သီတင်းကျွတ် လပြည့်နေ့ အဘိဓမ္မာ အခါတော်နေ့ 


သာသနာတော်နှစ် ၂၅၅၃၊ ကောဇာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့၊ ခရစ်နှစ် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်၊ စနေနေ့သည် အဘိဓမ္မာအခါတော်နေ့ ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အဘိဓမ္မာ ဒေသနာတော်ကို ဟောကြားပြီး တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ သီတင်းကျွတ် လပြည့်နေ့တွင် ဆင်းသက်တော်မူခဲ့သဖြင့် ထူးမြတ်သောနေ့ အဖြစ် သတ်မှတ်ကြပါတယ်။ ဘုရားရှင် ဆင်းသက်ကြွမြန်း လာသည်ကို ရည်စူးပြီး ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲ ကျင်းပသော အစဉ်အလာ သည် ရှေးဘိုးဘေများလက်ထက်ကပင် ရှိခဲ့ပါတယ်။ ဒါ့အပြင်ဘုရားရှင်သည် မယ်တော် ဖြစ်ခဲ့ဖူး သော နတ်သားကို တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော်မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျှက် ဤနေ့ကို “အဘိဓမ္မာအခါတော်နေ့” ဟု သမုတ်ကာ အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများလည်း ကျင်းပကြပါတယ်။

တစ်နည်းဆိုလျှင် သီတင်းကျွတ်လပြည့်နေ့ကို “ဘုရားဆုပန်နေ့” ဟူ၍လည်း ခေါ်ဆိုနိုင်ပါတယ်။ ဘုရားရှင် တာဝတိံသာမှ ဆင်းသက်တော်မူသောအခါ လကျာင်္ဘက်ရွှေစောင်းတန်းက နတ်ဒေ၀တာများ၊ လက်ဝဲဘက် ငွေစောင်းတန်းက ဗြဟ္မာများခြံရံလိုက်ပါကာ ကိုယ်တော်တိုင် အလယ်က ပတ္တမြားစောင်း တန်းဖြင့် ဆင်းသက်တော်မူပါတယ်။ ထိုသို့ နတ်ဗြဟ္မာများခြံရံလိုက်ပါ၍ ဆင်းသက်တော်မူလာသည့် ဘုရားရှင်၏ တုနှိုင်းဖွယ်မရှိ တင့်တယ်ပြည့်စုံသော အသရေ တော်ကို ဖူးမြင်ကြရသောအခါ (၃၆)ယူဇနာ အတွင်းရှိသော ပရိသတ်အားလုံး ဘုရားကိုအားကျ၊ ဘုရားဖြစ်ချင် စိတ်တွေ ပေါ်လာကာ ဘုရားဆုကို တောင်းကြပါတယ်။ ထို့အတွက်ကြောင့် “ဘုရားဆုပန်နေ့” ဟုခေါ်ဆိုထိုက်ပါတယ်။

သီတင်းကျွတ်လပြည့်နေ့တွင် ၀ါတွင်းသုံးလကုန်ဆုံး ကျွတ်လွတ်သောနေ့ဖြစ်သဖြင့် ၀ါဆိုတော်မူကြကုန်သော သံဃာတော် အရှင်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်သွားလာ သီတင်းသုံးနိုင်သည့် အခွင့်အရေးကို ရရှိကြပါတယ်။ ထိုနေ့ အထိဝါဆိုကြ သည့် သံဃာများသည် အလွန်အကျိုးထူးသော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေး လည်းရရှိကြ ပါတယ်။

သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ၀ါကျွတ်သောနေ့၊ အပြစ်ရှိက ပြောကြားပါရန် အချင်းချင်း ဖိတ်ပန်အမှုပြုကြသော ပ၀ါရဏာနေ့၊ ဘုရားရှင်တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဟောကြား ပြီးမြောက် အောင်မြင်တော်မူသော အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုလ် ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ထိုသို့ဘုရားရှင် ဆင်းသက် တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည့် ထွန်းညှိပူဇော်သောနေ့၊ ဗြဟ္မာနတ် လူ သုံးဘုံသူတို့ ဘုရားရှင်အား အတူတကွကြည်ဖြူပူဇော်သောနေ့၊ နတ်လူအများ ဘုရားဆု ပန်သောနေ့ စသော ဂုဏ်ထူးဝိသေသ အဖုံဖုံနှင့် ပြည့်စုံသော နေ့ထူးနေ့ မြတ်ပင် ဖြစ်ပါတယ်။
ဤကဲ့သို့နေ့ထူး၊ နေ့မြတ်မှာ ဓမ္မမိတ်ဆွေ သူတော်ကောင်း အားလုံး တရားတော်များကို နာယူကျင့်ကြံ အားထုတ်နိုင်ကြ သဖြင့် ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာ အမြိုက်နိဗ္ဗာန်ကို ရနိုင်၊ ရောက်နိုင်ကြပါစေ…
ဓမ္မမိတ်ဆွေ ကိုအောင်ဦးရဲ့ ဘလော့ခ် မှ တဆင့် ဓမ္မဒါနအဖြစ် အလှူခံပြီး ထပ်ဆင့် ကုသိုလ် ပွားများ ပါတယ်ရှင်.

