သွားချင်နေတာ မဲဆောက်နဲ့ နည်းနည်း အလှမ်း ဝေးပြီး မိုးတွင်းပိုင်း ဖြစ်နေလို့ သွားလာရ ခက်ခဲတဲ့ နေရာလေးတစ်ခု ဖြစ်တယ် မိုးတွင်းပိုင်း မဟုတ်လဲ လူသူ အရောက် အပေါက် နည်းပြီး ကားဌားရင်လည်း မလိုက်ချင်တဲ့ နေရာတစ်ခု ဆိုတာ သိရပါတယ်။
ကားခေါင်းခန်းမှာ ကျွန်မရယ် အစ်မရယ် ထိုင်စီးလာကြရင်း အဲ့ကျောင်းလေးအကြောင်း စကားပြော ဖြစ်ကြတယ်။ ကားလမ်းပေါ်က ဖဲ့ဆင်းလာပြီး လမ်းကြမ်းကြမ်းထဲ ၀င်လာတဲ့အခါ နဘေးဝဲယာမှာ ဆူးခြုံတွေ ခြုံပုတ် ထူထူ ထပ်ထပ်တွေ နောက် ဓနိလိုလို အုန်းပင်လိုလို အခက်တွေနဲ့ အပင်တွေလဲ ပိတ်နေတာ တွေ့ရတယ်။ လမ်းကတော့ တော်တော်လေးဆိုးပါတယ်။ ကားအမြင့်တောင် အိုင်ခွက်ထဲ ၀င်သွားရင် မနည်း ရုန်းထွက် ရပါတယ်။ နောက်က ဟွန်းသံတတီတီကြားလို့ နောက်ကြည့်မှန်က ကြည့်မိတော့ အမိုက် ကားကြီး တစ်စင်း လမ်းတောင်းနေတာ တွေ့ရပါတယ်။ဘေးက ဖြတ်သွားချိန်မှာတော့ သိသိသာသာ အနံ့ဆိုးကြီးက ကပ်ပါလာပါတယ်။
အစ်မက ကျွန်မကို ရုတ်တရက် လှမ်းပြောပါတယ်။ အဲ့ကျောင်းလေး ဖွင့်တဲ့နေ့က ကလေးတွေ အရမ်း ပျော်နေကြတယ် ကျောင်းတက်ဖို့ သူတို့ အရမ်းစိတ်လူပ်ရှားနေကြတယ် အဲ့ဒီ့နေ့က ကလေးတစ်ယောက် ကျောင်းတက်ဖို့ လာရင်း အမိုက်ကား အကြိတ်ခံရလို့ သေသွားတယ် ညီမလေးတဲ့.....
မိနစ်အနည်းငယ်အကြာမှာတော့ ကျွန်မတို့ မဲဆောက်မြို့ရဲ့ တစ်မြို့လုံးက စွန့်ပစ်ပစ္စည်းတွေ စွန့်ပစ်ရာ အမိုက်ပုံကြီးဆီကို ချဉ်းနင်း ၀င်ရောက်လာခဲ့ပါပြီ။ နေရာ ပတ်ဝန်းကျင်တစ်ခုလုံး အမိုက်ပေါင်းစုံက ထွက်တဲ့ အနံ့ဆိုးတွေကတော့ သိသိသာသာ ပုတ်အဲ့ ညှီဟောင် နေပြီး အမိုက်တွေ ဆွေးမြေ့နေတဲ့ ပုတ်အဲ့အဲ့ ညှီဆို့ဆို့ အနံ့ဆိုးကြီးက နာခေါင်းဝကို တိုးဝှေ့ဝင်လာပါတယ်။ ကျွန်မတို့ ကားဝင်လာ တယ်ဆိုရင်ပဲ ခပ်လှမ်းလှမ်းမှာရှိတဲ့ အမိုက်ပုံပေါ်မှာ တကုတ်ကုတ်နဲ့ ပစ္စည်းတွေ ရွေးကောက်နေတဲ့ အိတ်ကိုယ်စီနဲ့ လူတွေနဲ့ ကလေးတစ်သိုက်က အော်ဟစ် လက်ပြကြတယ် အမိုက်ပုံအပေါ်နဲ့အောက် ပြေးလွှား ခုန်ပေါက်နေကြတာ တွေ့ရပါတယ်။
