ကိုးရက်သမီးလေး (၀ါ) ချစ်တူမလေး


တူမလေး
သမီးလေး...
ငါတို့ရဲ့ သမီးလေး
ကျွန်မတို့မိသားစုထဲက အစ်ကိုအကြီးဆုံးက မွေးတဲ့ သမီးလေးပြီးရင်
အခု ကလေးလေးက
ဒုတိယမြောက် ရင်သွေးလေး

ကျွန်မ အထက်က အငယ်ဆုံး အစ်ကိုက သမီးလေး မွေးတယ်ဆိုတဲ့ အသံကြားရုံမျှနှင့်ပင် ကြက်သီးမွှေးညှင်းဖြန်းဖြန်းထမိသည်။

စက်တင်ဘာ နှစ်ဆယ်ရက် တနင်္ဂနွေနေ့က မီးဖွားသန့်စင်ခဲ့သည်ဆိုလျှင်
ဒီနေ့ဆိုရင် သမီးလေး ကိုးရက်သမီးလေးဖြစ်သည်။

ငါတို့သွေး ငါတို့ရဲ့ရင်သွေးလေးဆိုတဲ့ အသိနဲ့ နှလုံးအစုံမှာ ပီတိဖုံးမိသည်။

ဒီကလေးကို ကျွန်မ မြင်ခွင့်ရချင်မှ ရမည် ဆုံခွင့်ရချင်လဲ ရမည်။ သို့သော် ကျွန်မ တူမလေးကို ကျွန်မ အလွန်အမင်းတွေ့ချင်စိတ်ဖြစ်မိပါသည်။

ကလေးလေး
ကျွန်မရဲ့တူမလေးကို အသံကြားရုံမျနှင့်ပင်
ကျွန်မရင်တွင်းက ချစ်ခြင်းမေတ္တာများသည် မိုးစက်ပေါက်များလို ကျွန်မရင်တွင်းကို အလွန်အမင်းအေးမြစေခဲ့ပါသည်။

သမီးလေးဆိုတဲ့ အသိနဲ့တင် ကျွန်မ မျက်နှာမှာ အပြုံးတွေ ဝေခဲ့ပါသည်။
ရင်တွင်းက ပီတိလိုင်းတွေကတော့ ဆိုဖွယ်ရာမရှိပါ။

ကလေးအလွန်ချစ်တတ်တဲ့ ကျွန်မ အစ်ကိုအငယ် သူ့ရဲ့ ရင်သွေးလေးကို ဘယ်လောက်ချစ်မည်ဆိုတာ မှန်းဆလို့ပင်ရနိုင်မယ် မထင်ပါ။

ကျွန်မတို့ကို သတင်းစကားပါးခဲ့တဲ့ မောင်လေးအငယ်ဆုံးရဲ့ စကားလုံးတွေမှာပင် သူရဲ့တူမငယ်လေးအပေါ် ချစ်ခြင်းတွေ ထုံမွှမ်းနေတယ်လို့ ကျွန်မကို ထပ်ဆင့်သတင်းစကားပါးခဲ့တဲ့ ညီမငယ်လေးရဲ့ အပြုံးစတွေက သက်သေပြနေပါတယ်။

ညီမငယ်လေးရဲ့ မျက်လုံးအစုံဟာလည်း တူမငယ်လေးအပေါ် ချစ်ခြင်းမေတ္တာတွေ ဖိတ်ဖိတ်တောက်နေတာ မြင်ရနိုင်ပါသည်။

သူ့ဆီက သိလိုက်ချိန်အတွင်းမှာပဲ ကျွန်မရင်ထဲက တူမလေးအပေါ် ချစ်ခြင်းမေတ္တာတွေ မြင်တွေ့လိုစိတ်တွေ တဖွားဖွားပေါ်ပေါက်လာခဲ့ပါသည်။ နှစ်ယောက်သား အကြောင်းမဲ့ ရယ်မိတယ် စကားသံတွေ ခေတ္တတိတ်ဆိတ်သည်။ နောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးမိသည်။ နောက် ရေရွတ်မိသည်က သမီးလေး..သမီးလေး သမီးလေးတဲ့။

အသားတွေက အရမ်းနူးညံ့လို့ ကိုင်လိုက်တာ နဲ့ တုန်သွားလို့ အိတုန်လို့ နံမည်ပေးထားတဲ့ဆိုတဲ့ တူမလေးအကြောင်း စဉ်းစားရတာကိုက ရင်ထဲ အလွန်ချမ်းမြေ့မိသည်။ အခု ကျွန်မ တူမလေးအတွက် နံမည်စဉ်းစားနေသည်။

