ဒီလိုပဲ...ဖြစ်သလိုလေးပဲ စားလိုက်တယ်...

ဂစ်တာတီးအရမ်းတော်တဲ့ အစ်မ တူးတူးသာ http://tututha.blogspot.com/က
ဖြစ်သလိုစားတာ
နဲ့ ပတ်သတ်ပြီး တက်(tag)တော့...
အင်း...ပြန်ပြောပြဖို့ တော့ တော်တော်ခက်လိမ့်မယ်..ဘာဖြစ်လို့ လဲဆိုတော့
များသောအားဖြင့် ဖြစ်သလို ဟိုတယ်မှာပဲ တက်စားလိုက်တာများပါတယ်..(အဟိ)..

ငယ်ငယ်ကတည်းက ဖြစ်သလိုစား ဖြစ်သလိုနေရတာ ပိုကြိုက်ခဲ့တယ်...သိပ်ဂျီးမထူဘူး..
ဒါပေသိ ဟင်းထဲမှာဆို အချိုဟင်းမကြိုက်ဘူး..ရွှေဖရုံသီး ကျောက်ဖရုံသီး
အာလူးဟင်း ပဲဟင်း အဲ့လို ဖြူရော်ရော်ဟင်းတွေဆို စားချင်စိတ်ကိုမရှိဘူး
ဆန်ပြုတ် စွပ်ပြုတ်ဆို လုံးဝ အနံ့ တောင် မရှု.. ပဲနဲ့ပတ်သတ်တာဆို..
ကုလားပဲ ပဲကြီး ပဲနီလေး ပဲဝါလေး ပဲစင်းငုံ
ပဲကြား ပဲကတီပါ ပဲလိပ်ပြာ..ဘာပဲဆို ဘာပဲမှ မကြိုက်
ပဲပြုတ်မွှေးမွှေးအိအိလေးတော့ကြိုက်တယ်
(ကိုယ်တိုင်ကကျတော့ ပဲက ခပ်များများ .. )
အဲ့တော့ ငယ်ငယ်ကတည်းက ဖြစ်သလို ထမင်းဖြူကို ထန်းလျက်ခဲနဲ့ စားတယ်..
နောက်သကြားဖြူးစားတယ် နောက် ဆီနဲ့ ဆားနဲ့ နယ်စားတယ်...

ကိုယ်မကြိုက်တဲ့ဟင်းတွေ အိမ်မှာချက်ရင်...
ဝက်သားကိုတော့ အသက် ၁၇နှစ်မှာ စားဖူးတယ် ငယ်ငယ်ကတည်းက အိမ်က ၀က်မကျွေးဘူး ၀က်သားစားရင် ဘာဖြစ်တယ်ဆိုလား ၀က်ကိုကြောက်လဲကြောက်တယ် ရွာတွေကို လည်ရင် အိမ်အောက်ကနေ နှာသံတရှုးရှုးနဲ့ လိုက်မူတ်နေတာတွေ့ တော့ ၀က်သားဆို ဒိုးဆလန် ဖြစ်သွားတာ...

၁၀တန်းအောင်တော့ ရောင်ခြောက်ဆယ်ဖြစ်နေတာကနေ အိမ်ကို ရှိစုမဲ့စုငွေလေးနဲ့ ကွန်ပျူတာသင်တန်းတက်ခိုင်းတော့ မြင်သာဈေးနားက ၀က်သားတုတ်ထိုးဆိုင်မှာ
သူငယ်ချင်းတွေ ၀က်သားတုတ်ထိုးကို ခေါင်းမဖော်တမ်း တီးတာမြင်တော့
စားချင်စိတ်ပေါက်မိတယ် ဘေးကနေ သူများစားတာ ထိုင်သားရေကျနေတော့
သူငယ်ချင်းက နင် ၀က်သားမစားရဲရင် ၀က်နားရွက်လေး စားကြည့်ပါလား
ထုတ်ထုတ် ထုတ်ထုတ် သိပ်စားလို့ ကောင်းတယ်တဲ့
ဝက်သားအမျိုးစုံကိုခင်းထားတဲ့ ဗန်းလိုက်ကြီးဘေးက ကြိုးနဲ့ တုပ်ထားတဲ့
အများသုံး ဘုံအချဉ်ရည်နီနီရဲရဲပုလင်းသေးသေးလေးထဲကို စားတဲ့လူတွေက
စုတ်လိုက်နှစ်လိုက် စုတ်လိုက်ပြန်နှစ်လိုက်နဲ့  ကြွက်စုတ်ကို ရေနှစ်သတ်သလို
အချဉ်တို့ စားနေကျတဲ့အထဲကို တုတ်ထိုးထားတဲ့ 
ဝက်နားရွက်ပါးပါးလေးလဲ နှစ်ပြီး ၀ါးလိုက်ရော အာပါးပါး ......
(လျှာ ယိုးဒယားကသွားတယ်)
အဲ့တာနဲ့ နောက်ဆို ၀က်သားတုတ်ထိုးဆိုင်ရောက်တိုင်း
ဖြစ်သလို ၀က်နားရွက်ပဲ စားတော့တယ်..
အခုချိန်ထိပဲဆိုပါတော့
ဝက်အသည်း ၀က်ကလီဇာ ၀က်အဆုတ်တွေကိုတော့ လားလားမှမကြိုက်...
ဖြစ်သလိုစားပုံများပြောပါတယ်...

