နွေရိပ်အလွန်
လွမ်းဆွတ်ခြင်းတို့
အလေ့ကျ တောင်ပံခတ်တိုင်း
ငါ့ရဲ့သစ်ရွက်စိမ်းကလေး
တရိပ်ရိပ်ကြွေ။
သူရဲကောင်းဆန်ဆန်
နေထိုင်စားသောက်ကြရာမှာ
ဒဏ်ရာအမျိုးမျိုး
ထိုးထိုးကျွေးရပြီး
တခါတရံ
မြစ်ကျိုးအင်းတွေထဲလည်း
လက်ပစ်ကူးရသတဲ့
ဒီလိုနဲ့ …
ငါ့ရဲ့ လင်းတ၀က်မှောင်တ၀က် လမ်းဟောင်းကလေး
ရွှဲရွဲစိုခဲ့။
ငါက မုန်းပြီး
ငါ့ကို ချစ်တဲ့
စည်းအပြင်က တေးသွားထဲ
ဖြူဖြူစင်စင် ကျွမ်းလောင်ပစ်လိုက်ရတဲ့အခါ
အဲဒီ့ရာသီမှာ
ပန်းနုရောင်တွေ အက်ကြောင်းထလို့
မှုန်ပြပြ အလင်းရိပ်တိုင်းကိုလည်း
ငါ့ရဲ့ဆိပ်ကမ်းက
အခါခါ ငြင်းဆန်ခဲ့ပါလျက်နဲ့ …။
အလွမ်းသင့်ချိန်
အရောင်စုံအသွေးစုံ ဖူးပွင့်ချင်ပေမယ့်
ငါ့ရင်နဲ့ အနီးဆုံးက
အဝေးဆုံးဆိုတာ …
ချစ်ခြင်းမေတ္တာရဲ့ ဆယ့်နှစ်ကြိုးကို
ငါနားမလည်ခဲ့တာ အမှန်ပဲ။
ဂငယ်ကွေ့မကွေ့ခင်
တံခါးချပ်အားလုံးပိတ်ပြီး
ရယ်ကြမောကြသတဲ့လား
ဟောဒီ့ကောင်းကင်တခုလုံးသိရဲ့
…………………………
………………………………
ငါကိုယ်တိုင် မခူးဆွတ်နိုင်ပေမယ့်
ငါကိုယ်တိုင် အမည်ပေးခွင့်ရှိတဲ့ ကြယ်ကလေးကို
ဒီည …
အမှတ်တရ ပြောဖြစ်တာတွေပါ ...။ ။
မွန်ဒရာ
ဒေါက်တာ လွဏ်းဆွေဘလော့ဂ်မှ ကူးယူသည်။
အဝေးချစ်
Posted by မဆုမွန် at Thursday, October 02, 2008
Labels: ကဗျာ
0 Comments:
Post a Comment