မဲဆောက်မြို့ပေါ်က အမိုက်ပုံကြီးမှာ နယ်စပ်လမ်းကြောင်းတွေက မြန်မာပြည်ထဲမှာ ဘယ်လိုမှ လုပ်ကိုင် စားသောက်လို့ မရနိုင်လွန်းလို့ တရားမ၀င် ရောက်ရှိလာကြတဲ့ ရွှေ့ပြောင်းမြန်မာတွေရှိတယ်။ အဲ့ဒီ့အထဲကမှ စီးပွားရေးလည်း မလုပ်စားနိုင် စက်ရုံအလုပ်ရုံမှာလည်း လုပ်လို့မရ ထိုင်းရဲလည်း အဖမ်းခံ ရနိုင်ချေ နည်းတဲ့ ၀င်ငွေလည်း စားလောက်ရုံ ရနိုင်တဲ့ နေစရာလည်း တဲထိုးလို့ ရနိုင်တဲ့ ဒီအမိုက်ပုံကြီးပေါ်မှာ စုဝေးနေထိုင် လုပ်ကိုင် စားသောက် နေကြလေရဲ့။ လူတကာက စွန့်ပစ်ထားတဲ့ အမိုက်တွေ စုပုံထားရှိရာ အဲ့ဒီ့အမိုက်ပုံကြီးပေါ်မှာ သူတို့ကမ္ဘာ သူတို့ နေရာလေး မှာတော့ သူတို့ ကျင်လည် ကျက်စား ပျော်ရွှင်စွာ တစ်ဝမ်း တစ်ခါး အတွက် ရုန်းကန်လူပ်ရှား ရှာဖွေ နေကြတာပေါ့။အမိုက်ကားတစ်စီး ဆိုက်လာတိုင်း ၀မ်းသာအားရ အော်ဟစ်ကြ အမိုက်တွေ လုကောက်ကြ ရန်ဖြစ် တွန်းထိုးကြ နောက် အဲ့အထဲ ကမှ စားလို့ရနိုင်တဲ့ စားကြွင်းစားကျန်မျိုးတွ ၀တ်လို့ရနိုင်တဲ့ အ၀တ်အစား အဟောင်း အနွမ်းတွေ သူတို့အတွက် သုံးစွဲတာမျိုး ရှိသလို ကစားစရာလေးတွေ နေအိမ်သုံး ပစ္စည်း အဟောင်းလေးတွေကို ကိုယ်နေတဲ့ တဲလေး တွေကို သယ်ပြီး အလှဆင်ထားတာရှိပါတယ်။ အဲ့ဒီ့မိသားစုတွေရဲ့ ၀င်ငွေဟာ အမိုက်ရတဲ့အပေါ် မူတည်ပြီး ရလာတဲ့ ဘတ်စလေးတွေဟာ သူတို့မိသားစုအတွက် ၀မ်းဝအောင်တော့ ရပါတယ်တဲ့။ မြန်မာပြည်မှာ ဆို တစ်ဝမ်းတစ်ခါးပြည့်ဖို့ မနည်း ရုန်းကန် လူပ်ရှား နေခဲ့ကြရတယ်တဲ့လေ။
Blue Sky School ကျောင်းလေးကို ရောက်ပါပြီ။ ၀ါးလုံးနံရံတွေက လူကြီးခါးတစ်ရပ်စာပဲ ကာထားပြီး အကာတွေ ဖွင့်ထားတဲ့ ဓနိမိုးတဲခပ်ကြီးကြီးတစ်ခုပါ။ သူ့ရဲ့နံဘေးပတ်ပတ်လည်မှာ မီးခိုးလေးတွေ တလူလူနဲ့ တဲ သေးသေးလေး တွေ တန်းစီပြီး ၀န်းရံတည်ရှိနေကြပါတယ်။ ကျောင်းအဆောက်အဦးထဲမှာ အရွယ်စုံ ကလေးသေးသေးလေးတွေ အ၀တ်အစား နွမ်းနွမ်းစုတ်စုတ် လေးတွေနဲ့ သစ်သား စာသင်ခုံလေး တွေပေါ်မှာ တန်းစီ ထိုင်ရင်း ကျွန်မတို့ကို အထူးအဆန်းကြည့်နေကြပါတယ်။ ကျိန်းသေ တာတော့ သူတို့အတွက် လက်ဆောင် စားစရာ တစ်ခုခု သယ်လာတဲ့ ဧည့်သည်တွေမှန်း သိကြပုံပဲ မျက်ဝန်း ကြည်ကြည် တောက်တောက် လေး တွေနဲ့ အပြူးသားလေးတွေ ကြည့်နေတဲ့ ကလေးတွေကို ကျွန်မတို့က မင်္ဂလာပါလို့ အော်လိုက်တော့ အားရပါးရ ပြုံးပြရင်း လက်အုပ်လေးတွေ ချီပြီး တစ်ပြိုင်နက် တည်း အော်လိုက်ကြတာ ဆ၀ါဒီးခါးတဲ့......
