ဒီနေ့မနက်ခင်းမှာ


ဒီမနက်ခင်းမှာ အန်တီ ဘာလုပ်နေမလဲ...

ထောင်တွင်းက မွန်းကျပ်လာမူတွေ တရားရုံးတွင်းက မတရားမူတွေ အတွက် အေးမြတဲ့ လေပြေလေညှင်းလေးတွေ တိုက်ခတ်ရာ အင်းလျားကန်ရေပြင်ဘေးမှာ အမှတ်သတိနဲ့ တရားမှတ်ရင်း လမ်းလျောက်နေမလား..

အန်တီ့ခြံထဲက ရေလောင်းပေါင်းသင်မလုပ်ရတာကြာပြီဖြစ်တဲ့ သစ်ပင်ပန်းပင်လေးတွေကို ပြုစုနေမလား...

အန်တီအိမ်ထဲက ဖုန်မူန့်တွေ တက်စပြုနေမယ့် စာကြည့်တိုက်လေးထဲက စာအုပ်တွေကို ပြန်စီနေမလား

အခုချိန် အန်တီ့အတွေးထဲမှာ ဘာတွေရှိနေမလဲ....

ဒီနေ့မနက်ခင်းမှာ အန်တီတစ်ယောက် ဘာများလုပ်နေမလဲ..

10 Comments:

yaewoori said...

မတရားတာကိုထောက်ခံသူအား လုံး သေချင်းဆိုး နဲ့သေကြပါစေ

Anonymous said...

သိချင်လိုက်တာ.. ဘွားဘွားစိတ်ထဲ ဘယ်လိုတွေခံစားနေရမလဲဆိုတာ

မေဇင် said...

ဟုတ်တယ်.... အန်တီ့ကို သတိရတယ်..။

Yu Ya said...

ကျွန်တော်လည်း သိချင်ပါတယ်ဗျာ။ အန်တီစု ဘာတွေ တွေးပြီး ဘာတွေ လုပ်နေလည်းဆိုတာကို...။

yu ya

Nge Naing said...

ဒေါ်အောင်ဆန်းစုကြည်က ရန်သူမိတ်ဆွေ မခွဲခြားပဲ အားလုံးကို မေတ္တာပွားနေမှာပါ မဆုမွန်။
ကြယ်ကလေးရေ သူများအကုသိုလ်ကို ကိုယ့်အကုသိုလ် ဖြစ်အောင် လိုက်မကျိမ်ပါနဲ့။ မကောင်းတဲ့သူတွေ မကောင်းတဲ့အတိုင်း သူတို့တရားကို သူတို့ စီရင်သွားလိမ့်မယ်။

tg.nwai said...

အတူ လာတွေးသွားပါတယ် မဆုမွန်ရေ.. အန်တီတို့ ကျန်းမာကြပါစေ..

မေလေး said...

သိချင်မိတယ် မမရယ်။

စည်သူ said...

အေးဗျာ..

စိတ်မကောင်းဖြစ်မိတယ်အမရာ..
ကျွန်တော့အမလည်း ကျန်းမာပျော်ရွှင်ပါစေဗျာ.

မြစ်ကျိုးအင်း said...

ပြည်သူတွေကိုမေတ္တာပို့နေပြီး နိင်ငံကို ဘယ်လိုကယ်ရ မလဲတွေးနေမှာပါ...။

မင်းအိမ်ဖြူ Minn Eain Phyu said...

ဒေါ်စု ဘာတွေများ တွေးနေမလဲနော်.....

အင်းလေ သူ့အတွက်တော့ ဒီလို အထိးကျန် ဖြတ်သန်း ခဲ့ရတဲ့ကာလ ကလည်း ကြာရှည်ခဲ့ပြီဆိုတော့

သာမာန်လူတစ်ယောက်သာဆိုရင် ဘုန်းဘုန်းလဲပြီး သေသွားပြီ ဒါမှမဟုတ် ရူးသွပ်သွားတော့မှာ

ဘယ်သူနဲ့မှ မတွေရပဲ ဘာမှ မပြောရဘဲ ရက်ပိုင်းတောင် နေနိုင်ဖို့ မလွယ်ဘူး.....