သရဲနဲ့ဆုံတဲ့ကျေးဇူးတော်ည


ကျေးဇူးတော်နေ့ အလွဲတွေနဲ့ပျော်ရတဲ့နေ့လို့ဆိုရမယ်။ Thankdgiving dayမှာ သူငယ်ချင်းအသစ်တွေနဲ့ စိတ်လူပ်ရှားမူမျိုးစုံနဲ့ ဆင်နွဲရတဲ့နေ့ဆိုတော့ ပိုပီးတော့တောင် မေ့လို့မရတဲ့နေ့လေးတစ်နေ့ပေါ့။ Thanksgiving dayမှာ ဗာဂျီးနီးယားလာတဲ့ သူငယ်ချင်းတွေရယ် ဂျော့ဝါရှင်တန်က လာရတဲ့စေးစေးရယ် ဆုံဖို့ ချိန်းလို်က်တာ မောင်ငယ်ရဲ့GPSက မျက်စိလှည့်လိုက်တာ လိပ်စာတွေလွဲ နေရာတွေမှား ချိန်းတဲ့နေရာပျောက်နဲ့ နောက်ဆုံး မူလစုံရပ်ဖြစ်တဲ့ Water Frontကျမှ လူစုံတော့တယ် တစ်ခါ စီးတော်ယာဉ်ကားအနီလေးက စိတ်ကောက်လို့ ရယ်ရယ်မောမောနဲ့ တွန်းလိုက်ရသေးတယ် :D

အဲ့ကနေမှာ Capitol Hillကို ချီတက်ကြပီး ရုက္ခဗေဒဥယျာဉ်ကို ပတ်ကြည့် Capitol hillကို လက်ဝဲရစ် လက်ယာယစ်လှည့်ကြည့် Capitol hill ရှေ့က ရေကန်လေးမှာခနနားရင် နေ၀င်တရီရော အချိန်လေးရဲ့နေ၀င်ချိန်ကို အတွေးကိုယ်စီနဲ့ ရူ့မောမိကြတယ် နောက်ဆုံး ကားစီကိုပြန်လျောက်လာကြပြီးမှ နေလုံးကြီးဝင်ခါနီး နောက်ခံနဲ့ ထီးထီးမားမားကြီး တည်နေတဲ့ အနီရောင်အိမ် ဒီးယန်းပြတိုက်ကိုမြင်တော့ ကပ်ကပ်ကျော်သွားတာများလို့ သွားဖြစ်သွားအောင်ကို ကိုယ်ကပဲ လောဆော်ပြီး သူငယ်ချင်းတွေကို အပါခေါ်ပြီး အဲ့ဘက်ကို လမ်းလျောက်ခဲ့ကြတယ်

ညနေစောင်းလည်းဖြစ်ပြန် Thanksgiving day ဟောလီးဒေးကလည်း ဖြစ်ပြန် ပြတိုက်ပိတ်ခါနီး နာရီဝက်လောက်ပဲအလို ဆိုတော့ အဲ့ဒီ့ပြတိုက်ထဲမှာ အရမ်းကို တိတ်ဆိတ်ငြိမ်သက်နေပြီး ၀န်ထမ်းတွေနဲ့ လူနည်းနည်းကိုပဲ တွေ့ရတယ်။ သစ်သားနဲ့ထွင်းထားတဲ့လှေတွေ အရောင်စုံဆိုက်စုံ အလံတွေလွှင့်ထူထားတာတွေကို ငေးမောရင်း ကိုယ်တို့တွေ ဒုတိယအထပ်ကို ချီတက်ခဲ့ကြတယ်။အဲ့ဒီ့မှာ လူနီအမေရိကန်တွေရဲ့ အသုံးအဆောင်ပစ္စည်းတွေ စာအုပ်တွေ တီရှပ်လေးတွေ သော့ချိတ်လေးတွေ နားကပ်လေးတွေ ဆွဲကြိုးလေးတွေ နောက် သူတို့ရဲ့ရိုးရာလက်လုပ်အနပညာ အမှတ်တရပစ္စည်းလေးတွေရောင်းတဲ့ပြခန်းလေးဆိုတော့ ဈေးဝယ်တာဝါသနာပါတဲ့ အတူပါလာတဲ့ဇနီးမောင်နှံရယ် မောင်ငယ်လေးရယ် စေးစေးရယ် ကိုယ်ရယ် လျောက်ပီး တမေ့တမော လိုက်ငေးဖြစ်တယ်။