နောက် ကျောင်းအုပ်ဆရာ တစ်ယောက်ရှိတယ်။ သူကလည်း အရင်က တော်လှန်ရေး ထဲမှာ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော် တစ်ယောက်ပါပဲ။ ထိုင်းနိုင်ငံကို ရောက် လာတဲ့ မြန်မာ ကလေးတွေ အဲ့ကလေးတွေ ထဲကမှ မိသားစုလိုက် အမိုက်ပုံမှာ လာပြီး အမိုက်ရှာရင်း ၀င်ငွေရှာ နေတဲ့ ကလေးတွေအတွက် တကယ်လိုအပ်တဲ့ ပညာရေး စနစ် တစ်ခုကို ပြုစုပျိုးထောင်ပေးဖို့ သူ အချိန်တွေ ပေးပြီး စေတနာ့ဝန်ထမ်း လာလုပ်နေတာ ဖြစ်ပါတယ်။ နောက် ထိုင်းစာ အတွက် ထိုင်း တစ်ယောက် ထိုင်းစာ လာသင် ပေးတာရှိတယ်။ ထိုင်းမှာနေမယ်ဆို ထိုင်းလိုလဲ ပြောတတ် ဖတ်တတ် စေချင်တယ် ဥပမာ သတိပေး ဆိုင်းဘုတ်လိုမျိုး ဆေးရုံလိုမျိုးမှာ ရေးထား တာမျိုး တွေ ဖတ် စေချင်တယ်။ ခေါင်းကိုသာ အဆက် မပြတ် ငြိမ့်နေတယ် ရင်ထဲမှာတော့ အတွေးပေါင်းစုံ ဗလောင် ဆူနေ ပါတယ်။ကျွန်မ အမှန်အတိုင်း ပြောရရင် စာသင်ခုံပေါ်မှာ ငုတ်တုတ်လေးတွေ ထိုင်နေတဲ့ ကလေးလေးတွေကို ပြုံးသာ ပြနေရတယ် ရင်ထဲမှာ တော့ တကယ့်ကို ၀ုန်းဒိုင်းကျဲနေပါတယ်။ အသက်ရူမရဖြစ်ပြီး ဘာမှန်းမသိတဲ့ ဆို့နစ် ကြေကွဲမူတွေနဲ့ အာခေါင်တစ်ခုလုံး အက်ကွဲ ခြောက်သွေ့လာတယ်။ မျက်ရည်ပါ အလိုလို ကျချင် လာတယ်။ ဂယောင် ဂတမ်းနဲ့ အပြင်ကို ထွက်လာတော့ အမိုက်ပုံ အနံ့က အလုံး အရင်းလိုက် နှာခေါင်းထဲ ၀င်လာတယ် မျက်ရည်စ ကို တစ်ရူးစနဲ့ သုတ်မိချိန်မှာတော့ ဆရာက ထွက်လာပြီး ဆရာမလေး အနံ့မခံနိုင်ဘူး ထင်တယ်တဲ့ ဒီအနံ့ကလဲ တော်တော်လေး ကျင့်သားရမှဗျတဲ့။
ကျွန်တော့်ကျောင်းမှာတော့ အမေတွေ အဖေတွေက အမိုက်ပုံရောက်နေတော့ တစ်ချို့ ကလေးတွေကို ကျောင်းမှာ လာထားကြတယ် သူတို့လဲ စိတ်ချရ ကလေးတွေလဲ ပညာရပေါ့ဗျာတဲ့။ ကလေး နည်းနည်းကြီးလို့ အမိုက် ကောက် တတ်ပြီဆိုရင်တော့ အိတ်တစ်လုံးနဲ့ ဆူးထိုး ချိတ်တစ်ချောင်း ပေးလိုက်တယ် အမွေသဘောပေါ့ အဲ့တာ အမိုက်လိုက် ကောက်တော့တာပဲ တစ်ခါတစ်လေ ကလေးတွေက