ခန္ဓာကိုယ်
တိတ်တဆိတ်
အိပ်နေခွင့်ရတာတောင်
အဲဒီ ခန္ဓာကိုယ်နဲ့ တွဲယှက်
အသက်ဆက်ခဲ့တဲ့ စိတ်အစဉ်ဟာ
မိုးခေါင် ရေရှား
ဟိုး အညာတောက
နေလောင်ဒဏ် ခံနေရရှာတဲ့
အမေ့အိမ်ခေါင်းလေးထဲ
ခဏခဏ သွား
စကားများများ မပြောတတ်တဲ့ အမေက
တိတ်တိတ်ကလေး သားကိုငေး
သူအပေးနိုင်ဆုံး မေတ္တာနဲ့
ထမင်းခူးပြီးကျွေးနေသေးတော့တယ်။
PKU – December 10- 2008 ( အစ်ကိုမိုးကျော် စပ်တဲ့ ကဗျာ)
အမေရင်ခွင်ကနေ ခွာ အဝေးတစ်နေရာကို ထွက်သွားကြ ရရှာတဲ့ သားသမီးတွေဟာ အခုလို မိုင်ပေါင်းများစွာ ကွာဝေးတဲ့ နေရာမှာ အမေ့ကို ချန်ရစ်ခဲ့တာ အမေ့ဆီက ထွက်သွားရတာ အမေတွေကို ပစ်သွားကြတာ စွန့်ခွာသွားကြတာတွေဟာ သားတွေ သမီးတွေက မချစ်လို့ မနေချင်တော့လို့ မဟုတ်ဘူးဆိုတာ အမေတို့ကို သိစေချင်လိုက်တာ..
သက်သေ
Posted by မဆုမွန် at Wednesday, January 14, 2009
Labels: ကဗျာ
5 Comments:
မမဆု.ရေ... ရေးရက်ပါ့....ဗျာ...
မျက်ရည်တွေ မစဲအောင်လုပ်နေကြတယ်...
ပိုင်ရှင်ကိုမိုးကျော်ရော မမဆုရော.. ဒီကဗျာလေး အတွက် ကျေးဇူး ပါနော်
အစ်မ
အားလုံးသော အမေတွေဟာ စုန်ရေမေတ္တာ ကိုပဲ ပေးအပ်နှင်းတာပါ။
သားသမီးတွေရဲ့ ဆန်ရေ မေတ္တာကို မျှော်ကိုး မယ်မထင်မိပါဘူး။
ဆိုးလည်း ဒီသားသမီးပါပဲ၊
လိမ္မာလည်း ဒီသားသမီး ပါပဲ။
လိမ္မာတဲ့ သားသမီးဆိုရင်တော့ မွေးမေမေအတွက်
အတိုင်းထက်အလွန် အပြုံးတစ်ပွင့် ဖြစ်စေမှာပါ။
လေးစားလျက်
အိမ်ပြေးတစ်ယောက်ရဲ့ အမေ့အပေါ် စိုးရွံ့တဲ့ စိတ်နဲ့ ရေးထားတဲ့ ကဗျားလေး ဖတ်သွားပါတယ်။
အမေတွေက သားသမီးတွေဘယ်ရောက်ရောက် သူလုပ်ပေးနိုင်တဲ့ မေတ္တာတွေတော့ ပို့ပေးနေဦးမှာပါညီမရေ... မိဘမေတ္တာဆိုတာ အစုန်ဘဲရှိတယ်မဟုတ်လား.... သားသမီးတွေ ပျော်ရွှင်နေတယ်ဆိုရင်ပဲ မိဘတွေက ကျေနပ်နေကြပြီးသားပါ..
ကျွန်တော်လည်း ဒီအတိုင်းပါပဲ..
အမေနဲ့
ဘယ်တော့မှ မဝေးဘူး..
အနားမှာအမေအမြဲရှိတယ်..
Post a Comment