လွှတ်ငါး
အမိမဲ့သား ရေနည်းငါးတဲ့
အဖမဲ့သား မြေလူးငါးပေါ့…..
တကယ်တော့ ……
အလှမွေးငါးဘ၀လည်း မရောက်ချင်
ငါ့မျိုးငါ့ဆွေ အတူနေတဲ့
မြစ်ဖြစ်ဖြစ် ချောင်းဖြစ်ဖြစ်
အိုင်ကလေးပဲဖြစ်ဖြစ်
အဲဒီနေရာလေးမှာ
အသက်ရှင်နေတဲ့ ဘ၀ကလွဲလို့
ဘာမှမလိုချင်ခဲ့။
ဘ၀မှာ သူတို့အလိုကျ
ငါ့အဖေကိုဖမ်း ငါ့အမေးကိုဖမ်း
ငါ့အမျိုး ငါ့အဆွေတွေကိုဖမ်း
နိုင်ငံတကာက ဈေးကွက်ထဲ
ဘယ်ငါးက ဘယ်ဈေး
ငါးအမျိုးအမည်လေးနဲ့
ကြိုက်ရောင်း ကြိုက်ဝယ်
ငါးစိမ်သည်တွေ အလုပ်ဖြစ်တဲ့
ငါးမျိုးနွယ်တွေပါ။
ခုတော့
အရွယ်မရောက်ခင်က
ငါ့ အမျိုးငါ့အဆွေနဲ့ ရှင်ကွဲကွဲ
ဈေးခင်းတဲ့ လမ်းကလေးထဲ
ဇလုံတလုံးထဲက ရေနည်းငါးဘ၀မှာ
ငါးခူဖြစ်ဖြစ် ငါးရံ့ဖြစ်ဖြစ်
ဘာငါးပဲဖြစ်ဖြစ်
အရှင်လတ်လတ်ဈေးတင်
အမြင်ရော အကြားပါ
ဘာတခုမှ မတရား
ကုသိုလ်ဖြစ် သက်စေ့လွှတ်ဖို့
ငါတို့ကိုများ လွှတ်ငါးတဲ့။ ။
April 21, 2010
လွှတ်ငါး
Posted by မဆုမွန် at Friday, April 23, 2010
Labels: ကဗျာ
5 Comments:
မမရယ်..
ဟူးးးးးးးးးးးးးး
မလွယ်ပါလားနော် ...း((
i also like that...........
i also like that...........
အစ်မရေ့....အမိမဲ့သား ရေနည်းငါးဆိုတာတော့ အဟုတ်...။
တကယ်ကို ရေမရှိတဲ့ကန်ထဲက ငါးလိုဖတ်လတ်ဖတ်လတ်နဲ့...။ ကဗျာလေးကို ထပ်တူခံစားသွားပါတယ် မမရေ...။
Post a Comment