ပိုစူးစမ်း မြင်တဲ့အတွက် မိဘတွေထက် သူတို့က ရောင်းတမ်းဝင်တဲ့ ပစ္စည်း ကောင်းကောင်း လေးတွေ ရတာများတယ်။ အဲ့လို ကလေးမျိုး ဆို ကျောင်းမှာ အဖေတွေ အမေတွေက သိပ်မထားချင်ကြဘူး အဓိက သူတို့ စားဝတ်နေရေးအတွက်ပေါ့ဗျာ။ အဲ့တော့ သူတို့ အတွက် ညနေပိုင်းမှာ အချိန်ပေး သင်ပေးတယ်။ အဓိကကတော့ သူတို့ စာနည်းနည်း ဖတ်တတ်ရင် ဘယ်အမိုက် ဟာ အန္တရယ်ရှိတယ် ဘယ်ဆိုင်းဘုတ် ဘယ်တံဆိပ်က ဘာဆိုတာ သူတို့ ဖတ်လို့ ရမယ်လေ။
စကား ဖြတ်ပြီး တစ်ခုလောက် ပြောပြချင်တယ်။ ပြီးခဲ့တဲ့နှစ်က မဲဆောက်အမိုက်ပုံပေါ်မှာ သပ်သပ်ယပ်ယပ် ထုတ်ပိုး ထားတဲ့ အထုတ်လေးတစ်ခုကို ကလေးတွေ ကောက်မိပြီး ဖွင့်ကြည့်မိရာက ဗုန်းဖြစ်နေလို့ ကလေးတွေ သေတဲ့ သူသေ ဒဏ်ရာရတဲ့ရ ဖြစ်ခဲ့ကြရသေးတာ မှတ်မိသေးတယ်။
ကျွန်မတို့တွေ အထဲကို ပြန်ဝင်လာပြီး ကျောင်းက ကလေးတွေအတွက် စာအုပ်စာတမ်းတွေ ကျောင်းသုံး ပစ္စည်း တွေနဲ့ လက်ဆောင်မုန့်လေးတွေ သကြားလုံးလေးတွေကို ဝေဌပေးတော့ အရမ်း ပျော်ရွှင်နေကြတဲ့ ကလေး တွေကို ကြည့်ပြီး သူတို့ကို ဂရုစိုက်တာ အရမ်းခံချင်ကြတာ ဆရာမလေးရဲ့တဲ့။ အားရပါးရ ဆရာ ရှေ့က တိုင်ပေး သမျ မြန်မာစာ တွေကို အော်ဟစ်ဆိုပြနေကြတဲ့ သနပ်ခါးပါး ကွက်ကြားလေးတွေနဲ့ကလေးတွေကို အကြောင်သား ငေးကြည့်မိတယ်။ ပါလာတဲ့ အစ်မက ကျွန်မကို လက်တို့ခေါ်ပြီး အနောက်မှာ ကလေး ပိစိလေးတွေ ရှိသတဲ့။
တဲနောက်ဘက်ကို ၀င်လိုက်တဲ့အခါမှာတော့ ဖျာကြမ်းလေးပေါ်မှာ မိန်းမကြီးသုံးလေးယောက်နဲ့ စုဝေး ထိုင်နေကြတဲ့ လသားကလေး အပါအ၀င် ကလေးပိစိကွေးလေးတွေ ကို တွေ့ရပါတယ်။ အမေတွေ အမိုက် ကောက်နေတုန်း မူကြို သဘောမျိုး ကလေးတွေကို ပြုစုစောင့်ရှောက်ထားတာလဲ ရှိသတဲ့။ ကလေး အချင်းချင်း ကြည့်ခိုင်းထားရင် ကလေးတွေက အဆော့မက်တော့ အမိုက်ပုံ တဲအိမ်လေး ထဲက ကလေး တစ်ခုခု ကောက် စားမိတာ ပစ္စည်းပျက်ပုံတွေကြား ပိသေမှာ စိုးရိမ်တဲ့အတွက်ဖြစ်တယ်လို့သိရပါတယ်။
