လှစေချင်ပါသည် ၂၀၀၉ နှစ်သစ်ဆီ

မြန်မာပြည်ကြီး ၂၀၀၉မှာ မင်္ဂလာတရားတွေနဲ့ ထုံမွှမ်းပါစေ..ကောင်းတဲ့သတင်း ကောင်းတဲ့စကား ကောင်းတဲ့ အဖြစ်အပျက်တွေနဲ့ ကောင်းသော ပြောင်းလဲခြင်းတွေကို မြန်မာပြည်သူတွေ တွေ့ကြုံခံစားနိုင်ပါစေ

ဘာပဲဖြစ်ဖြစ် ၂၀၀၈ဆိုတဲ့ နှစ်..တစ်နှစ် တော့ ပြီးသွားပြန်ပြီ...အသက်တွေ တစ်နှစ် တိုးလာတယ် စာချူပ်တွေ တစ်နှစ် တိုး လာတယ် သက်တမ်းတွေ တစ်နှစ် လျော့လာတယ်

ဆိုတော့ကာ နှစ်တွေ ပြောင်းတိုင်း ပြောင်းတိုင်း သက္ကရာဇ်တွေ ပြောင်းတိုင်း ပြောင်းတိုင်း အချိန်ကာလတွေဟာ
တိုးလာသလား လျော့သွားသလား သေဖို့လား နေဖို့လား...နီးလာပြီလား ဝေးသွားတာလား မေးခွန်းပေါင်းများစွာ...

ဟော ပြက္ခဒိန် စာရွက်လေး တစ်ရွက် ဟိုမှာဘက်ခြမ်းကို လှန်လိုက်တယ် ဒီဘက်ခြမ်းက ၂၀၀၉တဲ့
စက္ကန့်တံလေး တစ်ချက်အရွေ့မှာပဲ ၂၀၀၉ ၁၂နာရီ ၁စက္ကန့်..နှစ်တစ်ခုရဲ့ အကူးအပြောင်းကို ရင်ခုံစွာနဲ့ စောင့်စားနေသူတွေ.၉ ၈ ၇ ၆ ၅ ၄ ၃ ၂ ၁....Happy New Year!!!!!!!!!!!!!

ရူးသွပ်စွာနဲ့ စိတ်လွတ်ကိုယ်လွတ် အသံကုန် အာခေါင်ခြစ်အော်သံတွေ တထိန်းထိန်း ပေါက်ကွဲသံတွေကြားမှာ လှပစွာ ရောင်စုံဖြာကျလာတဲ့ မီးရောင်စုံ မီးပန်းတွေ...ချွင်ခနဲ ခွပ်ခနဲ ဖန်ခွက် နူတ်ခမ်းချင်း တေ့ရိုက်သံတွေ....ဆူညံပေါက်ကွဲ ဂီတသံတွေ အော်ဟစ် ရယ်မောသံတွေ..ဟိုမှာ ဘက်ကမ်းမှာတော့....ဗလာကျင်းနေတဲ့ ...နေရာတွေရှိတယ်...ဘာတစ်ခုမှ မရှိတဲ့ အသံပြတိုက်တွေ...ဆန့်ကျင်ဘက် တွေကြားက...ပုံမှန်ဖြစ်စဉ်တစ်ခု ဘာပဲဖြစ်ဖြစ် .၂၀၀၉ဆိုတာတော့ ပြောင်းသွားပြီ

၂၀၀၈ ဟိုမှာ ဘက်ခြမ်းကို ထားခဲ့ကြပြီ သောကတွေ ဗျာပါဒတွေ ပူပင်မူတွေ ပျော်ရွှင်မူတွေ ကြည်နူးမူတွေ အကုန် ခ၀ါချခဲ့...ဒီမှာ ဘက်ခြမ်း ၂၀၀၉မှာ..အကုန် အသစ် စကြမတဲ့....

ယန္တရားကြိး တစ်ခု အစက အဆုံး ပုံမှန်ပြန်လည်ကြမယ်...အသက်တွေ ပုံမှန်ရူကြမယ်..ရပ်တန့်သူတွေ လူပ်ရှားကြမယ်..ပြေးလွှားနေသူတွေ ခေတ္တအနားယူကြမယ်..ပြီးရင် အစက အကုန်ပြန်စကြမယ်...

