အိမ်

အိမ်ဆိုတဲ့ သီချင်းလေးကို နားထောင်ချင်ရင် >> ဒီနေရာကို နှိပ်ပါ။။

ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုတဲ့အိမ်၊
ရံရွေလယ်၊ ထယ်ဝါစွာ ဆင်စွယ်နန်းအိမ်၊
ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်၊
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်။

အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ၊
ကမ္ဘာမြေကို ဖြူစင်စွာ အကြင်နာမျှဝေ၊
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ၊
ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ။

(ကလေးလေးတွေ နွေးထွေးဖို့လေ.. ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကိုဆောက်ကြမယ်လေ ..)
(မြင့်မြတ်ခြင်းတွေ၊ နွေးထွေးခြင်းတွေ ... ကမ္ဘာမြေမှာ ညင်သာစွာစီးဆင်းဖို့လေ ..)

အိမ်အပြင်မှာ ၀ါပင်တွေ ကိုယ်တိုင်စိုက်မယ်၊
ကိုယ်တိုင်ငင် ၀ါချည်မျှင် ဖျင်တစ်ဘက်ရယ် ..။

အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိတ်ချိန် ၀ိုင်းဖွဲ့မယ် ဆန်အရက်ရယ် ..။

ဒီအချိန်ဆို အိမ်အပြင်မှာ ကဗျာတွေရွတ်မယ်၊
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်၊
ရင်ခွင်မှာ ကြင်နာသူ ချိုအနမ်းရယ် ..၊
ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူကမယ် ..။

(ကလေးလေးတွေ နွေးထွေးဖို့လေ၊ ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ ..)
(မြင့်မြတ်ခြင်းတွေ၊ နွေးထွေးခြင်းတွေ ..... ၊ ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ .. )

ရင်ခွင်မှာရှင်သန်ရာ ခိုမှီရာ အိမ်တစ်အိမ်ကို ကမ္ဘာမြေမှာ တည်ဆောက်ကြမယ်၊
အဆောင်အယောင်တွေ မဆင်ရင်စေ ရင်ခွင်အိမ်ပျော်ရွှင်ပါစေ
ဒဏ္ဍာရီရာဇ၀င်လို ၀ိညာဉ်အိမ် စိန်စီရာ ရတနာခြယ် သိင်္ဂါရီအိမ် ...။

တစ္ဆေတစ်ကောင် ဟန်ဆောင်သလို မာယာကင်းမဲ့ .....
မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့ .....
ကံစီရင် ယုံကြည်စွာ ကမ္ဘာမြေမှာ ...

တို့အိမ် .. ငါတို့အိမ်
ရဲရင့်လိုက် ချစ်တဲ့အိမ် တို့ဆောက်ကြမယ် .....။

(ကလေးလေးတွေ နွေးထွေးဖို့လေ .. ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကိုဆောက်ကြမယ်လေ ..... )

(မြင့်မြတ်ခြင်းတွေ၊ နွေးထွေးခြင်းတွေ ... ၊ ကမ္ဘာမြေမှာ ညင်သာစွာစီးဆင်းဖို့လေ ...)

(ကလေးလေးတွေ နွေးထွေးဖို့လေ .. ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကိုဆောက်ကြမယ်လေ ..... )

(မြင့်မြတ်ခြင်းတွေ၊ နွေးထွေးခြင်းတွေ ... ၊ ကမ္ဘာမြေမှာ ညင်သာစွာစီးဆင်းဖို့လေ ...)
http://www.koshershay.co.cc/ ကယူလာတာပါ..

3 Comments:

မိုးမြင့်တိမ် said...

မဆုမွန်ရေ ကျွန်တော်ဒီသီချင်းလေးကို နားထောင်ရင်းနဲ့ မျက်ရည်တွေ အလိုလိုကျလာမိတယ်ဗျာ။ ကျွန်တော့်အိမ်ကို အရမ်းသတိရတဲ့ စိတ်ဖြစ်လာလို့ပါ။ ကျွန်တော်လည်း အိမ်နဲ့ ခွဲနေရသူတစ်ယောက်ဆိုတော့ ထိတယ်ဗျာ။

မဆုမွန် said...

ကိုမိုးမြင့်ရေ
ကျွန်မလဲ အိမ်ကို သိပ်ခင်တဲ့ သမီးပဲ..
တစ်ချိန်ပြန်ရမှာပေါ့ ဆိုတာ သိပေမယ့် တစ်ခါတစ်လေ ငါဒီနေရာမှာပဲ သေသွားရင်ဆိုတဲ့ အသိက ရင်ကို နာကျင်စေတယ်....

သံလွင် HeRo said...

အရမ်းခံစားရတယ်ဗျာ...အိမ်ကိုလွမ်းတိုင်းဒီသီချင်းလေး
ကိုလာနားထောင်ခွင့်ပြုပါဂျ...