တနင်္ဂနွေသား အစ်ကို အောင်အောင်ရဲ့ သမီးဦးလေး တနင်္ဂနွေသမီးလေးဖြစ်တဲ့ သမီးလေးအတွက် အေးမြခြင်းနမိတ်ပုံရိပ်အဖြစ် အေးမြအောင်လို့ပေးရင်ကောင်းမလား အေးချမ်းအောင်လို့ပေးရင်ကောင်းမလား အေးချမ်းမေဆိုရင်ရော အာ မဖြစ်သေးပါဘူး စသဖြင့် စဉ်းစားနေရင်း အကြိမ်ကြိမ်ပြုံးမိသည်။ တစ်ခါက ဘလော့ခ်ကာတွေ နံမည်ဝိုင်းရွေးပေးလို့ နံမည်လှလှလေးရသွားတဲ့ အဂ္ဂဘုန်းလေးကို ပြေးသတိရမိသည်။ ကျွန်မတူမလေး အတွက်လည်း နံမည်လေးတွေ ၀ိုင်းစဉ်းစားပေးစေချင်ပါသည်။

ကျွန်မတို့ရဲ့ တူမငယ်လေးကို လွန်ခဲ့တဲ့ စက်တင်ဘာလ ၂၀ရက်နေ့ ၂၀၀၉ခုနှစ် တနင်္ဂနွေနေ့မှာ လူ့လောကထဲကို ရောက်ခဲ့တဲ့ အေးချမ်းခြင်းနိမိတ်ပုံဆောင်တဲ့ သမီးငယ်လေး အဖိုးအဖွား မိဘနှစ်ပါး ဦးလေး အဒေါ်တွေရဲ့ ပို့သတဲ့ မေတ္တာနဲ့ ဘ၀တလျောက်လုံး ကောင်းခြင်းမင်္ဂလာများကို ဆောင်ကျဉ်းနိုင်တဲ့ အမျိုးကောင်းသမီးလေးဖြစ်ပါစေလို့ ကျွန်မ ဆုတောင်းလိုက်ပါသည်။

20 Comments:

Ree Noe Mann said...

၉လပိုင်း ၉ရက်ဆိုတော့ ကျနော်ထပ် တစ်ရက်ပဲ ကြီးတယ်။

တစ်ရက်ကြီး သမီးလေးပေါ့နော်

ခင်တဲ့ မောင်လေး
ရီနိုမာန်

HRmyanmar said...

"သမီးလေး"ဆိုတာနဲ့ ပြေးပြီးလာဖတ်တယ် အမရေ...း)

မဆုမွန် said...

ရီနိုမာန်လေးရေ ၂၀ရက်နေ့မွေးတာ ကိုးရက်သမီးလေး ဒီနေ့ ဟဲဟဲ မှားတွားဒယ်

သက်ပိုင်သူ said...

သမီးလေးဆိုလို့ လာဖတ်တာ
ခရီးထွက်တာ တခါတည်း သမီးလေးရလာသလားလို့
ဟီး

မဆုမွန် said...

ဟဟဟ သမီးလေးဆိုတာနဲ့ ပြေးလာကြပါလားကွယ် ခွစ်ခွစ် တူမလေးပါဆိုနေမှ

kiki said...

သမီးတူမလေး ...တူမသမီးလေး ....
ရေလိုအေးပြီး ပန်းလိုမွှေးပါစေ ..

ကိုယ်ပိုင် သမီးလေး လည်း အမြန်ဆုံးရပါစေ .
ဟေးဟေး..

MieMie said...

အမလည်း အမရဲ့  ပထမဆုံး တူမလေး ကို ဒီအောက်တိုဘာ မှာ ရ တော့မှာ ညီမရေ...ခံစားရတာချင်း တူနေပြီ... အမလည်း အမတူမလေးအတွက် နာမည်ရွေးဖို့ စဉ်းလိုက်ဦးမယ်...


mie nge

ဂျူနို said...

အိမ့်ခိုင်ဦး ဟောမဆုမွန်နဲ့ ဝါသနာတူ
မမ အိမ်စိုးမေလည်း မိုက်တာပဲ။
ငွေအိမ်စံ ဟာ ဟုတ်သေးဘူး။
ဒါမှ မဟုတ် အိမ ကျောက်ကြော မအယ်ကြိုက်တယ်
ဆုဆုအေးအောင် မဆုမွန်နာမည်လည်းပါတယ်။
ဒါမှမဟုတ် အိနြေ္ဒာ အောင်အောင် မကောင်းဘူးလား။
အိတုန်လည်း ကောင်းပါတယ်။
မအယ်

မေလေး said...