လိုချင်တာတစ်ခုတည်းပါ
ခနလေး ဖြစ်ဖြစ် ကမ္ဘာကြီးကို ငြိမ်းချမ်းခွင့်လေး ပေးလိုက်ပါ.....သူ့ကို ခဏလေး အနားပေးလိုက်ပါ..

မှတ်မှတ်ရရ ၂၀၀၈ ကူးခါနီး လေးမှာ ရုပ်ဆိုးလွန်းတဲ့ လွဲချော်မူတွေကြား အမယ်ဘုတ်ရဲ့ သူ့ ချည်ခင်ကို လိုက်ဖြေပေးနေရင်း ခွေး တောင်ပြေး ယုန်မြောက်လိုက်..အဖြစ်မျိုးနဲ့ ယုံနိင်ဖွယ်မရှိတဲ့ လှည့်စား လုပ်ကြံမူတစ်ခု ကို မှတ်မှတ်ရရ ကြုံ လိုက်ရတယ်...၂၀၀၈မှာ တစ်သက် မှတ်စရာ...မယ်ထွား နင်နော် နောက် ဘယ်တော့မှ ခါးဝင်မနာလေနဲ့ဆိုတဲ့ သင်င်္ခန်းစာတစ်ခုပဲ...

၂၀၀၉ မှာ...လူ အချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်း နိုင်ပါစေ.အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ လူအချင်းချင်း ချုပ်နှောင်ခြင်း ကင်းရှင်းကြပါစေ...ကောင်းတဲ့ သတင်း ကောင်းတဲ့စကား မင်္ဂလာတရားနဲ့ ပြည့်စုံ ငြိမ်းချမ်းတဲ့ ဘ၀တစ်ခု အချိန်တစ်ခုကို ခဏဖြစ်ဖြစ် ရရပါလိုဧ။်....

7 Comments:

Anonymous said...

နှစ်တွေ ပြောင်းတိုင်း ပြောင်းတိုင်း တကယ့် အိမ်ပြန်ဖို့ နေ့ရက်တွေပါ နီးစေချင်သူပါ။

Welcome said...

အစ်မ
မျှော်လင့်ချက်တွေအပြည့်နဲ့
လှပတဲ့ အနာဂတ်ဆီကို
အရောက်လျှောက်လှမ်းနိုင်ပါစေလို့
ဆန္ဒပြုလိုက်ပါတယ်။
လေးစားလျက်

http://winzaw-mdy.blogspot.com

အိမ်လွမ်းသူ said...

ညီမရေ... နှစ်သစ်မှာ ဖြစ်ပေါ်လာတဲ့ ညီမရဲ့ ဆန္ဒလေးတွေ ပြည့်ဝပါစေ.. တိုင်းပြည်ကြီးလည်း ဧချမ်းပါစေလို့ အမလည်းဆုတောင်းပေးသွားပါတယ်။
ငါညီမလေး ရွှင်လန်းချမ်းမြေ့ပါစေ..။

Unknown said...

အပိုင်းအစလေးတွေက တစ်ခုခြင်းစီလှနေတယ်ဗျာ..။ ဒါနဲ့ ဒီဖန်တီးမှုလေးတစ်ခု သတိထားမိလိုက်တယ်..။
"ခွေး တောင်ပြေး ယုန်မြောက်လိုက်" :)

Anonymous said...

မဆုမွန်ရေ ဆုတောင်းတိုင်း ပြည့်ပါစေလို့ပဲ ပြောပါရစေ
ဗျာ။

ဖိုးဂျယ် said...

အမရေ နှစ်သစ်မှာ ပျော်ရွှင်ပါစေ

su wai said...

အစ်မရေ… ဒီကြားထဲမှာ မရောက်ဖြစ်လို့ ၂၀၀၉ အတွက် ပို့စ်လေးကို ခုမှ ဖတ်ဖြစ်တယ်

လိုချင်တာတစ်ခုတည်းပါ
ခနလေး ဖြစ်ဖြစ် ကမ္ဘာကြီးကို ငြိမ်းချမ်းခွင့်လေး ပေးလိုက်ပါ.....သူ့ကို ခဏလေး အနားပေးလိုက်ပါ..

အစ်မလိုချင်တဲ့ တစ်ခုတည်းသော ဆုတောင်းလေး ပြည့်ဝပါစေလို့ ဆုဝေလဲ ထပ်ပြီး ဆုတောင်းပေးသွားပါတယ်..
လာခြင်းကောင်းသော ၂၀၀၉ ဖြစ်ပါစေလို့…….