ရယ်စရာတစ်ခုပြောပြပါဦးမယ် ရင်ခွင်ပိုက် ကလေးတစ်ယောက်ကို လက်ကလေးကို ကြင်ကြင်နာနာ အုပ်ကိုင်ပြီး ကျွန်မ ပြုံးပြတော့ သူ အာခေါင်ခြစ်ပြီး ငိုလိုက်တာမှ ကျွန်မတို့တောင် လန့်သွားပါတယ်။ ကျွန်မ လက်လွှတ် လိုက်တော့ သူပြန်ငြိမ်ပါတယ်။ တစ်ခါ ကျွန်မ ငုံ့ကြည့် တော့ အကုန် ထအော်ငိုကုန်ကြပါတယ်။ နောက်မှာ သူတို့ မျက်မှန်နဲ့ လူကို မမြင်ဘူးလို့နေမယ်တဲ့ ဆိုလို့ မျက်မှန် ချွတ်လိုက်မှ ကလေးတွေ အငိုတိတ်ပြီး ကျွန်မ အကိုင်ခံပါတယ်။ နောက် တစ်ခါ ကျွန်မ မျက်မှန်နဲ့ ခေါင်းက အသံဖမ်း နားကျပ် အကြီးကြီး တပ်လိုက်ပြီး မိုက်မည်းမည်းလေးနဲ့ ထိုးလိုက်တဲ့ အခါမှာတော့ ဘာကောင်ကြီးမှန်းမသိ ဖြစ်သွားပုံရလို့ ကလေးတွေ စီစီလောင်လောင်နဲ့ကို အော်ငိုကြပါ တော့တယ်။ ဒါတောင် ကျွန်မ လုံခြည်လေးနဲ့ အကျီအဖြူလေးကို ၀တ်လာလို့ပါ။ ပါလာတဲ့ အစ်မဆိုတာ ရယ်တာ ဗိုက်တောင် အောင့် သွား ပါတယ်။
ကျွန်မ အဲ့တာနဲ့ လက်လျော့ပြီး စာသင်ခန်းက ကလေးတွေဆီကို ပြန်လာခဲ့ပါတယ်။ ကလေးတွေက ကျွန်မ မျက်မှန် နားကျပ် အသံဖမ်းစက် နာရီ လက်စွပ် သေးသေးလေးကို ကိုင်ကြည့်ကြပါတယ်။ နောက် သူတို့ ကင်မရာကို ငုံ့ကြည့်ပြီး သဘောတကျ အော်ကြ ဟစ်ကြ တွန်းထိုးကြ လုပ်ကြပါတယ်။ မိန်းကလေးတွေကတော့ ကျွန်မကို သူတို့ ဆွဲထားတဲ့ ပုတီးလေးတွေ ကလစ်လေးတွေ လက်ကောက်လေးတွေ ပြပါတယ်။ နောက် ဂုဏ်ယူ ၀ံ့ကြွားတဲ့ လေသံနဲ့ သမီး အဲ့တာလေးတွေ အမိုက်ပုံက ရလာတာ ဆရာမတဲ့။ နောက်တစ်ယောက်က အလု အယက် ၀င်ပြောတယ် သူကောက်ရတာမဟုတ်ဘူး သူ့အမေ သူများဆီက တောင်းလာတာတဲ့။ သမီးဟာကမှ ကိုယ့်ဘာသာ ရှာလာတာ ကြည့်ပါဦးတဲ့ ။ ဆရာမ ဆရာမ သူ့အဖေနဲ့သူအမေ ရန်ဖြစ်တယ် သိလား အခု သူနေတာ သူ့အဖေမဟုတ်ဘူး ငါ့အဖေပါကွ မင်းနော် စသဖြင့် စုံစိနဖာ မိသားစုအကြောင်းတွေပါ အလုအယက် လုပြောကြရင်းနဲ့ ကျွန်မကိုလည်း မေးခွန်းတွေ မေးကြပါတယ်။