အေးလေ မမရယ်
သမီးလေးဆိုလို့ မြန်ထှာ ဆိုပီး ပြေးလာတာ
ဟိဟိ

မြတ်လေးငုံ said...

ဆုမွန် လေးရေး အမကတော့(အေးချမ်းစု)လို့
ပေးစေချင်တယ်။နံမည်လေးကတော့ရိုးတယ်။
ဆရာဝင်လုပ်တာမဟုတ်ဘူးနော်။အမလဲ
တနင်္ဂနွေလေးအဲဒီနေ့မွေးတဲ့လူတွေကစိတ်နှလုံး
ကောင်းတယ်။ကူညီတတ်တယ်။

Anonymous said...

သွေးသားဆိုတဲ့ သံယောဇဉ်က မမြင်နိုင်ပေမယ့် အမြစ်တွယ် ပေါက်ဖွားလာတာပေါ့နော်။
သမီလေး ကျန်းမာပါစေနော်။

jr.lwinoo said...

မဆုမွန်.. jr. လဲ ကလေးချစ်တယ်။
အမရေးထားတာလေးဖတ်တာ မိသားစုဆိုတဲ့ နွေးထွေးမှုလေး ခံစားမိတယ်။
မိခင်ရော၊ ကလေးပါ ကျန်းမာပါစေ။

ကိုလူထွေး said...

eMail
eBook
eZin
eShoping
eBanking
eVisa
...တွေ ခေတ်စားနေတဲ့ ခေတ်ကြီးမှာ တူမလေးကိုလည်း

"e" ပါတာ မှည့်ပါဗျို့...............

းဝ)

အိမ်လွမ်းသူ said...

တူမလေးအတွက် ဝမ်းသာပါတယ်ညီမရေ... တနင်္ဂနွေသမီးဆိုတော့ ဉာဏ်ကောင်းတယ်။ စိတ်ကောင်းလည်းရှိတယ်.. တခါတလေ စိတ်ကောက်တတ်တာကလွဲရင်ပေါ့လေ..။ သူတပါးကို ကူညီချင်စိတ်လည်းအရမ်းပေါ့... ဖွားတဲ့ဇာတာလည်းကောင်းတယ်..။ အေးအေးချမ်းချမ်း၊ သိုသိုသိပ်သိပ်နေတတ်မဲ့ ဇာတာရှင်လေးပါ။ အမကတော့ နံမည်တော့မပေးတတ်ဘူး။ သက်စုအောင် ဆိုတဲ့နံမည်မျိုးးလေးတော့ ကြိုက်တယ်။

ရွှေရတုမှတ်တမ်း said...

ဆုမွန်သမီးလေး ရတယ်ဆိုလို့ အပြေးအလွှားလာကြည့်တာ......း)))

အိမ်လွမ်းသူ said...

နောက်တခေါက်ထပ်လာပြန်ပြီညီမရေ... သမီးလေးက တနင်္ဂနွေသမီးဆိုတော့ တနင်္ဂနွေနာမ်အရှေ့ကထားပေးမယ်ဆိုရင် အဒေါ်နံမည်လဲပါသွားအောင် အေးဆုမွန် ဆိုရင်ကော မလှဘူးလား... အေးချမ်းခြင်းတွေကို မွန်မြတ်တဲ့ဆုအဖြစ် ရလိုက်တဲ့အဓိပ္ပါယ်ပေါ့.. သမီးလေးရဲ့ဘဝတလျှောက်လုံး အေးချမ်းခြင်းတွေနဲ့ ပြည့်စုံအောင်ပေါ့ညီမရယ်...

purplemay said...

အစ်မရေ...သမီးလေးအကြောင်းဖတ်လိုက်ရတာ ရင်ကိုအေးသွားတာပဲ...။ ကလေးတွေများနော်..သူတို့နဲ့တွေ့တာမဟုတ်ပဲ သူတို့အကြောင်းကြားလိုက်ရတာနဲ့တင် ပီတိကိုဖြစ်လို့...:)

Anonymous said...

နိမိတ် လို့ပေါင်းပါတယ်။

မဆုမွန် said...

သတ်ပုံပြင်ပေးသွားတာ ကျေးဇူးတင်ပါတယ်ရှင်

စူးနွယ်လေး said...

သြမြတ်ဆု / သြမြတ်ဆုမွန် / သြမြတ်ဆုအောင် / သြမြတ်ဆုမွန်အောင် ဆိုရင်ကော??