ရန်ကုန်အိမ်မှာနေတုန်းက အလုပ်ကို စောစောထွက်ရတော့ အိမ်က အမေက
ထမင်းဟင်းအမြဲ စောစောထချက်ပေးတယ် ဒါပေမယ့် များသောအားဖြင့်
အမေ့ကို အပူမပေးချင်တာနဲ့ ရော တိုးကြိတ်စီးရတဲ့
အမြန်ကားတွေပေါ် ထမင်းဘူးပါရင် တွယ်ရ တက်ရ ခိုရ နင်းရ ခွရ ခက်တာနဲ့ ရော
အမေကြီး အနော့်အတွက် ထမင်း မနက်ဆို ထထမချက်နဲ့ 
ရုံးရောက်မှ တစ်ခုခုဝယ်စားမယ်လို့ ပြောဖြစ်တယ်။

အလုပ်ထဲရောက်ပြန်တော့လည်း တိုက်အထဲဝင်လိုက်
အင်တာဗျူးအပြင်ထွက်လိုက်နဲ့ ဆိုတော့
လမ်းပေါ်မှာပဲ တစ်ချိန်လုံးလဲ ရှိနေတတ်တော့
တစ်ခါတစ်လေ များသောအားဖြင့် ထမင်းလွတ်တာများပါတယ်။
အဲ့တော့ ဖြစ်သလို လမ်းပေါ်မှာပဲ စားဖြစ်တာများတယ်

ကျွန်မသိပ်ကြိုက်တာက ရန်ကုန်မြို့ လည်မှာ အညာသားလေးတွေ
ဆိုင်းထမ်းနဲ့ ရောင်းတဲ့ ရခိုင်မုန့် တီ..ဆားနံ့ ပေါက်နေတဲ့ ငါးနည်းနည်း
ငါးပိများများ မုန့် တီအရည်ကျဲကျဲကို ငရုတ်သီးစိမ်းဖျော့ဖျော့
ဖန်တရာရေရော အဖျော်လေးထည့် 
မန်ကျီးသီးရေရောအနှစ် ကျဲကျဲလေးထည့်ပြီး သောက်ရတာ
သိပ်အရသာရှိတာ တစ်ပွဲမှာ အဲ့တုန်းက ငါးဆယ်ကျပ်ပဲရှိတယ်...
နောက် နည်းနည်းဆာသေးရင် ထမင်းသုတ်လေး စားဖြစ်တယ်.
.တစ်ခါတစ်လေ အရမ်းစားချင်လာမှ သင်္ဘောသီးသုတ်လေး စားဖြစ်တယ်
များသောအားဖြင့် လက်ဘက်ရည်ပဲ သောက်ဖြစ်တာများတယ်
လက်ဘက်ရည်က အပေါင်းအသင်းတွေနဲ့ တွေ့ ပြီး ပွားတာများရင်
တစ်ခါတစ်လေဆို သုံးခွက် လေးခွက်လောက်အထိ သောက်ဖြစ်တယ်
အဲ့တာ တစ်နေကုန်ပဲဆိုပါတော့.....ဗိုက်ထဲမှာ လက်ဘက်ရည်ပဲရှိတော့
လူရုပ်လဲ ကြာတော့ လက်ဘက်ခြောက်ရုပ်ဖြစ်လာတယ်

