စုလွှတ်တွေ့

ခေါင်းဆောင်ကောင်းဆိုတာ အမြဲတမ်း လိုအပ်တဲ့အချိန်မှာ အရေးကြီးတဲ့အချိန်မှာ မတွေဝေစတမ်း ပြတ်သားတဲ့ ရဲရင့်တဲ့ ဆုံးဖြတ်ချက်ကို ပြည်သူကို သတ္တိရှိရှိ ချပြရဲတယ် အဲ့ဒီ့သူဟာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ်။

ကျက်သရေ မင်္ဂလာရှိသော မိန်းမကောင်း မိန်းမမြတ်ဆိုတာ သူပဲဖြစ်တယ်သူ ရဲ့နုပျိုမူ ကိုယ်ပိုင်လွတ်လပ်မူ တွေကို တိုင်းပြည်ကို ပေးခဲ့တယ်
ပြည်သူရဲ့ရှေ့မှာ မားမားရပ်ပြခဲ့တယ် သူ ဘယ်တော့မှ အပြုံးမပျက်ခဲ့ဘူး
တိုင်းပြည်တခွင် ခရီးစဉ်တိုင်းမှာလဲသူ့ကိုချစ်တဲ့ ပြည်သူတွေနဲ့ အမြဲတမ်း တသားတည်းဖြစ်နေခဲ့တယ် သူ့ရဲ့ ရဲရဲတောက် မိန့်ခွန်းတွေမှာ အားငယ်စရာ တွန့်ဆုတ်စရာ တွေဝေစရာ ဘယ်တော့မှ မပါဘူး
တိုင်းရင်းသား ချစ်ကြည်ရေးကို တန်ဖိုးထားပြီး တိုင်းရင်းသားတွေရဲ့ ရိုးရာ ဓလေ့ထုံးတမ်းတွေကို မြတ်နိုးတယ်
မတရားအချူပ်အနှောင်ခံနေရတဲ့ ရဟန်းရှင်လူ ပြည်သူချစ်တဲ့ ငါတို့အမေကို ငါတို့ကို ပြန်ပေးပါ အချုပ်အနှောင်ကင်းကင်းနဲ့ ငြိမ်းချမ်းစွာနဲ့ သူချစ်တဲ့ပြည်သူ ပါတီဝင်တွေ မိသားစုတွေနဲ့ပြန်တွေ့စေချင်တယ်စစ်အာဏာရှင်လက်အောက်ကနေ သက်စွန့်ဆံဖျား လူပ်ရှားနေကြရသော မြန်မာပြည်တွင်းမှ ဒီမိုကရေစီရေး လူပ်ရှားသူတွေရဲ့ ပြရုပ် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမြန်ဆုံး လွတ်မြောက်ပါစေ

8 Comments:

Thu said...

ဟုတ်ပါ တယ်ဗျာ။

တန်ဘိုး ရှိ တဲ့ ဓါတ်ပုံ လေးတွေ ကြည့်ခွင့် ရ လို့
ကျေးဇူးပါ။

Nge Naing said...

အတူတူ ဆုတောင်းသွားပါတယ်။

မြတ်လေးငုံ said...

ခုလိုအန်တီအတွက် အမှတ်တရ
လုပ်ပေးထားကို ကြည့်လိုက်တာနဲ့
ချစ်ညီမလေး ကိုသိပ်ကိုလေးစားမိပါတယ်.။ စိတ်ကူးလေးလဲကောင်းတယ်.။ သိပ်ပြည့်စုံတဲ့စိတ်ကူးလေးကိုထပ်ပြီး
မျှဝေပေးပါမယ်.။ချစ်ညီမလေး အမ ကူးယူသွားပါတယ်.။

kiki said...

ထပ်တူ ထပ်မျှ ခံစားရင်း နဲ့  မတရားတဲ့ချုပ်နှောင်မှုမှ အမေစု အမြန်ဆုံးလွတ်မြောက် ပါစေ လို့ 
လှိုက် လှိုက် လဲ လဲ
ဆုတောင်းပေးလိုက်ပါတယ် ...

purplemay said...

လောလောဆယ် နေ့တိုင်းဘုရားမှာ ဆုတောင်းမိတာက အမေစုနဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ဖို့ကိုပါ ။ အမေစု ဓါတ်ပုံလေးတွေအတွက် ကျေးဇူးပါ မမစုမွန်...

Angel Shaper said...

ရှားပါးဓါတ်ပုံတွေ ကြည့်ခွင့်ရလို့
ကျေးဇူးတင်ပါတယ်။
အမေစုနဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး
အမြန်ဆုံးလွတ်မြောက်ပါစေလို့
နေ့တိုင်းဆုတောင်းပေးလျှက်ပါ။

ဒေါ်လာ said...

အမေခေါ်တဲ့လူတွေ တော်တော်များပါလား။ သူက ယောင်္ကျားတွေ အများကြီးယူထားလို့လား။ ဒါမှမဟုတ် မဆုမွန် အဖေက ယက်တော လိုလူလား

ဟန်ကြည် said...

အမေ့ကို သနားတယ်ဗျာ။ တစ်ခါတစ်ခါ စဉ်းစားမိတယ် ငါတို့တွေဟာ ဒီလောက်ကောင်းတဲ့ အမေနဲ့တန်ရောတန်ရဲ့လားလို့ပါ...
By the way, ဒေါ်လာဆိုတာ ဘယ်ကနွားပါလိမ့်၊