တိုင်းပြည်ထူထောင်ခြင်း တစ်လပြည့် မွေးနေ့


စက်တင်ဘာလ ၁၈ရက်နေ့မှာ စပြီး အသက်ဝင်ခဲ့တဲ့ ကျွန်မဘလော့လေး ဒီနေ့ အောက်တိုဘာလ ၁၈ရက်နေ့မှာ တစ်လသား ပြည့်သွားပါပြီ ဘလော့ တစ်လပြည့်တဲ့အချိန်မှာ ကျွန်မ ဘလော့ကို ပြန်ကြည့်မိတယ် ပို့စ်ပေါင်း ၃၄ပို့စ် တိတိ တင်ပြီးဖြစ်တယ် အလုပ်မှာ ဒီလိုမျိုး သတင်းသာ တစ်နေ့တစ်ပုဒ် တက်ရင်တော့ ရှယ်ပဲ ဟီး ကျွန်မဘလော့ တစ်လသားလေးပေါ်ကို ပြန်ကြည့် မိတော့မှ ဘလော့လေး ပေါ်ကို အနှစ်နှစ် အလလ မြိုသိပ်ထားတဲ့ အပူတွေကို တရစပ် အန်ချမိ သွန်ချမိရက်သား ဖြစ်နေတယ် ဘလော့ကာတစ်လသားလေးအတွက် မွေးနေ့လေး လုပ်ပေးဖြစ်တယ်
အခုချိန်မှာ ဘလော့လေးကသာ ရင်ဖွင့်ရာ ယုံကြည်ရာ ကိုးကွယ်ရာ အားထားရာ ရဲဘော်လေး ဖြစ်တယ် ဘလော့လေး သည်သာ သူငယ်ချင်း ကောင်းဖြစ်တယ် ဘလော့ လေးသာ ကျွန်မ ချစ်သူ ဖြစ်တယ် ဘလော့လေး သည်သာ ကျွန်မခိုလူံရာ ရင်ခွင်ဖြစ်တယ်

ဘလော့လေး လုပ်ဖြစ်တဲ့အချိန်မှာ ကျွန်မကို မသိပဲ ကျွန်မရဲ့ ရင်ဖွင့်ချက်တွေ ကိုယ်ပိုင်ခံစားချက်တွေကို အချိန်တစ်ခု ပေးပြီး လာရောက် ဖတ်ရှု အားပေး မှတ်ချက် ရေးပေးသွားတဲ့ မိတ်ဆွေတွေ ကိုလည်း တကယ် ကျေးဇူးတင်ပါတယ်။ ဘလော့လေး လုပ်ဖြစ်တော့မှ ရခဲ့တဲ့ မောင်ငယ် ညီမငယ်လေး ဘလော့ကာ လေးတွေ ကိုလဲ အရမ်းခင်တွယ်မိပါတယ် (မှတ်မှတ်ရရ ဘလော့လေး တစ်လပြည့်မှာ နူတ်ဆက်သွားတဲ့ မောင်လေးကြယ်စင်သွေး အတွက် စိတ်မကောင်းပါဘူး သူ လာပြောပြော ပြီးချင်း အပြေးအလွှား သူ့ဘလော့လေးကို ဖွင့်ကြည့်တော့ တကယ်ပဲ ပျောက်ဆုံးသွားတဲ့ ဘလော့လေးအတွက် အတော်ကို ၀မ်းနည်းမိပါတယ်)

ဘလော့လေးကို အသက်သွင်းပေးခဲ့တဲ့ ချစ်သူကိုလဲ ကျေးဇူးတင်တယ် :)ဘလော့လေးဖြစ်အောင် အဘက်ဘက်က ၀ိုင်းဝန်းကူညီ ပေးတဲ့ အစ်ကိုတွေကိုလည်း တကယ့်ကို ကျေးဇူးတင်မိပါတယ် ကျွန်မကို တစ်ချိန်လုံး ဆရာလုပ် အကြံပေးခဲ့တဲ့ ညီမလေးကိုလည်း ကျေးဇူးပါ။ နောက်ထပ်ပို့ စ်တွေ အများကြီးရေးနိုင်အောင် ကြိုးစားပါမယ်

တစ်လပြည့် မွေးနေ့မှာ ကျွန်မတိုင်းပြည်လေးကို အလည် ရောက်လာတဲ့ မိတ်ဆွေ သူငယ်ချင်းလေးတွေ ကိတ်မုန့်လေးတွေ စားသွားကြပါဦးနော်

9 Comments:

Welcome said...