ကောသလမင်းကြီးအိမ်မက်(၁)



ကောသလမင်းကြီးအိမ်မက်(၂)


ကောသလမင်းကြီးအိမ်မက်(၃)

ကောသလမင်းကြီးအိမ်မက်(၄)

ကောသလမင်းကြီးအိမ်မက်(၅)

ကောသလမင်းကြီးအိမ်မက်(၆)


ကောသလမင်းကြီးအိမ်မက်(၇)


ကောသလမင်းကြီးအိမ်မက်(၈)

ကောသလမင်းကြီးအိမ်မက်(၉)


ကောသလမင်းကြီးအိမ်မက်(၁၀)


ကောသလမင်းကြီးအိမ်မက်(၁၁)


ကောသလမင်းကြီးအိမ်မက်(၁၂)

ကောသလမင်းကြီးအိမ်မက်(၁၃)

ကောသလမင်းကြီးအိမ်မက်(၁၄)


ကောသလမင်းကြီးအိမ်မက်(၁၅)

ကောသလမင်းကြီးအိမ်မက်(၁၆)



နိပါတ်တော်ပန်းချီမှာ ဘုရင်တဆူဖြစ်တဲ့ ဆရာကြီးဦးစောမောင် ရဲ့ လက်ရာတွေပါ။ မန္တလေးမြို့ ဘုရားဆောင်းတန်း တခုကလက်ရာတွေ ဖြစ်ပါတယ်။၁၃၂၉ ခုနှစ်က ဆိုတော့ လွန်ခဲ့တဲ့ ၄၂ နှစ်က ပန်းချီကားတွေ ဖြစ်ပါတယ်။

ရှားပါးလက်ရာတွေကို ဓာတ်ပုံရိုက်လာခဲ့တဲ့ ZeroHakeR နဲ့ ပထမဆုံး ဖော်ပြခဲ့တဲ့ မြန်မာကျူးပစ်ဖိုရမ်တို့ကို ကျေးဇူး အထူးတင်ပါတယ်။

ပို့စ်အဖြစ် ကူးယူဖော်ပြခွင့်ပေးတဲ့ ရွှေဝါပြည် ဘလော့ခ် နဲ့ ကောသလအိမ်မက်ပို့စ် ကော်မန့်မှာ ကျွန်မ ခွင့်တောင်းတဲ့အခါ ကော်မန့်ပေးပြီး ခွင့်ပြုခဲ့တဲ့ ဓာတ်ပုံပိုင်ရှင် ZeroHakeRကို တကယ့်ကို ကျေးဇူးတင်ပါတယ်ရှင်။
................

5 Comments:

lonetone said...

အစ်မရေ၊ ကောသလမင်းကြီး အိမ်မက်ကို ငယ်ငယ်တည်းက လေ့လာ၊ သဘောကျခဲ့တာ။ ဒီပုံတွေကိုလည်း လိုချင်နေတာကြာပြီ။ သိပ်ကို ကျေးဇူးတင်ပါတယ်။

ရွှေရတုမှတ်တမ်း said...

သီတင်းကျွတ်ပေါင်းလဲများလှပါပြီမို့
မျက်နှာလဲပူလှပါ့

သုခုမလေဒီ said...

မဆုမွန်ရေ.. အဘိဓမ္မာအခါတော်နေ့ အတွက် ဘုရားရှင် ကိုလာရောက်ကြည်ညိုပါတယ်။
ကောသလမင်းအိမ်မက်ကိုလည်းဖတ်ဖူးပါတယ်။ ခုလို ပန်းချီကားလေးနဲ့ အဓိပ္ပါယ်ရှင်းလင်းထားတာ ပိုဖတ်လို့  ကောင်းပါတယ်။ ကောသလ အိမ်မက်တွေကအကုန်မှန် နေပါပြီနော်။

HRmyanmar said...

လပြည်နေ့မှာ ခုလိုတင်ပေးတာ တကယ်ကောင်းလွန်းပါတယ် အမရယ်
စာဖတ်ပြီးမှပဲ ဘုရားရှိခိုးဖို့သတိရတယ်ဂျာ
အမလည်း ကုသိုလ်ရတာပေါ့ :)

အိမ်လွမ်းသူ said...

ကောသလမင်းကြီိးအိပ်မက် ပန်းချီတွေ ကူးသွားပြီညီမရေ.. မြန်မာပြည်ရဲ့ ဘုရားတန်ဆောင်းတွေမှာ ငယ်ငယ်ကတွေခဲ့ဘူးပေမဲ့ သမီးတွေကိုကျတော့ ဒါတွေလိုက်မပြနိုင်ဘူးလေ.. အခုတော့ အတော်ပဲဖြစ်သွားပြီ။ ထပ်ဆင့်တင်ပြပေးတဲ့ညီမရော တင်ပြခွင့်ပေးတဲ့သူအားလုံးကိုရော ကျေးဇူးတင်ပါတယ်။