ဟိုကိုင်ဒီကိုင် ဟိုဟာကဈေးကြီးတယ် ဒီဟာကတော့ ဈေးမတန်ဘူး စသဖြင့် ဝေဖန်နေရင်းက စေးစေးက နားနေခန်းသွားချင်တယ်လို့ ဆိုလာပါတယ်။ ဟိုဟိုဒီဒီ လိုက်ကြည့်တော့ မတွေ့ပါဘူး အဲ့တာနဲ့စေးစေးက ကောင်တာကိုသွားမေးပြီး အမ rest room ဟိုဘက်ထောင့်ခန်းမှာတဲ့ စေးစေးသွားလိုက်ဦးမယ်တဲ့။ ကျမလည်း ပထမတော့ မသွားပဲနေဦးမလို့ကနေ ငါလည်း သွားလိုက်ပါမယ်လေဆိုပီး စေးစေးနောက်က ငါလည်းလိုက်မယ်လေဆိုပီး လိုက်သွားပါတယ်။အဲ့မှာ ဇာတ်လမ်းကစတော့တာပါပဲ။

အမျိုးသမီးအိမ်သာကိုလည်းမြင်လို့ဝင်မယ်လည်းဆိုရော လိမ္မော်ရောင်တြိဂံဆိုင်းဘုတ်လေးနှစ်ခု ပိတ်ပီးထောင်ထားတယ်။ Closed ဆိုတဲ့သဘောပေါ့။ အဲ့တာနဲ့ အမျိုးသားအိမ်သာဘက်ကို ကြည့်တော့ ရေကျသံသဲ့သဲ့ကြားရတယ်။ လူရှိတယ်ဆိုတဲ့သဘောပေါ့။ ရေအိမ်မြင်မှ ပိုပီးသွားချင်လာတာနဲ့ မထူးပါဘူး ဘယ်သူမှလည်းမရှိဘူးဆိုပြီး close ဆိုတဲ့ဆိုင်းဘုတ်ကိုကျော်ခွပြီး အမျိုးသမီးအိမ်သာထဲကို နှစ်ယောက်သွား အတင်းဝင်သွားလိုက်တယ်။ အခန်းထဲရောက်တော့ အိမ်သာခန်းတွေက မျက်နှာချင်းဆိုင်အခန်းတွေဖြစ်ပါတယ်။ စေးစေးက ၀င်ဝင်ချင်းဘယ်ဘက်ခြမ်းဘက်က ဒုတိယခန်း တတိယခန်းလောက်ထဲဝင်သွားတဲ့အချိန်မှာ ကျမက ဟိုးဘေးဘက်အစွန်ဆုံးလောက်ကျတဲ့အခန်းဘက်ကို လျောက်သွားပြီး ၀င်လိုက်ပါတယ်။ တခန်းလုံးက လင်းထိန်ပြီး တိတ်ဆိတ်ငြိမ်သက်နေပါတယ်။

အဲ့တာနဲ့ အခန်းတံခါးကိုဖွင့်ပြီး ပြန် လမ်းလျောက်လာတဲ့အချိန်မှာ ကျမရဲ့မျက်လုံးက ကျမဖြတ်လျောက်လာတဲ့ အခန်းရဲ့ မျက်နှာခြင်းဆိုင်က ဒုက္ခိတတွေအတွက် စပါရှယ်ထားတဲ့အခန်းကို ရောက်သွားပါတယ်။ အဲ့ဒီ့အခန်းတွေက သာမာန်ထက် နည်းနည်းပိုကျယ်ပါတယ်။ အဲ့အခန်းရဲ့တံခါးက နည်းနည်းလေး ဟနေပါတယ်။ ဟနေတဲ့နေရာကနေ မြင်လိုက်ရတာကတော့ လူတစ်ယောက်ကျောခိုင်းထားသလိုမျိုး ကုတ်ဒ်အကျီအမည်းရောင်ကို မြင်လိုက်ရပါတယ်။ တော်တော်စမတ်ကျကျ ၀တ်ထားတဲ့အကျီလို ပုံစံမျိုးကို နောက်ကနေမြင်လိုက်ရသလိုပါ။ အဲ့တာနဲ့ဘာရယ်မဟုတ် တံခါးအောက်ခြေကိုကြည့်လိုက်တော့ အောက်မှာ ဘာမှ မရှိပဲ ရှင်းပြောင်နေတာပါပဲရှင်။

