ကျေးဇူးတင်ပါတယ်

အားလုံး စိတ်ရောကိုယ်ရော ငြိမ်းချမ်းကြပါစေ....

ကျွန်မရဲ့ အိမ်လေးကို အင်တာနက်တိုင်းပြည်ထဲက ဘလော့ကာမြို့ထဲမှာ မြေနေရာလေးရှာပေးပြီး စိတ်ရှည်ရှည်နဲ့ အိမ်လေးတစ်အိမ်ဆောက်ပေးပြီး အခန်းလေးတွေ ထဲမှာ
တစ်ခုချင်းနေသားတကျဖြစ်အောင် လုပ်ပေးတဲ့ ကျွန်မရဲ့ချစ်သူလေး...

ကျွန်မရဲ့အိမ်လေးကို အရောင်အသွေးစုံအောင် မအားလပ်တဲ့ကြားက အချိန်တွေအများကြီးပေးပြီး
ဆေးရောက်စုံတွေခြယ်မူန်းထားတဲ့
တိုက်အိမ်အစိမ်းလေးဆောက်ပေးတဲ့ ကျွန်မရဲ့အစ်ကို ကိုမွှေး

ဘလောကာတို့ တတ်အပ်တဲ့ ပညာရပ်တွေဖြစ်တဲ့ ခဏဘမ်းနည်း အမြဲဘမ်းနည်း တစ်သက်လုံးဖျက်နည်း အိုင်ပီစစ်နည်း ဇော်ဂျီစာလုံးရိုက်နည်း စာလုံးချုံနည်း ချဲ့ နည်းတွေ စတဲ့နည်းမျိုးစုံကို သင်ပေးတဲ့ အန်တီခင်မင်းဇော်..

ကျမမှာ ဘလော့လေး မရှိခင်တုန်းက ကျမရေးချင်ခဲ့သမျ ရေးဖြစ်ခဲ့သမျတွေကို အရေးတယူနဲ့တင်ပေးခဲ့တဲ့ အစ်ကိုအရင်းလိုလေးစားချစ်ခင်ရပါသော ဆရာလွမ်း(ဒေါက်တာလွမ်းဆွေ)ကို ကျေးဇူးတင်ပါတယ်။

အချိန်ပေးပြီး ကျွန်မရဲ့ဘလော့သေးသေးလေးကို လာဖတ်ပေးကြတဲ့မိတ်ဆွေတွေကို တကယ်ကျေးဇူးတင်ပါတယ်..

မဆုမွန်

1 Comment:

ဂျေဂျူဝိုင် said...

ဟုတ္ကဲ့ပါဗ်ား