အဲ့ထဲကမှ ချောင်လေးထဲမှာ ကုတ်နေတဲ့ သနပ်ခါးအဖွေးသားနဲ့ ကလေးမလေးတစ်ယောက်ကို မြင်လို့ သူ့ကို ကျွန်မ မိုက်လေးကိုင်ပြီး သမီး ကြီးလာရင် ဘာလုပ်မလဲ မေးတော့ သူက ဘာမှ မဖြေပဲ ကျွန်မထက် ကင်မရာကို စိတ်ဝင်တစား ကြည့်ပြီး ပို့စ်ပေးနေပါတယ်။
ကလေးတွေကို ကျွန်မ မေးခွန်းတစ်ခုပဲ မေးခဲ့ပါတယ်။ အဲ့တာကတော့ သားတို့သမီးတို့ ကြီးလာရင် ဘာလုပ်မလဲ ဆိုတော့ ကလေးအများစုက ဆရာ ဖြစ်ချင်ပါတယ်တဲ့။ ဘာဖြစ်လို့ ဆရာ ဖြစ်ချင် တာလဲဆိုတော့ ဆရာ လိုမျိုး စာသင်ချင်လို့ပါတဲ့။ သူတို့မြင်ဖူးတဲ့အထဲမှာ ဆရာဆိုတဲ့ ဆရာကိုပဲ အမြင့်မြတ်ဆုံး အကြီးကျယ်ဆုံး အနေနဲ့ မြင်ဖူးလို့ ဆရာဖြစ်ချင်ကြတာလို့ဖြေတာ သိလား ဆုမွန်တဲ့ ကျွန်မကို သူငယ်ချင်း ကျောင်းဆရာ တစ်ဖြစ်လဲ ကဗျာဆရာ က ပြောတယ် မင်းမေးကြည့် ဆရာဝန်ဖြစ်ချင်လား အင်ဂျင်နီယာ ဖြစ်ချင်လားလို့ သူတို့ မသိကြ ဘူးတဲ့ တစ်ချို့ ဖြေလိုက်မယ် ဘာဖြစ်ချင်တယ်ဆိုတာ သိရင် အရမ်းအံ့သြမယ်တဲ့.. ကျွန်မ ခပ်တည်တည် ကလေးတွေကို မေးတော့ အမိုက်ကား ဆရာ ဖြစ်ချင်တယ်တဲ့ ခပ်သွက်သွက် ကလေးလေးတွေကို မေးလိုက်တဲ့ အခါ...ထိုင်းရဲ ဖြစ်ချင်တယ်တဲ့...ရှင်။ နောက် လူဖိ ဖြစ်ချင်တယ်တဲ့....အလုပ်ရှင် အလုပ်ခေါင်း ထိုင်းတွေကို လူဖိ မြန်မာလို သူဌေးလို့ ခေါ်တာပါရှင်။။။။။
ကလေးတွေက နောက်လဲ လာပါနော် ဆရာမ ဆိုတဲ့ လက်ပြနုတ်ဆက်သံတွေ ကို ကျောခိုင်းရင်း အမိုက်နံ့ လိုင်လိုင်နေတဲ့ Blue Sky လို့ခေါ်တဲ့ အမိုက်ပုံကျောင်းလေးကနေ ထွက်လာတဲ့အခါမှာ အတွေးစတွေ တစ်သီချည်း ပါလာပြီး နုတ်ဆိတ်လာမိပါတယ်။ အားလုံးက အတွေး ကိုယ်စီနဲ့ပါ။ မဲဆောက်အဝေးပြေး လမ်းမကြီးပေါ်ကို ကားက ထိုးတက်သွားတဲ့အခါမှာတော့ သန့်ရှင်းလတ်ဆတ်တဲ့ လေနုအေး က ဖြန်းပက် ကြိုလိုက် တယ် လယ်ကွင်းပြင်တွေကို ဖြတ်တိုက်လာတဲ့ စိမ်းလမ်းစိုပြေ လတ်ဆတ်တဲ့ လေက အရှိန်ပြင်းပြင်း ရူရိုက်ခွင့် ရကာမှ ကျွန်မ ရုတ်တရက် လန့်ပြီး အသက်အောင့်လိုက်မိတာ အသက်ရူ တောင် တော်တော်ကျပ် သွားတယ်။