ကျမ နည်းနည်း ဇဝေဇ၀ါဖြစ်သွားပါတယ်။ အဲ့ဒီ့အခန်းရှေ့မှာ ရပ်ပီး မသင်္ကာလို့ နောက်တစ်ခါအပေါ်ကို ထပ်ကြည့်တော့ ကုတ်အကျီအမည်းရောင်ကိုမြင်ရပါတယ်။ အဲ့တာနဲ့ တကယ့်ကို ဇဝေဇ၀ါဖြစ်ပြီး ဘေစင်ရှေ့မှာ ရပ်ပီး မှန်ကြည့်နေတဲ့ စေးစေးဆီကို လျာက်သွားလိုက်ပြီးတော့ စေးစေးရေ ဒီအခန်းထဲမှာ လူရှိတယ်ထင်တယ်လို့ပြောတော့ စေးစေးက မျက်လုံးပြူးသွားပါတယ်။ ဟုတ်လို့လား အစ်မရဲ့တဲ့ ဒီအမျိုးသမီးအိမ်သာက အရှေ့မှာ ပိတ်ထားတယ်လို့ပြောတော့ စေးတို့ပဲရှိနေတာမဟုတ်လားတဲ့။

မဟုတ်ဘူး ငါဟိုအခန်းထဲမှာ အကျီအမည်းကြီးတွေ့တယ် လူလားမသိဘူး သွားတွန်းကြည့်ရအောင်ဆိုတော့ အမလေး အမပြောတဲ့အသံကြီးကို ပိုကြောက်ဖို့ကောင်းတယ် လာလာမြန်မြန်ထွက်မယ် ဘာမှန်းသေချာမသိဘူးဆိုပီး ပြောပြောဆိုဆိုနဲ့ သူက အလျင်စလို လျောက်ပြီး အ၀ကိုထွက်သွားပါတယ်။ အပေါက်မှာပိတ်ပီး ချထားတဲ့ ပုန်းတွေကိုတောင် ၀င်တိုက်မိသွားပါတယ်။ နေဦးလေ သွားကြည့်ပါမယ်ဆိုမှ လာပါ အတူသွားကြည့်မယ်လေ ဆိုပီး အော်ရင်းနဲ့သူ့နောက်ကနေ လိုက်ခေါ်ရင်းနဲ့ကိုယ်တို့နှစ်ယောက်စလုံး အပြေးတပိုင်းနဲ့ အပြင်ကိုရောက်သွားပါတယ်။

ခန်းမထဲမှာ ကိုယ်တို့နှစ်ယောက်ပျောက်သွားလို့ အပြင်မှာ သူငယ်ချင်းတွေက လိုက်ရှာနေကြပါတယ်။ နှစ်ယောက်စလုံး နည်းနည်းတော့ လန့်သွားကြပါတယ်။ အဲ့တာကိုပြန်ပြောပြဖြစ်တော့ လူအင်အားတောင့်သွားတော့ ရယ်စရာဟာသတစ်ခုလိုဖြစ်သွားပါတယ်။ အဲ့တာနဲ့ အုပ်စုလိုက် ပြတိုက်ထဲကနေထွက်ပီး တရုတ်တန်းဘက်ကို ချီတက်ပြီး ကားနဲ့ထွက်လာကြပါတယ်။ မောင်ငယ်လေးလက်ဆောင်ပေးတဲ့ ၀ါးပတ္တလားပုံစံ တူရိယာလေးကို သုံးယောက်သား ကားပေါ်မှာ မူတ်ပြီး ဆော့လာကြပါတယ်။ ပြတိုက်ထဲတင် ကျောကုန်းပြတာမပြီးပဲနဲ့အဲ့မှာ ဇာတ်လမ်းက ထပ်စပါလေရောရှင်။