ဒီလိုနဲ့ ရုန်းကန်လူပ်ရှား အာများပြီး တစ်နေကုန် တစ်နေခမ်း
မောပန်ြး့ပီး ပြန်လာတဲ့အခါ ဗိုက်ကလဲ အရမ်းဆာ...ကားကလဲ မရ
ကားဂိတ်က မုန့် ဆိုင်တန်းလေးတွေက အနံ့ လေးတွေကလဲ မြူဆွယ်...
အိတ်ကပ်ထဲက ငွေအကြွေလေးတွေကို ပြန်ကြည့်ပြီး
မျက်နှာလွဲပြီး နေလိုက်တယ်
လူ့ ပဒေသာပင်လို အတွဲလိုက်ကြီး ပြေးလွားခုန်ပေါက်
ယိမ်းထိုးလာတဲ့ ဒိုင်နာကားပေါ်ကို စွမ်းဝူခုန်းအစွမ်းနဲ့ ခုန်တက်ပြီး
မြွေတစ်ကောင်လိုလိမ်တွန့် ပြီး ယုံနိုင်ဖွယ်မရှိတဲ့ လူတန်းကြီးထဲ
မွှေနှောက်ဝင်ရောက်သွားပြီးမှ ကိုင်စရာတန်းလေးတစ်ခုရပြီဆိုတော့မှ
သက်မချပြီး ငြိမ်ငြိမ်လေး ရပ်နေနိုင်တယ်
ခြေဖ၀ါးနှစ်ဖက်လုံး ကြွပ်ကြွပ်ပူနေတာတောင် ခြေမကြွရဲဘူး
ပြန်ချစရာ နေရာပျောက်သွားမှာစိုးလို့ တိုးကြိတ်တွန်းထိုး ရုန်းကန် ထွက်လာပြီး
ကားအောက်ရောက်မှ ကိုယ်ကို ခပ်ရမ်းရမ်းခါထုတ်လိုက်တော့မှ
ပုံမှန်လူပုံစံအနေအထားပြန်ရောက်တယ်....

ညဘက် မောမောပမ်းပမ်းနဲ့ အိမ်ပြန်ရောက်တဲ့အခါ မီးမှောင်မည်းနေတဲ့
မြို့ သစ်ရဲ့ညတွေမှာ ဖယောင်းတိုင်အရောင်မှိန်မှိန်အောက်မှာ
အမေချန်ထားတဲ့ ထမင်းအေးစက်စက်ကို ကြည့်ပြီး မစားချင်တော့ဘူး အမေကြီးရာ သမီးလမ်းမှာစားလာတယ်လို့ ပြောတော့ အမေ မျက်နှာမကောင်းဘူး...မတတ်နိုင်ဘူး ကျောကိုဆန့်ပြီး လှဲလိုက်တာနဲ့  ချက်ချင်းပဲ မျက်ခွံက လေးလာပြီး အိပ်ပျော်သွားပါလေရာ အဲ့သလို
ညစာလွတ်တဲ့နေ့ တွေကလဲ အကြိမ်ရေစိပ်တယ်...
မနက်လင်းရင် မနက်စာတောင် မစားနိုင်ဘူး ပြေးရပြန်ရောလေ..

အဲ့သလိုနဲ့ ဖြစ်သလိုစား ဖြစ်သလို နေ ဘ၀တွေကို ဖြတ်သန်းလာခဲ့ရတာဆိုပါတော့...
အဲ့သလိုဖြစ်သလိုစားတာ အချိန်ကြာလာတော့လည်း လူက ကြာတော့ ကြောင်လျာသီးလေးနဲ့တူလာတယ်တဲ့ ရှပ်အကျီဖားဖားကြီးကို အောက်က လုံခြည်တရွတ်ဆွဲနဲ့  ဘေးကလဲ လွယ်အိတ်အကြီးကြီးတစ်လုံးလွဲပြီး လန်းလန်း လန်းလန်းနဲ့လျောက်လာရင် ကြောင်လျာသီး ရမ်းလာသလိုပဲတဲ့ အစားကလဲ မမှန် အအိပ်ကလဲ မမှန်ဆိုတော့ ပိန်ချက်ကတော့ ပြားကပ်နေတာပဲ မော်ဒန်တွေတောင် အရှုံးပေးရတယ်
ဘယ်တုန်းကမှ သနပ်ခါးမတင်တဲ့ မျက်နှာကလဲမွဲခြောက်ခြောက် ဖြူလျော်လျော်ဖြစ်နေပြီလေ
ဖြစ်သလိုနေ ဖြစ်သလိုစား အချိန်တွေပေါ့...