ကျွန်မ အသက်ရှင်နေထိုင်ဖို့ စက္ကန့်တိုင်းမှာ ၀င်လေထွက်လေတိုင်း ရူရိုက်မိတဲ့ လေကို ကျွန်မ ပထမဆုံး စပ်ဆုတ်မိသွားတယ်။ ဒါပေမယ့် လုံခြည်ဝတ် မြန်မာတွေ သနပ်ခါးပါးကွက်ကြားလေးတွေနဲ့ မိန်းမပျိုလေးတွေ ကိုယ်စီကိုယ်စီ လျောက်သွားနေတဲ့ မဲဆောက် မြို့လေးထဲကို အ၀င်မှာတော့ ..ကျွန်မတို့ အားလုံး ပုံမှန် နေသားတကျ ဖြစ်သွားကြလေရဲ့။ ဒီလိုနဲ့ ပဲ ဒီလိုပါပဲ ဆိုပြီး ကျွန်မတို့တွေ မေ့ပစ်ခဲ့ကြတဲ့ အဖြစ်တွေ သိပ်များလွန်းနေပြီ။
(The Boy in the striped Pyjamas နာဇီအဖေနဲ့အတူပါလာရတဲ့ ဂျာမန်ကလေးလေးနဲ့ အကျဉ်းထောင် စခန်းထဲက ဂျူးကလေးလေးနဲ့ ကားကို ဒီနေ့ကြည့်မိတယ် ထိုင်းစကားပြောပဲ ရလို့ တစ်လုံးစ နှစ်လုံးစ သာ နားလည်ပေမယ့် အဖော်မင်ကြတဲ့ ဂျူးလေးရော အိမ်လိုက်လည်မိတဲ့ ဂျာမန်လေးပါ အဆိပ် ငွေ့ခန်းထဲ ထည့်သတ် ခံလိုက်ရတဲ့ ဇာတ်သိမ်းခန်းကို ရင်ထဲ စိတ်မကောင်း အတော်ဖြစ်မိတယ်။ အဲ့ကလေးလေးတွေလိုပဲ မိဘတွေနဲ့ မိသားစုနဲ့အတူ ဒေါင်ကျကျ ပြားကျကျ လိုက်လာပြီး အသက်မွေးနေရတဲ့ ကျွန်မတို့ရဲ့ လူမမည် ရွှေ့ပြောင်းမြန်မာ ကလေးတွေအတွက် စိတ်အတွေးထဲ မကောင်းဖြစ်နေချိန်မှာ မဲဆောက်မြို့က အမိုက်ပုံကျောင်းလေးအကြောင်းကို မှတ်မိသလောက် ပြန်ရေးဖြစ်ပါတယ်။)
အမိုက်ပုံကျောင်းလေး
Posted by မဆုမွန် at Saturday, July 04, 2009
Labels: ရင်ဖွင့်စာ
13 Comments:
ကြားဖူးတယ် ဆုမွန်ရဲ့... ဓာတ်ပုံတွေလဲ ကြည့်ဖူးတယ်...
ဂျာနယ်လစ်မမကြီးကို ကလေးတွေက အင်္ဂါဂြိုလ်ကလာတဲ့ ဂြိုလ်သားထင်သွားလို့ ဖြစ်မှာပေါ့...း)
မွန်မြတ်တဲ့ အလုပ်မို့ အားပေးပါတယ်... ကလေးတွေဘဝက တကယ့်ကို သနားစရာမဟုတ်လား...
မဆုမွန်ရေ ရင်မောစရာ ကောင်းတဲ့ ဖြစ်ရပ်တွေပါပဲ
မမဆုမွန်ရေ..
ကလေးတွေရဲ့ ဘ၀ကိုတွေးပြီး ရင်မောလိုက်တာဗျာ..
အနံ့ဆိုးတွေနဲ့အတူ ကြီးပြီးလာမယ့် ကလေးတွေရဲ့ ကျန်းမာရေးကိုလည်း မတွေးရဲဘူး..
အင်း..