မင်္ဂလာပါ၊
ဘလောဂ့်မွေးနေ့လေး မဖိတ်ဘဲ ရောက်ပါတယ်။
အသစ်တွေကို ဂုဏ်ယူစွာနဲ့ ကြိုဆိုပါတယ်၊ ကနေ့မှစလို့ ဆက်လက်ပြီး ပျော်ရွှင်စွာနဲ့ blogging နိုင်ပါစေလို့ ဆုမွန် ကောင်းတောင်းလိုက်ပါတယ်...
ခင်မင်လျက်
http://winzaw-mdy.blogspot.com

လင်းဒီပ said...

Happy Birth Day မဆုမွန်ရေ...ဒါဆို မဆုမွန် ဘလောဂ့်လေးက ကျွန်တော့်ပြတင်းပေါက်လေးထက် (၃)ရက်ငယ်တယ်။ကျွန်တော်က စက်တင်ဘာ(၁၅)...
ဟီး... စက်တင်ဘာ Born တွေပေါ့ဗျာ...

ပျော်ရွှင်ပြီး အနှောက်အယှက်ကင်းတဲ့ လှပတဲ့ ဘလောဂ့်လေးဖြစ်ပါစေဗျာ။

Anonymous said...

တစ်လမှသည် တစ်နှစ်၊ တစ်နှစ်မှသည် ဆယ်နှစ်၊ ဆယ်နှစ် မှသည် နှစ် ပေါင်းတစ်ရာ၊ တစ်ရာမှာသည် အဆုံးအစမရှိ သော နှစ်များစွာသို့ ......တည်စေသော်
ဂလိုဘယ် ဆုတောင်းလျှက်......

Unknown said...

မွေးနေ့ကို မဖတ်ပေမဲ့ လာတယ် ရှေ့ဆက်ပြီးရေးမဲ့ ပို့စ်တွေကို မျှော်နေပါတယ် ရေးဖေါ်မိတ်ဆွေအယောက်ရလို့
ဝမ်းသာနေပါတယ်။

Unknown said...

မွေးနေ့ကို မဖိတ်ပေမဲ့ လာတယ် ရှေ့ဆက်ပြီးရေးမဲ့ ပို့စ်တွေကို မျှော်နေပါတယ် ရေးဖေါ်မိတ်ဆွေအယောက်ရလို့
ဝမ်းသာနေပါတယ်။

Moe Myint Tane said...

အမရေ တစ်လပြည့်မွေးနေ့ပွဲ လာတက်ပါတယ်။ တစ်လပြည့်မှသည် နောင်နှစ်ပေါင်းရာချီလို့ ပျော်ရွှင် စွာဆက်လက်ရေးသားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်အမရေ။ ကိတ်မုန့်တွေလည်း အ၀စားသွားပါတယ် အမ။

Anonymous said...

ဖိတ်တောင်ဖိတ်ဘူးနော် ရပါတယ်ဗျာ
မဖိတ်လဲလာဝါးသွားတယ် အမြင်ကပ်ကပ်နဲ့ကို ၀ါးသွားတာဗျား မဖိတ်လို့လေ

GreenGirl said...

အစ်မရေ..တစ်လပြည့်မွေးနေ့မှသည် မွေးနေ့အကြိမ်ပေါင်းများစွာ ကျင်းပနိုင်ပါစေ။ စာတွေလည်း အများကြီ့းနောက်ထပ်ရေးနိုင်ပါစေ :)

JulyDream said...

စောင့်ကြိုနေတဲ့ ရှေ့ခရီးများကို ဆက်လက် လျှောက်လှမ်းနိုင်ပါစေ...