ဒီလိုနဲ့ အပြင်ဘက်ကို မထင်မှတ်ပဲ လွင့်ထွက်လာတဲ့အခါ အာလင်ဒင်မီးခွက်ပွတ်လိုက်သလိုပဲ
မိသားစုအကြီးကြီးထဲက လူလေးတစ်ယောက်က
တကယ့်ကို တစ်ယောက်တည်း တစ်ကောင်ကြွက် ဘ၀ကိုရောက်သွားတယ်
အိမ်ပြန်နောက်ကျလို့ လဲ စိတ်ပူသူမရှိ နေမကောင်းလို့ လဲ နဖူးလေးတောင်စမ်းမယ့်သူမရှိ...
ဆေးရုံသွားရမယ့်အဆင့်တောင် ကိုယ့်ဘာသာ လေးဘက်ထောက်သွားရတဲ့အထိ
အဆင်သင့်ပြင်ပေးထားတဲ့ ထမင်းဟင်းမရှိ ဘာမရှိ ညာမရှိ
ဖြစ်သလိုနေ ဖြစ်သလိုစားရတဲ့ဘ၀ကို ရောက်သွားတယ်...

အလုပ်ကနေအပြန် လူမရှိတဲ့အနံ့ ဆိုတာ သိပ်သိသာတဲ့ အနံ့ သင်းတဲ့ 
ကိုယ့်အခန်းလေးထဲကို ၀င်လိုက်တာနဲ့ 
အမေကြီး ဘာချက်လဲလို့ မေးချင်စိတ်က စိတ်ထဲရောက်လာတယ်။
အသီးလေးတွေ မုန့် ထုတ်တွေ မုန့် ဗူးတွေ တန်းစီနေတဲ့ စားပွဲခုံပေါ်ကို ကြည့်ပြီး
အမေ့ ဟင်းခွက်လေးတွေ သတိရလို့ ဝမ်းနည်းစိတ်က ဆို့ တက်လာတယ်
ခပ်မြန်မြန် ရေချိုးပြီး ဆိုင်ကယ်ကို ခပ်ကြမ်းကြမ်းမောင်ြး့ပီး အပြင်ထွက်လိုက်မှ
ရင်ထဲနာတာ နည်းနည်းလျော့တယ်
(တစ်ခါတစ်လေတော့ အကြမ်းလွန်ပြီး ခဏခဏထိပ်ပေါက်ခေါင်းကွဲ သွားကျွတ်ခမန်း
အမောင်းရမ်းလို့ ဆေးရုံက ကိုယ့်ကို သိနေပြီ)

ဒီတော့ ကိုယ့်ဘာသာလဲ ချက်မစားချင်တော့ဖြစ်သလိုပဲ စားလိုက်တယ်
မီးရောင်စုံလင်းထိန်နေတဲ့ လမ်းဘေးဆိုင် ညဈေးတန်းလေးတွေမှာ
အကင်အစုံ ကြက်သည်း ကြက်မြစ် ကြက်ခြေထောက် ကြက်လက်မောင်း
ကြက်တောင်ပံ အမဲသည်း အမဲသုတ် ခေါက်ဆွဲကြော် ခေါက်ဆွဲပြုတ်
ကြာဆံကြော် ကြာဆံပြုတ် ယိုးဒယားကြာဆံသုတ်
ယိုးဒယား ကြက်ခြေထောက်သုပ် ယိုးဒယားသဘောင်္သီးထောင်းစပ်ချက်က ကမ်းကုန်
ကောက်ညှင်း ၀က်နားရွက်သုတ်.. အရွက်အစုံထည့်ရတဲ့ ထိုင်းမုန့် ဟင်းခါး..
ထိုင်းအုန်းနို့ ခေါက်ဆွဲ ပြောင်းဖူးအချိုသုတ် သကြား အုန်သီးဖြူး
ခရုသုတ် ပုဇွန်အရှင်ပိစိကွေးလေး အုပ်ခွက်လေးထည့် လူပ်ခါပြီးသုတ်ရတဲ့
ပုဇွန်ဆွေ့ ဆွေ့ ခုန်သုတ် အိုး ဖြစ်သလိုစားလို့ ရတဲ့
အစားအသောက်လေးတွေက စုံမှစုံ.
သူ့ စကားကိုယ်မသိ သူ့ စကားကိုယ်မသိ မြင်မြင်ရာကို လက်ညိုးတထိုးထိုးပြပြီး
မှာပြီးတာနဲ့ ဖြစ်သလိုပဲစားလိုက်ပါတယ် ဂျီးလဲများမနေချင်တော့ဘူးလေ
နောက်မှာ ဗိုက်လေးကို သတိအနေအထားနဲ့ သယ်လာပြီးမှ
ဆိုင်ကယ်ကို အသာအယာမောင်းရတယ် ဗိုက်ထဲကလျံကျမှာစိုးလို့ ..(ဟိဟ)ိ