Thanksgiving dayညဖြဖစ်တော့ ဖြတ်လာတဲ့ဝါရှင်တန်ဒီစီလမ်းတလျောက်လုံး ကားတွေလူတွေရှင်းပါပဲ။ နောက်ပြီး စားသောက်ဆိုင်တော်တော်များများလည်း လမ်းတလျောက်ပိတ်ထားတာတွေ့ရပါတယ်။ ကားလမ်းပေါ်မှာ ကျမတို့ကားလေးအပါအ၀င် အနည်းငယ်လောက်ပဲ လမ်းပေါ်မှာရှိနေတဲ့အချိန်ပါ။

အဲ့မှာ လမ်းဆုံတစ်ခုမှ မီးပိုင့်မိလို့ ကားရပ်ထားတဲ့အချိန် ရုတ်တရက် ကားထဲကနေ ဂီတသံတစ်ခုကြားလိုက်၇ပါတယ်။ မယ်ဒလင်တီးသံလိုလို စောင်းတီးသံလိုလို ပလေမူတ်သံလိုလို ဆွဲဆွဲငင်ငင်ဂီတတီးလုံးသံလေးပါ။ ကားထဲမှာ ကက်ဆက်ဖွင့်ထားလားဆိုတော့ မဖွင့်ထားပါဘူး။ အဲ့ဒီ့တီလုံးသံလေးကြားနေရတဲ့ လမ်းဘေးဝဲယာကိုကြည့်လိုက်တော့ လူသူကင်းရှုင်းလို့။ အဲ့တာနဲ့ အကုန်တိတ်ပြီး အာရုံစိုက်နားထောင်လိုက်တော့ ကားနောက်ဖုံးဘက်ကနေ လာနေတဲ့အသံပါ။

အဲ့တာနဲ့ နောက်ခုံမှာထိုင်နေတဲ့သုံးယောက်သား ခေါင်းတွေကိုချာခနဲ လည်ပြန်လှည့်ကြည့်လိုက်တော့................ဂီတသံလေးကို ပြတ်ပြတ်ထင်ထင် ကြားနေရပေမယ့်

(....................) ဘာဆိုဘာမှ မတွေ့ရပါဘူးရှင်။

အဲ့တာနဲ့ ကျမတို့လည်း အသားကုန်အော်ကြရင်း ရယ်မောလိုက်ကြပါတယ်။ ကျမက ငါတို့တော့ သရဲလိုက်ခြောက်နေပြီထင်တယ် အခုထိုင်နေတဲ့ လူတွေကရော လူတွေဟုတ်ရဲ့လားမသိဘူးလို့ ပြောပြီး အားရပါးရရယ်လိုက်ပါတယ်။ နောက်ကားကို ၀ူးခနဲမောင်းထွက်ရင်း နောက် တရုတ်တန်းကိုချီတက်ပီး တရုတ်ဆိုင်မှာ ခေါက်ဆွဲကြော်ရယ် ကြာဆံကြော်ရယ် ၀က်သားလုံးကြော်ရယ်ကို စေးစေးနဲ့ နှစ်ယောက်တည်း Thanksgiving ညစာ စားလိုက်ကြတော့ပေါ့ကွယ် :D

စိတ်လူပ်ရှားမူမျိုးစုံကိုပေးတဲ့ တကယ့်ကို အမှတ်တရ ကျေးဇူးတော်ညလေးပါပဲ။

2 Comments:

မယ်ကိုး said...

သရဲဆို ကြောက်တယ်။ ကိုယ်သေရမယ်မှန်းလည်း သိရဲ့။ သရဲစာတွေ ဖတ်ပြီး ညဖက်တစ်ယောက်တည်း ရေချိုးခန်းမှာ မျက်နှာသစ်ရင်တောင် အတည့်မသစ်ရဲဘူး ။ ဘေးကိုစောင်းပြီး သစ်တယ် :P

Anonymous said...

အိမ်သာထဲက ကုတ်အမည်းကြီးအခန်းကဖတ်ရင်း တွန့်တွန့်မိတယ် ကြောက်ချင်စရာကြီးမို့

မောင်ဘကြိုင်