သူတိုမှာလည်း ဘ၀အတွက် တခြားကလေးငယ်လေးတွေလို မျှော်လင့်ချက်လေးတွေ ရှိတန်ကောင်းပါရဲ့
ဖတ်ရင်းနဲ့ အတွေးတွေခေါင်းမှာ ပလုံစီရင်း ကျန်ခဲ့တယ်...
စာကောင်းလေး ဖတ်သွားပါတယ် မဆုမွန်။
ကျေးဇူးတင်စွာဖြင့်
yu ya
မဆုမွန်ရေ
ကျောင်းလေးအကြောင်းသေချာဖတ်သွားပါတယ်ဗျာ
ကျောင်းလေးထောင်ဖို့ စိတ်ကူးရတဲ့ ဆရာတွေကိုလည်း လေးစားမိပါတယ်
ခင်မင်စွာဖြင့်
သီဟသစ်
မမဆုမွန်
ပို့စ်လေးကိုသေချာဖတ်သွားပါတယ်။တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်။ကျောင်းလေးဖြစ်မြောက်အောင်ထူထောင်ပေးတဲ့ ဆရာတွေကိုလည်းသာဓုခေါ်မိပါတယ်။
ရင်မောမိတယ်။ဒါတွေအားလုံးရဲ့အဓိက တရားခံဟာ ဘယ်သူလဲဆိုတာ အဖြေရှာနေမိတယ်။
စာရေးဆရာမ ဂျူး ပြောသလိုပဲ လူငယ်တွေမှာ ကြွယ်ဝတဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်နေတယ်။
ဒါဘယ်သူ့ အပြစ်တွေလည်း
အဓိက တရားခံနဲ့ သားသမီးမြေးမြစ်တွေ ကျတော့
စိန်စီတဲ့ဘဝ မှာ စံစားနေကြတယ်။
အပြစ်မရှိတဲ့  တစားခံ ကလေး၊ လူကြီးတွေ ကျတော့ အမှိုက်ပုံ မှာ ရှာစား နေကြရတယ် ။
အဲဒီကျောင်းလေး ဖြစ်မြောက်အောင် ဆောင်ရွက်နေကြတဲ့  ဆရာ ဆရာမ တွေ နဲ့  မဆုမွန် တို့ ကို လေးစား အားကျ မိပါတယ် ။
ကိုယ်တိုင် က ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ပေးနိုင်တာကိုဘဲ အားမလို အားမရ ဖြစ်မိပါတယ် ။
စိတ်မောမိပါတယ် ..အဲလိုကျောင်းလေးရှိတာ အဆိုးထဲက အကောင်းလို့ပဲပြောရမှာပဲ...။
စေတနာသက်သက်နဲ့ ဘ၀ကို မြုပ်နှံထားပေးတဲ့ ဆရာတွေကိုတော့ အမှန်တကယ်လေးစားပါတယ်ဗျာ..
...ခင်မင်သောအားဖြင့်...
ဘာပြောရမှန်းမသိအောင်ကို တိုးတိတ်ဆွံ့အလို့..
တန်းတူဆိုတဲ့စကားကို ဟဟပြောဖို့မ၀ံ့လောက်အောင်ပါပဲ
ဘာများလုပ်ဆောင်ပေးနိုင်ကြမလဲ တွေးတောနေမိတယ်။
ယနေ့လူငယ် နောင်ဝယ်လူကြီး
သမိုင်း
လက်ဆင့်ကမ်းအမွေ
.......
အစ်မရယ်
ဖတ်ရတာ စိတ်မကောင်းလိုက်တား(
ဘာလို့ ဒီလောက် ကံမကောင်းကြတာလဲနော်
ကျွန်တော်အရင်က မသိခဲ့ဘူးဗျ ... ကိုယ့်မြန်မာလူမျိုးတွေ ဒီလောက်ထိဖြစ်နေကြရမှန်း ၊
စာဖတ်ပြီး ယောကျာ်ကြီးတန်မယ့် မျက်ရည်ကျမိတယ်...
ကျွန်တော်အရင်က မသိခဲ့ဘူးဗျ ... ကိုယ့်မြန်မာလူမျိုးတွေ ဒီလောက်ထိဖြစ်နေကြရမှန်း ၊
စာဖတ်ပြီး ယောကျာ်ကြီးတန်မယ့် မျက်ရည်ကျမိတယ်...
Post a Comment