အဲ့သလိုနဲ့  ဖြစ်သလိုပဲ ကြုံသလို အမျိုးအမည်မသိ အစားတွေကို
ဖြစ်သလို စားဖြစ်တော့တာ အခုထိပဲဆိုပါတော့...
လူကလဲ ထိုင်ရာမထ ချက်(chat)တာများပြီး ဟင်းကိုတောင် မချက်အားတော့
ကြုံရာ တွေ့ ရာလေးတွေ ၀ါးလိုက် တီးလိုက်နဲ့ ဖြစ်သလို စားလာလိုက်တာ.
အခုတော့...........
ကြောင်လျာသီးကနေ ဘူးသီးဘ၀ပြောင်းသွားပါလေရော အစ်မ တူးတူးသာရေ....

9 Comments:

သက်တန့် said...

အမရေ...
ကိုယ်တိုင်က ပဲများပြီးသားဆိုတော့ တခြားပဲတွေ စားနေစရာ မလိုတော့ဘူးလေ... နော့... :P

“ကြောင်လျာသီးကနေ ဘူးသီးဘ၀ ပြောင်းသွားပါလေရော”
ဟိဟိ... မျက်စိထဲ တန်းခနဲကို မြင်ယောင်မိတယ်... ရေးချက်က မိုက်တယ်... :D

ခင်မင်းဇော် said...

အော်.. ဖြစ်သလို mall တွေမှာပဲ သွားသွားစားရတဲ့ ဘ၀က သနားစရာပါလားနော် ဟက်ဟက်

မဆုမွန် said...

အန်တီခင်မင်းဇော်ရေ
မောတွေသွားစားရတာလည်း သိတဲ့အတိုင်းပဲ..
မြင်တာနဲ့ မှာတာနဲ့ ရောက်လာတာနဲ့ အမြဲတလွဲ...
အိမ်မှာချက်စားတာမှ တော်သေးတယ်
ထိုင်းတွေကလဲ သိတဲ့အတိုင်းပဲ နံမည်နဲ့ လိုက်တယ်...
ခွိခွိ..

တင့်ထူးရွှေ said...

ဖြစ်သလိုစားတဲ့အကြောင်းကိုစိတ်ဝင်စားအောင်ရေးထားတာ အရမ်းကောင်းပဲ ၊ မြင်သာဈေးနားမှာ ၀က်သားဒုတ်ထိုး စားခဲ့ဖူးတယ်ဆိုတော့ တောင်ဥက္ကလာက မှာနေဖူးတယ်ထင်တယ်နော် ၊ အဆင်ပြေပါစေ အစ်မရေ ။

မဆုမွန် said...

မဟုတ်ဘူး ဒဂုံသူလေ..
၈၈နောက်ပိုင်းကို ဖတ်..:)

မီးငယ် said...

မမရေ ခုထိုင်းဘယ်မှာလည်း..ညလေးလည်းထိုင်းမှာ..

မဆုမွန် said...

အရင်က ချင်းမိုင်သူ
အခု ဘန်ကောက်သူ တကယ်တော့ ဒဂုံသူ :)

GreenGirl said...

ငါ့မမက ပွားတာမြန်သွားတာကိုးးးးး
ဘာပဲဖြစ်ဖြစ် ကျေးဇူးပါမမ :)
လင့်တာလည်း ကျေးဇူးပါ

အလင်းစေတမန် said...

ကျွန်တော်လည်း အစ်မလို ဖြစ်သလို စားတာပဲကောင်းပါတယ်။